Showing posts with label social. Show all posts
Showing posts with label social. Show all posts

Sunday, September 19, 2010

ဂလိုဘယ်အမြည်းနှင့် ယမကာဖရီး (၇)

ဂန်ပါပီကြီးနှင့် အိုစမာအာလာဒင်၏တပည့်များ ထွက်သွားပြီးနောက်
ချက်ချင်းဆိုသလို အွန်လိုင်းမယ်တော်ကြီးများဟု နာမည်ကြီးနေသော
ဘလော့ဂါမမများ ဆိုင်အတွင်းသို့ အူလျားဖားလျား ၀င်လာသည်ကို
တွေ့လိုက်ရလေသည်။ ယင်းအုပ်စုတွင် ...မတက်ဆင် (သက်ဆင်၏
ညီမမဟုတ်ပါ)၊ ဒရင်း၊ ဘုဝေ၊ နန္ဒာမှိုင် ၊ နှင်းပွဖြူလေး၊ ဆောင်းနှင်းဘူ၊
စားတော်ကဲ ချန်ဂိန်ခေါ် အန်တီဂလုဂလု၊ ခင်ဦးမြွေ၊ အီးဝေဖြိုး၊ ရောင်ဆင်၊
လက်လက်ဖြူ စသည့် ဘလော့ဂါ ပျိုဖြူလေး၊ ပျိုဖြူကြီး၊ ပျိုဖြူစကောစကကြီး
များ ပါဝင်လေသတည်း။ မတက်ဆင်မှ “..ကဲ..ကဲ..ဒီမှာဘာလုပ်နေကြတာလဲ
...ခုဘလော့ဂါတွေ.. ဆော်ကြနှက်ကြကုန်ပြီတဲ့” “ဘာ....ဘယ်သူတွေ
ဘာဖြစ်ကြတာလဲဗျ..” ထွန်းဂေါက်မြွေ၏အမေးသံနှင့်အတူ...ပလေသင်ကာမှ “..ဟာ..ဒါများဗျာ..အရင်ကတည်းက အုပ်စုတွေအမျိုးမျိုး ကွဲနေကြတာ..
.ဖြစ်ကြတာလည်း ဘာဆန်းတာမှတ်လို့..”ဟု အေးအေး လေး ပြောလိုက်၏။ “အေးလေ...ဘလော့ဂါယူနီယံဘာညာ တောင်မရှိသေးတဲ့ဟာ... ကိုယ်ထင်ရာကိုယ်ရေး..ကိုယ်ဆော်ချင်တဲ့သူကို ဆော်နေမှတော့ ဖြစ်မှာပေါ့”
“ဟာ..ဒီလိုကိုယ်ထင်ရာ ကိုယ်ရေးတယ်လို့တော့ လွယ်လွယ်မပြောနဲ့လေ” ဟု
ဟန်သစ်မိန်ကြီးမှ ထွန်းဂေါက်မြွေ၏ စကားကိုလက်မခံနိုင်သည့်ပုံစံဖြင့် ပြောလိုက်ရာ.
.“တော်ပါတော့ရှင်.. တော်ကြပါတော့..ရှင်တို့ကလည်း ဒီလိုပဲ တစ်ဆိတ်ရှိ
ကိုက်ချင်...အဲ..အချင်ချင်းတိုက်ဖို့ပဲ ချောင်းနေတာပဲ။ တကတည်း..ဟွန်း..” ဟု
မဘုဝေ မှ မြင်ပြင်းကတ်စွာ ပြောလိုက်လေသည်။ အခြေအနေကြည့်၍
ဂလိုဘယ်ကြီးခမျာလည်း ပုလင်းများ၊ ဖန်ခွက်များကို မသိမသာရော
သိသိသာသာကြီးပါ လိုက်သိမ်းနေ၏။ ထိုအခိုက်..ကိုကိုဖရီးမှ..“ဟားဟားဟား..
ဟုတ်ပြီ...ဒါ ဘလော့ဂါတွေအခက် ကျွန်တော်ရဲ့အကွက်ပဲဗျ. “ဘာ..ဘာကွက်လဲ၊
ပွေးကွက်လား” “ဟာ...ဘယ်ကလာ..ခင်ဗျားဖင်က အကွက်ဖြစ်ရမှာလဲ၊ ဒါဂွင်ဗျဂွင်..”
ဟု ထွန်းဂေါက်မြွေ၏ အမေးကို ကိုကိုဖရီးမှ ဖြေလိုက်သည်။ ကျုပ်စဉ်းစားမိတာက
ဘလော့ဂါပေါင်းစုံ လက်ဝှေ့ ပြိုင်ပွဲကြီး ကျင်းပမလို့လေ။ ၀ိတ်တန်းကတော့
အလွတ်တန်းလေးပေါ့ဗျာ။ ဟဲဟဲ။ “အင်း..ဒီဖရီးကလဲ အလကားနေရင်း ဖရီးရိတ်ရမဲ့
ဂွင်ပဲ ဆင်နေတာပဲ။ ” “ဆင်ရမယ်ဗျ။ ဆင်ရမယ်။ ခုဆိုရင် ဟီလာရီဆွဖ်နဲ့ မီဂန်ဖောက်စ်
တို့က သူတို့ကို အတည်တကျယူပါ တကဲကဲ ဖြစ်နေလို့ မနည်းတားထားရတယ်။
ဟွန်း။ ငွေက ရှာရလွယ်တာမဟုတ်ဘူး။” “ အု..ပြောမိတာမှားပါတယ် ဖရီးရယ်”
ကိုကိုဖရီးနှင့် ခင်ဦးမြွေ တို့၏ စကားကြောအား အန်တီဂလုဂလုမှ..ကဲ..ကဲ..အဲ့ဒါတွေ နောက်မှပြော..ဗိုက်ဆာနေပြီ။ ရောက်တုန်း ရှိတာလေးတွေအကုန်ချ၊ စားလိုက်ဦးမယ်။
ထိုအခါ ဒိုင်နာရီဆိုသည့် ကပြားမလေးမျက်နှာမှာ ၀မ်းချုပ်တာကြာ၍
အလွန်ပြင်းထန်သည့် ဓာတုဓာတ်ငွေ့အား ရှူရှိုက်မိသည့်အလား ရှုံတွသွားလေသည်။
မီးတို့ဆီမှာ ဘာမှအရှိတော့ဘူး။ စားချင်ရင် ကိုယ့်ဘာသာ သွားဝယ်ပြီး ချက်စားတော့ ဟု
လောကွတ်ပျူငှာစွာ ပြောလိုက်လေသည်။ ဂလိုဘဲကြီးမှ..ဟဲ့ဟဲ့.. အဲဒီလိုမပြောနဲ့လေ။
သွား..မနေ့က နောက်ဖေးမှာ ရိုက်သတ်ထားတဲ့ ကြွက်စုတ်ကြီးတစ်ကောင်ရှိသေးတယ်
မဟုတ်လား။ ရှယ်ကင်ပေးလိုက်ပါလား ။ ထိုအခါ...ဝေါ့....ဂလိုဘဲကြီး၏ ကြွက်ကင်အသ
ံ ကြားလိုက်သည်နှင့် ဟန်သစ်မိန်ကြီးခမျာ.. သောက်ထားသောရေများ..အဲ...အရက်များ ပြန်အန်ထွက်လာလေသည်။ “ခင်ဗျား..ဗျာ..အမြည်းကို ဒါမျိုးတွေ ပြင်ထားရလားဗျ။
တော်ပြီ နောက် လာမသောက်တော့ဘူး။” “အေးလေ၊ ရတယ်။ မသောက်ချင်နေပေါ့။
ခင်ဗျားလို အရက်ထက်ရေများများသောက်၊ အကြွေးကလဲ ယူသေးတဲ့သူမျိုး မရောင်းရရင် ပိုတောင်ကောင်းသေးတယ်။ ခင်ဗျားကို ရေဖိုးပဲယူမယ်၊ အရက်ဖိုးတော့မယူဘူး သိလား ၊
ဟွန်း။ ”ဂလိုဘဲကြီး၏ ဘုကျကျစကားကြောင့် ဟန်သစ်မိန်ကြီးခင်ဗျာ..အမြီးကုပ် အဲ.
.ဟိုကုပ်ဒီကုပ် ကုပ်ရင်း ငြိမ်သွားလေသည်။ ထိုစဉ်..ကဲ..ဘယ်လိုလဲ..ကျွန်တော့်အကြံကို...
ဟု ကိုကိုဖရီးမှမေးလိုက်စဉ် ဆောင်းနှင်းဘူ ဆိုသည့်ကောင်မလေးမှ...
(ဆက်လက်စောင့်စားဖတ်ရှုပါရန်ဟု တောင်းပန်ရင်း)

မူလလက်ဟောင်း အော်ရီဂျင်နယ်ဖရီး