“ပြည်တွင်းဖြစ် နိုင်ငံခြားသား ကိုရွှေဗမာများ သို့”
Weekly Eleven ဂျာနယ်၊ အတွဲ (၃)၊ အမှတ်စဉ် (၄၆)၊ စာမျက်နှာ (၂၀) မှ ဆရာကြီး လူထု စိန်ဝင်း ၏ ဆောင်းပါး အား ပြန်လည် ကူးယူ ဖေါ်ပြပါသည်။
စင်္ကာပူမှာ ၁၀ နှစ်ကျော် သွား အလုပ်လုပ် နေခဲ့တဲ့ ကျောင်းသားဟောင်း တစ်ယောက် ခေတ္တ ပြန်လာခိုက်၊ ကန်တော့ နှုတ်ဆက်ရင်းနဲ့ ပြော လိုက်တဲ့ စကား ဖြစ်ပါတယ်။ ဟိုနိုင်ငံ ဒီနိုင်ငံ တွေ က ပြန်ရောက် လာတဲ့ လူတိုင်း ပြောမြဲ စကားမို့ မဆန်းတော့ ပါဘူး။
ဘဝင်လေဟပ် သူတွေရဲ့ စကား
စိတ်ဓါတ်တွေ ပြင်ရမယ် လို့ သာ ပြောနေတာ ဘာစိတ်ဓါတ် မျိုးတွေ ပြုပြင် ရမှာလဲ လို့ တိတိကျကျ မပြောပါဘူး။ နိုင်ငံခြားပြန်တွေ ပြောနေကျ စကား တွေ ကြားရ ဖန်များလို့ ရိုးတောင် နေပါပြီ။
စတဲ့ စတဲ့ အပေါ်စီးက ကြည့်တဲ့ လေသံနဲ့ ပြောစကား မျိုးတွေ ဖြစ်ပါတယ်။
နွားနဲ့ ရုန်းနေတာ ပျင်းတာလား
မြန်မာတွေ ပျင်းတယ်ဆိုတာ ဘယ်သူတွေ ကို ကြည့်ပြီး ပြောတာလဲ။ မနက် အရုဏ် မလာခင် ထ၊ ထွန်ထယ်ကို ထမ်းပြီး လယ်ထဲဆင်း တစ်နေ့လုံး နေပူကြီးထဲမှာ နွားနဲ့ အတူရုန်း အလုပ်လုပ်၊ ညနေ နေဝင်ရီ သရော မှ အိမ်ကို ပြန်ရတဲ့ မြန်မာ နိုင်ငံရဲ့ ၈၀ % လောက် ရှိတဲ့ လယ်သမား တွေကို မြင်ဖူး ကြလို့လား။ ခရီးသွားတဲ့ အခါ အဝေးပြေး လမ်းမကြီးတွေမှာ လမ်းခင်း လမ်းပြင် လုပ်နေကြတဲ့ မြေတူး ကျောက်ထု လုပ်နေကြတဲ့ မိန်းမ၊ ယောင်္ကျား အလုပ်သမား တွေကိုတော့ မြင်ဖူး ကြမှာပါ။ ခြစ်ခြစ်တောက် ပူလောင်နေတဲ့ လမ်းတွေ ပေါ်မှာ မျက်နှာလေး တစ်ခုပဲ ဖေါ်ထားပြီး၊ တစ်ခေါင်းလုံး ပုဆိုးနဲ့ ပတ်ရင်း အလုပ်လုပ် နေ ရှာကြတယ် မဟုတ်ပါလား။ သူတို့ ခြေထောက် တွေမှာ ဖိနပ်တောင် မပါကြ ပါဘူး။ မြို့ရွာနဲ့ အလှမ်း ဝေးကွာတဲ့ နေရာများမှာ ဆိုရင် လမ်းဘေးမှာပဲ သစ်ထက်တဲနန်း ထိုးပြီး နေကြ၊ ချက်ပြုတ် စားကြရတာပါ။ ဒီလို လူမျိုးတွေကို ပျင်းသတဲ့လား။
“ထွီထွမ်” လုပ် တတ်တဲ့ လူတွေ
နောက်ပြီးတော့ မြို့ ရွာတွေ သန့်ရှင်းမှု အားနည်းတာ၊ လမ်းပေါ် အမှိုက် ပစ်တာ၊ ကွမ်း တံတွေး ထွေးတာ စတာ တွေနဲ့ ပါတ်သက်ပြီး မြန်မာတွေ စည်းကမ်း လုံးလုံး မရှိဘူးလို့ ပြောကြတာ ရှိသေးတယ်။ စင်္ကာပူများ သိပ်သန့်ရှင်းတာပဲ လို့လည်း ခဏခဏ ပြောကြ တယ်။ စင်္ကာပူက လမ်းထောင့်တိုင်းမှာ ယူနီဖောင်းဝတ် ရဲတွေ စောင့်နေကြပြီး၊ စည်းမဲ့ ကမ်းမဲ့ လမ်းဖြတ် ကူးသူတွေ၊ အမှိုက်ပစ်ချ လုပ်သူတွေကို ချက်ချင်းဖမ်း၊ ဒဏ်ရိုက် လုပ်တာတွေ ကျတော့ ထည့် မပြောကြဘူး။ ဘယ်နိုင်ငံ က ဘယ် လူမျိုး မဆို ပညာ အခြေခံ နည်းပြီး စိတ်ယဉ်ကျေးမှု နိမ့်ကျ သူတိုင်းဟာ၊ “ပြည်သူ့ နီတိ” ကို လျစ်လျူရှု တတ်ကြ ပါတယ်။ “ထွီ၊ ထွမ်” နဲ့ လူရှေ့ သူရှေ့မှာ တံတွေး ထွေးတဲ့ နေရာ မှာတော့ အရှေ့တိုင်းက လူဝါတွေ လောက် ဆိုးတာ ဘယ်မှာမှ မတွေ့ ဖူးပါဘူး။ သူတို့နဲ့ စာရင် မြန်မာ တွေက အများကြီး ယဉ်ကျေး ပါတယ်။
မြန်မာတွေ ရေသာခို အချောင်လိုက် စိတ် သိပ် ကြီးမားတယ်။ ကြိုးစား ပမ်းစား မလုပ်ချင်ကြဘူးလို့လည်း စွပ်စွပ် စွဲစွဲ လုပ်လေ့ ရှိကြ တယ်။ နိုင်ငံခြားရောက် မြန်မာ လူငယ်လေးတွေ အများစုဟာ နေ့အလုပ်၊ ညအလုပ်၊ နှစ်ခုလုပ်ပြီး၊ တပင်တပန် ပိုက်ဆံ ရှာနေ ကြတာ တွေ ကို မမြင်လို့လား။ တချို့ များဆို အိပ်ယာဝင်တာတောင် အလုပ်က ပြန်တဲ့ အဝတ်အတိုင်း ဖိနပ်တောင် မချွတ်ပဲ ဝင်ကြရပါတယ်။ မနက် အချိန်ကျတာနဲ့ အိပ်ရာထဲက တန်းပြီး အလုပ်ကို တန်းပြီး ပြေးနိုင်အောင် အဆင်သင့် လုပ်ထား ရတာလေ။ မြန်မာတွေ ကြိုးစား သလား မကြိုးစား ဖူးလား သိချင်ရင်၊ သူများနိုင်ငံ တွေမှာ လုပ်ခ ပေးသလို ပေးပြီး၊ ခိုင်းကြည့်လိုက် စမ်းပါလို့ ပြောလိုက် ချင်တယ်။
မြန်မာတွေ မပျင်းပါဘူး။ မညံ့ပါဘူး။ ဖျင်းလည်း မဖျင်းပါဘူး။ နိုင်ငံခြား သွားပြီး ပညာ သင်တဲ့ သူတွေ အားလုံးနီးပါးဟာ သူတို့ သင်တဲ့ ပညာရပ်ကို ကောင်းကောင်း သင်ယူနိုင်ကြတာ ချည့်ပါ။ စာမလိုက်နိုင်လို့ ပြန်လာရတယ် ဆိုတာ မရှိသလောက် ပါ။ ဘိလပ်သွားပြီး MRCP တို့ FRCS တို့လို ဘွဲ့ တွေ သွားသင်ယူတဲ့ ဆရာဝန်တွေ၊ စာ မလိုက်နိုင်လို့ ပြန်လာ ရတယ် ဆိုတာလည်း မရှိ သလောက် ပါပဲ။ မြန်မာ လူမျိုးတွေဟာ လူသာ ဆင်းရဲချင် ဆင်းရဲမယ်။ ဉာဏ်ရည် ဉာဏ်သွေး မှာတော့ မဆင်းရဲပါဘူး။ အခွင့် အရေး ရရင် ရသလို ဘာမဆို ဖြစ်အောင် လုပ်နိုင် ပါတယ်။
ကိုရွှေဗမာတွေ
မြန်မာတွေ ညံ့လို့ မတိုးတက်တာ၊ မြန်မာတွေ သိပ် ပျင်းတာ၊ သိပ် ဖျင်းတာလို့ ပြောကြ သူများဟာ၊ နိုင်ငံခြားသားများ မဟုတ်ပါဘူး။ မြန်မာပြည် ကနေ နိုင်ငံခြားသွား အလုပ်လုပ်နေကြတဲ့ “ပြည်တွင်းဖြစ် နိုင်ငံခြားသား” ကိုရွှေဗမာ များသာ ဖြစ်ကြ ပါတယ်။ ကိုယ်တိုင် ဘာလုပ် နေကြတယ် ဆိုတာတော့ ပြန်မကြည့်ပဲ နဲ့ ပြည်တွင်းမှာ ရှိနေကြတဲ့ သူတွေ ကို စွပ်စွပ် စွဲစွဲ အရှက်မရှိ ပြောနေ ကြတာ ဖြစ်တယ်။ မြန်မာ နိုင်ငံ လောက် သယံဇာတ ပေါကြွယ်ဝတဲ့ နိုင်ငံ အာရှတိုက် တစ်တိုက်လုံးမှာ မရှိ ပါဘူး။ စားစရာအတွက်၊ ဝတ်စရာ အတွက်၊ နေစရာအတွက်၊ ဘာမှ ပူစရာ မရှိပါဘူး။ ပြည်တွင်းမှာ လုံလုံ လောက်လောက် ရှိတယ် နောက်ပြီးတော့ ရေနံ ဓါတ်ငွေ့တွေလည်း ထွက်တယ်။ တခြား ဓါတ်သတ္တု မျိုးစုံနဲ့ ကျောက်သံ ပတ္တမြား တွေလည်း ပေါတယ်။ ဒီ သယံ ဇာတ ပေါကြွယ်ဝ တာတွေ ကို ခေတ်မီ နည်းပညာတွေ အသု့းချပြီ ထုတ်ယူ သုံးစွဲ ကြရမှာ မဟုတ်လား။ ရောင်းဝယ် ဖေါက်ကား ကြရမှာ မဟုတ်လား။
“ကျွန်တော်တို့ စိတ်ဓါတ်တွေ အများကြီး ပြင်မှကို ဖြစ်မယ်ခင်ဗျ ။ သူများတွေ နဲ့ အများကြီး ပြတ်ကျန် နေရစ်ပြီ”
စင်္ကာပူမှာ ၁၀ နှစ်ကျော် သွား အလုပ်လုပ် နေခဲ့တဲ့ ကျောင်းသားဟောင်း တစ်ယောက် ခေတ္တ ပြန်လာခိုက်၊ ကန်တော့ နှုတ်ဆက်ရင်းနဲ့ ပြော လိုက်တဲ့ စကား ဖြစ်ပါတယ်။ ဟိုနိုင်ငံ ဒီနိုင်ငံ တွေ က ပြန်ရောက် လာတဲ့ လူတိုင်း ပြောမြဲ စကားမို့ မဆန်းတော့ ပါဘူး။
ဘဝင်လေဟပ် သူတွေရဲ့ စကား
စိတ်ဓါတ်တွေ ပြင်ရမယ် လို့ သာ ပြောနေတာ ဘာစိတ်ဓါတ် မျိုးတွေ ပြုပြင် ရမှာလဲ လို့ တိတိကျကျ မပြောပါဘူး။ နိုင်ငံခြားပြန်တွေ ပြောနေကျ စကား တွေ ကြားရ ဖန်များလို့ ရိုးတောင် နေပါပြီ။
“မြန်မာတွေ ပျင်းတယ်”
“မြန်မာတွေ ညံ့တယ် ၊ ဖျင်းတယ်”
“မြန်မာတွေ စည်းကမ်း မဲ့တယ်”
“မြန်မာတွေ ကြိုးစား အားထုတ်မှု မရှိဘူး”
စတဲ့ စတဲ့ အပေါ်စီးက ကြည့်တဲ့ လေသံနဲ့ ပြောစကား မျိုးတွေ ဖြစ်ပါတယ်။
နွားနဲ့ ရုန်းနေတာ ပျင်းတာလား
မြန်မာတွေ ပျင်းတယ်ဆိုတာ ဘယ်သူတွေ ကို ကြည့်ပြီး ပြောတာလဲ။ မနက် အရုဏ် မလာခင် ထ၊ ထွန်ထယ်ကို ထမ်းပြီး လယ်ထဲဆင်း တစ်နေ့လုံး နေပူကြီးထဲမှာ နွားနဲ့ အတူရုန်း အလုပ်လုပ်၊ ညနေ နေဝင်ရီ သရော မှ အိမ်ကို ပြန်ရတဲ့ မြန်မာ နိုင်ငံရဲ့ ၈၀ % လောက် ရှိတဲ့ လယ်သမား တွေကို မြင်ဖူး ကြလို့လား။ ခရီးသွားတဲ့ အခါ အဝေးပြေး လမ်းမကြီးတွေမှာ လမ်းခင်း လမ်းပြင် လုပ်နေကြတဲ့ မြေတူး ကျောက်ထု လုပ်နေကြတဲ့ မိန်းမ၊ ယောင်္ကျား အလုပ်သမား တွေကိုတော့ မြင်ဖူး ကြမှာပါ။ ခြစ်ခြစ်တောက် ပူလောင်နေတဲ့ လမ်းတွေ ပေါ်မှာ မျက်နှာလေး တစ်ခုပဲ ဖေါ်ထားပြီး၊ တစ်ခေါင်းလုံး ပုဆိုးနဲ့ ပတ်ရင်း အလုပ်လုပ် နေ ရှာကြတယ် မဟုတ်ပါလား။ သူတို့ ခြေထောက် တွေမှာ ဖိနပ်တောင် မပါကြ ပါဘူး။ မြို့ရွာနဲ့ အလှမ်း ဝေးကွာတဲ့ နေရာများမှာ ဆိုရင် လမ်းဘေးမှာပဲ သစ်ထက်တဲနန်း ထိုးပြီး နေကြ၊ ချက်ပြုတ် စားကြရတာပါ။ ဒီလို လူမျိုးတွေကို ပျင်းသတဲ့လား။
“ထွီထွမ်” လုပ် တတ်တဲ့ လူတွေ
နောက်ပြီးတော့ မြို့ ရွာတွေ သန့်ရှင်းမှု အားနည်းတာ၊ လမ်းပေါ် အမှိုက် ပစ်တာ၊ ကွမ်း တံတွေး ထွေးတာ စတာ တွေနဲ့ ပါတ်သက်ပြီး မြန်မာတွေ စည်းကမ်း လုံးလုံး မရှိဘူးလို့ ပြောကြတာ ရှိသေးတယ်။ စင်္ကာပူများ သိပ်သန့်ရှင်းတာပဲ လို့လည်း ခဏခဏ ပြောကြ တယ်။ စင်္ကာပူက လမ်းထောင့်တိုင်းမှာ ယူနီဖောင်းဝတ် ရဲတွေ စောင့်နေကြပြီး၊ စည်းမဲ့ ကမ်းမဲ့ လမ်းဖြတ် ကူးသူတွေ၊ အမှိုက်ပစ်ချ လုပ်သူတွေကို ချက်ချင်းဖမ်း၊ ဒဏ်ရိုက် လုပ်တာတွေ ကျတော့ ထည့် မပြောကြဘူး။ ဘယ်နိုင်ငံ က ဘယ် လူမျိုး မဆို ပညာ အခြေခံ နည်းပြီး စိတ်ယဉ်ကျေးမှု နိမ့်ကျ သူတိုင်းဟာ၊ “ပြည်သူ့ နီတိ” ကို လျစ်လျူရှု တတ်ကြ ပါတယ်။ “ထွီ၊ ထွမ်” နဲ့ လူရှေ့ သူရှေ့မှာ တံတွေး ထွေးတဲ့ နေရာ မှာတော့ အရှေ့တိုင်းက လူဝါတွေ လောက် ဆိုးတာ ဘယ်မှာမှ မတွေ့ ဖူးပါဘူး။ သူတို့နဲ့ စာရင် မြန်မာ တွေက အများကြီး ယဉ်ကျေး ပါတယ်။
မြန်မာတွေ ရေသာခို အချောင်လိုက် စိတ် သိပ် ကြီးမားတယ်။ ကြိုးစား ပမ်းစား မလုပ်ချင်ကြဘူးလို့လည်း စွပ်စွပ် စွဲစွဲ လုပ်လေ့ ရှိကြ တယ်။ နိုင်ငံခြားရောက် မြန်မာ လူငယ်လေးတွေ အများစုဟာ နေ့အလုပ်၊ ညအလုပ်၊ နှစ်ခုလုပ်ပြီး၊ တပင်တပန် ပိုက်ဆံ ရှာနေ ကြတာ တွေ ကို မမြင်လို့လား။ တချို့ များဆို အိပ်ယာဝင်တာတောင် အလုပ်က ပြန်တဲ့ အဝတ်အတိုင်း ဖိနပ်တောင် မချွတ်ပဲ ဝင်ကြရပါတယ်။ မနက် အချိန်ကျတာနဲ့ အိပ်ရာထဲက တန်းပြီး အလုပ်ကို တန်းပြီး ပြေးနိုင်အောင် အဆင်သင့် လုပ်ထား ရတာလေ။ မြန်မာတွေ ကြိုးစား သလား မကြိုးစား ဖူးလား သိချင်ရင်၊ သူများနိုင်ငံ တွေမှာ လုပ်ခ ပေးသလို ပေးပြီး၊ ခိုင်းကြည့်လိုက် စမ်းပါလို့ ပြောလိုက် ချင်တယ်။
မြန်မာတွေ မပျင်းပါဘူး။ မညံ့ပါဘူး။ ဖျင်းလည်း မဖျင်းပါဘူး။ နိုင်ငံခြား သွားပြီး ပညာ သင်တဲ့ သူတွေ အားလုံးနီးပါးဟာ သူတို့ သင်တဲ့ ပညာရပ်ကို ကောင်းကောင်း သင်ယူနိုင်ကြတာ ချည့်ပါ။ စာမလိုက်နိုင်လို့ ပြန်လာရတယ် ဆိုတာ မရှိသလောက် ပါ။ ဘိလပ်သွားပြီး MRCP တို့ FRCS တို့လို ဘွဲ့ တွေ သွားသင်ယူတဲ့ ဆရာဝန်တွေ၊ စာ မလိုက်နိုင်လို့ ပြန်လာ ရတယ် ဆိုတာလည်း မရှိ သလောက် ပါပဲ။ မြန်မာ လူမျိုးတွေဟာ လူသာ ဆင်းရဲချင် ဆင်းရဲမယ်။ ဉာဏ်ရည် ဉာဏ်သွေး မှာတော့ မဆင်းရဲပါဘူး။ အခွင့် အရေး ရရင် ရသလို ဘာမဆို ဖြစ်အောင် လုပ်နိုင် ပါတယ်။
ကိုရွှေဗမာတွေ
မြန်မာတွေ ညံ့လို့ မတိုးတက်တာ၊ မြန်မာတွေ သိပ် ပျင်းတာ၊ သိပ် ဖျင်းတာလို့ ပြောကြ သူများဟာ၊ နိုင်ငံခြားသားများ မဟုတ်ပါဘူး။ မြန်မာပြည် ကနေ နိုင်ငံခြားသွား အလုပ်လုပ်နေကြတဲ့ “ပြည်တွင်းဖြစ် နိုင်ငံခြားသား” ကိုရွှေဗမာ များသာ ဖြစ်ကြ ပါတယ်။ ကိုယ်တိုင် ဘာလုပ် နေကြတယ် ဆိုတာတော့ ပြန်မကြည့်ပဲ နဲ့ ပြည်တွင်းမှာ ရှိနေကြတဲ့ သူတွေ ကို စွပ်စွပ် စွဲစွဲ အရှက်မရှိ ပြောနေ ကြတာ ဖြစ်တယ်။ မြန်မာ နိုင်ငံ လောက် သယံဇာတ ပေါကြွယ်ဝတဲ့ နိုင်ငံ အာရှတိုက် တစ်တိုက်လုံးမှာ မရှိ ပါဘူး။ စားစရာအတွက်၊ ဝတ်စရာ အတွက်၊ နေစရာအတွက်၊ ဘာမှ ပူစရာ မရှိပါဘူး။ ပြည်တွင်းမှာ လုံလုံ လောက်လောက် ရှိတယ် နောက်ပြီးတော့ ရေနံ ဓါတ်ငွေ့တွေလည်း ထွက်တယ်။ တခြား ဓါတ်သတ္တု မျိုးစုံနဲ့ ကျောက်သံ ပတ္တမြား တွေလည်း ပေါတယ်။ ဒီ သယံ ဇာတ ပေါကြွယ်ဝ တာတွေ ကို ခေတ်မီ နည်းပညာတွေ အသု့းချပြီ ထုတ်ယူ သုံးစွဲ ကြရမှာ မဟုတ်လား။ ရောင်းဝယ် ဖေါက်ကား ကြရမှာ မဟုတ်လား။
သတိ ပေးလိုက် ချင်တယ်
အခုတော့ အဲလို လုပ်ရမယ့် နိုင်ငံ့ အညွန့် အဖူးတွေ၊ တိုင်းပြည်ရဲ့ ဦးနှောက်တစ်ချို့ တွေက နိုင်ငံ ရပ်ခြား တိုင်းပြည် တွေ အတွက် သွားပြီး အလုပ်လုပ် ပေး နေကြ တယ်လေ။ မြန်မာ နိုင်ငံ က သင်ပေးလိုက်တဲ့ ပညာတွေနဲ့ သူများနိုင်ငံတွေ သွား အလုပ်လုပ် ပေးနေ ကြတာ အခြေအနေ အရ အခိုက်အတန့် အဖြစ် ကိုယ့်အကြောင်းနဲ့ ကိုယ် သွားရောက် လုပ်ကိုင် နေကြရတာကို နားလည် နိုင်ပါတယ်။ အပြစ် မတင်ပါဘူး။ ဒါပေမယ့် ဘယ်မှ မသွားပဲ ကိုယ့်တိုင်းပြည်မှာ ကိုယ်နေပြီး ကိုယ် တတ်စွမ်း သလောက် ကိုယ့်အား ကိုယ့်အင်နဲ့ ကိုယ့်တိုင်း ကိုယ့်ပြည် အတွက် ကြိုးစား ရုန်းကန် နေတဲ့ သူတွေ ကိုတော့၊ ပျင်းတယ်၊ ဖျင်းတယ်၊ စည်းကမ်း မဲ့တယ်၊ ရေသာခိုတယ်၊ စတဲ့ စွပ်စွဲမှု တွေနဲ့ ပုတ်ခတ် စော်ကား မလုပ်ကြဖို့ တော့ သတိပေး လိုက်ချင်ပါတယ်။