Showing posts with label Marketing Management. Show all posts
Showing posts with label Marketing Management. Show all posts

Friday, September 19, 2008

If You want to be successful in international market ! PORTER's Diamond Theory



၂၀၁၅ခုနှစ်မှာ မြန်မာနိုင်ငံ အနေဖြင့် အာဆီယံ လွတ်လပ်သော ကုန်သွယ်ရေး ဧရိယာမှာ ပါဝင် တော့မယ်ဟု သိရှိ ရပါတယ်။ ဒါဆို တို့ မြန်မာနိုင်ငံက SMEs (small and medium enterprises) တွေ International market ထဲ ဘယ်လို နေရာ ရအောင် လုပ်မလဲ ၊ မြန်မာနိုင်ငံက ထွက်ကုန်၊ ထုတ်ကုန်တွေ market share များများ ပိုင်ဆိုင် နိုင်အောင် ဘယ်လို လုပ်ကြမလဲ ဆိုတာ စိန်ခေါ်မှုတွေ ဖြစ်လာ နိုင်ပါတယ်။ လာမယ့် AFTA မှာ မြန်မာနိုင်ငံက လုပ်ငန်းတွေ နေရာ တစ်ခုရဖို့ industry ရွေးတာ မှန်ဖို့ လိုပါတယ်။ မြန်မာနိုင်ငံရဲ့ SMEs တွေ နိုင်ငံတကာ ဈေးကွက်မှာ ခိုင်မာစွာ ရပ်တည်နိုင်ဖို့ Michael Porter ရဲ့ Diamond Theory ကို တင်ပြ လိုက်ပါတယ်။

Diamond Theory

Diamond Theory က ဘယ်စီးပွားရေး လုပ်ငန်းမျိုးကို လုပ်ကိုင်ဖို့ ရွေးချယ် သင့်လဲ ဆိုတာကို ရှင်းပြပါတယ်။ ဒီ industry ( ဒီနေရာမှာ industry ကို group of firm or collections of firm that produce or undertake same or similar or related products and services လို့ ပြောချင်ပါတယ် ) ။ Porter က အောင်မြင်စွာ လုပ်ကိုင်လို့ ကောင်းတဲ့၊ Competitive Advantage of Nations ရနိုင်တဲ့ industry ဟာ လက္ခဏာ (၄) ရပ်နဲ့ ပြည့်စုံ နေရမယ်လို့ ဆိုပါတယ်။ အရင် တုန်းကတော့ land,location,natural resources,labor နဲ့ local population size တွေ strong ဖြစ်မယ်ဆိုရင် Comparative advantages ရနိုင်တယ်လို့ ဆိုကြပါတယ်။ Michael Porter ကတော့ တိုင်းပြည် တစ်ခုဟာ Global မှာ competitive advantages ရနေဖို့ရာ လက္ခဏာ (၄) ရပ်နဲ့ ပြည့်စုံတဲ့ industry ကို analyse လုပ်ဖို့ ဆိုထား ပါတယ်။

(a) Factor Condition /endowment

Factor of production လို့ဆိုပါတယ်။ ထုတ်လုပ်မှု အတွက် လိုအပ်တဲ့ factor ပိုင်ဆိုင်မှုပါ။ ဒီ factor တွေမှာ နဂိုကတည်းက ပိုင်ဆိုင် ထားတာ ရှိသလို Advanced နောက်မှ change တွေကြောင့် ရလာ တာတွေ ရှိပါတယ်၊ အကြမ်း အားဖြင့် Factor ကို နှစ်ခု ခွဲနိုင်ပါတယ်။ natural (basic) နဲ့ Advanced ဆိုပြီး တော့ပါ။ natural မှာဆိုရင် ဒီတိုင်းပြည်ရဲ့ ရေမြေ၊သယံဇာတ အားသာချက်တွေ၊ ရာသီဥတု အနေအထား ဟာ ဘယ်လုပ်ငန်းအတွက် အားသာချက် ရနေလဲပေါ့။ ဥပမာ ပြောရရင်တော့ မြန်မာနိုင်ငံ ဆိုပါတော့၊ ဆန်စပါး industry အတွက် လေ့လာမယ် ဆိုရင် သူ့မှာ factor endowment အဖြစ် မြေဆီလွှာဟာ ဆန်စပါးအတွက် သင့်လျှော် ကောင်းမွန်တဲ့ ရေမြေ ပိုင်ဆိုင် ထားပါတယ်။ ရာသီ အနေအထားကလည်း သင့်လျှော်ပါတယ်၊ လိုအပ်တဲ့ ရေလည်း အလုံအလောက် ရနိုင်တယ်။ ဂျုံ အတွက် ဆိုရင်ရော ... အဆင်မပြေပါဘူး factor endowment နဲ့ ဂျုံအတွက် လိုအပ်တဲ့ factor requirement နဲ့ မကိုက်ညီ ပါဘူး။

နောက် သဘာဝ အားဖြင့် ပိုင်ဆိုင် ထားတာ မဟုတ်ဘဲ နောက်မှ ဖြစ်ပေါ်လာတဲ့ factor ကတော့ Advanced factor ပါ။ ဥပမာ ဂျပန်မှာ car industry ဟာ comparative advantage ရနေပါတယ်။ ဘာကြောင့်လဲ... သူ့မှာ car industry မှာ လိုအပ်တဲ့ technology ပိုင်ဆိုင် ပါတယ်၊ အားသာချက် ရှိပါတယ်။ skilled labour တွေ ရှိပါတယ်။ ဒါကြောင့် industry's factor requirements နဲ့ nation's factor endowment နဲ့ ကိုက်ညီ သွားလို့ပါ။ အမေရိကန် IT ပိုင်းမှာ သာလွန်ပါတယ်။ သူ့တို့မှာ advanced factor knowledge capital ကို ပိုင်ဆိုင် ထားပါတယ်။ ကျွမ်းကျင်ရာ လိမ္မာ ဆိုတဲ့ စကားပုံ ရှိပါတယ်။ ဒါကြောင့် industry ရွေးတတ်ဖို့ လိုပါတယ်။ ဒီ တိုင်းပြည် မှာတော့ ဖြင့် key factor ဘာရှိလဲဆိုတာ သေချာ ဆန်းစစ်ပါ။ အသွားမတော် တစ်လှမ်းပါ။ ကိုယ့် industry ရဲ့ လိုအပ်တဲ့ key factor ဟာ ဒီ တိုင်းပြည် မှာ scarce factor ဖြစ်နေရင် လုပ်ငန်းလုပ်ပြီးမှ နောက်ဆုတ်ဖို့ဆိုတာ အတော် စရိတ်ကြီးတဲ့ ပြသနာပါ။ non-key factor တွေ ရှားတာ ကိစ္စမရှိပါဘူး။ scare factor တွေဟာ industry အတွက် အရေးကြီးမှု မကြီးမှုတွေ ပေါ် မူတည်ပြီး innovative power (entrepreneurship လို့ ဆိုရင်လည်း ရပါတယ်) တွေလည်း ရလာ နိုင်တာတွေ ရှိပါတယ်။

ဥပမာ ဆွစ်ဇာလန်မှာ labour shortage ဖြစ်နေတဲ့ နိုင်ငံ၊ အဲ့နိုင်ငံရဲ့ competitive advantages ရနေတဲ့ industry ဟာ watch ပါ။ သူက labour-intensive မဟုတ်တဲ့ နာရီ တွေကိုပဲ လုပ် ပါတယ်။ သူက အရေအတွက် နည်းနည်းနဲ့ အရည်အသွေး ကောင်းကောင်း နည်းဗျူဟာ ကို သုံးပါတယ်။ တနည်း ပြောရရင် ဂျပန် နာရီလုပ်ငန်း တွေမှာ လုပ်သား များများနဲ့ ထုတ်နေတဲ့ အချိန်မှာ ဆွစ်ဟာ skill labour ကို နည်းနည်းနဲ့ ထိထိ ရောက် ရောက် သုံးလို့ရတဲ့ industry ကို ဖန်တီး လိုက်ပါတယ်။ ဒါလဲ သူ့နိုင်ငံရဲ့ entrepreneurship ပါ။ innovate with a few amount of skilled - labour ပါ။ နောက်တစ်ခု ဂျပန်မှာ တခြား factor တွေက requirment နဲ့ ပြည့်စုံ နေ ပေမယ့် space problem ပါ။ သူ့မှာ မြေဈေး တွေကြီးတယ်၊ အနေအထား ကျဉ်းတယ်။ အဲ့တော နေရာ အခက်အခဲ ပြသနာအတွက့် JIT system (Just - in - time ) ကို ထွင် လိုက် ပါတယ်။ Porter ကတော့ factor endowment ဟာ သဘာဝက ပေးပေး အမွေရရ မဆိုင်ပါဘူး တဲ့။ factor endowment ဟာ အမြဲ develop and change ဖြစ်နေပါတယ် လို့ဆိုပါတယ်။

(b) Related Supporting Industries

Competitve advantages ရဖို့ နောက်ကထောက်ပံ့ပေးတဲ့ industries တွေရှိဖို့ အားကောင်းဖို့ကလည်း အရေးကြီးပါတယ်။suppliers and related industry အနေအထားကိုလည်း စီစစ်ရပါမယ်။ မြန်မာနိုင်ငံမှာ factor endowment အရ ဆန်စပါး လုပ်ငန်း လုပ်မယ် ဆိုကြပါစို့၊ Supporting industry တွေဖြစ်တဲ့ ဓါတ်မြေသြဇာ လုပ်ငန်း၊ ဆန်စက်တွေက အားနည်းနေမယ်။ ထိရောက်စွာ စွမ်းရည် ပြည့်စွာ ထောက်ပံ့မှုမပြုနိုင်ခဲ့ဘူးဆိုရင် မြန်မာ့ ဆန် ကမ္ဘာမှာ ယှဉ်ဖို့ နိုင်ငံတကာဈေးကွက်ဝင်ဖို့ မဖြစ်နိုင်တဲ့ အနေအထား ဖြစ်သွား ပါ လိမ့်မယ်။ ဂျပန်မှာ ကားလုပ်ငန်းဆိုရင် သူ့အတွက် လိုအပ်တဲ့ လောင်စာလုပ်ငန်းတွေ အားကောင်းလား၊ ဘယ်လို အနေအထား ရှိလဲ ဆိုတာ ကလည်း သူရွေး လိုက်တဲ့ car industry ရဲ့ competitive advantage အတွက် forces တစ်ခု ဖြစ်ပါတယ်။

ဆွီဒင်မှာ leather shoe industry ဆိုရင် ဆွီဒင်ရဲ့ leather industry တွေကရော ဘယ်လို အနေအထား ရှိလဲ။ တခြား leather goods တွေကရော ဘယ်လို လဲ ဆိုတာ သိထားဖို့ လိုပါတယ်။ ဒါကြောင့် supporting and related industries တွေကို လေ့လာ စီစစ်ပြီး ကိုယ်လုပ်မယ့် industry အတွက် ကိုက်ညီလား အဆင်ပြေလား ဆိုတာ သုံးသပ်ပါ။ ဒါမှ ယှဉ်ပြိုင်နိုင်မှုကို အားဖြည့်စေသလို ကိုယ့် လုပ်ငန်း အနေနဲ့ အရည်အသွေး ပြည့်ဝတဲ့ ဆန်းသစ်တဲ့ စိတ်ချရတဲ့ သွင်းအားစု တွေကို စရိတ် သက်သာစွာနဲ့ ရရှိမှာဖြစ်ပါတယ်။ Global မှာ ပြိုင်ဆိုင်ဖို့ ဆိုရင် supplier network ကလည်း အတော် အရေးပါ နေပါပြီ။

(c) Demand Condition

နိုင်ငံတကာကို ထိုးမဖောက်ခင် domestic demand ပြည်တွင်းဝယ်လိုအား အခြေအနေကို အရင်စီစစ်ပါဦး၊ ပြည်တွင်းမှာ နေရာရနေတဲ့ product ဟာ နိုင်ငံတကာ ဈေးကွက် ၀င်ရောက်ဖို့ လွယ်ပါတယ်။ ပြည်တွင်း ၀ယ်လိုအား၊ ဒီတိုင်းပြည်ရဲ့ ၀ယ်လိုအားဟာ ဘယ်industry မှာ strong ဖြစ်နေလဲ ဆိုတာ လေ့လာပါ။ customer တွေရဲ့ လိုချင်မှု တောင်းဆိုမှု demand ကရော ဘာလဲ ပေါ့။ local firm တွေက foreign က မလုပ်သေးတဲ့ industry ကို ရွေးမယ် ဆိုရင် ကိုယ့်နိုင်ငံ မှာလည်း domestic demand အပိုင်ရ ထားမယ်ဆိုရင် export မှတဆင့် international ထိုးဖောက်ဖို့ရာ အဆင်ပြေ စေပါတယ်။ နောက် domestic customer ဟာ very sensitive customer အရမ်း ဂျီးများတဲ့ သူမျိုးတွေ ဖြစ်မယ် ဆိုရင် သူတို့ရဲ့ need တွေ ဖြည့်ဆည်း ရင်းနဲ့ ကိုယ့်product ဟာ တဖြည်းဖြည်း advance ဖြစ်လာ နိုင်ပါတယ် နိုင်ငံတကာ တန်းဝင် ဖြစ်လာ နိုင်တဲ့အတွက် very sensitive customer မျိုး ဆိုရင် အရမ်း ကောင်းပါတယ်။ အလား အလာ ရှိတဲ့ လမ်းကြောင်း တစ်ခုပါ။

အရမ်း ပြည်တွင်း ၀ယ်လိုအား ကောင်းတဲ့ industry ဟာလည်း national advantage အဖြစ်လည်း ရရှိ စေပါတယ်။ Act local, think global ပြည်တွင်း ၀ယ်လိုအား အခြေအနေကို သုံးသပ်ပြီး နိုင်ငံတကာ demand အခြေအနေ ကိုလည်း မှန်းဆ နိုင်ပါတယ်။ ဥပမာ ပြင်သစ် wine မှာ နာမည် ရပါတယ်။ သူ့နိုင်ငံရဲ့ domestic မှာကို wine culture ရှိပြီး ဖြစ်တဲ့အတွက် wine industry ဟာ domestic demand ကောင်းတဲ့ လုပ်ငန်းပါ။ သူလည်း domestic မှတဆင့် နိုင်ငံတကာကို ထိုးဖောက် ပါတယ်။ ပြင်သစ် ၀ိုင် နာမည်ကြီးတယ် ဆိုတဲ့ ဂုဏ်နဲ့ နိုင်ငံတကာက customer တွေဟာ ဘာမှန်း ညာမှန်း မသိပဲ စ လက်ခံ သုံးစွဲ လာပါတယ်။ အဲ့လိုနဲ့ပဲ ပြင်သစ်ဝိုင် ဟာ international market ကို ထိုးဖောက် နိုင်ခဲ့ ပါတယ်။

(d) Firm Strategy, Structure and Rivalry

အခုလို ခေတ်မျိုးမှာ စီးပွားရေး လုပ်ငန်းတွေဟာ dynamic ဖြစ်နေပါတယ်။ ပြိုင်ဆိုင်မှု ဆိုတာလည်း ရှောင်လွဲမရပါဘူး၊ ကိုယ်က အပြိုင် အဆိုင် တွေကြားမှာ နေရာတစ်ခု တစ်ခု ရနေဖို့ လိုပါတယ်။ နေရာ ကိုလည်း မပျောက်ပျက်အောင် ဆက်ထိန်း ထားဖို့ လိုသလို နေရာ လေးကို လည်း ချဲ့ပေးဖို့ လိုပါတယ်။ ကိုယ့်က မချဲ့ရင် ကိုယ့်နေရာကို သူများ လာချဲ့တာ ခံရပြီး ကိုယ့်နေရာပါ ပဲ့ပါ သွားစေ နိုင်တဲ့ အတွက် ကြောင့်ပါ။ နေရာလေးကို ထိန်းဖို့ ချဲ့ဖို့ လိုအပ် တာကတော့ productivity နဲ့ innovation ပါ။ နောက် ကိုယ့် လုပ်ငန်းရဲ့ strategy, structure တွေဟာ flexible ပြောင်းလဲမှု နဲ့ အမျှ လိုက်လျော ညီထွေ နေစေဖို့ အတွက် အပြောင်းအလဲ လွယ်တဲ့ ပုံစံမျိုး ဖြစ်ရ ပါမယ်။ ချဲ့ ရင်ချဲ့သလို ရနိုင်တဲ့ ပုံစံ ဖြစ်ဖို့ လိုပါတယ်။ ကိုယ့် industry ဟာ ကိုယ့်လုပ်ငန်း ဟာ capital market အခြေအနေ ဘယ်လို ရှိလဲ။ ဘဏ္ဍာငွေ လိုအပ်ရင် ရော ကိုယ့်လုပ်ငန်း အနေနဲ့ ဘယ်လို ရှာလို့ရလဲ ... ။ အမေရိကန် ဆိုရင် လုပ်ငန်းတွေရဲ့ structure ပုံစံ တွေဟာ short-run တွေပါ။ ဒါကြောင့် သူတို့ ရင်းနှီး မြှပ်နှံမှုများတဲ့ industry ဟာ computer industry တွေမှာ များပါတယ်။ နောက် ဆွဒ်ဇာလန် ... သူတို့ဟာ long run ပုံစံတွေကို ပို သဘောကျ ကြိုက်နှစ်သက် ကြတော့ ဆေးဝါး လုပ်ငန်းတွေမှာ ရင်းနှီး မြှပ်နှံသူတွေ များပါတယ်။

နောက် လုပ်ငန်း strategy တွေဟာ အနေအထား ပေါ်လိုက်ပြီး ပြောင်းလဲ နိုင်ရပါမယ်။ ပြောင်းလဲ လို့လည်း အဆင်ပြေ စေနိုင်တဲ့ industry ဟာ လုပ်ကိုင်လို့ အကောင်းဆုံးပါ။ နောက် industry ရဲ့ rivalry ပြိုင်ဘက် လုပ်ငန်း အနေအထား အခြေအနေ တွေကို သေချာ စိစစ် သုံးသပ်ရန် လိုပါတယ်။ ဘာကြောင့်လဲ ဆိုတော့ rivalry အခြေအနေ ဟာ လုပ်ငန်းရဲ့ innovation power ကို စကားပြော ပါတယ်။ အမေရိကန်မှာ ကား ဒီဇိုင်းတွေ၊ laptop ဒီဇိုင်းတွေ တနေ့ထက် တနေ့ မရိုးဘဲ အဆန်းတွေ ထွက်နေကြတာ ဘယ်ကြောင့်လဲ ၊ rivalry အခြေအနေ ကြောင့်ပါ။ သူများထက် ထူးအောင် လုပ်ရင်းနဲ့ market share ရရှိပြီး market leader ဖြစ်လာ နိုင်တဲ့ အခွင့်အလမ်း တွေပါ။ နိုင်ငံတကာ မှာ အမည်ရရှိ သွားနိုင် ပါသေးတယ်။ ပြိုင်ဆိုင်မှု နည်းတဲ့ industry ဆိုရင်တော့ entrance စစချင်း ၀င်ရောက်မှုမှာ အဟန့်အတား နည်းပါတယ်။ ၀င်ရောက်ဖို့ လွယ်ပါတယ်။ local condition တွေဟာ firm strategy တွေကို affect ဖြစ်စေ တဲ့ အတွက် ပြောင်းလဲလို့ အဆင်ပြေမယ့် strategy မျိုးချနိုင်တဲ့ industry လား ... ... ပြိုင်ဆိုင်မှု တွေနည်းတဲ့ industry လား ... များတဲ့ industry လား ... ဆိုတာ သေချာ စိစစ်ဖို့ လိုပါတယ်။

Porter Diamond Model ဟာ Function မဟုတ်ပါဘူး၊ system လို့ မြင်ပေးပါ။ ဒီလေးချက် လုံးကို တစ်ခုတစ်ခု ချိတ်ဆက် စဉ်းစားပေးဖို့ စိစစ် ပေးဖို့ လိုပါတယ်။

(ဆက်ဖော်ပြ ပါဦးမည် ... ...)

Wednesday, September 10, 2008

Marketer တိုင်းသိသင့်သော သဘောတရားများ (၂)

PRODUCT - MARKET GROWTH MATRIX



စီးပွားရေးလုပ်ငန်းများအနေဖြင့် ဈေးကွက်အတွင်းရှိ မိမိကုန်စည်နှင့် ပတ်သက်ပြီး ဈေးကွက်ရှယ်ယာ ခိုင်မာမှု၊ ဈေးကွက်သစ်ရရှိနိုင်မှု စသည်တို့အတွက် Product - Market Growth Matrix နှင့် ယှဉ်တွဲသုံးစွဲနိုင်သည်။ ယနေ့ခေတ်တွင် ဈေးကွက်အတွင်း ယှဉ်ပြိုင်မှုများ ပြင်းထန်နေသည့်အတွက် စီးပွားရေးလုပ်ငန်းများ အနေဖြင့် Product Quality ရှိရန်လိုအပ်သကဲ့သို့ Product Variety ရှိရန်လိုအပ်သည်။ သို့ဖြစ်ရာ Marketer များအနေဖြင့် Product - Market Growth Matrix ကိုလည်း ကောင်းစွာ နားလည်ထားရန်လိုအပ်သည်။


Market Penetration

စီးပွားရေးလုပ်ငန်းတိုင်းသည် ဈေးကွက်ထဲတွင် တည်ရှိနေပြီး ဖြစ်သော မိမိကုန်စည်၏ ရောင်းလိုအားကို ထိုဈေးကွက်တွင်ပင် တိုးမြှင့်နိုင်ရန် ကြိုးစားရန်လိုအပ်သည်။ ထိုကဲ့သို့ လုပ်ဆောင်ခြင်းဖြင့် ဈေးကွက်အတွင်း ပြိုင်ဖက်ကုန်စည်များ၏ Customer များကို ရရှိနိုင်ပြီး Customer အသစ်များကိုလည်း မိမိကုန်စည်ကို သတိပြုမိအောင်၊ ၀ယ်ယူသုံးစွဲအောင် ဆွဲဆောင်နိုင်သည်။ ရှိပြီးသား ဈေးကွက်အတွင်း ရှိပြီးသားကုန်စည်နှင့် ဈေးကွက်ထိုးဖောက်မှုကို လုပ်ဆောင်ခြင်းသည် စွန့်စားမှု (Risk) အနည်းဆုံး ဈေးကွက်ချဲ့ထွင်ခြင်းပင် ဖြစ်သည်။

Market Development

လုပ်ငန်းအနေဖြင့် ဈေးကွက်အတွင်း ရှိပြီးသား မိမိ၏ ကုန်စည်ကို ထိုဈေးကွက်တွင် အရောင်းမြှင့်တင်နိုင်ရန် လိုအပ်သကဲ့သို့ ထိုကုန်စည်အတွက် ဈေးကွက်အသစ်ထပ်မံ ရရှိနိုင်ရန် ကြိုးစားရမည်။ ထိုကဲ့သို့လုပ်ဆောင်ခြင်းသည် လုပ်ငန်းအတွက် ၀င်ငွေပိုမိုရရှိစေပြီး ဈေးကွက်ဝေစု (Market Share) ကိုလည်း ပိုမိုခိုင်မာစေသည်။

Product Development

လုပ်ငန်းသည် ဈေးကွက်ချဲ့ထွင်မှုအဖြစ် မိမိလုပ်ငန်း၏ ကုန်စည်အသစ်ကို အောင်မြင်ပြီးသား ကုန်စည်နှင့် တွဲဖက်ကာ ထိုဈေးကွက်တွင် ဈေးကွက်ရှယ်ယာချဲ့ထွင်နိုင်ရန် ကြိုးစားရမည်။ ဈေးကွက်အတွင်း ကုန်စည်အသစ်မိတ်ဆက်ခြင်းသည် စီးပွားရေးလုပ်ငန်းတိုင်းအတွက် မရှိမဖြစ်အရေးကြီးလှသော Strategy တစ်ခုပင်ဖြစ်သည်။ ထို့ပြင် ဈေးကွက်ထဲတွင် ယှဉ်ပြိုင်နိုင်စွမ်းများ (Competitiveness) ကိုလည်း ကောင်းစွာရရှိစေသည်။

Diversification

လုပ်ငန်းအနေဖြင့် ကုန်စည်အသစ်ကို ဈေးကွက်အသစ်တွင် ရပ်တည်နိုင်စေရန် ကြိုးစားရမည်။ ထိုကဲ့သို့ ချဲ့ထွင်မှုသည် စွန့်စားမှုတစ်ခုပင်ဖြစ်သည်။ ဈေးကွက်အသစ်တွင် ကုန်စည်အသစ်သည် တစ်ဟုန်ထိုး အောင်မြင်နိုင်သကဲ့သို့ ရှုံးနိမ့်မှုများနှင့်လည်း ကြုံတွေ့ရနိုင်သည်။ ဈေးကွက်အတွင်း လုပ်ငန်း၏ Image တစ်ဟုန်ထိုး တိုးတက်သွားနိုင်သကဲ့သို့ ဈေးကွက်ကို လုံးဝ မထိုးဖောက်နိုင်သော အနေအထားမျိုးနှင့်လည်း ကြုံတွေ့ရနိုင်သည်။

ကျွန်တော်သိသမျှ ဥပမာတွေနဲ့ တင်ပြရမယ်ဆိုရင်စီ ပထမဆုံး Market Penetration ကို စတင် လုပ်ဆောင်ပြီဆိုလျှင် ထိုလုပ်ငန်းသည် နောက်ထပ် နေရာနှစ်ခုဆီကို သွားနိုင်ဖို့ ခြေကုပ်ယူတဲ့သဘောပါ။ ထိုးမယ့်ဆင် မထိုးခင် ခြေတစ်လှမ်းဆုတ် ဆိုတာမျိုးပါ။

Oramin- G ဆိုရင် လူတိုင်းနီးပါး သိကြတဲ့ ကိုရီးယားနိုင်ငံလုပ် ဂျင်ဆင်းဆေးမြစ်အားဆေးပါ။ ဆေးဈေးကွက်ထဲမှာ အဆင့်မနိမ့်တဲ့ ဆေးကောင်းတစ်မျိုးပါ။ Oramin-G က ရှိပြီးသားကုန်စည်ဖြစ်တဲ့ ထိုအားဆေးကို ရှိနေပြီးသား ဈေးကွက်ထဲမှာ Promotion Tool လေးသုံးပြီး ဈေးကွက်ကို ထိုးဖောက်ခဲ့ပါတယ်။ နည်းလမ်းလေးက ဆေးဗူးထဲမှာ အခမဲ့ ဆေးစစ်မှတ်တမ်း (Free Medical Check-up) တွေထည့်ပေးခဲ့တာပါ။ ဒီလက်မှတ်လေးကြောင့် ဆေးဈေးကွက်ထဲမှာ အရောင်းတွေ သိသိသာသာတက်ခဲ့ပါတယ်။ ဆေးကို ပုံမှန်စားတဲ့သူတွေ ၊ လက်ဆောင်ပေးဖို့၊ ကန်တော့ကြဖို့ ၀ယ်တဲ့သူတွေ ၊ အနည်းဆုံး ဆေးကို လက်လီရောင်းတဲ့ ဆိုင်တွေ ( အရင်က အားဆေးလာဝယ်ရင် အားဆေးတစ်လုံးပေးပါဆိုရင် ဆေးဆိုင်ပိုင်ရှင်တွေက ဘာဆေးကို ယူမလဲလို့ ပြန်မေးကြမှာပါ။ ကောင်းတာပေးပါလို့ ပြောရင် ဆိုင်ပိုင်ရှင်က အာရုံရတဲ့ အားဆေးအမျိုးအစားကို ပေးမှာပါ။ Oramin-G က Promotion လုပ်ပြီးတဲ့ နောက်ပိုင်းမှာ အားဆေးတစ်လုံးအစ်မရေ ---- လို့ပြောရင် လက်က အလိုလို Oramin -G ကိုပဲရောက်နေမှာပါ။ ဘာကြောင့်လဲဆိုတော့ ဆေးဗူးများများ ဖောက်မိရင် ကူပွန်ရနိုင်မယ့် အခွင့်အလမ်းများလို့ပါ။ ဒီလိုနဲ့ ဈေးကွက်ထဲမှာ ဈေးကွက်ဝေစုတွေ ပိုမို ပိုင်ဆိုင်သွားတာပါ။) Oramin-G က ဈေးကွက်ထဲမှာ သူရဲ့ ဈေးကွက်ပိုပြီးလည်း ခိုင်လာရော Oramin-F ဆိုတာကို တွဲပြီးသွင်းလာပါတော့တယ်။ Market Penetration ကနေ Product Development ကို ရောက်သွားတာပါ။ ဒါကြောင့် Oramin-F ကို ဈေးကွက်နဲ့ မိတ်ဆက်တဲ့အခါ လွယ်လွယ်ကူကူနဲ့ Customer တွေက လက်ခံသွားတာပါ။ (ဆေးအမျိုးအစားကောင်းတာက အဓိကပါ။ အရွယ်တင်နုပျိုလှပစေတဲ့ ဆေးအာနိသင်က အမျိုးသမီးတွေရဲ့ စိတ်ဝင်စားမှုကို ဖမ်းဆုပ်နိုင်တဲ့ အရာ ဖြစ်တာလည်းပါတယ်။ )
ဒါလောက်ဆို ဒီ Matrix လေးရဲ့ အသုံးဝင်ပုံတွေကို ကောင်းစွာနားလည်နိုင်ပြီလို့ ယူဆပါတယ်။ ဒါကြောင့် စီးပွားရေးသမားတိုင်း ၊ Marketer တိုင်းက မိမိလုပ်ငန်းအနေအထား ဘယ်မှာလဲဆိုတာ ကောင်းစွာ သုံးသပ်ဖို့လိုတာပါ။ ကိုယ့်ဈေးကွက်ဟာ Star မှာ ရောက်နေရင် New Market ရှာမှာလား၊ New Product လုပ်မှာလား စသည်ဖြင့် ဈေးကွက်ကို ဆန်းစစ်နိုင်ပါတယ်။

ဈေးကွက်ထဲမှာ စီးပွားရေး လုပ်ငန်းတိုင်း အကောင်းဆုံး ဈေးကွက်ထိုးဖောက်မှုတွေ ရယူနိုင်ပါစေလို့ မျှော်လင့်ရင်း ---

Monday, August 11, 2008

Marketing အကြောင်း တစေ့တစောင်း

ယနေ့ခေတ်တွင် ကမ္ဘာတစ်ဝှမ်း၌ ဈေးကွက်စီးပွားရေးစနစ်ကို ကျယ်ပြန့်စွာ လက်ခံကျင့်သုံးလာကြရာ နိုင်ငံတိုင်းရှိ စီးပွားရေးအဆောက်အအုံ၏ ပုံသဏ္ဍန်မှာလည်း များစွာပြောင်းလဲတိုးတက်ခဲ့သည်။ ၂၀ရာစု အချိန်ကာလများရှိ စီးပွားရေးအဆောက်အအုံသည် စက်မှုလုပ်ငန်းများနှင့် ကုန်ထုတ်လုပ်ငန်းများ အပေါ်တွင်သာ အခြေခံခဲ့သော်လည်း ၂၁ရာစုတွင်မူ သတင်းအချက်အလက်များနှင့် နည်းပညာတိုးတက်မှုကို အခြေခံထားသည်။ ဈေးကွက်စီးပွားရေးစနစ်အတွင်း စားသုံးသူများ၏ လိုအပ်ချက်များကို အခြေခံကာ ဈေးကွက်ချဲ့ထွင်ခြင်းဖြင့် စီးပွားရေးအဆောက်အအုံအတွင်း ပြင်းထန်စွာပြိုင်ဆိုင်နေကြသည်။ ဈေးကွက်အတွင်း စံချိန်မှီသော ပစ္စည်းများ ရှိရန်လိုအပ်သကဲ့သို့ ထိုကုန်စည်များကို စားသုံးသူများထံ ရောက်ရှိအောင် ဆောင်ရွက်ပေးနိုင်မည့် Marketer များလည်းရှိရန် လိုအပ်သည်။ သို့ဖြစ်ရာ လုပ်ငန်းတစ်ခုလုံးတွင် Customer များနှင့် အများဆုံးထိတွေ့ ဆက်ဆံရသူများမှာ Marketer များဖြစ်လာသည်။ ထိုသူများအနေဖြင့် ဈေးကွက်တွင် တိုက်ရိုက်ထိတွေ့ရာ၌ Selling Concept နှင့် Marketing Concept အကြားရှိ မတူညီမှုများကို ကောင်းစွာနားလည် သဘောပေါက်ရန်လိုအပ်သည်။ အဘယ်ကြောင့်ဆိုသော် သဘောတရားချင်းလွန်စွာ ဆက်စပ်သောအခါ မှားယွင်းလက်ခံသွားမည်ကို စိုးရိမ်သောကြောင့် ဖြစ်ပါသည်။

Selling Concept

1.Emphasis is on Products.

2.Company first makes the product and then figures out how to sell.

3. Management is sales volume- oriented.

4. Planning is short-run oriented.

5.Needs of Sellers are stressed.

Marketing Concept
1. Emphasis is on Customer's want.

2. Company first determines Customer's wants and figures out how to make and deliver a product to satisfy those wants.

3. Management is profit oriented.

4. Planning is long-run oriented.

5. Wants of buyers are stressed.

အထက်ဖော်ပြပါ သဘောတရားနှစ်ခုမှာ တူမယောင်ရှိသော်လည်း လွန်စွာကွာခြားလှသည်။ Selling concept ကိုကျင့်သုံးသော စီးပွားရေးလုပ်ငန်း ၊ စက်မှုလုပ်ငန်းတစ်ခုအနေဖြင့် ဈေးကွက်လိုလားချက်များကို သုံးသပ်ခြင်းမရှိဘဲ မိမိတို့လုပ်ငန်း၏ အားသန်ရာ ကုန်ပစ္စည်းများကို ဦးစွာထုတ်လုပ်ပြီးမှ ထိုကုန်စည်ကို ဈေးကွက်ထဲသို့ တင်ပို့ရောင်းချခြင်းဖြစ်သည်။ ဈေးကွက်အတွင်းရောက်ရှိပြီးသည့်အခါတွင်လည်း အနာဂတ်တွင် ဖြစ်ပေါ်လာမည့် ဈေးကွက်လိုအပ်ချက်များကို လေ့လာခြင်းမရှိချေ။ ထုတ်လုပ်ပြီးသား ကုန်စည်များ အရောင်းသွက်ရေးသာ အာရုံစိုက်နေသည်။ Marketing Concept၏ အခြေခံထားမှုသည် စားသုံးသူများ၏ လိုအပ်ချက်ဖြစ်ရာ ထုတ်လုပ်လိုက်သော ကုန်စည်သည် ဈေးကွက်အတွင်းသို့ ရောက်ရှိအောင် ကြိုးစားမှုတွင် Selling concept ကဲ့သို့ အချိန်ကြာမြင့်မှု မရှိပေ။ Selling concept နှင့် Marketing concept နှစ်ခုလုံးတွင် ကုန်စည်များ ဈေးကွက်အတွင်းသို့ ရောက်ရှိချိန်တူညီစေကာမူ Selling Conceptကို ကျင့်သုံးသော စီးပွားရေးလုပ်ငန်းသည် Transaction Cost ပိုမိုကုန်ကျနိုင်သည်။ ကျွန့်တော့်အယူအဆသည် ယနေ့ခေတ်စီးပွားရေး အဆောက်အအုံသည် ယှဉ်ပြိုင်မှုများသော ဈေးကွက်ဖြစ်ရာ Selling concept ကို ကျင့်သုံးသော စီးပွားရေးလုပ်ငန်း၏ ရပ်တည်နိုင်မှုသည် ကန့်သတ်ချက်များစွာနှင့် မိတ်ဖွဲ့ရပေလိမ့်မည်။