Wednesday, December 24, 2008

India က ပီဆဲဗင်း ( 7 P s ) မူဖြင့် နိုင်ငံခြား အရင်းအနှီးတို့ ကို အပြင်းအထန် ဖိတ်ခေါ်ပုံ

ပီဆဲဗင်း ( ဆရာ မောင်စူးစမ်း ရေးသည့် ပညာ အ ခြေစိုက် စီးပွားရေး စာအုပ်မှ )

ဒီ 7 Ps က Marketing က 7 Ps နဲ့ မတူပဲ နိုင်ငံဖွံ့ ဖြိုး တိုးတက်စေရာ အကြောင်းတွေ ဟု ကိုယ်တိုင် ခံစားမိတဲ့အတွက် ကျွန်မတို့ မြန်မာပြည် အတွက်ရော အသုံးချစရာ ဖြစ်လာ နိုင်မလားဆိုပြီး ရေးလိုက်ခြင်း ဖြစ်ပါတယ်။ P တစ်လုံးထဲက Power (လျှပ်စစ် မီး စွမ်းအင်) က ကျွန်မတို့ အတွက် သိပ်နည်း နေပြီလား။ အားလုံး ဆင်ခြင်ကြည့်ရင် သူများ အိမ်နီးချင်း နိုင်ငံနဲ့  ဘယ်လိုမှ ယှဉ်မရသေး India ကို လည်း မမှီ၊ တရုတ်နောက် လိုက်သာ လိုက်တာ ကောင်းတာတွေ အခုထက်ထိ ရအောင် မယူနိုင်သေး - လိုသေးတာ ကလေး တစ်ယောက် လိုပါပဲ ကိုယ်တိုင်ရော မြန်မာပြည်ရော-

7 Ps မှာ အောက်ပါအတိုင်းဖြစ်သည်။

၁။ People (လူထု) ဖြစ်သည်။
အင်ဂျင်နီယာ ကျောင်းတွေနဲ့ Technology ပညာရှင်တွေ ဘယ်လောက် ပေါများပုံကို စာရင်း ဇယားနှင့် ဖော်ပြသည်။

၂။ Power (လျှပ်စစ် မီး စွမ်းအင်) ဖြစ်သည်။
လျှပ်စစ်မီး မှန်မှန် ရ မရသည် ရင်းနှီး မြှုပ်နှံမှုတို့ ကို ဆွဲဆောင်ရာ၌ အဓိက သော့ချက် ဖြစ်သည်ဟု ယူဆသည်။

၃။ Ports (ဆိပ်ကမ်းတို့ ) ဖြစ်သည်။
ဆိပ်ကမ်းတို့ ၏ အရည်အသွေး အပြင် ဆိပ်ကမ်းတို့ ၏ ကမ္ဘာ တလွှား ချိတ်ဆက်နိုင်မှု (connectivity) တို့ ကိုလည်း ဖော်ပြသည်။

၎။ Parks (ပန်းခြံများ) ဖြစ်သည်။
စက်မှုဇုံ၊ သိပ္ပံဇုံ၊ Technology Zone တို့ ကိုဖော်ပြ သည်။ ကမ္ဘာ့ အဆင့်အတန်း မှီပုံတို့ ကို ရှင်းပြသည်။

၅။ Performance (လုပ်ဆောင်ချက်) တို့ ဖြစ်သည်။
လုပ်ဆောင်နိုင်ရည် အဆင့်အတန်း မြင့်ပုံတို့ ကို သရုပ်ဖော် ပြသည်။ ဥပမာ အမေရိကားမှ " နောက်အဖီ ရုံးခန်း ( Back Office) တို့ ကို အိန္ဒိယ ပြည်နယ်များ ဆီသို့  ရွှေ့ ပြောင်း လာပုံတို့ ကို ဖော်ပြသည်။

၆။ Potential (စွမ်းရည် အလားအလာ) တို့ ဖြစ်သည်။
ဤအပိုင်း၌ ပုဂ္ဂလိက ပိုင်း(Private) ၏ ဖွံဖြိုး တိုးတက်သော စွမ်းပကား တို့ ကို မီးမောင်း ထိုးပြသည်။ အမြတ်ကောင်း ရနိုင်ပုံ၊ Equity Participation ခေါ် နိုင်ငံခြား ကုမ္ပဏီတို့ ၏အစုရှယ်ယာတို့ တွင် အိန္ဒိယရင်းနှီးမြှုပ်နှံသူတို့ က 74 % အထိ ပါဝင်နိုင်ခြေရှိပုံကိုလည်း ဖော်ပြသည်။

၇။ Political Will ( နိုင်ငံရေးအရ သန္နိဌာန် ပြ ဋ္ဌာန်းချက်) ဖြစ်သည်။
ခေတ်ရေစီးကြောင်း နှင့် အညီ ပြုပြင်ပြောင်းလဲရေးနှင့် ဖွံ့ ဖြိုးတိုးတက်မှုတို့ ကို မလွဲမသွေ ဖြစ်ထွန်းရန် ပိုင်းဖြတ်ပြီး ဖြစ်ပုံတို့ ကို ဖော်ပြသည်။

အိန္ဒိယက ဤ ပီ ၇လုံးမူဖြင့် နိုင်ငံခြား အရင်းအနှီးတို့ ကို အပြင်းအထန် ဖိတ်ခေါ်နေသည်။

6 ယောက် သုံးသပ်သွားတယ်:

  1. နံပတ် ၃ Posts ဆိုတာကို ဆိပ်ကမ်းလို့ ဘာသာပြန်ထားတာ နားမရှင်းပါဗျာ။

    Posts လား Ports လား ပြန်လည် စိစစ် ဖြေကြားပေးစေလိုပါတယ်ဗျာ။

    :)

    ReplyDelete
  2. This comment has been removed by the author.

    ReplyDelete
  3. Ports က ဆိပ်ကမ်းဆိုတာ မှန်ပါတယ်ရှင့် ဘာဖြစ်လို့ လဲဟင်

    ReplyDelete
  4. ပျော်ရွှင်ဖွယ်ရာ နှစ်သစ် မင်္ဂလာပါဗျာ...

    :)

    >>Flying ^A^ ရေ...

    ကျွန်တော် စဖတ်တုံးက Post နဲ့ ရေးထားတာ တွေ့လို့ မေးကြည့်တာပါ...
    ခုတော့ ပြန်ပြင်လိုက်ပြီ ထင်ပါတယ်...

    :)

    ReplyDelete