Friday, September 26, 2008

Those with Obscure Relocation

အိမ်ပြန်ချိန် မသိသူများ

အရင် တစ်ခေါက် စင်ကာပူ ရောက်စဉ်က ကျောင်းတက် နေကြတဲ့၊ ဘွဲ့လွန် သင်တန်း တက်နေ ကြတဲ့ ကျောင်းသား တွေနဲ့ တွေ့ခဲ့ ပါတယ်။ ဒီ တစ်ခေါက် တော့ အလုပ်လုပ်နေတဲ့ သူတွေနဲ့ အတွေ့ များပါတယ်။ လွန်ခဲ့ တဲ့ လေး၊ ငါး၊ ခြောက်နှစ်လောက်က ထွက်သွားပြီး ထွက်သွားလို့ ထွက်သွား မှန်း မသိတဲ့သူ တောင်မှ ပါသေး။

သူက စီးပွားရေး တက္ကသိုလ် ဘွဲ့ရတွေ အတော်များများ လုပ်လေ့ လုပ်ထရှိတဲ့ စာရင်းကိုင် အလုပ်ကို လုပ်ပါတယ်။ ဒါပေမဲ့ လုပ်ရတာက စာရင်းကိုင် အလုပ် သာမက ကိုယ်နဲ့ မဆိုင်တဲ့ အင်ဂျင်နီယာ လုပ်ရမယ့် အလုပ်မျိုး တွေကိုပါ လုပ်ရ ပါသတဲ့။ ပေးထားတာက နည်းနည်း၊ ခိုင်းတာ က များများ၊ ဒါကြောင့် မကြာမီ နောက် အလုပ် တစ်ခုကို ပြောင်းတော့ မယ် လို့ ဆိုပါတယ်။


အလုပ်လုပ် နေတဲ့သူတွေနဲ့ တွေ့ ဖို့အရေးက မိုးချုပ်ချိန် အထိ စောင့်ရပါ တယ်။ ရုံးဆင်းချိန် ရောက်ပေမဲ့ ပေးထားတဲ့ အလုပ်တွေ၊ ခိုင်းထားတဲ့ အလုပ်တွေက မပြီးသေးလို့ ညဥ့်နက် မှ ပြန်ကြ ရတယ်။ နောက် တစ်နေ့ နံနက် စောစော ထပြီး ရုံးလာ ကြဦးမယ်။ သူ တို့ပြောနေတဲ့ ကြွက်တွင်း လို့ခေါ်တဲ့ မြေအောက် ဘူတာထဲကို ဆင်းရ၊ တက်ရ ဦးမယ်။

သမီး တစ်ယောက် အလုပ်ရတဲ့ ကုမ္ပဏီက ခပ်သေးသေးလေး။ တကယ့် တကယ်ကျတော့ နိုင်ငံခြားသား တစ်ယောက်ကို အလုပ်ခန့်ရ လောက်အောင် မကြီးကျယ် တော့ ထွက်ရ ပြန်ရော။ နောက်တစ်နေရာ ကတော့ ပညာ အရည်အချင်း နဲ့ အတွေ့အကြုံကို သဘောကျ ပေမဲ့ တရုတ် ဖောက်သည်တွေနဲ့ ဆက်ဆံ ရမှာ ဖြစ်တဲ့အတွက် တရုတ်လို တတ် ဖို့ လိုတယ် ဆိုတော့ မရ ပြန်ဘူး။ တခြား တပည့် တစ်ယောက် ကျပြန်တော့ ဂျပန်စာ အခြေခံလေး ရထားတာ ကြောင့် အဆင်ပြေ နေပြန်ရော။

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ခဲ့ ဖူးပြီး အခု စင်ကာပူမှာ အလုပ်လုပ် နေတဲ့သူ တစ်ယောက်ကို မေးကြည့်တော့ ထိုင်း မှာက ကျယ်ကျယ် ဝန်းဝန်း ရှိတယ်။ ဖိအား သိပ်မများဘူး။ လခလည်း သိပ် မများပါဘူး။ စင်ကာပူ ကုမ္ပဏီတွေရဲ့ အုပ်ချုပ်ပုံ၊ အုပ်ချုပ်နည်း တွေ အကြောင်း မေးကြည့်တော့ ထင်သ လောက် မကောင်း လှဘူး။ သူဌေး တွေက သူတို့ ကိုယ်တိုင် အုပ်ချုပ်တာ မျိုးမလုပ်ဘူး။ အတိုင်ပင်ခံ လုပ်ငန်း တွေ၊ အကြံပေး လုပ်ငန်းတွေ ငှားပြီးမှ လုပ်လေ့ရှိတယ်။ ဒါကြောင့် အတိုင်ပင်ခံ လုပ်ငန်း တွေလည်း များတယ်။ သူ ကိုယ်တိုင် တောင်မှ အတိုင်ပင်ခံ လုပ် ငန်း တစ်ခုမှာ ဝင်လုပ်ခဲ့တာ။ မိခင် ကုမ္ပဏီမှာ သိပ် မနေလိုက်ရဘဲ ဖောက်သည် ကုမ္ပဏီတွေမှာပဲ လုပ်ပေး ခဲ့ရ ပါသတဲ့။

မြန်မာနိုင်ငံက အလုပ်အများဆုံး သွားလုပ်ကြတာက အိုင်တီ နယ်ပယ် မှာပါ။ ကိုယ့်ရုံးက ထွက်သွားပြီး အလုပ် လုပ်တဲ့ သူတောင် သုံးယောက် ရှိပြီ။

သူတို့ လုပ်ရတဲ့ အလုပ်မျိုးက တစ်နေ့ လာလည်း ဒါပဲ၊ နောက်တစ်နေ့ လာလည်း ဒါပဲ ဆိုတဲ့ အလုပ်မျိုး မို့ အဲဒီ ဇောက်ချ လုပ်ရတဲ့ အလုပ်နဲ့ ပတ်သက် ရင်တော့ ကောင်းကောင်း ကျွမ်းကျင် ပေမဲ့ တခြား လုပ်ငန်း၊ တခြား ဘာသာရပ် နဲ့ ပတ်သက် ရင်တော့ ဘာ မှ လေ့လာချိန်၊ ဆည်းပူးချိန် မရဘူး လို့ ဆိုပါတယ်။

အိုင်တီ ဆရာလည်း လုပ်ခဲ့၊ သတင်းစာ ဆရာ လည်း လုပ်ခဲ့တဲ့ မိတ်ဆွေ အိုင်တီ မောင်မောင် ကတော့ အဆင်ပြေ နေပုံ ရပါတယ်။

မြန်မာနိုင်ငံမှာ ဈေးကွက် သုတေသန လုပ်ငန်းတွေ လုပ်ခဲ့ပြီး အခု စင်ကာပူ မှာလည်း ဈေးကွက် သုတေသန လုပ်ငန်းတွေကိုပဲ ဆက် လုပ်ခွင့်ရတဲ့ တပည့်ဟောင်း တစ် ယောက်နဲ့ လည်း တွေ့ပါတယ်။ ဒီမှာ တစ်လ တစ်ခါလောက် လုပ်ရတဲ့ အလုပ်မျိုးကို အပတ်တိုင်း လုပ်နေရ တယ်။ လုပ်တာ များတော့ အတွေ့ အကြုံများများ ရပြီး အရည်အသွေး တွေလည်း တက်လာတယ်။ ဒါပေမဲ့ သူတွေ့နေရတဲ့ သုတေသန တွေရဲ့ အရည်အသွေးက မြန်မာနိုင်ငံမှာ လုပ် ခဲ့တဲ့ သုတေသန ရဲ့ အဆင့်အတန်းကို မမီဘူး။ သူ့လုပ်ငန်းထဲမှာ ရာထူးအရ ဦးဆောင် နေရာမှာ မရှိပေမဲ့ ကျွမ်းကျင်မှု အတွေ့အကြုံ အရ သူက ဦးဆောင် နေရတော့ အထက်စီးက နေနိုင်တဲ့ သဘော ရှိပါတယ်။

ညီမငယ် တစ်ယောက် ကတော့ အဝေးသင် တက္ကသိုလ်ဘွဲ့လက်မှတ်လေး တောင် မရှိ လေတော့ အလုပ်ပေး ချင်တဲ့သူ ရှိတာ တောင် ပေးလို့ မရ။ အခု တော့ ဒီပလိုမာ သင်တန်း တက်နေ တယ်။ ဒီပလိုမာ လက်မှတ် ရရင် တက္ကသိုလ် တစ်ခုခုကို ဆက် တက်ချင် လည်း တက်လို့ ရမယ်။ အလုပ်လုပ် ချင်ရင်လည်း လုပ်လို့ ရမယ်လို့ ပြော တာပါပဲ။

သူတို့ အားလုံးက အိမ်ပြန်ချင်တဲ့ နေရာ မှာတော့ တူညီ ကြတယ်။ ပျော် ရာမှာ မနေကြ ရပေမဲ့ ကိုယ့်အိမ်ကို အမြဲ လွမ်းနေတဲ့ သူတွေ။


သေချာတာတစ်ခုက ကိုယ့် ဘက်က အရည်အချင်းနဲ့ အတွေ့ အကြုံရှိတယ်။ သူတို့ လိုအပ်ချက် နဲ့ လည်း ကိုက်ညီတယ် ဆိုရင် အထက် စီးက နေနိုင် လုပ်နိုင် ကြတယ်။ လေယာဉ်ပေါ်မှာ သာမန် ဝန်ထမ်း လောက်ပဲ လုပ်ခဲ့ပုံ ရပြီး အဆင်ပြေပုံ မရ ခဲ့တဲ့ သားငယ် တစ် ယောက် နဲ့ တွေ့ တယ်။ ဆယ်တန်းတောင် အောင်ပုံမရ၊ ဟိုမှာလည်း ဟုတ်တိပတ်တိ အလုပ်လုပ် ခဲ့ရပုံမရ၊ ဘာမှလည်း ပါလာပုံ မရ တာက စောစောက သုံးသပ်ချက် ကို ထောက်ခံ နေသလို ပါပဲ။

၂၀၀၈ ခုနှစ်၊ မေ လ (၁၃) ရက်နေ့ ထုတ်၊ အခွင့် အလမ်း ဂျာနယ်၊ အမှတ်စဉ် (၁၃၅) မှ ဆရာ ခင်မောင်ညို (ဘောဂဗေဒ) ၏ ဆောင်းပါး အား ပြန်လည် ကူးယူ ဖေါ်ပြပါသည်။

Tuesday, September 23, 2008

We should choose ATTRACTIVE INDUSTRY


Porter's Diamond Theory အရ ကိုယ်ရွေးလိုက်တဲ့ industry ဟာ လုပ်ဆောင်လို့ ကောင်းတဲ့ industry မျိုးဖြစ်ရင် ပိုကောင်းတာပေါ့။ လုပ်ပျော်တဲ့ industry မျိုးဆိုရင် နောက်တွေ့ကြုံရမယ့် risk တွေနည်းလာနိုင်ပါတယ်။ နောက်ပြီး attractive industry ဟာ management system အတော်အသင့်နဲ့ လုံလောက်ပါတယ်လို့ ဆိုကြပါတယ်။ မြန်မာနိုင်ငံမှာ ရှိတဲ့ လုပ်ငန်း အချို့အဓိက ကြုံတွေ့နေရတဲ့အားနည်းမှုက management system ပါ။ ကိုယ့်ဝန်းထမ်းကို မနိုင်တဲ့အဖြစ်မျိုးတွေ၊ သတင်းစာတွေထဲမှာလည်း တွေ့ဖူးကြမှာပါ။ ၀န်းထမ်းက ငွေတွေ လိမ်သွားတာတို့၊ နမည် အလွဲသုံးစားလုပ်သွားတာတို့၊ ဒါတွေကတော့ အတော်ဆိုးရွားတဲ့ဖြစ်ရပ်တွေပါ။ အမြတ်တွေ ရသင့်သလောက်မရတာ၊ ထုတ်ကုန်စွမ်းအား ကျတာတွေကလည်း management system တွေကြောင့်ပါ။ ဒါကြောင့် ကိုယ်လုပ်ငန်းလုပ်မယ်ဆိုရင် အစကတည်းက attractiveness ဖြစ်မယ့် industry ကို ရွေးမိဖို့လိုပါတယ်။ နိုင်ငံတကာနဲ့ရင်ဘောင်တန်းလုပ်ရမယ့်အချိန်မှာ ကိုယ့်မှာက အားနည်းမှုတွေရှိနိုင်တယ်ဆိုရင် နိုင်ငံခြားလုပ်ငန်းတွေထက် position ကောင်းကောင်းယူထားဖို့ လိုပါတယ်။ စစ်တိုက်သလိုပေါ့ ခံတပ်ကို အသေအချာတည်ဆောက်ထားမယ်ဆိုရင် လာတိုက်သမျှကို သေချာတုံပြန်ခံစစ်ထိုးနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် Porter ရဲ့ ဘယ် industry ကတော့ attractiveness ဖြစ်ဆုံးလဲဆိုတာလေးကို ဆက်လက်တင်ပြချင်ပါတယ်။

(1) Threat of New Entrants
ဟုတ်ပါတယ်။ ဒါကတော့ အရေးကြီးဆုံးပါ။ ဒီ industry ကတော့ ၀င်ရောက်ဖို့လွယ်ကူရဲ့လား။ ငါလိုစစချင်းခြေလှမ်းစလှမ်းတဲ့အခါ ဘာတွေ တားဆီးနေလဲ၊ ဘာတွေ အခက်အခဲရှိနေကြလဲ၊ စစချင်းအပြိုင်အဆိုင် ဘယ်လောက်ထိ ရှိနေလဲ။ စီးပွားရေးလုပ်ငန်းတွေ တကယ်လုပ်တဲ့အခါမှာရေ တွက်ချေကိုက်နိုင်ချေရှိလား။ ရင်းနှီးမြှပ်နှံမှုတွေလိုရင် ရနိုင်ဖို့ အလားအလာရှိရဲ့လား။ အမှန်တကယ်ရော လုံလောက်တဲ့ဖောက်သည်ရနိုင်ရဲ့လား။ အခုမှ စ၀င်ရောက်လာတဲ့ မိမိကုန်စည်အပေါ်မှာရော ၀ယ်သူတွေ လက်ခံနိုင်ချေရှိလား။ ငြင်းပယ်မှာလား။ ဒီ industry မှာ လက်ရှိဝယ်သူ တွေက ကုန်စည်တံဆိပ် အစွဲအလမ်းရှိသူတွေလား၊ လိုအပ်တဲ့ နည်းပညာတွေကရော အခြေအနေ ဘယ်လိုရှိလဲ။ ငါတို့ နည်းပညာနဲ့ရော ၀င်တိုးဖို့ အဆင်ပြေမလား။ အဆင့်မြင့် နည်းပညာတွေ ချဲ့ထွင်နိုင်ဖို့ အခွင့်အရေးရရဲ့လား။ အစိုးရ စည်းမျဉ်းစည်းကမ်းတွေရော အခြေအနေဘယ်လိုရှိလဲ။ နောက်ထပ်ဝင်ရောက်သူတွေအပေါ် တားဆီးနိုင်မှုတွေ ဘယ်လိုရှိလဲ။ အခွန်တွေရော ငါတို့လုပ်ငန်းနဲ့ အဆင်ပြေရဲ့လား။ ကုန်ပို့ဆောင်မှုလမ်းကြောင်းကရော အဆင်ပြေရဲ့လား။ စစချင်းရင်းနှီးစရိတ်တွေက ကိုယ်မှန်းတာထက် ပိုကုန်ဖွယ်ရှိလား။ ကိုယ်နဲ့အလားတူ လက်ရှိ လုပ်ဆောင်နေသူတွေကရော သူတို့ရဲ့ ကုန်စည်တွေနဲ့ပတ်သက်ပြီး ဘာတွေကာကွယ်ထားလဲ၊ ဆိုလိုတာက intellectual property နဲ့ ပတ်သက်ပြီး patent ,licenses တွေကာကွယ်ထားသေးလား။ လက်ရှိလုပ်ဆောင်နေသူတွေကရော ကုန်ကြမ်းရရှိမှုတွေမှာ ချုပ်ထားလား။ ဒီအဆင့်ဟာ အတော် critical thinking ပါ ။ သေချာ ဘက်စုံထောင့်စုံကနေ တွေးတောဖို့ သုံးသပ်ဖို့ လိုပါတယ် ။ တကယ်ဝင်ရောက်ပြီးတဲ့အချိန်ကျတော့မှာ တွေ့လာတဲ့အခက်အခဲတွေက ကိုယ်မကျော်ဖြတ်နိုင်ခဲ့ဘူးဆိုရင်၊ ရှေ့ဆက်ဖို့လည်း ခက်နေတဲ့အနေအထားတွေ ရှိလာတဲ့အခါ “ ခြေစုံကို ရပ်တန့်လို့ တွေဝေနေဆဲကွယ် ” ဖြစ်သွားမှာပါ။ တွေဝေနေရုံတင်ဆို ကိစ္စမရှိပါဘူး။ ကိုယ်တွေဝေနေတဲ့အချိန်မှာ သူများ ၀င်တိုက်တာလည်း ခံချင်ခံရမှာပါ။ လိမ်ဖယ်လိမ်ဖယ်နဲ့ ရှေ့ဆက်ပြန်ရင်လည်း စရိတ်တွေ၊ အချိန်တွေ၊ ငွေတွေ ပုံအောရတာမယ်လေ။ ပြန်ရဖို့က ဘယ်ဆီဘယ်နေမှန်းမသိတဲ့အခါ အတော်ခေါင်းရှုပ်စရာ ဖြစ်သွားလိမ့်မယ်။ ဒါကြောင့် ပွဲမ၀င်ခင် ပြင်ကကျင်းပဆိုသလို အရင်ဆုံး သေချာစိစစ်ရဖို့ လိုပါတယ်။ ကိုယ့်အတွက် entrant barriers ၀င်ရောက်မှုအတားအဆီးများဟာ နည်းနိုင်သလောက်နည်းလေ ပိုကောင်းလေ attractive ဖြစ်လေပါ။

(2) Threat of Substitutes
ဒီ industry မှာ ကိုယ့်ကုန်စည်ကို အစားထိုးသုံးနိုင်တဲ့ ကုန်စည်မျိုးရှိလား။ ကိုယ်နဲ့အလားသဏ္ဍာန်တူတဲ့ ကုန်စည်မျိုး ရှိနေလား၊ ၀င်ရောက်နိုင်ချေရှိလားဆိုတာ သေချာသုံးသပ်ပါ။ ဘာကြောင့်လဲဆိုတော့ customer ဟာ brand loyalty (တံဆိပ်အစွဲအလမ်းရှိသူ) မျိုးဆို ထိန်းထားနိုင်ပါသေးတယ်။ ဒါမှမဟုတ်ဘဲ sensitive customer ဆွဲခေါ်နိုင်သလောက် လိုက်ပါနိုင်တဲ့သူမျိုးဆို မိမိကုန်စည်က အားနည်းချက်လေး တစ်ခုတစ်လေများရှိလာခဲ့ရင် တခြားပြိုင်ဘက်ကုန်စည်မဟုတ်ရင်တောင် အစားထိုးကုန်စည်တစ်ခုကို ပြောင်းသုံးပါလိမ့်မယ်။ ကျွဲရိုင်းအချိုရည်ဘူးကို သိကြမှာပါ။ ဟိုတချိန်တခါတုန်းကတော့ ကျွဲရိုင်းအချိုရည်ဟာ ပြိုင်ဘက်ကုန်မျိုး မြန်မာနိုင်ငံမှာမရှိသေးပါဘူး။ မြန်မာနိုင်ငံဈေးကွက်မှာတော့ သူ leader ဖြစ်နေပါတယ်။ ဒါပေမယ့် သူ့မှာ ချို့ယွင်းချက်လေးတစ်ခုဖြစ်လာတယ်။ အဲ့တော့ customer ဟာ အဲ့အချိန်မှာအစားထိုးဝင်ရောက်လာတဲ့ scorpion ကို ပြောင်းသောက်ကြတယ်။ Scorpion ဟာ ကျွဲရိုင်းလိုမဟုတ်ပါဘူး။အရသာ အနံ့ ထုတ်ပိုးမှုကအစမတူပါဘူး။ နောက်အချိုမှုန့်တွေ ဖြစ်နတုန်းကလည်း customer တွေဟာ အသားမှုန့်တွေကို ပြောင်းသုံးကြတယ်။ ကိုယ့်ဘက်က ဘာ strategy ပဲ ပြောင်းပြောင်း၊ သူတို့က ပွဲလန့်တုန်း ဖျာလာခင်းမယ့်သူတွေလေ။ အဲ့တော့ မိမိဝင်ရောက်မယ့် industry မှာ ပြိုင်ဘက်အပြင် အစားထိုးကုန်စည်အခြေအနေကိုလည်း လျစ်လျှုရှု လို့ မဖြစ်ပါဘူး။ အစားထိုးကုန်စည်ဝင်ရောက်မှုနည်းလေ ကိုယ့် power များလေပါ။

(3) Bargaining Power of Customer
customer ရဲ့ ဈေးဆစ်မှုတွေဟာလည်း တကယ့်ကို လုပ်ရခက်ပါတယ်။ ကိုယ့် ကုန်စည်ကို marketing လုပ်တဲ့အခါ customer needs and wants ကို ပြည့်မိအောင်ဖြည့်တဲ့အခါ အတော်ကို ကဂျိုးကဂျော်နိုင်ပါတယ်။ကလေးငယ်လေးတွေလို မိုးပေါ်ကကြယ်ကို လိုချင်တယ်လို့ ပူဆာတဲ့ customer နဲ့လည်း တွေ့ရဦးမှာပါ။ မရရင် ငိုမှာနော်ဆိုသလိုပဲ။ သူတို့ကလည်း ငါတို့အကြိုက်မဟုတ်ရင် မ၀ယ်ဘူးဆိုတာတွေ၊ ၀ယ်စရာတွေ ရွေးစရာတွေပေါလို့ပြန်ပြောမှာပါ။ဒီလိုတွေက ဈေးကွက်စီးပွားရေးစနစ်မှာ ဖြစ်တာများလာပါတယ်။ customer ဘက်က အထွန့်တက်တာ နည်းလေ ကိုယ့်ဈေးကွက်အတွက် ကောင်းလေပါ။ သူတို့အထွန့် တက်တိုင်း ဈေးဆစ်တိုင်း ကိုယ်ရရှိမယ့်အမြတ်တွေက တရစ်ချင်း ပဲ့ပဲ့ပါသွားတတ်ပါတယ်။ ဒါကြောင့် customer's bargaining power အားနည်းလေ ကိုယ့်အတွက် ကောင်းလေပါ။

(4) Bargaining Power of Supplier
Supplier တွေရဲ့ power ကို လေ့လာရပါဦးမယ်။ သူတို့က စိတ်ကြိုက်ချယ်လှယ်ခွင့် ရှိနေလားဆိုတာကိုပါ။ ကုန်ကြမ်းတွေကို သူတို့စိတ်ကြိုက်ဈေးတောင်းနေလား ပေးချင်သလိုပေးနေလား။ ပို့ချင်သလိုပို့နေလား ဆိုတာပါ။သူတို့လုပ်ရပ်တွေ ကိုယ့်ကုန်စည်အတွက် ထုတ်လုပ်မှုစရိတ်မှာ လာထိစေပါတယ်။နောက်ပြီး JIT ( Just in time ) စနစ်မျိုးကို ဖော်ဆောင်တဲ့အခါမျိုးဆို သူ့တို့အပေါ် မှီခိုမှုများရပါတယ်။ အဲ့အချိန်မှာ supplier က ကဂျိုးကဂျော်လုပ်လာမည်ဆိုရင် အခက်တွေ အများကြီးတွေ့လာမှာပါ။ ကုန်ကြမ်းကဏ္ဍမှာ supplier က သူကြိုက်သလို မင်းမူခွင့်ရနေမယ်ဆိုရင် ကိုယ့်ကုန်စည်စရိတ်တက်လာမယ်။နောက် ဈေးနှုန်းပါ လိုက်တက် တော့မယ်။ တကယ်လို့များ customer ကကိုယ်တောင်းတဲ့ဈေးနှုန်းကို လိုက်မပေးနိုင်ခဲ့ဘူးဆိုရင် တွေးကြည့်ပါတော့....။
(5) Rivalry
ပြိုင်ဘက်လုပ်ငန်းအနေအထားပါ။ အလားတူလုပ်ငန်းတွေများနေတဲ့ industry ဆိုရင် ကိုယ့် စိတ်ကြိုက်ဖန်တီးခွင့်နည်းပါတယ်။ သူတို့အတိုင်း လိုက်လုပ်နိုင်စွမ်းရှိလား။ သာအောင်ရော လုပ်နိုင်လား။ သေချာချင့်ချိန်ရပါမယ်။ ကိုယ့်ပရိတ်သတ်ကိုလည်း တဘက်ကို မရောင်သွားအောင်လည်း ထိန်းထားနိုင်စွမ်း အမြဲမြင့်ထားရပါမယ်။ သူတို့ဈေးချရင် ကိုယ်လိုက်ချနိုင်ရဲ့လား။ သူတို့ ပုံစံလေးပြောင်းရင် ကိုယ်လိုက်ပြောင်း နိုင်လား။ ပြိုင်ဘက်များလေ ပြိုင်ဆိုင်မှုများလေ ကိုယ့်အရည်အချင်းမြင့်ထားရလေ။ strategy အားကောင်းဖို့ လိုအပ်လေ။ management system ကောင်းကောင်းနဲ့ ထိရောက်ဖို့ လိုလေ။ risk တွေ အရမ်းများလာပါတယ်။ ဒါကြောင့် rivalry တွေ အားနည်းနေမယ့် industry မျိုးဆို attractive ဖြစ်ပါတယ်။

ဒါဆိုရင် ... attractive ဖြစ်မယ့် industry ကို ရွေးချယ်နိုင်ပြီး AFTA မှာ international က၀င်ရောက်လာမယ့်လုပ်ငန်းတွေကို ခံစစ်ကောင်းကောင်းနဲ့ ခုခံနိုင်အောင် ကြိုးစားနိုင်ပါစေ . . .။

Saturday, September 20, 2008

Opportunity Cost for Opportunity

အခွင့်အလမ်း အတွက် အခွင့်အလမ်း စရိတ်


အဓိက စီးပွားရေး ပြဿနာသည် ရှားပါးမှု (Scarcity) ပင် ဖြစ်သည်။ ဘောဂဗေဒ တွင် ဆိုရိုးတစ်ခု ရှိသည်။ "ထမင်း တစ်နပ်သည် အလကား ဘယ်တော့မှ မရနိုင်" (There is no such thing as a free lunch) ဟူသော စကားဖြစ်သည်။ အရာရာ တိုင်းတွင် ပေးဆပ်မှုများ ရှိသည်။ ပေးဆပ်မှု တိုင်းနှင့် ပြန်ရမှု တိုင်းတွင် အတိုင်းအတာ ရှိသည်။ ထို အတိုင်းအတာ များသည်လည်း အကန့်အသတ် များကြား၊ ဘောင်များ အတွင်းတွင် ဖွဲ့စည်း တည်ရှိနေသည်။

သယံဇာတ များသည် အကန့်အသတ် ရှိသည်။ သဘာဝ သယံဇာတ ပင်ဖြစ်စေ၊ အရင်းအနှီး များပင်ဖြစ်စေ၊ လူ့စွမ်းအား များပင်ဖြစ်စေ အကန့်အသတ် ရှိသည်။ နေရောင် ပင်ဖြစ်စေ နေ့အချိန် တွင်သာ ရရှိ တတ်သည်။ လေ သည်လည်း ထို့အတူပင် ဖြစ်သည်။ ကမ္ဘာ မြေပြင် အထက် ပိုရောက် လေလေ၊ လေထု ပါးလွှာ လာလေလေ ဖြစ်သည်။ တောတောင် ပင်လယ် များသည်လည်း အကန့်အသတ် ရှိသည်။ ထို သယံဇာတများကို ဖန်တီး ပြုပြင်ခြင်းမှ ဖြစ်စေ၊ သဘာဝ အတိုင်း ဖြစ်စေ လူတို့ အတွက် အသုံးဝင်မှု ဖြစ်စေသည်။ လူတို့၏ လိုအင် ဆန္ဒများကို ဖြည့်ဆည်း ပေးသည်။ သို့သော်လည်း လူ့ဆန္ဒကား အတော မသတ်သော သဘော ရှိသည်။ လူ့အလိုကို နတ် မလိုက်နိုင် လောက်အောင် များလှသည်။ လိုတိုင်း ရသည့် ပဒေသာပင် ဆိုသည်ကား ပုံပြင်သာ ဖြစ်သည်။ ရလေ လိုလေ အိုတစ္ဆေ ဆိုသော စကားလည်း ရှိပါသည်။

ပဒေသာပင် ရှိလျှင်လည်း လူ့ဘဝသည် ပျော်စရာ ကောင်းမည် မထင်။ လိုတိုင်း ရသော ဘဝသည် အမှန်တကယ် ဖြစ်လာမည် ဆိုပါက စိတ်ညစ် ရမည် ဖြစ်သည်။ လိုတိုင်း မရသော ဘဝ ကတော့ ပိုဆိုးပါသည်။ သို့သော်လည်း လိုတိုင်း မရသော ဘဝတွင်ပင် အရာရာကို ပြေလည်အောင် ပြုပြင် နေထိုင် ရခြင်းသည် ပင်လျှင် လူ့ဘဝ ပင်ဖြစ်သည်။ ထိုသို့သော လူ့ဘဝတွင် အခွင့်အလမ်း စရိတ်များနှင့်သာ လည်ပတ် နေသော သဘော ရှိပါသည်။

အခွင့်အလမ်း စရိတ်နှင့် ပတ်သက်ပြီး ဝေါဟာရအချို့ကို တင်ပြလိုပါသည်။ ဘောဂဗေဒတွင် စီးပွားရေး ကုန်စည် (Economic Goods) နှင့် အခမဲ့ ကုန်စည် (Free Goods) ဆိုပြီး သတ်မှတ် ထားပါသည်။ (Economic Goods) များသည် အခွင့်အလမ်း စရိတ် ပါဝင်သော ကုန်စည် များကို ဆိုလိုပြီး၊ (Free Goods) များ ကိုတော့ အခွင့်အလမ်း စရိတ် မပါဝင်သော ကုန်စည်မျိုးကို ဆိုလိုသည်ဟု အဓိပ္ပာယ် ဖွင့်ဆို ထားပါသည်။ ဥပမာ ဆောက်လုပ်ရေး လုပ်ငန်းတွင် ပုံထားသော သဲများကို စီးပွားရေး ကုန်စည်များ ဟု သတ်မှတ် ပါသည်။ အကြောင်း ကတော့ လုပ်ငန်းသုံး သဲများဖြစ်နေပြီး ဝယ်ထား ရသောကြောင့် (Opport -unity Cost) များ ပါဝင်နေ၍ ဖြစ်သည်။ ဆာဟာရ သဲကန္တာရ အတွင်းရှိ သဲများ ကိုတော့ သဘာဝအတိုင်း ဖြစ်နေသောကြောင့် အခမဲ့ ကုန်စည်ဟု သတ်မှတ်သော သဘော ဖြစ်သည်။ သဘာဝ အတိုင်း ရှိနေ သေးသောကြောင့် လည်းကောင်း၊ အသုံး မပြုသေးသောကြောင့် လည်းကောင်း သတ်မှတ်ခြင်း ဖြစ်သည်။ ထိုဆာဟာရမှ သဲများကို သယ်ယူပြီး ဆောက်လုပ်ရေး အတွက် သုံးမည်ဆိုလျှင် ယင်းကို အခမဲ့ကုန်စည်ဟု မခေါ်ဆို နိုင်တော့ပါ။ Opportunity Cost ပါနေပြီဖြစ်၍ Economic Goods ဖြစ်သွား ပါလိမ့်မည်။ ယင်း သည်ပင်လျှင် ဘောဂဗေဒ အတွက် တွေးဆ စရာများ လာပါသည်။

ဖလှယ်ခြင်း (Exchange) လုံးဝ မရှိသေးသော ကုန်စည်များ၊ တစ်နည်း အားဖြင့် သဘာဝ အတိုင်းရှိနေသော ကုန်စည်များကို အခမဲ့ ကုန်စည်ဟု သတ်မှတ် မည် ဆိုလျှင် စီးပွားရေး ရှုထောင့် အရကုန်စည် (Goods) ဟု ခေါ်ထိုက်၊ မခေါ်ထိုက် သော ပြဿနာ ဝင်လာ ပါသည်။ ဥပမာ - သဘာဝအတိုင်း ရှိနေသော လေကို အခမဲ့ ကုန်စည်ဟု သတ်မှတ်သည်။ ယင်းလေကို အကျွန်ုပ်တို့ ရှူနေပါသည်။ ရှူလိုက်ခြင်းဖြင့် ယင်းလေသည် အခမဲ့ မဟုတ်တော့ပါ။ အကြောင်းကတော့ အကျွန်ုပ်တို့ ရှူလိုက် သောကြောင့် ဖြစ်သည်။ လေသည် အလိုလို နှာခေါင်းထဲ၊ ပါးစပ်ထဲသို့ တိုးဝင်လာခြင်း မဟုတ်ပါ။ အကျွန်ုပ်တို့ ရှူလိုက်ခြင်းသာ ဖြစ်ပါသည်။ ရှူလိုက် သည့်အတွက် အင်အား စိုက်ထုတ် ရပါသည်။ အင်အား စိုက်ထုတ် သုံးလိုက်သည့်အတွက် Exchange ပါသွားသည်။ Exchange ပါသွားလျှင် Opportunity Cost လည်း ပါလာပါသည်။ ယင်းလေသည် အခမဲ့ကုန်စည် မဟုတ်တော့ပါ။ ထိုသို့ စဉ်းစားလျှင် အရာရာတိုင်းသည် Free Goods ဖြစ်ပါတော့ မလား ဟူသော အတွေးလည်း ရှိလာ ပါမည်။ Free Goods ဖြစ်ဆဲသာ ရှိနေ သေးလျှင်လည်း လူတို့အတွက် အသုံးဝင်မှု မရှိသေး သော အရာ ကိုလည်း ကုန်စည် (Goods) ဟု ခေါ်မည် လားဆိုသည့် စဉ်းစား စရာလည်း ရှိနေပါသည်။

လူ့လောကသည် အကန့်အသတ်ဖြင့်သာ တည်ဆောက် ထားသည်။ ထို အကန့်အသတ် သည်ပင်လျှင် ရှားပါးမှု သဘောကို ဆောင် နေပါသည်။ ရှားပါးသော သဘာဝ ကြောင့်လည်း လူတို့၏ အတော မသတ်နိုင်သော ဆန္ဒကို မဖြည့်ဆည်း နိုင်တော့ပါ။ ထို့ကြောင့် တစ်ခု လိုချင်လျှင် တူညီသော နောက်တစ်ခုကို စွန့်လွှတ် လိုက်ရသည်။ The Next Best Alternative Forgone ဖြစ်သည်။ The Next Best သည် The Second Best မဟုတ်ပါ။ တူလည်း မတူနိုင်ကြပါ။ ဥပမာ - လက်ထဲတွင် ငွေနှစ်ထောင် ကျပ်ရှိမည် ဆိုပါစို့။ စတိတ်ရှိုး လက်မှတ် တစ်စောင်ကို ၂ဝဝဝိ ဖြစ်သလို၊ ဘာဘီကျူ လက်မှတ် တစ်စောင် လည်း ၂ဝဝဝိ ဖြစ်မည်။ အချိန်ကလည်း တစ်ချိန်တည်း ကျင်းပမည်။ နေရာတော့ မတူပါ။ ကန့်သတ် မှု အတိုင်းအတာ အရ စတိတ်ရှိုး ကြည့်ချင်လျှင် ဘာဘီကျူကို လက်လွှတ် ရမည် ဖြစ်သည်။ ဘာဘီကျူ စားမည်ဆိုပါက စတိတ်ရှိုးကို လက်လွှတ် ရမည်ဖြစ်သည်။ ယင်းသည် ငွေ အကန့်အသတ် ကြောင့် လည်းကောင်း၊ အချိန် အကန့် အသတ် ကြောင့် သော်လည်းကောင်း၊ စသည့် ကန့်သတ်မှု များကြားမှ ကြိုက်ရာနှင့် သင့်ရာကို ရွေးချယ် လိုက်ရခြင်း ဖြစ်သည်။ တစ်ခု လိုချင်လျှင် အခြား တူညီသော အရာ တစ်ခုကို စွန့်လွှတ် လိုက်ရသော သဘော ရှိသော်လည်း The Next Best ဆိုသည့် အတွေး ကို လူ့ သဘာဝအရ The Second Best ဟု ဇွတ် သတ်မှတ်လေ့ ရှိပါသည်။ စပျစ်သီး ချဉ်သည့် ဥပမာ မျိုး ဖြစ်သည်။

အခွင့်အလမ်း စရိတ် သည် တန်ရာတန်ကြေး ပေးဆပ်ရသော သဘော ရှိပါသည်။ ထို တန်ရာတန်ကြေး ပေးဆပ်မှု၏ နောက်ကွယ် တွင်လည်း စရိတ်နှင့် အကျိုး ဆန်းစစ်ဖို့လည်း လိုပါသည်။ မိမိနှင့် လိုက်ဖက်မည့် အခြေအနေကို ရယူရာတွင် ပေးဆပ် သင့်သည့် အခွင့်အလမ်း စရိတ်ကိုလည်း ပေးဆပ် တတ်ရန် လိုပါသေးသည်။ အခွင့်အရေး တစ်ခု ရရှိဖို့အတွက် မတန်မရာ ပေးဆပ် လိုက်ရ မှုများလည်း ရှိနိုင်ပါသည်။

အချို့ ကလည်း ပြန်ရ ချက်များကို တွက်ဆ ကြရာတွင် ပိုသာ သော ပြန်ရ ချက်ကိုသာ မျှော်ကိုး တွက်ဆ ကြပါသည်။ လူ့ သဘာဝ ဖြစ်သောကြောင့် အပြစ်ဟု မဆို နိုင်သော်လည်း ပိုသာ သော ပြန်ရချက် ဖြစ် မဖြစ် တော့ ဆန်းစစ်ရန် လိုပါသည်။ Opportunity Cost သဘောအရ ဆန်းစစ်မည်ဆိုပါက တူညီသော ပေးဆပ်မှု များနှင့် တူညီသော ရယူမှု များသာ ဖြစ်နေ တတ်ပါသည်။ သာသည် ဟု ထင်နေ ကြသူများ လည်း မသာကြပါ၊ နာသည် ဟု ထင် နေကြသူများလည်း ... မနာကြပါ။ သဘာဝ တရားသည် မျှတပါသည်။

ဥပမာ - ရသင့်သည် ဟု ထင်ထားသော မျှော်မှန်းချက် ဖြစ်မလာ သောအခါ နာသည်ဟု ထင်ကြပါသည်။ သို့သော် ပေးဆပ် လိုက်သော၊ တူညီ သည်ဟု ထင်ထား သော စွန့်လွှတ်မှု အခွင့်အလမ်း စရိတ် (Opportunity Cost) သည် တူညီ သည် မညီ သည် ကိုတော့ စဉ်းစား ရန် မေ့နေ တတ်ပါသည်။ လူသည် ပြန်ရ တာလောက်သာ ကြည့်တတ် သည်။ ပေးလိုက် သည်ကိုတော့ များပင် များနေ သေးသည်ဟု ထင်တတ် ကြသည်။ အမှန်အားဖြင့် ထိုမျှ ရင်းနှီး ထားသည့် အတွက်ကြောင့်သာ ထိုသို့ ပြန်ရခြင်း ဖြစ်ပါသည်။ အခွင့်အလမ်း စရိတ် သဘော နားလည်လျှင် ကျေနပ် နိုင်ကြပါသည်။

အခွင့်အလမ်း နှင့် ပတ်သက် လာလျှင် ရယူ ပိုင်ဆိုင်ခြင်း အတွက် ပေးဆပ်ခြင်း မှ အခြေ တည်ပါသည်။ ပေးမှ ရသော သဘော ရှိပါသည်။ ရမှ ပေးမှာပေါ့ ဟူသော သဘောသည် မသေချာ မရေရာ သော သဘောဖြစ်သည်။ Give and Take ဆိုသော စကားကိုသာ သုံးကြသည်။ Take and Give ဟူသော စကားကိုမူ ကား သုံးခဲသည်။ ဥပမာ - ကျောင်းသား တစ်ဦးသည် တက္ကသိုလ် တက်ရောက် ပညာ သင်ကြားမည် ဆိုပါစို့။ ယင်း အတွက်တော့ အရင် ပေးဆပ်မှု ရှိရ မည်ဖြစ်သည်။ ပေးဆပ်မှု များကား အခြား သုံးစွဲမည့်ငွေများကို တက္ကသိုလ် ပညာရေး အတွက် သုံးစွဲ လိုက်ရမည် ဖြစ်သည်။ အပျော်အပါး ထက် စာကို တစိုက်မတ်မတ် ကြိုးစား ရမည်ဖြစ်သည်။ အချိန်ကိုလည်း ပညာရေး အတွက် တန်ဖိုးထားပြီး သုံးစွဲ ရမည် ဖြစ်သည်။ ထိုသို့ မှန်မှန် ပေးဆပ် လိုက်သည်နှင့်အမျှ ပြန်ရချက် သည်လည်း မှန်လာမည် ဖြစ်သည်။ အခွင့်အလမ်း စရိတ်သဘော သည် ညာ၍ မရပါ။ တူသော အကျိုးကို ပေးမည် ဆိုသည်ကား အခွင့်အလမ်း စရိတ် သဘောဖြစ်သည်။ အခွင့်အလမ်း စရိတ်သဘောသည် အရာရာတွင် ရှိသည်။ လူမှုရေး နယ်ပယ်တွင် အရေးကြီး သည်။ အခွင့်အလမ်း စရိတ် သဘောကို လွှဲရှောင်၍ မရနိုင်ပါ။ လူကြီးလူကောင်း ဖြစ်လာသူများ၊ အများက ကြည်ညို လေးစားခြင်း ခံရ သူများ လည်း အများအတွက် အနစ်နာခံမှုများ၊ တော်တည့် မှန်ကန် ဖြောင့်မတ်မှုများ ကို ပြုလုပ်ခဲ့ကြ ခြင်းကြောင့် သာ ဖြစ်လာ ရသော သဘော ရှိပါသည်။ လူတို့သည် လူအချင်းချင်း အလကား အထင်ကြီးလေ့ မရှိပါ။

ထို့ကြောင့် အခွင့်အလမ်း (Opportunity) ထက် အခွင့်အလမ်း စရိတ် (Opportunity Cost) က ပို အရေးကြီး ပါသည်။ ရယူခြင်း များသည် ပေးဆပ်ခြင်း မှသာ ဖြစ်ပေါ်ပါသည်။ ပေးဆပ်ခြင်း မရှိသော ရယူခြင်းများ ဘဝတွင် ရှိခဲ့ပါမူ ပြန်လည် ဆန်းစစ် သင့်ပါသည်။ ပေးဆပ်မှု များ ရှိတတ် ပါသည်။ ပေးဆပ် လိုက်ရသော အခြေအနေ များကို မိမိ ကိုယ်တိုင် မသိသေးသော အခြေအနေ ကြောင့်သာ ဖြစ်သည်။ ဆန်းစစ် နိုင်မှု၊ သုံးသပ်နိုင်မှု၊ ဆင်ခြင်တုံတရား နည်းသူများတွင် ဖြစ်တတ် ပါသည်။

အခွင့်အလမ်း နှင့် အခွင့်အလမ်း စရိတ် သဘောကို လူတို့ မှန်ကန်စွာ သုံးသပ် နိုင်ရန်အတွက် လူတို့၏ မျှော်လင့်ချက်များ ပီပြင်ရန်လည်း အရေးကြီး ပါသည်။ Rational Expectations များ ဟု ခေါ်နိုင် ပါသည်။ အမြင်မှန် တတ် စေရန်လည်း အမှန်မြင် နိုင်သော ဘဝမျိုးများ ရှိရမည် ဖြစ်သည်။ ထိုသို့သော ဘဝမျိုးများတွင် လူတို့သည် မည်သည့် အရာများကို စွန့်လွှတ် အနစ်နာခံပြီး မည်သည့်အရာများကို ရယူ ပိုင်ဆိုင် ကြမည်ကို စဉ်းစား ဆုံးဖြတ် လာကြမည်ဖြစ်သည်။ သူတို့၏ မျှော်လင့်ချက် ပန်းတိုင် များသည် ပီပြင် နေရမည် ဖြစ်သည်။ တံလျှပ်များ ကြားတွင် နေထိုင်သော ဘဝ မျိုးများတွင် လူတို့သည် အခွင့်အလမ်းကို အခွင့်အလမ်း စရိတ်ဖြင့် ရယူရန် စဉ်းစား ခဲကြ ပါသည်။ အခွင့်အလမ်း စရိတ် မရှိဘဲနှင့် အခွင့်အလမ်းများ ရယူရန် ကြိုးစား ရမည်ဖြစ်သည်။ သို့သော်လည်း ထို ရယူ လိုက်သည့် အခွင့်အလမ်း များ သည်ပင်လျှင် အခွင့်အလမ်းစရိတ် မှ မလွတ်နိုင်ပါ။ မိမိ ပေးဆပ် လိုက်ရသော အခွင့်အလမ်း စရိတ်ကို မိမိ ကိုယ်တိုင် မသိသေး သောကြောင့်သာ ဖြစ်ပါသည်။

၂၀၀၅ ခုနှစ်၊ စက်တင်ဘာ လ (၁၃) ရက်နေ့ ထုတ်၊ အခွင့် အလမ်း ဂျာနယ်၊ အမှတ်စဉ် (၁) မှ ဆရာ ဒေါက်တာ မောင်မောင်စိုး (ဘောဂဗေဒ) ၏ ဆောင်းပါး အား ပြန်လည် ကူးယူ ဖေါ်ပြပါသည်။

Friday, September 19, 2008

One will understand very nicely

ဖတ်မိတဲ့marketing နဲ့ပတ်သတ်တဲ့ဟာသလေးပါ။

1. You see a gorgeous girl at a party. You go up to
her and say: "I am very rich.
"Marry me!" - That's Direct Marketing... "
--------------------------------------------------------------------------------
2. You're at a party with a bunch of friends and see a
gorgeous girl. One of your friends goes up to her and
pointing at you says: "He's very rich.
"Marry him." -That's Advertising. .."
--------------------------------------------------------------------------------
3. You see a gorgeous girl at a party. You go up to
her and get her telephone number. The next day, you
call and say: "Hi, I'm very rich.
"Marry me" - That's Telemarketing. .."
--------------------------------------------------------------------------------
4. You're at a party and see gorgeous girl. You get up
and straighten your tie, you walk up to her and pour
her a drink, you open the door (of the car) for her,
pick up her bag after she drops it, offer her ride and
then say:"By the way, I'm rich. Will you
"Marry Me?" - That's Public Relations... "
--------------------------------------------------------------------------------
5. You're at a party and see gorgeous girl. She walks
up to you and says:"You are very rich!
"Can you marry ! me?" - That's Brand Recognition. .."
-----------------------------------------------------------------------
6. You see a gorgeous girl at a party. You go up to
her and say: "I am very rich. Marry me!" She gives you
a nice hard slap on your face. - "That's Customer Feedback..."
--------------------------------------------------------------------------------
7. You see a gorgeous girl at a party. You go up to
her and say: "I am very rich. Marry me!" And she
introduces you to her husband. - "That's demand and supply gap..."
--------------------------------------------------------------------------------
8. You see a gorgeous girl at a party. You go up to
her and before you say anything, another person come
and tell her: "I'm rich. Will you marry me?" and she
goes with him - "That's competition eating into your market share..."
--------------------------------------------------------------------------------
9. You see a gorgeous girl at a party. You go up to
her and before you say: "I'm rich, Marry me!" your
wife arrives. - "That's restriction for entering new markets..."

If You want to be successful in international market ! PORTER's Diamond Theory



၂၀၁၅ခုနှစ်မှာ မြန်မာနိုင်ငံ အနေဖြင့် အာဆီယံ လွတ်လပ်သော ကုန်သွယ်ရေး ဧရိယာမှာ ပါဝင် တော့မယ်ဟု သိရှိ ရပါတယ်။ ဒါဆို တို့ မြန်မာနိုင်ငံက SMEs (small and medium enterprises) တွေ International market ထဲ ဘယ်လို နေရာ ရအောင် လုပ်မလဲ ၊ မြန်မာနိုင်ငံက ထွက်ကုန်၊ ထုတ်ကုန်တွေ market share များများ ပိုင်ဆိုင် နိုင်အောင် ဘယ်လို လုပ်ကြမလဲ ဆိုတာ စိန်ခေါ်မှုတွေ ဖြစ်လာ နိုင်ပါတယ်။ လာမယ့် AFTA မှာ မြန်မာနိုင်ငံက လုပ်ငန်းတွေ နေရာ တစ်ခုရဖို့ industry ရွေးတာ မှန်ဖို့ လိုပါတယ်။ မြန်မာနိုင်ငံရဲ့ SMEs တွေ နိုင်ငံတကာ ဈေးကွက်မှာ ခိုင်မာစွာ ရပ်တည်နိုင်ဖို့ Michael Porter ရဲ့ Diamond Theory ကို တင်ပြ လိုက်ပါတယ်။

Diamond Theory

Diamond Theory က ဘယ်စီးပွားရေး လုပ်ငန်းမျိုးကို လုပ်ကိုင်ဖို့ ရွေးချယ် သင့်လဲ ဆိုတာကို ရှင်းပြပါတယ်။ ဒီ industry ( ဒီနေရာမှာ industry ကို group of firm or collections of firm that produce or undertake same or similar or related products and services လို့ ပြောချင်ပါတယ် ) ။ Porter က အောင်မြင်စွာ လုပ်ကိုင်လို့ ကောင်းတဲ့၊ Competitive Advantage of Nations ရနိုင်တဲ့ industry ဟာ လက္ခဏာ (၄) ရပ်နဲ့ ပြည့်စုံ နေရမယ်လို့ ဆိုပါတယ်။ အရင် တုန်းကတော့ land,location,natural resources,labor နဲ့ local population size တွေ strong ဖြစ်မယ်ဆိုရင် Comparative advantages ရနိုင်တယ်လို့ ဆိုကြပါတယ်။ Michael Porter ကတော့ တိုင်းပြည် တစ်ခုဟာ Global မှာ competitive advantages ရနေဖို့ရာ လက္ခဏာ (၄) ရပ်နဲ့ ပြည့်စုံတဲ့ industry ကို analyse လုပ်ဖို့ ဆိုထား ပါတယ်။

(a) Factor Condition /endowment

Factor of production လို့ဆိုပါတယ်။ ထုတ်လုပ်မှု အတွက် လိုအပ်တဲ့ factor ပိုင်ဆိုင်မှုပါ။ ဒီ factor တွေမှာ နဂိုကတည်းက ပိုင်ဆိုင် ထားတာ ရှိသလို Advanced နောက်မှ change တွေကြောင့် ရလာ တာတွေ ရှိပါတယ်၊ အကြမ်း အားဖြင့် Factor ကို နှစ်ခု ခွဲနိုင်ပါတယ်။ natural (basic) နဲ့ Advanced ဆိုပြီး တော့ပါ။ natural မှာဆိုရင် ဒီတိုင်းပြည်ရဲ့ ရေမြေ၊သယံဇာတ အားသာချက်တွေ၊ ရာသီဥတု အနေအထား ဟာ ဘယ်လုပ်ငန်းအတွက် အားသာချက် ရနေလဲပေါ့။ ဥပမာ ပြောရရင်တော့ မြန်မာနိုင်ငံ ဆိုပါတော့၊ ဆန်စပါး industry အတွက် လေ့လာမယ် ဆိုရင် သူ့မှာ factor endowment အဖြစ် မြေဆီလွှာဟာ ဆန်စပါးအတွက် သင့်လျှော် ကောင်းမွန်တဲ့ ရေမြေ ပိုင်ဆိုင် ထားပါတယ်။ ရာသီ အနေအထားကလည်း သင့်လျှော်ပါတယ်၊ လိုအပ်တဲ့ ရေလည်း အလုံအလောက် ရနိုင်တယ်။ ဂျုံ အတွက် ဆိုရင်ရော ... အဆင်မပြေပါဘူး factor endowment နဲ့ ဂျုံအတွက် လိုအပ်တဲ့ factor requirement နဲ့ မကိုက်ညီ ပါဘူး။

နောက် သဘာဝ အားဖြင့် ပိုင်ဆိုင် ထားတာ မဟုတ်ဘဲ နောက်မှ ဖြစ်ပေါ်လာတဲ့ factor ကတော့ Advanced factor ပါ။ ဥပမာ ဂျပန်မှာ car industry ဟာ comparative advantage ရနေပါတယ်။ ဘာကြောင့်လဲ... သူ့မှာ car industry မှာ လိုအပ်တဲ့ technology ပိုင်ဆိုင် ပါတယ်၊ အားသာချက် ရှိပါတယ်။ skilled labour တွေ ရှိပါတယ်။ ဒါကြောင့် industry's factor requirements နဲ့ nation's factor endowment နဲ့ ကိုက်ညီ သွားလို့ပါ။ အမေရိကန် IT ပိုင်းမှာ သာလွန်ပါတယ်။ သူ့တို့မှာ advanced factor knowledge capital ကို ပိုင်ဆိုင် ထားပါတယ်။ ကျွမ်းကျင်ရာ လိမ္မာ ဆိုတဲ့ စကားပုံ ရှိပါတယ်။ ဒါကြောင့် industry ရွေးတတ်ဖို့ လိုပါတယ်။ ဒီ တိုင်းပြည် မှာတော့ ဖြင့် key factor ဘာရှိလဲဆိုတာ သေချာ ဆန်းစစ်ပါ။ အသွားမတော် တစ်လှမ်းပါ။ ကိုယ့် industry ရဲ့ လိုအပ်တဲ့ key factor ဟာ ဒီ တိုင်းပြည် မှာ scarce factor ဖြစ်နေရင် လုပ်ငန်းလုပ်ပြီးမှ နောက်ဆုတ်ဖို့ဆိုတာ အတော် စရိတ်ကြီးတဲ့ ပြသနာပါ။ non-key factor တွေ ရှားတာ ကိစ္စမရှိပါဘူး။ scare factor တွေဟာ industry အတွက် အရေးကြီးမှု မကြီးမှုတွေ ပေါ် မူတည်ပြီး innovative power (entrepreneurship လို့ ဆိုရင်လည်း ရပါတယ်) တွေလည်း ရလာ နိုင်တာတွေ ရှိပါတယ်။

ဥပမာ ဆွစ်ဇာလန်မှာ labour shortage ဖြစ်နေတဲ့ နိုင်ငံ၊ အဲ့နိုင်ငံရဲ့ competitive advantages ရနေတဲ့ industry ဟာ watch ပါ။ သူက labour-intensive မဟုတ်တဲ့ နာရီ တွေကိုပဲ လုပ် ပါတယ်။ သူက အရေအတွက် နည်းနည်းနဲ့ အရည်အသွေး ကောင်းကောင်း နည်းဗျူဟာ ကို သုံးပါတယ်။ တနည်း ပြောရရင် ဂျပန် နာရီလုပ်ငန်း တွေမှာ လုပ်သား များများနဲ့ ထုတ်နေတဲ့ အချိန်မှာ ဆွစ်ဟာ skill labour ကို နည်းနည်းနဲ့ ထိထိ ရောက် ရောက် သုံးလို့ရတဲ့ industry ကို ဖန်တီး လိုက်ပါတယ်။ ဒါလဲ သူ့နိုင်ငံရဲ့ entrepreneurship ပါ။ innovate with a few amount of skilled - labour ပါ။ နောက်တစ်ခု ဂျပန်မှာ တခြား factor တွေက requirment နဲ့ ပြည့်စုံ နေ ပေမယ့် space problem ပါ။ သူ့မှာ မြေဈေး တွေကြီးတယ်၊ အနေအထား ကျဉ်းတယ်။ အဲ့တော နေရာ အခက်အခဲ ပြသနာအတွက့် JIT system (Just - in - time ) ကို ထွင် လိုက် ပါတယ်။ Porter ကတော့ factor endowment ဟာ သဘာဝက ပေးပေး အမွေရရ မဆိုင်ပါဘူး တဲ့။ factor endowment ဟာ အမြဲ develop and change ဖြစ်နေပါတယ် လို့ဆိုပါတယ်။

(b) Related Supporting Industries

Competitve advantages ရဖို့ နောက်ကထောက်ပံ့ပေးတဲ့ industries တွေရှိဖို့ အားကောင်းဖို့ကလည်း အရေးကြီးပါတယ်။suppliers and related industry အနေအထားကိုလည်း စီစစ်ရပါမယ်။ မြန်မာနိုင်ငံမှာ factor endowment အရ ဆန်စပါး လုပ်ငန်း လုပ်မယ် ဆိုကြပါစို့၊ Supporting industry တွေဖြစ်တဲ့ ဓါတ်မြေသြဇာ လုပ်ငန်း၊ ဆန်စက်တွေက အားနည်းနေမယ်။ ထိရောက်စွာ စွမ်းရည် ပြည့်စွာ ထောက်ပံ့မှုမပြုနိုင်ခဲ့ဘူးဆိုရင် မြန်မာ့ ဆန် ကမ္ဘာမှာ ယှဉ်ဖို့ နိုင်ငံတကာဈေးကွက်ဝင်ဖို့ မဖြစ်နိုင်တဲ့ အနေအထား ဖြစ်သွား ပါ လိမ့်မယ်။ ဂျပန်မှာ ကားလုပ်ငန်းဆိုရင် သူ့အတွက် လိုအပ်တဲ့ လောင်စာလုပ်ငန်းတွေ အားကောင်းလား၊ ဘယ်လို အနေအထား ရှိလဲ ဆိုတာ ကလည်း သူရွေး လိုက်တဲ့ car industry ရဲ့ competitive advantage အတွက် forces တစ်ခု ဖြစ်ပါတယ်။

ဆွီဒင်မှာ leather shoe industry ဆိုရင် ဆွီဒင်ရဲ့ leather industry တွေကရော ဘယ်လို အနေအထား ရှိလဲ။ တခြား leather goods တွေကရော ဘယ်လို လဲ ဆိုတာ သိထားဖို့ လိုပါတယ်။ ဒါကြောင့် supporting and related industries တွေကို လေ့လာ စီစစ်ပြီး ကိုယ်လုပ်မယ့် industry အတွက် ကိုက်ညီလား အဆင်ပြေလား ဆိုတာ သုံးသပ်ပါ။ ဒါမှ ယှဉ်ပြိုင်နိုင်မှုကို အားဖြည့်စေသလို ကိုယ့် လုပ်ငန်း အနေနဲ့ အရည်အသွေး ပြည့်ဝတဲ့ ဆန်းသစ်တဲ့ စိတ်ချရတဲ့ သွင်းအားစု တွေကို စရိတ် သက်သာစွာနဲ့ ရရှိမှာဖြစ်ပါတယ်။ Global မှာ ပြိုင်ဆိုင်ဖို့ ဆိုရင် supplier network ကလည်း အတော် အရေးပါ နေပါပြီ။

(c) Demand Condition

နိုင်ငံတကာကို ထိုးမဖောက်ခင် domestic demand ပြည်တွင်းဝယ်လိုအား အခြေအနေကို အရင်စီစစ်ပါဦး၊ ပြည်တွင်းမှာ နေရာရနေတဲ့ product ဟာ နိုင်ငံတကာ ဈေးကွက် ၀င်ရောက်ဖို့ လွယ်ပါတယ်။ ပြည်တွင်း ၀ယ်လိုအား၊ ဒီတိုင်းပြည်ရဲ့ ၀ယ်လိုအားဟာ ဘယ်industry မှာ strong ဖြစ်နေလဲ ဆိုတာ လေ့လာပါ။ customer တွေရဲ့ လိုချင်မှု တောင်းဆိုမှု demand ကရော ဘာလဲ ပေါ့။ local firm တွေက foreign က မလုပ်သေးတဲ့ industry ကို ရွေးမယ် ဆိုရင် ကိုယ့်နိုင်ငံ မှာလည်း domestic demand အပိုင်ရ ထားမယ်ဆိုရင် export မှတဆင့် international ထိုးဖောက်ဖို့ရာ အဆင်ပြေ စေပါတယ်။ နောက် domestic customer ဟာ very sensitive customer အရမ်း ဂျီးများတဲ့ သူမျိုးတွေ ဖြစ်မယ် ဆိုရင် သူတို့ရဲ့ need တွေ ဖြည့်ဆည်း ရင်းနဲ့ ကိုယ့်product ဟာ တဖြည်းဖြည်း advance ဖြစ်လာ နိုင်ပါတယ် နိုင်ငံတကာ တန်းဝင် ဖြစ်လာ နိုင်တဲ့အတွက် very sensitive customer မျိုး ဆိုရင် အရမ်း ကောင်းပါတယ်။ အလား အလာ ရှိတဲ့ လမ်းကြောင်း တစ်ခုပါ။

အရမ်း ပြည်တွင်း ၀ယ်လိုအား ကောင်းတဲ့ industry ဟာလည်း national advantage အဖြစ်လည်း ရရှိ စေပါတယ်။ Act local, think global ပြည်တွင်း ၀ယ်လိုအား အခြေအနေကို သုံးသပ်ပြီး နိုင်ငံတကာ demand အခြေအနေ ကိုလည်း မှန်းဆ နိုင်ပါတယ်။ ဥပမာ ပြင်သစ် wine မှာ နာမည် ရပါတယ်။ သူ့နိုင်ငံရဲ့ domestic မှာကို wine culture ရှိပြီး ဖြစ်တဲ့အတွက် wine industry ဟာ domestic demand ကောင်းတဲ့ လုပ်ငန်းပါ။ သူလည်း domestic မှတဆင့် နိုင်ငံတကာကို ထိုးဖောက် ပါတယ်။ ပြင်သစ် ၀ိုင် နာမည်ကြီးတယ် ဆိုတဲ့ ဂုဏ်နဲ့ နိုင်ငံတကာက customer တွေဟာ ဘာမှန်း ညာမှန်း မသိပဲ စ လက်ခံ သုံးစွဲ လာပါတယ်။ အဲ့လိုနဲ့ပဲ ပြင်သစ်ဝိုင် ဟာ international market ကို ထိုးဖောက် နိုင်ခဲ့ ပါတယ်။

(d) Firm Strategy, Structure and Rivalry

အခုလို ခေတ်မျိုးမှာ စီးပွားရေး လုပ်ငန်းတွေဟာ dynamic ဖြစ်နေပါတယ်။ ပြိုင်ဆိုင်မှု ဆိုတာလည်း ရှောင်လွဲမရပါဘူး၊ ကိုယ်က အပြိုင် အဆိုင် တွေကြားမှာ နေရာတစ်ခု တစ်ခု ရနေဖို့ လိုပါတယ်။ နေရာ ကိုလည်း မပျောက်ပျက်အောင် ဆက်ထိန်း ထားဖို့ လိုသလို နေရာ လေးကို လည်း ချဲ့ပေးဖို့ လိုပါတယ်။ ကိုယ့်က မချဲ့ရင် ကိုယ့်နေရာကို သူများ လာချဲ့တာ ခံရပြီး ကိုယ့်နေရာပါ ပဲ့ပါ သွားစေ နိုင်တဲ့ အတွက် ကြောင့်ပါ။ နေရာလေးကို ထိန်းဖို့ ချဲ့ဖို့ လိုအပ် တာကတော့ productivity နဲ့ innovation ပါ။ နောက် ကိုယ့် လုပ်ငန်းရဲ့ strategy, structure တွေဟာ flexible ပြောင်းလဲမှု နဲ့ အမျှ လိုက်လျော ညီထွေ နေစေဖို့ အတွက် အပြောင်းအလဲ လွယ်တဲ့ ပုံစံမျိုး ဖြစ်ရ ပါမယ်။ ချဲ့ ရင်ချဲ့သလို ရနိုင်တဲ့ ပုံစံ ဖြစ်ဖို့ လိုပါတယ်။ ကိုယ့် industry ဟာ ကိုယ့်လုပ်ငန်း ဟာ capital market အခြေအနေ ဘယ်လို ရှိလဲ။ ဘဏ္ဍာငွေ လိုအပ်ရင် ရော ကိုယ့်လုပ်ငန်း အနေနဲ့ ဘယ်လို ရှာလို့ရလဲ ... ။ အမေရိကန် ဆိုရင် လုပ်ငန်းတွေရဲ့ structure ပုံစံ တွေဟာ short-run တွေပါ။ ဒါကြောင့် သူတို့ ရင်းနှီး မြှပ်နှံမှုများတဲ့ industry ဟာ computer industry တွေမှာ များပါတယ်။ နောက် ဆွဒ်ဇာလန် ... သူတို့ဟာ long run ပုံစံတွေကို ပို သဘောကျ ကြိုက်နှစ်သက် ကြတော့ ဆေးဝါး လုပ်ငန်းတွေမှာ ရင်းနှီး မြှပ်နှံသူတွေ များပါတယ်။

နောက် လုပ်ငန်း strategy တွေဟာ အနေအထား ပေါ်လိုက်ပြီး ပြောင်းလဲ နိုင်ရပါမယ်။ ပြောင်းလဲ လို့လည်း အဆင်ပြေ စေနိုင်တဲ့ industry ဟာ လုပ်ကိုင်လို့ အကောင်းဆုံးပါ။ နောက် industry ရဲ့ rivalry ပြိုင်ဘက် လုပ်ငန်း အနေအထား အခြေအနေ တွေကို သေချာ စိစစ် သုံးသပ်ရန် လိုပါတယ်။ ဘာကြောင့်လဲ ဆိုတော့ rivalry အခြေအနေ ဟာ လုပ်ငန်းရဲ့ innovation power ကို စကားပြော ပါတယ်။ အမေရိကန်မှာ ကား ဒီဇိုင်းတွေ၊ laptop ဒီဇိုင်းတွေ တနေ့ထက် တနေ့ မရိုးဘဲ အဆန်းတွေ ထွက်နေကြတာ ဘယ်ကြောင့်လဲ ၊ rivalry အခြေအနေ ကြောင့်ပါ။ သူများထက် ထူးအောင် လုပ်ရင်းနဲ့ market share ရရှိပြီး market leader ဖြစ်လာ နိုင်တဲ့ အခွင့်အလမ်း တွေပါ။ နိုင်ငံတကာ မှာ အမည်ရရှိ သွားနိုင် ပါသေးတယ်။ ပြိုင်ဆိုင်မှု နည်းတဲ့ industry ဆိုရင်တော့ entrance စစချင်း ၀င်ရောက်မှုမှာ အဟန့်အတား နည်းပါတယ်။ ၀င်ရောက်ဖို့ လွယ်ပါတယ်။ local condition တွေဟာ firm strategy တွေကို affect ဖြစ်စေ တဲ့ အတွက် ပြောင်းလဲလို့ အဆင်ပြေမယ့် strategy မျိုးချနိုင်တဲ့ industry လား ... ... ပြိုင်ဆိုင်မှု တွေနည်းတဲ့ industry လား ... များတဲ့ industry လား ... ဆိုတာ သေချာ စိစစ်ဖို့ လိုပါတယ်။

Porter Diamond Model ဟာ Function မဟုတ်ပါဘူး၊ system လို့ မြင်ပေးပါ။ ဒီလေးချက် လုံးကို တစ်ခုတစ်ခု ချိတ်ဆက် စဉ်းစားပေးဖို့ စိစစ် ပေးဖို့ လိုပါတယ်။

(ဆက်ဖော်ပြ ပါဦးမည် ... ...)

Saturday, September 13, 2008

အပေးအယူ


ကျွန်တော်တို့ လောကကြီးထဲ လူဖြစ်စဉ်ခဏမှာ သတိမေ့နေတာလေးတွေပါ။
ဒီလူကွာ အရမ်းချမ်းသာတယ်။ သူ့လို ချမ်းသာပြီး ပြည့်ပြည့်စုံစုံနေနိုင်ရင် သိပ်ကောင်းမှာပဲ။ ကားကလည်း အကောင်းစားကြီး။ အိမ်ကြီးကလည်း ဟီးလို့။ ရွှေတွေ ၀တ်ထားတာကလည်း ၀င်းအိလို့။ လကုန်လို့ payslip ကြည့်လိုက်ရင် ဂဏန်းလေးတွေကလည်း လှနေတာပဲ။
ကျွန်တော်အပါအ၀င် လူတစ်ချို့ တစ်ခါတလေမှာ ထိုကဲ့သို့ ငြီးတွားတတ်ကြပါတယ်။ ဒါပေမဲ့ အရေးအကြီးဆုံး တစ်ချက်ကို ကျွန်တော်တို့ မေ့နေကြတယ်။ အဲဒါကတော့ အပေးအယူပါပဲ။

သူတို့တွေချမ်းသာနေတာ အဆင်ပြေနေတာတွေကိုပဲ မြင်ပြီး သူတို့ အဲလို ဘ၀မျိုးရောက်အောင် ဘယ်လိုကြိုးစားခဲ့ရတယ်။ ဘာတွေပေးဆပ်ခဲ့ရတယ် ဆိုတာကို အမေ့ကြီးမေ့နေမိတယ်။

အောင်မြင်မှုဆိုတဲ့ အသီးအပွင့်ကောင်းတွေကို ရဖို့အတွက် ပေးဆပ်ခြင်းဆိုတဲ့ မျိုးစေ့တွေ၊ မြေသြဇာတွေကို သူတို့ ကြဲခဲ့ရတယ် မဟုတ်လား။

ဒါနဲ့ ဆက်စပ်ပြီး ကျွန်တော်တွေ့ကြုံခဲ့တာလေးကို မျှဝေပါဦးမယ်။

UK မှာရှိတဲ့ တစ်ချို့ ပျော်ပွဲရွှင်ပွဲလုပ်တဲ့နေရာတွေမှာ ရှာထိုး ဦးထုပ်ဆောင်းပြီး ၀င်ခွင့် မရှိဘူး။ ဒါပေမဲ့ ကျွန်တော် အဲဒီနေ့မှာ ဦးထုပ်ဆောင်းသွားမိတယ်။ ဒါနဲ့ ပစ္စည်းအပ်တဲ့နေရာကို သွားလိုက်တယ်။ အဲဒီနေရာမှာ ပစ္စည်းထိန်းသိမ်းပေးတဲ့ လူတွေရှိတယ်။ သူတို့ကို ကျွန်တော့်ဦးထုပ်ပေးလိုက်တော့ သူတို့ကနေ ပြန်ရွေးဖို့အတွက် လက်မှတ် တစ်ခု ပြန်ပေးပါတယ်။ လက်မှတ်ပြန်ပေးတဲ့ လူက hi hello တစ်ခွန်းတောင်မပြောဘူး။ မျက်နှာက မှုန်ကုပ်ကုပ်နဲ့ customer ကို service လုပ်တဲ့သူ့ပုံစံနဲ့ လုံးဝမတူဘူး။

ကျွန်တော့်ကို လက်မှတ်ပြန်ပေးပြီးတော့ သူ့ရဲ့ စားပွဲမှာရှိတဲ့ Tip money ထည့်တဲ့ခွက်ကို ကိုင်ပြီး လှုပ်လိုက်သေးတယ်။ သဘောကတော့ tip money ပေးလို့ရတယ်ဆိုတဲ့သဘောပေါ့။ ကျွန်တော့်စိတ်ထဲမှာ ပိုက်ဆံပေးချင်စိတ်မရှိတဲ့အပြင် သောက်မြင်ပါ တော်တော်ကပ်သွားတယ်။

တစ်ချို့လူတွေဆိုရင် Hi, Hello ဘာညာ နှုတ်ဆက်ပြီး service ကောင်းကောင်းပေးတယ်။ အဲဒီအခါမှာ customer ကလဲ စိတ်ကျေနပ်တော့ ပိုက်ဆံပေးချင်စိတ်ရှိတယ်။ အခုလို လူမျိုးကတော့ လုံးဝ နိုးပဲ။

ကိုယ်က service ကောင်းကောင်းမပေးတဲ့အပြင် customer ပေးတဲ့ Tip ကိုတော့ လိုချင်နေတယ်။ မခက်ဘူးလား။

ကိုယ့်ဘက်ကနေ ပေးသင့်စရာရှိတဲ့ service ကို ကောင်ကောင်းလေးလုပ်ပေးလိုက်၊ ကိုယ်ပေးလိုက်တဲ့ service နဲ့ တူညီတဲ့ တုံ့ပြန်မှုတစ်ခုကို ရလာပါလိမ့်မယ်။ ကိုယ်က မပေးဆပ်ပေးနဲ့ ယူပဲယူချင်နေတယ်။ ဒုက္ခ ... ။

ဒီပို့စ်နဲ့ ပက်သက်ပြီး နေ့စဉ်သုံးနေတဲ့ စကားလေးတစ်ခုကိုလည်း သတိရမိတယ်။ ကိုယ့်ကို သူများက ပေးဆပ်မှုတစ်ခုခု ပေးတိုင်း အမြဲပြန်ပြောသင့်တဲ့ စကားလေးပါ။ ဒါပေမဲ့ တစ်ခါတလေမှာ ပြန်ပြောဖို့ မေ့မေ့နေတတ်တယ်။ အဲဒါကတော့ "ကျေးဇူးတင်ပါတယ်" ဆိုတဲ့စကားလေးပါပဲ။

အဲဒီတော့ ဘယ်အလုပ်မှာပဲ ဖြစ်ဖြစ်ပါ ကျွန်တော်တို့တစ်တွေ ကိုယ့်ဘက်က ပေးစရာရှိတာ လုပ်စရာရှိတာလေးတွေကို တာဝန်ကျေကျေနဲ့ စေတနာထား လုပ်ဆောင်ပေးလိုက်ရင် ကျွန်တော်တို့ စေတနာ၊ ကျွန်တော်တို့ လုပ်အားနဲ့ ထိုက်တန်တဲ့ တန်ပြန်သက်ရောက်မှုလေးတွေကို မလွဲမသေခံစားရလိမ့်မယ်ဆိုတာ ယုံကြည်ပါတယ်။

စေတနာထားပြီး လုပ်ပေးရက်နဲ့ တန်ပြန်သက်ရောက်မှုတွေက မလန်းဘူး ဆိုရင်တော့ အဲဒီလူဟာ ကိုယ့်စေနာနဲ့ မထိုက်တန်တဲ့သူလို့ပဲ သဘောထားလိုက်ပြီး စေတနာတွေကိုလည်း limit လုပ်ပြီးပဲ ပေးလိုက်ပါ ;)

ဒီပို့စ်လေးကို အချိန်ပေးပြီး ဖတ်ရှူ့ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်

ကျန်းမာပျော်ရွှင်ပါစေ :)

Wednesday, September 10, 2008

Marketer တိုင်းသိသင့်သော သဘောတရားများ (၂)

PRODUCT - MARKET GROWTH MATRIX



စီးပွားရေးလုပ်ငန်းများအနေဖြင့် ဈေးကွက်အတွင်းရှိ မိမိကုန်စည်နှင့် ပတ်သက်ပြီး ဈေးကွက်ရှယ်ယာ ခိုင်မာမှု၊ ဈေးကွက်သစ်ရရှိနိုင်မှု စသည်တို့အတွက် Product - Market Growth Matrix နှင့် ယှဉ်တွဲသုံးစွဲနိုင်သည်။ ယနေ့ခေတ်တွင် ဈေးကွက်အတွင်း ယှဉ်ပြိုင်မှုများ ပြင်းထန်နေသည့်အတွက် စီးပွားရေးလုပ်ငန်းများ အနေဖြင့် Product Quality ရှိရန်လိုအပ်သကဲ့သို့ Product Variety ရှိရန်လိုအပ်သည်။ သို့ဖြစ်ရာ Marketer များအနေဖြင့် Product - Market Growth Matrix ကိုလည်း ကောင်းစွာ နားလည်ထားရန်လိုအပ်သည်။


Market Penetration

စီးပွားရေးလုပ်ငန်းတိုင်းသည် ဈေးကွက်ထဲတွင် တည်ရှိနေပြီး ဖြစ်သော မိမိကုန်စည်၏ ရောင်းလိုအားကို ထိုဈေးကွက်တွင်ပင် တိုးမြှင့်နိုင်ရန် ကြိုးစားရန်လိုအပ်သည်။ ထိုကဲ့သို့ လုပ်ဆောင်ခြင်းဖြင့် ဈေးကွက်အတွင်း ပြိုင်ဖက်ကုန်စည်များ၏ Customer များကို ရရှိနိုင်ပြီး Customer အသစ်များကိုလည်း မိမိကုန်စည်ကို သတိပြုမိအောင်၊ ၀ယ်ယူသုံးစွဲအောင် ဆွဲဆောင်နိုင်သည်။ ရှိပြီးသား ဈေးကွက်အတွင်း ရှိပြီးသားကုန်စည်နှင့် ဈေးကွက်ထိုးဖောက်မှုကို လုပ်ဆောင်ခြင်းသည် စွန့်စားမှု (Risk) အနည်းဆုံး ဈေးကွက်ချဲ့ထွင်ခြင်းပင် ဖြစ်သည်။

Market Development

လုပ်ငန်းအနေဖြင့် ဈေးကွက်အတွင်း ရှိပြီးသား မိမိ၏ ကုန်စည်ကို ထိုဈေးကွက်တွင် အရောင်းမြှင့်တင်နိုင်ရန် လိုအပ်သကဲ့သို့ ထိုကုန်စည်အတွက် ဈေးကွက်အသစ်ထပ်မံ ရရှိနိုင်ရန် ကြိုးစားရမည်။ ထိုကဲ့သို့လုပ်ဆောင်ခြင်းသည် လုပ်ငန်းအတွက် ၀င်ငွေပိုမိုရရှိစေပြီး ဈေးကွက်ဝေစု (Market Share) ကိုလည်း ပိုမိုခိုင်မာစေသည်။

Product Development

လုပ်ငန်းသည် ဈေးကွက်ချဲ့ထွင်မှုအဖြစ် မိမိလုပ်ငန်း၏ ကုန်စည်အသစ်ကို အောင်မြင်ပြီးသား ကုန်စည်နှင့် တွဲဖက်ကာ ထိုဈေးကွက်တွင် ဈေးကွက်ရှယ်ယာချဲ့ထွင်နိုင်ရန် ကြိုးစားရမည်။ ဈေးကွက်အတွင်း ကုန်စည်အသစ်မိတ်ဆက်ခြင်းသည် စီးပွားရေးလုပ်ငန်းတိုင်းအတွက် မရှိမဖြစ်အရေးကြီးလှသော Strategy တစ်ခုပင်ဖြစ်သည်။ ထို့ပြင် ဈေးကွက်ထဲတွင် ယှဉ်ပြိုင်နိုင်စွမ်းများ (Competitiveness) ကိုလည်း ကောင်းစွာရရှိစေသည်။

Diversification

လုပ်ငန်းအနေဖြင့် ကုန်စည်အသစ်ကို ဈေးကွက်အသစ်တွင် ရပ်တည်နိုင်စေရန် ကြိုးစားရမည်။ ထိုကဲ့သို့ ချဲ့ထွင်မှုသည် စွန့်စားမှုတစ်ခုပင်ဖြစ်သည်။ ဈေးကွက်အသစ်တွင် ကုန်စည်အသစ်သည် တစ်ဟုန်ထိုး အောင်မြင်နိုင်သကဲ့သို့ ရှုံးနိမ့်မှုများနှင့်လည်း ကြုံတွေ့ရနိုင်သည်။ ဈေးကွက်အတွင်း လုပ်ငန်း၏ Image တစ်ဟုန်ထိုး တိုးတက်သွားနိုင်သကဲ့သို့ ဈေးကွက်ကို လုံးဝ မထိုးဖောက်နိုင်သော အနေအထားမျိုးနှင့်လည်း ကြုံတွေ့ရနိုင်သည်။

ကျွန်တော်သိသမျှ ဥပမာတွေနဲ့ တင်ပြရမယ်ဆိုရင်စီ ပထမဆုံး Market Penetration ကို စတင် လုပ်ဆောင်ပြီဆိုလျှင် ထိုလုပ်ငန်းသည် နောက်ထပ် နေရာနှစ်ခုဆီကို သွားနိုင်ဖို့ ခြေကုပ်ယူတဲ့သဘောပါ။ ထိုးမယ့်ဆင် မထိုးခင် ခြေတစ်လှမ်းဆုတ် ဆိုတာမျိုးပါ။

Oramin- G ဆိုရင် လူတိုင်းနီးပါး သိကြတဲ့ ကိုရီးယားနိုင်ငံလုပ် ဂျင်ဆင်းဆေးမြစ်အားဆေးပါ။ ဆေးဈေးကွက်ထဲမှာ အဆင့်မနိမ့်တဲ့ ဆေးကောင်းတစ်မျိုးပါ။ Oramin-G က ရှိပြီးသားကုန်စည်ဖြစ်တဲ့ ထိုအားဆေးကို ရှိနေပြီးသား ဈေးကွက်ထဲမှာ Promotion Tool လေးသုံးပြီး ဈေးကွက်ကို ထိုးဖောက်ခဲ့ပါတယ်။ နည်းလမ်းလေးက ဆေးဗူးထဲမှာ အခမဲ့ ဆေးစစ်မှတ်တမ်း (Free Medical Check-up) တွေထည့်ပေးခဲ့တာပါ။ ဒီလက်မှတ်လေးကြောင့် ဆေးဈေးကွက်ထဲမှာ အရောင်းတွေ သိသိသာသာတက်ခဲ့ပါတယ်။ ဆေးကို ပုံမှန်စားတဲ့သူတွေ ၊ လက်ဆောင်ပေးဖို့၊ ကန်တော့ကြဖို့ ၀ယ်တဲ့သူတွေ ၊ အနည်းဆုံး ဆေးကို လက်လီရောင်းတဲ့ ဆိုင်တွေ ( အရင်က အားဆေးလာဝယ်ရင် အားဆေးတစ်လုံးပေးပါဆိုရင် ဆေးဆိုင်ပိုင်ရှင်တွေက ဘာဆေးကို ယူမလဲလို့ ပြန်မေးကြမှာပါ။ ကောင်းတာပေးပါလို့ ပြောရင် ဆိုင်ပိုင်ရှင်က အာရုံရတဲ့ အားဆေးအမျိုးအစားကို ပေးမှာပါ။ Oramin-G က Promotion လုပ်ပြီးတဲ့ နောက်ပိုင်းမှာ အားဆေးတစ်လုံးအစ်မရေ ---- လို့ပြောရင် လက်က အလိုလို Oramin -G ကိုပဲရောက်နေမှာပါ။ ဘာကြောင့်လဲဆိုတော့ ဆေးဗူးများများ ဖောက်မိရင် ကူပွန်ရနိုင်မယ့် အခွင့်အလမ်းများလို့ပါ။ ဒီလိုနဲ့ ဈေးကွက်ထဲမှာ ဈေးကွက်ဝေစုတွေ ပိုမို ပိုင်ဆိုင်သွားတာပါ။) Oramin-G က ဈေးကွက်ထဲမှာ သူရဲ့ ဈေးကွက်ပိုပြီးလည်း ခိုင်လာရော Oramin-F ဆိုတာကို တွဲပြီးသွင်းလာပါတော့တယ်။ Market Penetration ကနေ Product Development ကို ရောက်သွားတာပါ။ ဒါကြောင့် Oramin-F ကို ဈေးကွက်နဲ့ မိတ်ဆက်တဲ့အခါ လွယ်လွယ်ကူကူနဲ့ Customer တွေက လက်ခံသွားတာပါ။ (ဆေးအမျိုးအစားကောင်းတာက အဓိကပါ။ အရွယ်တင်နုပျိုလှပစေတဲ့ ဆေးအာနိသင်က အမျိုးသမီးတွေရဲ့ စိတ်ဝင်စားမှုကို ဖမ်းဆုပ်နိုင်တဲ့ အရာ ဖြစ်တာလည်းပါတယ်။ )
ဒါလောက်ဆို ဒီ Matrix လေးရဲ့ အသုံးဝင်ပုံတွေကို ကောင်းစွာနားလည်နိုင်ပြီလို့ ယူဆပါတယ်။ ဒါကြောင့် စီးပွားရေးသမားတိုင်း ၊ Marketer တိုင်းက မိမိလုပ်ငန်းအနေအထား ဘယ်မှာလဲဆိုတာ ကောင်းစွာ သုံးသပ်ဖို့လိုတာပါ။ ကိုယ့်ဈေးကွက်ဟာ Star မှာ ရောက်နေရင် New Market ရှာမှာလား၊ New Product လုပ်မှာလား စသည်ဖြင့် ဈေးကွက်ကို ဆန်းစစ်နိုင်ပါတယ်။

ဈေးကွက်ထဲမှာ စီးပွားရေး လုပ်ငန်းတိုင်း အကောင်းဆုံး ဈေးကွက်ထိုးဖောက်မှုတွေ ရယူနိုင်ပါစေလို့ မျှော်လင့်ရင်း ---

Tuesday, September 9, 2008

What is Opportunity ?


ဘာလဲဟဲ့ အခွင့်အလမ်း

၂၀၀၈ခုနှစ်၊ ဇွန် လ (၂၄) ရက်နေ့ထုတ်၊ အခွင့် အလမ်း ဂျာနယ်၊ အမှတ်စဉ် (၁၄၁) မှ ဆရာ အောင်သစ် ၏ ဆောင်းပါး အား ပြန်လည် ကူးယူ ဖေါ်ပြပါသည်။

အခွင့်အလမ်းဆိုတာ ဘာလဲ။

အခွင့်အလမ်းဆိုတာ အသိစိတ်ရဲ့ နောက်ကွယ်မှာ ပုန်းလျှိုးကွယ်လျှိုးနဲ့ ဘာသိ ဘာသာ နေတတ်ပါတယ်။ အဲ ... တစ်ခါ တလေ ကျတော့လည်း ခေါင်းကလေး ပြူပြီး ထွက်ကြည့် တတ်တာပေါ့။ အဲဒီလို ခေါင်းပြူ ထွက်လာချိန်မျိုးမှာ သင့်အနေနဲ့ ရုတ်တရက် ခြေမြန်၊ လက်မြန်နဲ့ ဖျတ်ခနဲ လှမ်းဆွဲလိုက် ပြီး မိမိရရ ဖမ်းဆုပ် ထားလိုက်ဖို့လိုပါတယ်။

တခြားသူတွေရဲ့အကြီးအကျယ် အောင် မြင်တဲ့ဘဝတွေကိုတွေ့ရင် သူတို့ရဲ့ဘဝမှာ ရင်းနှီးပေးဆပ်ခဲ့ရတဲ့ ဆုံးရှုံးမှုတွေရှိခဲ့ဖူးတာ ကို သဘောပေါက်လိုက်ပါ။ မိမိမျက်မှောက် မှာ လက်တွေ့အောင်မြင်သွားကြတဲ့သူတွေ ဟာ အခွင့်အလမ်းသမားတွေဖြစ်ပါတယ်။ သူတို့ဟာ သူတို့ဘဝလမ်းကြောင်းပေါ်က တွေ့ကြုံလာတဲ့ အခွင့်အလမ်းကောင်းတွေကို မိမိရရ ဆုပ်ကိုင် နိုင်ကြသူတွေပါ။ လူတိုင်း အောင်မြင် သွားကြ လိမ့်မယ်လို့ တော့ မမျှော်လင့် ပါနဲ့။ တချို့တလေသာ အလုပ်ဖြစ်ခဲ့ကြပြီး အများစု ကတော့ ကျဆုံးသွားတတ်ကြပါ တယ်။ ဒီ အတွက်တော့ စိတ်မပျက်လိုက်ပါနဲ့ ဦး။ အိမ်တိုင်းစေ့ ဝင်ထွက်ပြီး ဈေးရောင်းရ တဲ့ အရောင်းသမားလိုပေါ့။ တစ်အိမ်ပြီးတစ် အိမ် အငြင်းပယ်ခံရလေ သူရောင်းချရဖို့ အခွင့်အလမ်းနဲ့ ပိုမိုနီးကပ်လာလေလေပါပဲ။

သန်းကြွယ်သူဌေးကြီးတစ်ဦးကတော့ သူစတင်ခဲ့တဲ့ စီးပွားရေးလုပ်ငန်းခုနစ်ခုမှာ နှစ်ခုလောက်ပဲ အလုပ်ဖြစ်ခဲ့တယ်လို့ဆိုပါ တယ်။ ပြီးတော့ အဲဒီအလုပ်ဖြစ်ခဲ့တဲ့စီးပွား ရေးလုပ်ငန်းကပဲ အရှုံးပေါ်တဲ့ တခြားစီးပွား ရေးလုပ်ငန်းငါးခုကို ဖာထေးစရာဖြစ်ခဲ့ပါ တယ်။ ဒီနည်းနဲ့ သူ့ရဲ့ကိုယ်ပိုင်ဥစ္စာဓနတွေ ဟာ တဖြည်းဖြည်း ကြီးထွားလာပါတယ်လို့ ဝန်ခံပါတယ်။

အခွင့်အလမ်းကို မြင်တတ်ဖို့လိုတယ်

စီးပွားရေးသမားတွေဟာ အခွင့်အလမ်း ကို မြင်တတ်အောင် သူတို့ရဲ့ဦးနှောက်ကို လေ့ကျင့်မွေးမြူထားကြပါတယ်။ သူတို့ရဲ့ မျက်လုံးပေါ်က အဝတ်တွေကို ခွာချလိုက်ကြ ပါတယ်။ အထူးသဖြင့် နှလုံးသားကို တံခါး ဖွင့်ထားကြတဲ့အတွက် ပိုပြီး မြင်နိုင်၊ ကြား နိုင်ကြပါတယ်။

တရုတ်နိုင်ငံရဲ့ နိုင်ငံရေးသိပ္ပံအပေါ် ဝေဖန်သုံးသပ်ရာမှာ ထင်ရှားတဲ့ နာမည်ကျော် တရုတ်ရှေးဟောင်း စစ်သေနင်္ဂ ဗျူဟာကျမ်း ဖြစ်တဲ့ ‘စစ်ရေးပညာ’ စာအုပ်ကို ရေးသား ခဲ့သူ စာရေးဆရာ ဆွန်ဇူး က
‘အခွင့်အလမ်း ဆိုတာ သူ့ကို အမိ ဖမ်းမိ တာနဲ့ အမြှောက် ဂဏန်းလို ကိန်း ဂဏန်းတွေ ဆပွား သွားတတ် ပါတယ်’
လို့ ဆိုပါတယ်။ ဒါဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၅ဝဝကျော်က မှန်ကန်ခဲ့သလို ခုလည်း မှန် နေတုန်းပါပဲ။

အခွင့်အလမ်း နဲ့ အခက်အခဲ

အခွင့်အလမ်းတစ်ရပ်နဲ့တွေ့လိုက်တာ နဲ့ ကျွန်တော်တို့အားလုံး ရင်ဆိုင်ကြရမယ့် အကြီးကျယ်ဆုံး အခက်အခဲကတော့ ဘယ် အခွင့်အလမ်းက မိမိအတွက် သင့်တော်မှန် ကန်ပြီး ဘယ်အခွင့်အလမ်းကတော့ မသင့် လျော်ဘူးဆိုတာကို ဆုံးဖြတ်ဖို့ပါပဲ။ နောက် တစ်ချက်က အဲဒီသင့်တော်တဲ့အခွင့်အလမ်း ကို အမိအရဖမ်းဖို့ဖြစ်ပါတယ်။ ဘဝမှာ အရေးအကြီးဆုံးကတော့ ဘယ်အချိန်မှာ ရှေ့ တစ်လှမ်းတိုးရမယ်ဆိုတာကို သိဖို့ပါပဲ။

သင့်အတွက် အခွင့်အလမ်းတစ်ရပ်ဟာ သင်အမိအရ ဖမ်းဆုပ်ရမယ့် ရွှေရောင်လွှမ်း တဲ့အခွင့်အလမ်းမျိုးလား၊ ဒါမှမဟုတ် အဲဒီ အခွင့်အလမ်းဟာ တခြားတစ်စုံတစ်ယောက် အတွက် ချန်ထားသင့်သလားဆိုတာကို သင် ဘယ်လိုဆုံးဖြတ်လဲ။ ပထမဆုံး သင်လုပ်ရ မှာကတော့ အကြောင်းရင်းနှစ်ရပ်ကို အဓိပ္ပာယ်ဖွင့်ဆိုဖို့ပဲဖြစ်ပါတယ်။

ဘဝ ရည်မှန်းချက်နဲ့ လူစွမ်းလူစ

ဒီအချက်က ခက်ခက်ခဲခဲ မဟုတ်ဘူး ထင်ရပေမဲ့ လက်တွေ့ဘဝမှာတော့ ဒီအခြေ ခံအချက်က သွေဖည်ပြီး ကာလရှည်စွာ လျှောက်လှမ်း နေသူများအဖို့ စိတ်ပျက်စရာ ဆုံးရှုံးမှု များစွာနဲ့ ရင်ဆိုင်ကြရပါတယ်။ ဒါ့ ကြောင့် စိတ်ကူးသစ်၊ အကြံဉာဏ်သစ်နဲ့ ထူး ခြားတဲ့ အခွင့်အလမ်း သစ်တွေ ပေါ်လာတိုင်း လက်တွေ့ဘဝနဲ့ယှဉ်ပြီး စစ်ဆေးကြည့်ပါ။ ၁ဝချက်မှာ ၁ဝချက်စလုံး အပြည့်အဝတိုက် ဆိုင်မှု ရှိနေပြီ ဆိုရင်တော့ ဝင်စတန်ချာချီပြော သလို ‘အခွင့်အလမ်းကောင်းကြီးတစ်ရပ်ကို ခလုတ်တိုက်မိပြီ’ လို့ ဆိုရပါလိမ့်မယ်။

စီးပွားရေးလုပ်ငန်းရှင်များဟာ မှန်ကန် တဲ့အချိန်၊ မှန်ကန်တဲ့နေရာဒေသကို တစ်ပြိုင် နက်တည်း ပေါင်းဆုံမိစေပြီး အခွင့်အလမ်း ကိုဆုပ်ကိုင်ကာ ရှေ့တစ်လှမ်းတိုးနိုင်ခဲ့ကြသူ တွေဖြစ်ပါတယ်။

ဟောဒီ ကမ္ဘာလောကကြီးပေါ်မှာ သင့် အတွက် အခွင့်အလမ်းပေါင်း ထောင်သောင်း မက ရှိနေကြပါတယ်။ ဘာဖြစ်လို့ အခွင့် အလမ်းကို ထိုင်စောင့်နေကြဦးမှာလဲ။

အခွင့်အလမ်းကို ရွေးချယ် ရအောင်

၁။ အခွင့်အလမ်းဟာ မိမိရဲ့ပင်ကိုစွမ်းရည် နဲ့ လွဲချော်နေပါသလား

ဒါက အရေးအကြီးဆုံး မေးခွန်းပါ။ အခွင့်အလမ်းဟာ သင့်ရဲ့ ယုံကြည်မှုနဲ့လွဲ ချော်နေတာမျိုးဆိုရင် အဲဒီအခွင့်အလမ်း မျိုးကို တပ်မက်မနေပါနဲ့၊ သံယောဇဉ် တွယ် မနေပါနဲ့၊ ထားခဲ့လိုက်ပါ။

၂။ သက်ဆိုင်ရာပုဂ္ဂိုလ်တွေက မိမိပုံစံနဲ့ ကိုက်ညီပါရဲ့လား

လူအများဟာ မိမိနဲ့သဘောတူ၊ စိတ်တူ၊ ဆန္ဒတူသူတွေနဲ့သာ စုပေါင်းပြီး စီးပွားရေး လုပ်ကြတာဖြစ်ပါတယ်။ စီးပွားရေးအရ ပြိုင် ဆိုင်ကြတာမျိုးမဟုတ်ဘဲ ပုဂ္ဂိုလ်ဆက်ဆံရေး မှာပါ ယှဉ်ပြိုင်လိုသူတွေ ရှိနေခဲ့ရင်၊ ရှိနေ လိမ့်မယ်လို့ ယူဆရရင် အဲဒီအခွင့်အလမ်း ကိုလည်း မေ့ထားလိုက်ပါ။

၃။ မိမိရဲ့ဘဝရည်မှန်းချက်ကိုဖြည့်ဆည်း ပေးနိုင်ပါသလား

ဘယ်လောက်ကောင်းမွန်တဲ့အခွင့် အလမ်းမျိုးပဲဖြစ်ပါစေ၊ မိမိရဲ့လက်ရှိရည်မှန်း ချက်ပန်းတိုင်နဲ့ ဆန့်ကျင်နေတာမျိုးဆိုရင် လည်း သင့်စိတ်ထဲမှာ ရာနှုန်းပြည့် နှစ်ခြိုက် ပျော်မွေ့ဖို့ လမ်းမမြင်ပါဘူး။ လုပ်ငန်းခွင်မှာ ရာနှုန်းပြည့်ပျော်ရွှင်မှုမရှိဘူးဆိုရင်လည်း နောင်တစ်ချိန်မှာ အခက်အခဲ ပြဿနာတွေနဲ့ ရင်ဆိုင်ရတတ်ပါတယ်။

၎။ နှစ်ခြိုက် ပျော်ရွှင်ပါရဲ့လား

မိမိရဲ့စီးပွားရေးလုပ်ငန်းနယ်ပယ်မှာ စိတ်နှလုံးနှစ်ခြိုက်ပျော်ရွှင်ဖို့ဆိုတာ အထူးလို အပ်ချက်ပါ။ ဘယ်လိုစီးပွားရေးလုပ်ငန်းမျိုး မဆို အချိန်နဲ့လုပ်အားများစွာ စိုက်ထုတ်ရ ပါတယ်။ သင့်အနေနဲ့ အချိန်တိုင်း အချိန် တိုင်းမှာ ပျော်ရွှင်မှုမရရှိနိုင်ဘူးလို့ယူဆရင် လည်း အဲဒီအခွင့်အလမ်းမျိုးကို ခေါင်းထဲ ထည့်မနေပါနဲ့တော့။ သင့်အတွက် ပိုမိုနှစ် ခြိုက်ပျော်ရွှင်မှုကိုပေးမယ့် တခြားအခွင့် အလမ်းတွေ ရှိနေဦးမှာပါ။

၅။ အချိန်ကို စီမံခန့်ခွဲပါ

လက်ရှိလုပ်ငန်းခွင်မှာပဲဖြစ်စေ၊ မိသားစု ဘဝမှာဖြစ်စေ၊ စိတ်အပန်းဖြေရာကိစ္စမျိုးတွေ မှာဖြစ်စေ ကျွန်တော်တို့ဘဝတစ်ခုလုံးဟာ လုပ်စရာ၊ ကိုင်စရာတွေနဲ့ပြည့်နေတတ်ပါ တယ်။ စီးပွားရေးလုပ်ငန်းတစ်ခု စတင်ရာမှာ လည်း တစ်စုံတစ်ခုကိုတော့ ရင်းနှီးရပါလိမ့် မယ်။ အဲဒီစီးပွားရေးလုပ်ငန်းတစ်ခုမှာ လက် တွေ့အားဖြင့် အချိန်ဘယ်လောက်ယူပြီး အကောင်အထည်ဖော်ရမယ်ဆိုတာကို ကြို တင်တွက်ဆရပါလိမ့်မယ်။ အဲဒီအတွက် လို အပ်မယ့်အချိန်ကို ဘယ်လိုစီမံခန့်ခွဲရမလဲဆို တာ၊ ဘယ်လောက်ထိ အချိန်ပေး ရင်းနှီး မြှုပ်နှံရမလဲဆိုတာ သင့်ဘက်က အသင့်ပြင် ဆင်ထားပြီးပါပြီလား။

၆။ ငွေကြေးလိုအပ်ချက်

‘ဘာမှ မရင်းနှီးရင် ဘာမှမရနိုင်ဘူး’ တဲ့။

ရှိတ်စပီးယားရဲ့ပြဇာတ်ထဲက လီယာ မင်းကြီးရဲ့စကားက အခွင့်အလမ်းသစ် အတွက် အမှန်တကယ်ကုန်ကျမယ့် ရင်းနှီး မြှုပ်နှံမှုကို ညွှန်ပြနေပါတယ်။ ကုန်ကျစရိတ် ရဲ့ တခြားဘက်မှာ အမြတ်အစွန်းက ရှိနေရ ပါမယ်။ မမျှော်လင့်ဘဲ အကျိုးဆက်က ပြောင်းပြန် ဇောက်ထိုးဖြစ်ခဲ့ရင်ကော ဘယ် လိုဖြစ်လာမလဲ။ စီးပွားရေးလုပ်ငန်းရှင်တစ်ဦး အဖို့ လုပ်ငန်းရင်းနှီးမှုတွေက ရေတို၊ ရေ လတ်၊ ရေရှည်အားဖြင့် ဘယ်လိုအကျိုး အမြတ်တွေ ရရှိနိုင်မလဲ။

ကုန်ကျစရိတ်များကို ပိုပိုသာသာထည့် တွက်ပါ။ ဝင်ငွေကို လျှော့တွက်ပါ။ ပြီးမှ စီး ပွားရေးစီမံချက်ကို ပြန်လည်ရေးဆွဲပါ။

၇။ မိသားစုတွေ၊ အပေါင်းအသင်းတွေက ဘာပြောကြမလဲ

ခံနိုင်ရည်ရှိဖို့က သိပ်ကိုအရေးကြီးပါ တယ်။ ရရှိလာမယ့်အခွင့်အလမ်းက သင့်ရဲ့ ပင်ကိုစွမ်းရည်နဲ့ ထပ်တူထပ်မျှ ကိုက်ညီမှု ရှိဦးတော့၊ သင့်အတွက် အရှက်ရစေမယ့်လုပ် ငန်းမျိုးဆိုရင် အဲဒီလုပ်ငန်းကို မစတင်ပါနဲ့။ သင့်ရင်သွေးငယ်များရှေ့ရေးကို ထည့်သွင်း စဉ်းစားပါ။ သင့်ရဲ့ရင်သွေးငယ်များက သူတို့ ရဲ့သူငယ်ချင်းတွေကြားမှာ ဘာပြန်ပြောကြ မလဲ။

၈။ အခွင့်အလမ်းကို လက်လွှတ်ခဲ့ပြီး နောက် တစ်နှစ်အကြာမှာ ဘယ်လိုခံစားရ မလဲ

နောင်တရခြင်းက ဆိုးဝါးလှပါတယ်။ တခြားကိစ္စရပ်တွေအားလုံးအဆင်ပြေကောင်း မွန်ပါလျက် လက်လွှတ်ခဲ့ရတဲ့ အဓိက အကြောင်းရင်းဟာ စိုးရိမ်ကြောင့်ကြမှုကြောင့် လို့ဆိုရင် သင့်ဘဝတစ်လျှောက်လုံးမှာ သင့်ရဲ့ နေ့ရက်တွေကို နောင်တတရားကပဲ လွှမ်းမိုး စေတော့မှာလား။

အမေရိကန် နိုင်ငံရေးသမား James F-Byrnes ရဲ့ စကား တစ်ခွန်း ရှိပါတယ်။

‘လူတော်တော် များများဟာ အခွင့် အလမ်းထက် သေချာမှု ကိုပဲ တွေးတော နေတတ် ကြတယ်။ သူတို့ အတွက် ရှင်သန်ခြင်း ဟာ သေဆုံးခြင်း ထက်တောင် ပိုပြီးကြောက် စရာကောင်းနေပုံပဲ’


၉။ ဒီနေ့ မှားခဲ့တာတွေဟာ မနက်ဖြန် အတွက် အမှန်ဖြစ်မတဲ့လား

တချို့အခွင့်အလမ်းတွေက ကျွန်တော် တို့ရဲ့ဘဝအတွေ့အကြုံများအရ ရှေ့တစ်လှမ်း ကြိုရောက်နေသလို ထင်မှတ်ရပါတယ်။ ဒီနေ့ မဖြစ်နိုင်ဘူးလို့ ယူဆရတဲ့အိပ်မက်တွေဟာ အနာဂတ်အတွက် စံပြအခွင့်အလမ်းတွေဖြစ် နေတတ်ပါတယ်။

သင့်ကိုယ်သင် မေးကြည့်ပါ။

ဒီအခွင့်အလမ်းတွေဟာ သင့်အတွက် အသုံးချဖို့ စုဆောင်းထားရမယ့်ကိစ္စလား၊ စုဆောင်းရုံသက်သက်နဲ့လည်း အလုပ်ဖြစ် လိမ့်မယ်မဟုတ်ပါ။ စိတ်ကူးနဲ့ဖြစ်ဖြစ်၊ စာ ရွက်ပေါ် ချရေးပြီးတော့ပဲဖြစ်ဖြစ် မကြာခဏ ဆိုသလို အခွင့်အလမ်းကို ပြန်လည်ဆန်းစစ် ကြည့်ဖို့ လိုပါတယ်။

တကယ်လို့ သင့်အကြံအစည်က သင့် လျော်ပြီး အချိန်အခါသင့်ပြီဆိုတာနဲ့ ချက် ချင်းအကောင်အထည်ဖော်ဖို့ စတင်လိုက်ပါ တော့။

၁ဝ။ ဘဝတစ်လျှောက်လုံး ဘာမှဖြစ်ဖြစ် မြောက်မြောက် မလုပ်ဖြစ်ခဲ့ဘူးလား။ ဒီ တစ်ကြိမ်မှာတော့ တကယ်လုပ်ဖြစ်ပြီလား

ဒီမေးခွန်းက သိပ်ကိုအရေးပါတဲ့မေး ခွန်းပါ။ စိတ်ကူးသစ်၊ အကြံအစည်သစ်၊ အခွင့်အလမ်းသစ်အားလုံးကို သင့်ဘဝတစ် လျှောက်လုံးအတွက် လုံးဝနစ်မြုပ်လုပ်ဆောင် ရမယ့်အလုပ်အဖြစ် သဘောထားပါ။ သင် စိတ်ပါဝင်စားမှုရှိနေသေးရဲ့လား၊ ရှိနေသေး တယ်ဆိုရင် သင်ဟာ သင့်ရဲ့အိပ်မက်ကို ရှာ ဖွေတွေ့ရှိပြီလို့ ဆိုရပါလိမ့်မယ်။

‘အောင်မြင်တဲ့ ပုဂ္ဂိုလ် တိုင်းဟာ အခွင့် အလမ်း များကို မလိုချင် တော့ဘူး လို့ ဘယ်တုန်းက မှ မညည်း တွား ခဲ့ကြပါ’

ရဗ်ဝေါဒို အီမာဆန် (၁၈ဝ၃-၁၈၈၂)

အမေရိကန် ကဗျာဆရာ၊ စာရေးဆရာ တွေးခေါ်ပညာရှင်


Ref: 'Ringing on a broken doonbell'

Internet Marketing အင်တာနက် ဈေးကွက် တင်ခြင်း

Internet Marketing အင်တာနက် ဈေးကွက် တင်ခြင်း

B2B လုပ်ငန်းခြင်း ဆက်ဆံတဲ့ နယ်ပယ်မှာ အင်တာနက်ဟာ လုပ်ငန်း လက်တွေ့တွေ နဲ့ လုပ်ငန်း ထိရောက်မှု တွေကို တော်လှန် ပြောင်းလဲ လိုက်ပါတယ်။ ကုမ္ပဏီ တွေဟာလည်း ထောက်ပံ ပေးသွင်း သူတွေ၊ ကုန်ဈေးနှုန်း တွေနဲ့ ပတ်သတ်ရင် အချက်အလက် အဆမတန် ပိုရ လာတယ်။ လေလံ တင်တာတွေ ကို ပိုမို မှီခို လာတယ်။ ကမ်းလှမ်း ဈေးဆို ချက်တွေကို တောင်းခံ လာတယ်။ Net ကွန်ရက် ပေါ်မှာပဲ အလွန်များ လာတဲ့ အလုပ် ဖြစ်မြောက်ရေး ကိစ္စ တွေ ဆောင်ရွက် လာကြတယ်။ ဒါပေမဲ့ ပျမ်းမျှ ကုမ္ပဏီတိုင်း ဟာ အင်တာနက် က ပေးနိုင်တဲ့ စွမ်းအား ရဲ့ 10% လောက်ပဲ သုံးနေ ကြပါ သေးတယ်။ ကုမ္ပဏီ အများ အပြား ဟာ ကုမ္ပဏီ ၀က်ဆိုဒ် တစ်ခုလောက် ဖွင့်လိုက်ပြီ ဆိုယုံနဲ့ အင်တာနက် က ပေးနိုင် စွမ်းအား တွေကို ရနေပြီ ဆိုတဲ့ လွဲမှားစွာ ယုံကြည်လေ့ ရှိတယ်။

၁. ကုမ္ပဏီ တစ်ခုအတွက် ၀က်ဘ်ဆိုက် ကောင်းကောင်း တစ်ခုရဲ့ လက္ခဏာ ရပ်တွေက ဘာတွေလဲ ?

ကုမ္ပဏီတိုင်းဟာ မိမိတို့ရဲ့ ရည်ရွယ်ချက်၊ နောက်ခံသမိုင်း၊ အထွက် ပစ္စည်း၊ ကြည့်မြင်ပုံနဲ့ အခြား ကိစ္စ တော်တော် များများ ကို ဖြော်ပ နိုင်စွမ်း ရှိမယ့် ၀က်ဘ်ဆိုက် ကို ဒီဇိုင်း ထုတ်သင့် တယ်။ အဲဒီ ၀က်ဘ်ဆိုဒ် ဟာ ကုမ္ပဏီကို ဆက်သွယ်ဖို့ လွယ်ကူတဲ့ နည်း လမ်း တစ်ခု အထင်အရှား ပါဝင် ရမယ်။ ၀က်ဆိုက် ကို တက်ပြီး ကြည့်သူ တွေ ပြန်လည် ပေးပို့ ချင် စေမယ့် ပြောင်းလဲ နေတဲ့ အခြေခံ ဘောင်ထဲက အတွင်း သရုပ်သစ် တွေကို အထင်အရှား ဖော်ပြ နေရမယ်။ ၀က်ဆိုဒ်ဟာ စိတ်ဝင်စား စရာ ဂရပ်ဖစ် ရုပ်ပုံတွေ နဲ့ ကွန်ပြူတာ ဖန်သားပြင် ကို ချက်ချင်း တင်နိုင် စွမ်းရှိရမယ်။ ၀က်ဘ်ဆိုက် ဟာ အီလက်ထရောနစ် အရောင်းအ၀ယ် ဆိုက်အဖြစ် သူ့ကို ပြောင်းစေမယ့်၊ အရောင်းအ၀ယ် ဖြစ်ရေး အလုပ် ဖြစ်ရေး ဆိုတဲ့ အတွင်း သဘောကို ပေးခြင်း သက်သက် ထက် ကျော်လွန် နေစေ ရမယ်။

၂. အင်တာနက်ကတဆင့် ကုန်စည်ဝယ်ယူခြင်းရဲ့ အကန့်အသတ်တွေက ဘာတွေလဲ ?

ဝယ်သူတွေ ဟာ မ၀ယ်ယူမီမှာ ကုန်ပစ္စည်း တွေကို ကိုင်တွယ်တာ စစ်ဆေးတာ လုပ်လို့ မရဘူး (မကျေနပ် ရင်တော့ ပြန်ပို့လို့ ရပါတယ်။) ၀ယ်သူ တွေဟာ ပို့ပေး မဲ့ကုန် ပစ္စည်း တွေကို စောင့်ရတယ်။ (တစ်ခါ တလေ ၂ရက်ပဲ ကြာပါတယ်) လက်လီ ဆိုင်မှာ ၀ယ် ရင်တော့ အများအားဖြင့် ၀ယ်တဲ့ ပစ္စည်း အများအပြား ဟာ အဲဒီနေ့မှာပဲ လက်ခံ ရရှိလေ့ ရှိတယ်။ ၀ယ်သူ တွေဟာ စတိုးဆိုင် တွေမှာ ဘယ်သူနဲ့ မဆို မျက်နှာချင်းဆိုင် စကားပြော လို့ ရပေမယ့် အင်တာနက် က တဆင့် ဆိုရင် ဒါမျိုးလုပ် လို့ မရ တော့ဘူး။ အင်တာနက် စကားဝိုင်းမှာ ပြောရင် ပြောနိုင်တယ်။ တယ်လီဖုန်း က နေပြီး ပြောရင် ပြောနိုင်တယ်။ တစ်နေ့ ကျရင်တော့ ၀ယ်သူ တွေဟာ ရောင်းသူ တွေကို မိမိတို့ရဲ့ ကွန်ပြူတာ ဖန်သားပြင် ပေါ်မှာ တွေ့မြင် လာပါ လိမ့်မယ်။

၃. အွန်လိုင်း ကုမ္ပဏီ အများအပြား ပေါက်ကွဲ ပျက်စီး ခဲ့ကြတယ်၊ ဘာကြောင့်လဲ ?

အွန်လိုင်း စီးပွားရေး ကုမ္ပဏီသစ် တွေဟာ ဈေးကွက်ထဲ ကနေ ငုပ်နေတဲ့ လိုအပ်မှု တစ်ချို့ကို ဖြည့်တင်းရေး ဆိုတဲ့ ကောင်းမွန်တဲ့ စိတ်ကူး တွေ အများ အားဖြင့်ရှိကြ ပါတယ်။ ဒါပေမဲ့ အွန်လိုင်း စွန့်ထွင် လုပ်ငန်းရှင် တော်တော် များများဟာ နည်းပညာ အရ ထက်မြက် ခေတ်မီ သလောက် ဈေးကွက်တင် ကျွမ်းကျင်မှုနှင့် ဘဏ္ဍာရေး ကျွမ်းကျင်မှု တွေ ချို့ယွင်း နေကြတယ်။ ဒီကုမ္ပဏီ တွေ ဟာ စီးပွားရေး လုပ်ငန်း စံနမူနာ ကောင်း တစ်ခုကို မတည်ဆောက် နိုင်ခဲ့ ကြဘူး။ အွန်လိုင်း ကုမ္ပဏီ အများအပြား ပေါက်ကွဲ ပျက်စီး ရခြင်းနဲ့ အဓိက အကြောင်းရင်း တွေ ကို အောက်ပါ အတိုင်း ဖော်ပြ လိုက်တယ်။

အွန်လိုင်း စွန့်ထွင် လုပ်ငန်းရှင် အများအပြား ဟာ လိုအပ် တဲ့ သုတေသန တွေ စီမံကိန်း တွေ မပြုလုပ်ပဲ ဈေးကွက်ထဲကို အလောတကြီး ၀င်ခဲ့ ကြတယ်။ သူတို့ စာအမျိုးကွဲ တစ်ခုထဲ ပထမဆုံး ၀င်ရောက်တဲ့ ကုမ္ပဏီဟာ အဲဒီအမျိုးကွဲ မှာ ထိပ်တန်း နေရာ ရရမယ် ဆိုတဲ့ ယုံကြည်မှု ကို စွဲကိုင်ပြီး ၀ယ်ယူသူ ဖောက်သည် အသစ် တွေ ရယူ သိမ်းသွင်းရေး သန္ဓိဌာန် ချထား ကြတယ်။ အဲဒီ စွန့်ထွင် လုပ်ငန်းရှင် တွေ ဟာ ၀ယ်ယူသူ ဖောက်သည် တွေ ရရှိအောင် အလုံးအရင်း ဈေးကွက် တင်ခြင်း အတွက် ငွေတွေ ပုံသုံး ကြပြီး ကိုယ့် နာမည်ကို ကိုယ့်လုပ်ငန်း ကို ထုတ်လွှင့်ဖို့ ကွန်ပြူတာ ဗဟို ထိန်းချုပ်မှု အပြင်အပ ထုတ်လွှင့်မှု များက နေလဲ အကြီးအကျယ် ကြော်ငြာ ကြတယ်။ အဲဒီတုန်းက ဖြစ်သင့်တာ ကတော့ သူတို့ဟာ ပစ်မှတ် ရွေးချယ် ထားတဲ့ ဈေးကွက် တင်ခြင်းနဲ့ Virtual ဈေးကွက် တင်ခြင်း တွေကို ပိုပြီး အမှီပြု ရမယ်။ သူတို့ဟာလက်ရှိ ၀ယ်ယူသူ ဖောက်သည် ထဲက မြဲမြံ သစ္စာရှိတဲ့ သုံးစွဲသူတွေ၊ အကြိမ်ကြိမ် ထပ်ပြီး သုံးစွဲသူတွေ ဖြစ်လာအောင် တည်ဆောက်မယ့် အစား ၀ယ်ယူသူ ဖောက်သည် တွေ ရရှိ သိမ်းသွင်းရေး ကို အလွန်အကြူး ပြုလုပ်ခဲ့ ကြတယ်။

သူတို့ဟာ Online Surfing အွန်လိုင်းပေါ် လိုက်တက်ပြီး ဈေးဝယ် နေကြတယ်တဲ့။ ၀ယ်ယူသူ ဖောက်သည် ရဲ့ ပြုမူ ကျင့်ကြံပုံ တွေကို တကယ်တန်း နားမလည် ခဲ့ကြဘူး၊ ၀က်ဘ်ဆိုက် တော်တော် များများ ဟာ တည်ဆောက် ဖွဲ့စည်းပုံ သိပ်ညံ့တယ်။ ပြဿနာ ပေါင်းစုံ သပွတ်အူလိုက် နေပြီး လမ်းကြောင်း ရှာရတာလဲ ခက်တယ်၊ မကြာခဏ လဲ ရပ်သွား တတ်တယ်။ အွန်လိုင်း ကုမ္ပဏီ အများအပြား ဟာ ပစ္စည်း အချိန်မီ ပေးပို့ရေး အတွက် လုံလောက် တဲ့ အခြေခံ အဆောက်အဦး ကျားကန်မှု မရှိဘူး၊ ၀ယ်ယူသူရဲ့ စုံစမ်းမှု တွေကိုလဲ အချိန်မှီ ဖြေကြား နိုင်မယ့် အခြေခံ အဆောက်အဦး နောက်ခံ မရှိဘူး။ ၀က်ဆိုက် တော်တော် များများဟာ အဆုံးသတ် ကာလ ရောက်ရင် အမြတ်အစွန်း ရစေမယ့် စီးပွားရေး စံနမူနာ ကို မတည်ဆောက် နိုင်ခဲ့ကြဘူး၊ ၀ယ်ယူချင် သူများ အနေနဲ့ ကိုယ် ကြိုက်တဲ့ ဈေးနှုံးကို ၀က်ဘ်ဆိုက် တွေမှာ လိုက်ရှာလို့ လွယ်လာတဲ့ အတွက် အီလက် ထရောနစ် ရောင်းဝယ်ရေး ၀က်ဘ်ဆိုက် တွေဟာ အမြတ်အစွန်း နဲနဲမှ မယူတဲ့ ဈေးနှုံး နိမ့်နိမ့် ကိုပဲ သတ်မှတ်ဖို့ မလွဲမရှောင်သာ လုပ်ကုန် ကြတယ်။

အွန်လိုင်း ကုမ္ပဏီ တော်တော် အများအပြား ပေါက်ကွဲ ပျက်စီး ရတယ် ဆိုပေမဲ့ eBay, Amazon နဲ့ Google စတဲ့ အွန်လိုင်း ကုမ္ပဏီ ၀က်ဘ်ဆိုက် တွေကတော့ အောင်မြင် လာကြတယ် ဆိုတာ သတိပြုဖို့လိုပါတယ်။

ဆရာ နေဦးဝေ ၏ စာအုပ်မှ မှီငြိမ်းပါသည်။
Dream

နှလုံးသားထဲက Entrepreneur (3)

စွန့် ဦးတည်ထွင်သူတစ်ယောက်ရဲ့  လိုအပ်တဲ့ စွမ်းအားတွေထဲမှာပေါ့လေ (Creativity Power ) လို့ ခေါ်တဲ့တည် ထွင်ဖန်တီးနိုင်မှုစွမ်းအားဟာလဲ သိပ်အရေးပါတဲ့ စွမ်းအားတစ်ခု။ မရှိမဖြစ်လိုအပ်တဲ့စွမ်းအားတစ်ခု ဖြစ်တယ်။ တကယ်တော့ဖန်တီးခြင်ဟာ တုပခြင်းမဟုတ်ပါဘူး။ ဖန်တီးမှုရဲ့ ဖြစ်တည်မှုဟာ ဆန်းသစ်မှုတွေကို မွေးဖွား ပေးတယ်။ စွန့် ဦးတည်ထွင်သူဆိုတာဟာအားလုံးသိကြတဲ့အတိုင်းအဟောင်းတွေထဲမှာ သံသရာလည်နေသူတွေ မဟုတ်ဘူး။ အပြောင်းအလဲတွေကိုရှာဖွေနေသူတွေ။ အပြောင်းအလဲကြောင့်ဖြစ်ပေါ်လာမယ့်ဖြစ်တည်မှုအသစ်တွေကိုရင်ခုန်စွာစောင့်ကြည့်ရဲသူတွေဖြစ်တယ်လို့ ကျနော်ယုံကြည်ပါတယ်။ဒီတော့ Entrepreneur တစ်ယောက်ဖြစ်ဖို့ လို့ ရှိရင် အပြောင်းအလဲကိုရှာဖွေရဲသူ/ အပြောင်းအလဲရဲ့ အကျိုးအသစ်အဆိုးအပြစ်တွေကိုခံစားရဲသူဖြစ်ဖို့ လိုတယ်လေ။ ဒီတော့ အသစ်ရှာဖွေဖို့ အတွက်ဆိုရင် Entreprenur တစ်ယောက်မှာလွတ်လပ်ပေါ့ပါးသောနှလုံးသားကို ပိုင်ဆိုင်ထားဖို့ လိုတယ်လို့ ယူဆတယ်။ နှလုံးသားလွတ်လပ်ခွင့်လိုတယ်လို့ဘာကြောင့်ပြေရ သလဲလို့ ဆိုရင် နင့် နင့် နဲနဲ ခံစားတက်တဲ့အသိတစ်ခုရဲ့ နောက်ကွယ်မှာ ထွက်ပေါက် အသစ်တွေရှိနေတယ်လို့ ကျနော့်အနေနဲ့ ယုံကြည့်လို့ဘဲ။ ခံစားမှုကို စည်းရိုး ကာ ထား ခြင်းဟာ လွတ်လပ်သောအတွေးအခေါ်ကို အကျယ်ချုပ်ချထားခြင်းတစ်မျိုးဖြစ်တယ်။ ဒီနေရာမှာ ကျနော်ပုံပြင်လေး တစ်ခုနဲ့ ဥပမာပေးချင်တယ်။ တစ်ခါတုန်းကပေါ့ မြေရှင်အဘိုးကြီးတစ်ယောက်က လယ်သမားကြီးတစ်ယောက်ကိုငွေချေးတယ်။ ငွေချေးတဲ့အခါ အဲဒီနှစ်မှာ စပါးကနဲ အထွက်မကောင်းတော့ အကြွေးမဆပ်နိုင်ဘူး။ ဒီအကြွေးမဆပ်နိုင်တဲ့အဘိုးကြီးမှာက ၁၇ ၁၈ လောက် သမီးချောလေးတစ်ယောက်ရှိတယ် ။ ဒီတော့ မြေရှင်အဘိုးကြီးက သူ့ကို ဒီကောင်မလေးနဲ့ပေးစားရင် အကြွေးကိုလျှော်လိုက်မယ်ပေါ့။ ဒီလိုမဟုတ်ရင် တရားစွဲထောင်ချမယ်ဆိုတော့ အတော်လေးကိုခက်နေတယ်။ ကောင်မလေးကလဲ ဒီအဘိုးကြီးကို မလိုချင်ဘူး။ ဟုတ်တယ်လေ သူက နုနုထွတ်ထွတ်လေး။ ဟိုက အသက်က ဂိမ်းဘောဆိုက်နေတဲ့ဟာကြီးကို ။ ဒီတော့ မြေရှင်အဘိုးကြီးက အကြံတစ်မျိုးပေးတယ်။ သူတို့လက်ထက်က သုံးတဲ့ ငွေထည့်တဲ့ ကတ္တီပါအိပ်ကလေးထဲမှာ ကျောက်ခဲ အဖြူတစ်လုံး အနက်တစ်လုံး ထည့်လိုက်မယ်။ အဖြူကို နှိုက်မိရင်ကောင်မလေးကိုလဲ မယူဘူး အကြွေးလဲလျှော်မယ်။ အနက်ကိုနှိုက်မိရင် သူ့ကိုယူရမယ်ပေါ့။ ဒီတော့ အခြေအနေက ၅၀% စီလေ။ ဒီတော့ သူလက် ခံရတော့မှာပေါ့။ အဲဒီမှာ အဘိုးကြီးက ကျောက်ခဲအနက်နှစ်လုံးကို မသိမသာ ကတ္တီပါအိပ်ထဲကို ဖျက်ခနဲ ဖမ်းထည့်လိုက်တယ်။ ဒါကိုကောင်မလေး က ရိပ်ဆို တွေ့လိုက်တယ် ။ အဲဒီမှာကောင်မလေး ဘာလုပ်မလဲ။ အဘိုးကြီးကိုကျောက်ခဲအနက်နှစ်လုံးထည့်တယ်လို့ ပြောလိုက်မလား ။ ဒါဆို အဘိုးကြီးက ဆောရီးပေါ့ သူမှားသွားတယ်ပေါ့။ ဒါမှမဟုတ် ဒါကိုဘဲ နှိုက်ပြီး ဒီအဘိုးကြီးကို ယူလိုက်မလား။ (ဒီနေရာမှာ စာဖတ်သူလူကြီးမင်းဆိုဘာလုပ်မလဲ စဉ်းစားကြည့်ပါဦး)။ အဲဒီမှာကောင်မလေးက ဘာလုပ်လဲဆိုတော့ အဘိုးကြီးလက်ထဲမှာရှိတဲ့ကတ္တီပါ အိပ်ထဲကနေ ကျောက်ခဲကိုနှိုက်ပြီး ဘေးက ကျောက်စလစ်ပုံထဲကို ဖျန်းဆို ပစ် ထည့်လိုက်တယ်။ ဟာ အဘိုးကြီးက ဘာလုပ်တာလဲဆိုတော့ ဟာကျမ အဖြေကိုမကြည့်ရဲဘူး ကျမလက်ထဲမှာ ဘာပါလာလဲ မကြည့်ရဲဘူးတဲ့။ အဘိုးကြီးအိပ်ထဲ ကကျောက်စလစ်ခဲ့ကိုကြည့်လိုက်ပါ။ အဲဒီမှာအနက်ကျန်ခဲ့ရင် ကျမ နှိုက်လိုက်တာ အဖြူပေါ့။ အဲဒီမှာတင် အကြွေးလဲကျေ အဘိုးကြီးကိုလဲ မယူရတော့ဘူး ။ခုမှ အဘိုးကြီးကလဲသူထည့်လိုက်တာ အနက်ကြီးဘဲလို့လုပ်လို့မရတော့ဘူးလေ ။ ယရက တွေဘာတွေနဲ့ တွေ့ကုန်မှာပေါ။ အဲဒီမှာကောင်မလေးစိတ်ထဲက ပြင်းထန်တဲ့ခံစားမှု တွန်းကန်အားနဲ့ ဖောက်ထွက်ခဲ့တဲ့အတွေး တစ်နည်းအားဖြင့် လွတ်လပ်တဲ့အတွေးကနေ ထွက်ပေါက် ရှာသွားနိုင်ခဲ့တယ်။ Entrepreneur ဆိုတာလဲ ဒီလို လွတ်လပ်စွာတွေးခေါ်မှုတွေကြားက တီထွင်ဖန်တီးမှု အသစ်တွေကို ရှာဖွေနိုင်သော သူများလို့ယူဆရင်း စာဖတ်သူလူကြီးမင်းနှင့်အတွေးအမြင်ခြင်းဖလှယ်လျှက်...

Marketer တိုင်းသိသင့်သော သဘောတရားများ (၁)



Boston consulting Group Matrix

Star
မြင့်မားသော ဈေးကွက် ရှယ်ယာများ၊ လုပ်ငန်း၏ ထုတ်လုပ်မှုများ ဖြင့် ဈေးကွက်အတွင်း ရပ်တည် နေနိုင်သော အနေအထား ဖြစ်သည်။ သို့ရာတွင် Star အနေအထား တွင် ရောက်ရှိနေသော စီးပွားရေး လုပ်ငန်းအနေဖြင့် မိမိ၏ ဈေးကွက် ပိုင်ဆိုင်မှုကို ဆက်လက် ထိန်း နိုင်ရန်၊ ပြိုင်ဖက် ကုန်စည် အသစ်များ ဈေးကွက် အတွင်း ဝင်ရောက် လာပါက မိမိ ကုန်စည်၏ ရပ်တည် နိုင်မှုကို ထိန်း နိုင်ရန် ငွေကြေး အရင်း အနှီး များစွာ လိုအပ် နေသည်။ Star အနေ အထားတွင် ရောက်ရှိ နေသော စီးပွားရေး လုပ်ငန်းများ သည် ဈေးကွက် ဝေစုများကို ပိုမို ခိုင်မာစွာ ရရှိ စေရန်၊ Customer Loyalty ကောင်းစွာ ရရှိ နိုင်ရန် Promotion Tools များကို သုံးခြင်းဖြင့် လည်းကောင်း၊ New Product with existing Brand ကို ဈေးကွက် ကို မိတ်ဆက်ခြင်း စသည် တို့ဖြင့် လည်းကောင်း၊ differentiation Strategy များကို သုံးခြင်း ဖြင့် လည်းကောင်း ဈေးကွက် ဝေစု (Market Share) များကို ထိန်း ထားနိုင်သည်။ သို့ရာတွင် Star အနေ အထားတွင် ရောက်ရှိပြီး ဖြစ်သောကြောင့် အထက် ဖော်ပြပါ လုပ်ဆောင်ချက်များ လုပ်ဆောင်ခြင်း မရှိပါက Star အနေအထားမှ တခဏအတွင်း Cash Cow သို့မဟုတ် Question Mark အနေအထားသို့ ရောက်ရှိ သွားနိုင်သည်။ ထို့ပြင် ဈေးကွက် ယှဉ်ပြိုင်မှု များပြားသော ယနေ့ ခေတ် စီးပွားရေး အသွင် သဏ္ဍန်သည် ဈေးကွက်ကို အစဉ်မပြတ် လေ့လာကာ Opportunity များကို ရှာဖွေ နိုင်ရန် လိုအပ်သည်။ သို့မဟုတ် ပါက လုပ်ငန်း ရပ်တည် နိုင်မှု သက်တမ်း (Life of Business' survival) တိုတောင်း သွားမည် ဖြစ်သည်။

Cash Cow
Market Share ကောင်းစွာ ရရှိ နေသော်လည်း Market Growth Rate မှာမူ နည်းနေ ပေသည်။ စီးပွားရေး လုပ်ငန်း၏ တိုးတက်မှုများ ရပ်ဆိုင်း သွားသည့် အခြေ အနေတွင် Star နေရာတွင် ရပ်တည် နေသော လုပ်ငန်း၏ အနေအထား များ အားလုံးသည် Cash Cow အနေ အထားသို့ ရောက်ရှိ သွားပေ လိမ့်မည်။ ယခု အနေ အထား တွင် ရှိသော စီးပွားရေး လုပ်ငန်း အနေဖြင့် Marketing Activities များ အတွက် ကုန်ကျ စရိတ်မှာ လွန်စွာ မြင့်မား သည့် အနေ အထားတွင် မရှိပေ။ သို့ဖြစ်ရာ ဈေးကွက် အတွင်း မိမိ ကုန်စည်ကို ဝယ်ယူ ကြသော စားသုံးသူ များအား ရေရှည် သုံးစွဲမှု (Brand Loyalty) ဖြစ်စေရန် လုပ်ငန်း အနေဖြင့် ထပ်မံ ရင်းနှီး မြှပ်နှံမှုများ ပြုလုပ် ရမည်။ ဆိုလိုရင်း မှာ လုပ်ငန်းမှ ရရှိပြီး ဖြစ်သော Market Share ကို ကာကွယ်ရန် ဖြစ်သည်။ Star မှ Cash Cow သို့ ရောက်ရှိ သွားသော စီးပွားရေး လုပ်ငန်းသည် ဈေးကွက်အတွင်း မိမိ၏ ပြိုင်ဖက် ကုန်စည်က ကောင်းစွာ ထိုးဖောက် နေရာယူ တာလား၊ မိမိ ကုန်စည်ကို customer များက လက်မခံ တော့တာ လား။ customer များက မိမိ ကုန်စည်ကို စိတ်ဝင်စားမှု၊ ယုံကြည်မှုများ လျော့နည်း သွားလို့လား၊ အထူး သဖြင့် ဈေးကွက်က မိမိ ကုန်စည်ကို လက်မခံ နိုင်သည့် အကြောင်းရင်း များကို ကောင်းစွာ လေ့လာ ဆန်းစစ် နိုင်ရန် လိုအပ် သည်။

Question Mark
Market Growth Rate မြင့်တက် နေသော်လည်း ကျဆင်း နေသော စီးပွားရေး လုပ်ငန်း များသည် ဈေးကွက် အတွင်း ယှဉ်ပြိုင်မှုများ လွန်စွာ မြင့်တက် နေခြင်း ကြောင့် ဖြစ်သည်။ ထို့ကြောင့် စီးပွားရေး လုပ်ငန်းများ အနေဖြင့် မိမိ လုပ်ငန်း၏ အလားအလာ ကောင်းသည် ဟု ယူဆပါက ရင်းနှီး ငွေများ ပိုမို သုံးစွဲ၍ Market Share မြင့်တက် လာစေရန် ဆောင်ရွက် ရမည်။

Dogs
Market Share နှင့် Market Growth Rates နှစ်ခုစလုံး တပြိုင်တည်း ကျဆင်း နေသော အနေအထားတွင် စီးပွားရေး လုပ်ငန်း အနေ ဖြင့် နောက်ထပ် ရင်းနှီး မြှုပ်နှံမှု များ ပြုလုပ်ရန် မသင့်သည့် အနေအထား ဖြစ်သည်။ သို့ဖြစ်ရာ ထို ကုန်စည်ကို ဈေးကွက်မှ နုတ်ထွက် စေရ သည်။ ဆိုလို တာက ကုန်စည်ကို ဈေးကွက်မှ နုတ်ထွက် ရန်သာ ဖြစ်ပြီး လုပ်ငန်း တစ်ခုလုံး ကို နုတ်ထွက်ရန် မလိုအပ် ပါ။ ထို ကုန်စည် ကိုပင် Brand ပြောင်းတာမျိုး၊ Package တွေပြောင်းပြီး ဈေးကွက်ကို ပြန်လည် ထိုးဖောက်ခြင်း မျိုးလည်း ပြုလုပ် နိုင်ပါသည်။

Marketer တစ်ယောက်အနေနဲ့ Boston Group Matrix တစ်ခုတည်း ကို ကျင့်သုံးရုံနဲ့ Market Leader တစ်ယောက် ဖြစ်ရန် မလွယ်ကူ ပါ။ ထို Matrix ကို Product -Market Growth Matrix နှင့် ယှဉ်တွဲ ကျင့်သုံးရန် လိုအပ် သည်။

ဆက်လက် တင်ပြပါမည်။

Sunday, September 7, 2008

To domestic foreigner Ko Shwe Bamars

“ပြည်တွင်းဖြစ် နိုင်ငံခြားသား ကိုရွှေဗမာများ သို့”


Weekly Eleven ဂျာနယ်၊ အတွဲ (၃)၊ အမှတ်စဉ် (၄၆)၊ စာမျက်နှာ (၂၀) မှ ဆရာကြီး လူထု စိန်ဝင်း ၏ ဆောင်းပါး အား ပြန်လည် ကူးယူ ဖေါ်ပြပါသည်။

“ကျွန်တော်တို့ စိတ်ဓါတ်တွေ အများကြီး ပြင်မှကို ဖြစ်မယ်ခင်ဗျ ။ သူများတွေ နဲ့ အများကြီး ပြတ်ကျန် နေရစ်ပြီ”

စင်္ကာပူမှာ ၁၀ နှစ်ကျော် သွား အလုပ်လုပ် နေခဲ့တဲ့ ကျောင်းသားဟောင်း တစ်ယောက် ခေတ္တ ပြန်လာခိုက်၊ ကန်တော့ နှုတ်ဆက်ရင်းနဲ့ ပြော လိုက်တဲ့ စကား ဖြစ်ပါတယ်။ ဟိုနိုင်ငံ ဒီနိုင်ငံ တွေ က ပြန်ရောက် လာတဲ့ လူတိုင်း ပြောမြဲ စကားမို့ မဆန်းတော့ ပါဘူး။

ဘဝင်လေဟပ် သူတွေရဲ့ စကား

စိတ်ဓါတ်တွေ ပြင်ရမယ် လို့ သာ ပြောနေတာ ဘာစိတ်ဓါတ် မျိုးတွေ ပြုပြင် ရမှာလဲ လို့ တိတိကျကျ မပြောပါဘူး။ နိုင်ငံခြားပြန်တွေ ပြောနေကျ စကား တွေ ကြားရ ဖန်များလို့ ရိုးတောင် နေပါပြီ။

“မြန်မာတွေ ပျင်းတယ်”
“မြန်မာတွေ ညံ့တယ် ၊ ဖျင်းတယ်”
“မြန်မာတွေ စည်းကမ်း မဲ့တယ်”
“မြန်မာတွေ ကြိုးစား အားထုတ်မှု မရှိဘူး”

စတဲ့ စတဲ့ အပေါ်စီးက ကြည့်တဲ့ လေသံနဲ့ ပြောစကား မျိုးတွေ ဖြစ်ပါတယ်။

နွားနဲ့ ရုန်းနေတာ ပျင်းတာလား

မြန်မာတွေ ပျင်းတယ်ဆိုတာ ဘယ်သူတွေ ကို ကြည့်ပြီး ပြောတာလဲ။ မနက် အရုဏ် မလာခင် ထ၊ ထွန်ထယ်ကို ထမ်းပြီး လယ်ထဲဆင်း တစ်နေ့လုံး နေပူကြီးထဲမှာ နွားနဲ့ အတူရုန်း အလုပ်လုပ်၊ ညနေ နေဝင်ရီ သရော မှ အိမ်ကို ပြန်ရတဲ့ မြန်မာ နိုင်ငံရဲ့ ၈၀ % လောက် ရှိတဲ့ လယ်သမား တွေကို မြင်ဖူး ကြလို့လား။ ခရီးသွားတဲ့ အခါ အဝေးပြေး လမ်းမကြီးတွေမှာ လမ်းခင်း လမ်းပြင် လုပ်နေကြတဲ့ မြေတူး ကျောက်ထု လုပ်နေကြတဲ့ မိန်းမ၊ ယောင်္ကျား အလုပ်သမား တွေကိုတော့ မြင်ဖူး ကြမှာပါ။ ခြစ်ခြစ်တောက် ပူလောင်နေတဲ့ လမ်းတွေ ပေါ်မှာ မျက်နှာလေး တစ်ခုပဲ ဖေါ်ထားပြီး၊ တစ်ခေါင်းလုံး ပုဆိုးနဲ့ ပတ်ရင်း အလုပ်လုပ် နေ ရှာကြတယ် မဟုတ်ပါလား။ သူတို့ ခြေထောက် တွေမှာ ဖိနပ်တောင် မပါကြ ပါဘူး။ မြို့ရွာနဲ့ အလှမ်း ဝေးကွာတဲ့ နေရာများမှာ ဆိုရင် လမ်းဘေးမှာပဲ သစ်ထက်တဲနန်း ထိုးပြီး နေကြ၊ ချက်ပြုတ် စားကြရတာပါ။ ဒီလို လူမျိုးတွေကို ပျင်းသတဲ့လား။

“ထွီထွမ်” လုပ် တတ်တဲ့ လူတွေ

နောက်ပြီးတော့ မြို့ ရွာတွေ သန့်ရှင်းမှု အားနည်းတာ၊ လမ်းပေါ် အမှိုက် ပစ်တာ၊ ကွမ်း တံတွေး ထွေးတာ စတာ တွေနဲ့ ပါတ်သက်ပြီး မြန်မာတွေ စည်းကမ်း လုံးလုံး မရှိဘူးလို့ ပြောကြတာ ရှိသေးတယ်။ စင်္ကာပူများ သိပ်သန့်ရှင်းတာပဲ လို့လည်း ခဏခဏ ပြောကြ တယ်။ စင်္ကာပူက လမ်းထောင့်တိုင်းမှာ ယူနီဖောင်းဝတ် ရဲတွေ စောင့်နေကြပြီး၊ စည်းမဲ့ ကမ်းမဲ့ လမ်းဖြတ် ကူးသူတွေ၊ အမှိုက်ပစ်ချ လုပ်သူတွေကို ချက်ချင်းဖမ်း၊ ဒဏ်ရိုက် လုပ်တာတွေ ကျတော့ ထည့် မပြောကြဘူး။ ဘယ်နိုင်ငံ က ဘယ် လူမျိုး မဆို ပညာ အခြေခံ နည်းပြီး စိတ်ယဉ်ကျေးမှု နိမ့်ကျ သူတိုင်းဟာ၊ “ပြည်သူ့ နီတိ” ကို လျစ်လျူရှု တတ်ကြ ပါတယ်။ “ထွီ၊ ထွမ်” နဲ့ လူရှေ့ သူရှေ့မှာ တံတွေး ထွေးတဲ့ နေရာ မှာတော့ အရှေ့တိုင်းက လူဝါတွေ လောက် ဆိုးတာ ဘယ်မှာမှ မတွေ့ ဖူးပါဘူး။ သူတို့နဲ့ စာရင် မြန်မာ တွေက အများကြီး ယဉ်ကျေး ပါတယ်။

မြန်မာတွေ ရေသာခို အချောင်လိုက် စိတ် သိပ် ကြီးမားတယ်။ ကြိုးစား ပမ်းစား မလုပ်ချင်ကြဘူးလို့လည်း စွပ်စွပ် စွဲစွဲ လုပ်လေ့ ရှိကြ တယ်။ နိုင်ငံခြားရောက် မြန်မာ လူငယ်လေးတွေ အများစုဟာ နေ့အလုပ်၊ ညအလုပ်၊ နှစ်ခုလုပ်ပြီး၊ တပင်တပန် ပိုက်ဆံ ရှာနေ ကြတာ တွေ ကို မမြင်လို့လား။ တချို့ များဆို အိပ်ယာဝင်တာတောင် အလုပ်က ပြန်တဲ့ အဝတ်အတိုင်း ဖိနပ်တောင် မချွတ်ပဲ ဝင်ကြရပါတယ်။ မနက် အချိန်ကျတာနဲ့ အိပ်ရာထဲက တန်းပြီး အလုပ်ကို တန်းပြီး ပြေးနိုင်အောင် အဆင်သင့် လုပ်ထား ရတာလေ။ မြန်မာတွေ ကြိုးစား သလား မကြိုးစား ဖူးလား သိချင်ရင်၊ သူများနိုင်ငံ တွေမှာ လုပ်ခ ပေးသလို ပေးပြီး၊ ခိုင်းကြည့်လိုက် စမ်းပါလို့ ပြောလိုက် ချင်တယ်။

မြန်မာတွေ မပျင်းပါဘူး။ မညံ့ပါဘူး။ ဖျင်းလည်း မဖျင်းပါဘူး။ နိုင်ငံခြား သွားပြီး ပညာ သင်တဲ့ သူတွေ အားလုံးနီးပါးဟာ သူတို့ သင်တဲ့ ပညာရပ်ကို ကောင်းကောင်း သင်ယူနိုင်ကြတာ ချည့်ပါ။ စာမလိုက်နိုင်လို့ ပြန်လာရတယ် ဆိုတာ မရှိသလောက် ပါ။ ဘိလပ်သွားပြီး MRCP တို့ FRCS တို့လို ဘွဲ့ တွေ သွားသင်ယူတဲ့ ဆရာဝန်တွေ၊ စာ မလိုက်နိုင်လို့ ပြန်လာ ရတယ် ဆိုတာလည်း မရှိ သလောက် ပါပဲ။ မြန်မာ လူမျိုးတွေဟာ လူသာ ဆင်းရဲချင် ဆင်းရဲမယ်။ ဉာဏ်ရည် ဉာဏ်သွေး မှာတော့ မဆင်းရဲပါဘူး။ အခွင့် အရေး ရရင် ရသလို ဘာမဆို ဖြစ်အောင် လုပ်နိုင် ပါတယ်။

ကိုရွှေဗမာတွေ

မြန်မာတွေ ညံ့လို့ မတိုးတက်တာ၊ မြန်မာတွေ သိပ် ပျင်းတာ၊ သိပ် ဖျင်းတာလို့ ပြောကြ သူများဟာ၊ နိုင်ငံခြားသားများ မဟုတ်ပါဘူး။ မြန်မာပြည် ကနေ နိုင်ငံခြားသွား အလုပ်လုပ်နေကြတဲ့ “ပြည်တွင်းဖြစ် နိုင်ငံခြားသား” ကိုရွှေဗမာ များသာ ဖြစ်ကြ ပါတယ်။ ကိုယ်တိုင် ဘာလုပ် နေကြတယ် ဆိုတာတော့ ပြန်မကြည့်ပဲ နဲ့ ပြည်တွင်းမှာ ရှိနေကြတဲ့ သူတွေ ကို စွပ်စွပ် စွဲစွဲ အရှက်မရှိ ပြောနေ ကြတာ ဖြစ်တယ်။ မြန်မာ နိုင်ငံ လောက် သယံဇာတ ပေါကြွယ်ဝတဲ့ နိုင်ငံ အာရှတိုက် တစ်တိုက်လုံးမှာ မရှိ ပါဘူး။ စားစရာအတွက်၊ ဝတ်စရာ အတွက်၊ နေစရာအတွက်၊ ဘာမှ ပူစရာ မရှိပါဘူး။ ပြည်တွင်းမှာ လုံလုံ လောက်လောက် ရှိတယ် နောက်ပြီးတော့ ရေနံ ဓါတ်ငွေ့တွေလည်း ထွက်တယ်။ တခြား ဓါတ်သတ္တု မျိုးစုံနဲ့ ကျောက်သံ ပတ္တမြား တွေလည်း ပေါတယ်။ ဒီ သယံ ဇာတ ပေါကြွယ်ဝ တာတွေ ကို ခေတ်မီ နည်းပညာတွေ အသု့းချပြီ ထုတ်ယူ သုံးစွဲ ကြရမှာ မဟုတ်လား။ ရောင်းဝယ် ဖေါက်ကား ကြရမှာ မဟုတ်လား။

သတိ ပေးလိုက် ချင်တယ်

အခုတော့ အဲလို လုပ်ရမယ့် နိုင်ငံ့ အညွန့် အဖူးတွေ၊ တိုင်းပြည်ရဲ့ ဦးနှောက်တစ်ချို့ တွေက နိုင်ငံ ရပ်ခြား တိုင်းပြည် တွေ အတွက် သွားပြီး အလုပ်လုပ် ပေး နေကြ တယ်လေ။ မြန်မာ နိုင်ငံ က သင်ပေးလိုက်တဲ့ ပညာတွေနဲ့ သူများနိုင်ငံတွေ သွား အလုပ်လုပ် ပေးနေ ကြတာ အခြေအနေ အရ အခိုက်အတန့် အဖြစ် ကိုယ့်အကြောင်းနဲ့ ကိုယ် သွားရောက် လုပ်ကိုင် နေကြရတာကို နားလည် နိုင်ပါတယ်။ အပြစ် မတင်ပါဘူး။ ဒါပေမယ့် ဘယ်မှ မသွားပဲ ကိုယ့်တိုင်းပြည်မှာ ကိုယ်နေပြီး ကိုယ် တတ်စွမ်း သလောက် ကိုယ့်အား ကိုယ့်အင်နဲ့ ကိုယ့်တိုင်း ကိုယ့်ပြည် အတွက် ကြိုးစား ရုန်းကန် နေတဲ့ သူတွေ ကိုတော့၊ ပျင်းတယ်၊ ဖျင်းတယ်၊ စည်းကမ်း မဲ့တယ်၊ ရေသာခိုတယ်၊ စတဲ့ စွပ်စွဲမှု တွေနဲ့ ပုတ်ခတ် စော်ကား မလုပ်ကြဖို့ တော့ သတိပေး လိုက်ချင်ပါတယ်။

Saturday, September 6, 2008

Ample jobs in Myanmar

အလုပ်တွေပေါတဲ့ မြန်မာပြည်

၂၀၀၈ခုနှစ်၊ ဇွန် လ (၁၇) ရက်နေ့ထုတ်၊ အခွင့် အလမ်း ဂျာနယ်၊ အမှတ်စဉ် (၁၄၀) မှ ဆရာကြီး လူထု စိန်ဝင်း ၏ ဆောင်းပါး အား ပြန်လည် ကူးယူ ဖေါ်ပြပါသည်။

ပြီးခဲ့တဲ့နှစ် ဝါဆိုလပြည့်နေ့က မတွေ့တာ ကြာပြီဖြစ်တဲ့ တပည့် ကျောင်းသားဟောင်း တစ်ယောက် လာ ကန်တော့ပါတယ်။ မာကြောင်း သာကြောင်း ထုံးစံအတိုင်း ပြောဆိုပြီး ကြတဲ့အခါ ကျတော့ သူ့အလုပ်အကိုင် အကြောင်း မေးမိပါတယ်။ သူက အဆင်ပြေ ပါတယ်လို့ပဲ ဖြေပါတယ်။ သေသေချာချာ ဆက်ပြီး မေးတော့မှ သူ့အလုပ်ဟာ အကြီး အကျယ် အောင်မြင်တဲ့ လုပ်ငန်းကြီး တစ်ခု ဖြစ်နေ ပါလား ဆိုတာ သိရပါ တယ်။ သူ့လုပ်ငန်းက ပရိဘောဂ လုပ်ငန်းပါ။ စက်မှုဇုန်တစ်ခုမှာ စက် ယန္တရားတွေနဲ့အလုပ်သမားပေါင်း ၁၅ဝ လောက်နဲ့ လုပ်နေတဲ့ လုပ်ငန်းကြီး တစ်ခုဖြစ်ပါတယ်။

အင်္ဂလိပ် စကားပြော သင်တန်း လာတက်နေစဉ်က သူဟာ ကျောင်းသားပဲ ရှိပါသေးတယ်။ သူငယ်ချင်း သုံးလေးယောက် နဲ့အတူ ကျောင်းပြီး ရင် နိုင်ငံခြား သွားမယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လာတက် တာပါ။ ဒါပေမဲ့လို့ သွားဖို့ စိုင်းပြင်း နေဆဲမှာပဲ သူ့အဖေ မကျန်းမာ တာကြောင့် မသွားလိုက် ရပါဘူး။ သူငယ်ချင်း တွေကတော့ ဂျပန် ရောက်သူရောက်၊ တရုတ်တိုင်ပေ သွားသူ သွား၊ သင်္ဘော တက်သူ တက် နဲ့ ထွက်ဖြစ် သွားကြ ပါတယ်။ သူကတော့ သူ့အဖေရဲ့အလုပ် ဖြစ်တဲ့ လက်သမား အလုပ်မှာပဲ ဝင်ကူ ရပါတယ်။ သူ့အဖေက အတော်လေး နာမည်ရတဲ့ လက်သမား ဆရာကြီးဖြစ် ပါတယ်။ ရှေးခေတ်က တရုတ်လက် ဖက်ရည်ဆိုင်တွေက မှန်ဗီရိုကြီးတွေ၊ ရှိုးကေ့စ်တွေ တော်တော် များများဟာ သူ့အဖေရဲ့ လက်ရာတွေ များပါတယ်။ ဆက်တီ ကုလားထိုင်ခုံတွေ ဘာတွေ လည်း လုပ်ပါတယ်။

အစကတော့ တပည့်ဟာ လက် သမားအလုပ် ဘာမှမတတ်ပါဘူး။ အဖေ မမာတာကြောင့် စာရင်းလေး ဘာလေး ကူလုပ်ရင်း အလုပ် သမား လေးငါး ယောက်ကို စီမံအုပ်ချုပ်ပေးရ ပါတယ်။ အဲဒီလို လုပ်ရင်းက စာအုပ် အဟောင်းဆိုင်တွေမှာတွေ့ရတတ်တဲ့ ပရိဘောဂ ဒီဇိုင်း စာအုပ်လေးတွေ၊ Home ဆိုတဲ့ မဂ္ဂဇင်းလေးတွေ တွေ့ ရင်ဝယ်ပြီး စုပါတယ်။ ဒီဇိုင်း နမူနာ လေးတွေကို အတုယူပြီး လက်သမား ဆရာတွေကို လုပ်ခိုင်း ပါတယ်။ တစ်ခါ တစ်ခါ စာအုပ်ထဲက သူ နားမလည်တဲ့ စာတွေ ယူလာပြီး ဖတ်ခိုင်းလေ့ရှိပါ တယ်။

အဲဒီလိုနဲ့ပဲ လေးငါးနှစ် အတွင်း မှာ သူ့ လုပ်ငန်းလေး တော်တော် နာမည်ရ လာပါတယ်။ လွှတိုက်၊ ရွေ ဘော်ထိုး စတဲ့ လုပ်ငန်းတွေကို စက်နဲ့ လုပ်တဲ့ အထိ တိုးတက် လာပါတယ်။ ဟိုတယ်တွေ ထွန်းကားတဲ့ခေတ် ရောက်လာတော့ သူ့လုပ်ငန်း တစ် ဟုန်ထိုး ကြီးထွား လာပါတယ်။ မြို့ထဲ မှာ လုပ်လို့ မရတော့ တာကြောင့် စက်မှုဇုန်မှာ ထွက်ပြီး လုပ်ရပါတယ်။ လုပ်ငန်း အားလုံးလောက် နီးနီး စက်ယန္တရား တွေနဲ့ လုပ်ပါတယ်။ မြို့ထဲမှာ ပရိ ဘောဂ ဆိုင်ကြီးတစ်ဆိုင် လည်း ဖွင့်ပါ တယ်။ စက်ရုံရော၊ ဆိုင်ပါ အလုပ် သမားစုစုပေါင်း ၁၅ဝ ကျော် ရှိတယ် လို့ သိရပါတယ်။

ဂျပန်သွားတဲ့ သူ့ သူငယ်ချင်းက မြို့ထဲရှိ ပရိဘောဂဆိုင်မှာ မန်နေဂျာ လုပ်နေပြီး၊ သင်္ဘောတက် သွားတဲ့ သူငယ်ချင်းကတော့ စက်ရုံမှာ မန်နေဂျာ ဖြစ်နေပါတယ်။ တရုတ် တိုင်ပေသွားတဲ့ သူငယ်ချင်း ကတော့ ပြန်မလာ တော့ဘူး။ အဆက်ပြတ်နေ တယ်လို့ သူက ပြောပြ ပါတယ်။

သူ ပြန်သွားတော့ ဒီခေတ်လူငယ် တွေရဲ့အကြောင်းကို ဆက်ပြီးစဉ်းစား နေမိပါတယ်။ လွန်ခဲ့တဲ့ နှစ်၂ဝ လောက်က လူငယ်တွေ နိုင်ငံခြား သွား ဖို့ ကြိုးပမ်း ခဲ့ကြသလို၊ ဒီခေတ်လူငယ် တွေလည်း ကြိုးပမ်း နေကြတာပါပဲ။ ပြောခဲ့တဲ့ တပည့်လည်း နိုင်ငံခြား သွားဖို့ ကြိုးပမ်း ခဲ့တာပါပဲ။ ဒါပေမဲ့ သူ့အတွက် ကံဆိုးတာလား၊ ကံ ကောင်းတာလား မသိသူ၊ နိုင်ငံခြား မထွက်လိုက် ရပါဘူး။

ဒါပေမဲ့ အခုတော့ သူဟာ အတော်အသင့် အောင်မြင်တဲ့ လုပ်ငန်းရှင် တစ်ယောက် ဖြစ်နေပါပြီ။ မြန်မာပြည်မှာ လုပ်စရာတွေ အများကြီး ရှိပါ တယ်။ ခေတ် လူငယ်တွေ ရဲ့အမြင်နဲ့ ဆိုရင် နေရာတိုင်းမှာ တိုးချဲ့လုပ်နိုင် တာတွေ ချည်းပါပဲ။ တပည့် လူငယ်သာ ရည်ရွယ်တဲ့ အတိုင်း နိုင်ငံခြား ထွက်ဖြစ် ခဲ့ရင် ဟိုမှာ အလုပ်ကြမ်းတွေ လုပ်ပြီး ပြန်လာတဲ့ အခါ ကျတော့ ဘာမှလုပ် စရာမရှိဘဲ ပွဲစားယောင်ယောင်၊ ဘာ ယောင်ယောင်နဲ့ ဖြစ်နေမှာ သေချာပါ တယ်။ အခုတော့ ဂျပန်ပြန်၊ ကမ္ဘာ လှည့် ပြန်လာ သူတွေကိုတောင် အလုပ်ပေး ထားနိုင်တဲ့ လုပ်ငန်းရှင် လေး တစ်ယောက် ဖြစ်နေ ပြီလေ။ မြန်မာပြည်မှာ လုပ်စရာတွေ အင်မတန် ပေါ ပါတယ်။

Friday, September 5, 2008

Are You the Entrepreneurial Type?

These entrepreneurs characteristics are applicable to you.

  • Responsible
  • Hard Worker
  • Risk Taker
  • Creative
  • Flexible
  • Follows through with ideas
  • Personable
  • Optimistic
  • Perceptive
  • Self-confident
  • Determined
  • High degree of energy
  • Innovative
  • Independent
  • Ability to anticipate needs
  • Effective communicator
  • Responsive to criticism
  • Able to take the lead
  • Learn from mistakes
  • Self-directed
Would you say that you are always, sometimes, or never like these statements:
  • I am goal and action-oriented.
  • I am a self-starter.
  • I am self-confident.
  • I am a persistent person.
  • I like taking risks.
  • I am flexible and adaptable when necessary.
  • I am a problem-solver.
  • I am an innovative thinker.
  • I can sell myself and/or my product to others.
  • I accept responsibility for my actions.
  • I enjoy networking.
  • I can function in an environment of uncertainty.
  • I like being in charge.
  • I am willing to devote whatever time and energy it takes to be successful.
  • I am able to see what needs to be done and then do it
If you checked off and answered 'always' to ten or more questions, you are probably the entrepreneurial type. If you answered sometimes or never to ten or more, you may be better off working for an organization.
(: from internet sources)

Never disappoint, be sturdy

စိတ်မပျက်နဲ့ အားတင်းပါ

၂၀၀၈ခုနှစ် ဇူလိုင်လ (၂၉) ရက်နေ့ထုတ်၊ အခွင့် အလမ်း ဂျာနယ်၊ အမှတ်စဉ် (၁၄၆) မှ ဆရာကြီး လူထု စိန်ဝင်း ၏ ဆောင်းပါး အား ပြန်လည် ကူးယူ ဖေါ်ပြပါသည်။

မတွေ့တာ ဆယ့်လေးငါးနှစ်လောက် ကြာပြီဖြစ်တဲ့ မိတ်ဟောင်း၊ ဆွေဟောင်း တစ်ယောက် လာလည်ပါတယ်။ သူက ရာထူးကြီး တစ်ခု ကနေ ပင်စင် ယူပြီးတဲ့ နောက် အနားမယူဘဲ ကုမ္ပဏီတစ်ခုတည် ထောင်ပြီး စီးပွားရေး လုပ်နေတာကြောင့် မတွေ့ဖြစ် ကြတော့ တာပါ။ အခုမှ အသက် ကလည်း ၇ဝ ကောင်းကောင်းကြီး ကျော် နေပြီဖြစ်တာကြောင့် သားသမီးတွေလက် ထဲ အားလုံး လွှဲပြီး လုံးလုံးကြီး အနားယူ လိုက်တာ လို့ ပြောပါတယ်။

အအိုမြန်လိုက်တာ

‘ကျုပ်တို့ သက်တမ်းက လူတွေ တယ် မတွေ့ရတော့ဘူးဗျ၊ ဆုံးသွားတဲ့လူနဲ့၊ ဘုန်း ကြီးဝတ်သွားတဲ့လူနဲ့၊ ရိပ်သာ မှာပဲ အမြဲနေ တဲ့လူနဲ့ အားလုံး ဆုံကြဖို့တော့ မလွယ် တော့ဘူး’

သူက မန္တလေးကိုလည်း ရောက် သေးတဲ့အကြောင်း၊ မိတ်ဆွေဟောင်း တချို့ ကို သွားတွေ့ ခဲ့တဲ့အကြောင်း ဆက်ပြော ပြပါတယ်။ အတော်များများက စိတ်ရော လူပါကျပြီး လူအိုကြီးတွေ ဖြစ်ကုန်ကြပြီ လို့လည်း ပြောပါတယ်။

‘ကျုပ်တို့ ဗမာတွေဟာ ပင်စင်ယူပြီး တာနဲ့ သေဖို့ပဲ စဉ်းစား နေကြလို့နဲ့ တူပါရဲ့ ဗျာ။ အအိုမြန် လိုက်ကြတာ’

သူက ညည်း သလိုလို စကားဆိုပါ တယ်။ သူကတော့ အရွယ်တော်တော် တင်ပါတယ်။ ဖျတ်ဖျတ် လတ်လတ်၊ သွက်သွက် လက်လက် ရှိဆဲပါပဲ။ မကြောင့်မကြ မတောင့်မတ နေနိုင်တာ ကြောင့်လား မဆို နိုင်ဘူး။ ၇၆နှစ်လို့ကို မထင်ရ ပါဘူး။ ၆ဝ လောက်လို့သာ ထင်ရ ပါတယ်။ အခုချိန်ထိ ပြည်တွင်း ပြည်ပခရီးတွေ သွားနေဆဲပါပဲ။ သမီးရှိတဲ့ အင်္ဂလန်က ပြန်ရောက် လာတာ တစ်လ ကျော်ကျော်သာ ရှိသေး တယ် လို့ လည်း သိရပါတယ်။

သူများတွေနဲ့ ကွာလိုက်တာ

သူပြန်သွားတဲ့အထိ ‘အအိုမြန်လိုက် ကြတာ’ ဆိုတဲ့ သူ့စကားကို ဆက်စဉ်းစား နေမိတယ်။ သူများ နိုင်ငံက ၇ဝကျော် ပင် စင်စားကြီးတွေ စုဝေးပြီး ကမ္ဘာ့လှည့် လည် ပတ်ကြတာတွေ မြင်ရ၊ တွေ့ရတော့ တို့ ဆီကနဲ့များ ကွာလိုက်တာ’ လို့ မကြာမကြာ တွေးမိ ခဲ့ရတယ်။ ဒီမှာကတော့ မိတ်ဆွေ ပြောသလို ပင်စင်ယူ ပြီးတာနဲ့ သေဖို့ပဲ စဉ်းစား နေကြတယ်နဲ့ တူပါရဲ့။ မိတ်ဆွေ ဖြစ်သူ လို ပင်စင် ယူပြီး ကုမ္ပဏီမထောင်နိုင်ကြ တာလည်း အဓိက အကြောင်း တစ်ရပ်ဖြစ် မယ်ထင်ပါတယ်။ ဘာကြောင့်ပဲဖြစ်ဖြစ် ပင်စင်ယူ ပြီးပြီ ဆိုတာနဲ့ လူရောစိတ်ပါ ကျ သွား ကြတာ တော့ အမှန်ပဲ။ ရပ်ရေး၊ ရွာ ရေး၊ လူမှုရေး ကိစ္စတွေကို တက်တက်ကြွကြွ ပါဝင် လုပ်ဆောင် တတ်သူ တချို့က လွဲ ရင် အများစုက အအိုမြန်ကြ၊ အသေမြန် ကြတာကို သတိပြုမိတယ်။

‘ဒုက္ခသုက္ခတွေ များလွန်းလို့ အသက် မရှည်ချင်ပါဘူး၊ မြန်မြန်သွားလေ ကောင်း လေပါပဲ’ လို့လည်း ပြောတတ် ကြပါတယ်။ လောကမှာ ဒုက္ခနဲ့ကင်းသူ ဘယ်သူရှိလို့ လဲ။ တကယ်က ဒုက္ခက လူကိုသေစေတာ မဟုတ်ပါဘူး။ ဒုက္ခကိုကြောက်ပြီး စိတ်ကျ လို့ အသေမြန် ရတာဖြစ်တယ်။

လူငယ်တွေလည်း စိတ်ကျတာပဲ

လူကြီးတွေသာ စိတ်ကျတတ်တာ မထင်နဲ့။ လူငယ်တွေလည်း စိတ်ကျတတ် ကြတာပဲ။ ကျောင်းဆရာ တစ်ယောက် အနေနဲ့ လူငယ်လူရွယ် လေးတွေနဲ့အထိ အတွေ့များလေတော့ ဒီခေတ်လူငယ်လေး တွေ တော်တော် များများဟာ အရွယ်နဲ့ မလိုက်အောင်ကို လောကကြီးကို အဆိုး မြင်ပြီး စိတ်ကျနေတတ်ကြတာကို သတိ ပြုမိပါတယ်။ သူတို့တစ်တွေမှာ လူငယ့် အားမာန်၊ လူငယ့်ဇွဲသတ္တိ အတော်လျော့ နည်းကြတယ်။ ဘာမဆို မလုပ်ခင်က အရှုံးပေးစိတ် များနေကြတယ်။ ‘အား မတန် မာန်လျှော့’ ဆိုတဲ့စကား၊ ‘ခါချဉ် ကောင် မာန်ကြီးလို့ တောင်ကြီးဖြိုမယ်ကြံ၊ ခါးကမသန်’ ဆိုစကားမျိုးတွေ လွယ်လွယ် သုံးပြီး အရှုံးပေး၊ အညံ့ခံ လိုက်တတ်ကြ တယ်။ အနိုင်မခံ အရှုံးမပေး စိတ်ဓာတ်မျိုး တစ်နေ့တခြား ခေါင်းပါးလာနေတယ်လို့ ထင်မိတယ်။ ထောက်ပြ ပြောဆိုလိုက်ရင် လည်း သူတို့မှာ အကြောင်းပြချက် တွေက တစ်ပုံတစ်ပင်ကြီး။ သူတို့က သူတို့နေထိုင် ရတဲ့ ခေတ်ကြီး တစ်ခုလုံးကို ကျေနပ်ကြတာ မဟုတ်ဘူး။ တချို့လူငယ်များဆိုရင် အဆိုး မြင်စိတ်တွေ လွန်ကဲပြီး ဘယ်လောက်ပဲ ကောင်းတာလုပ်လုပ် ဘာမှအရာရောက် မှာမဟုတ်ဘူး။ ဘာမှ မလုပ်ဘဲ နေလိုက်တာ ပဲ အေးတယ် ဆိုတဲ့ အတွေးအခေါ် မျိုးတွေ တောင် ရှိနေ ကြတာ တွေ့ရတယ်။

သူတို့က အီရတ်နိုင်ငံတစ်ခုလုံး သွေး ချောင်းစီး ဖြစ်နေတာကို မနှစ်မြို့သလို ပါလက်စတိုင်း လူမျိုးတွေ ရာစုနှစ် တစ်ဝက် တိုင်တိုင် ဒုက္ခသည် စခန်းတွေမှာ နေထိုင် ခြင်း ပြုနေကြရတာကိုလည်း စိတ်မကောင်း ကြပါဘူး။ နျူကလီးယားလက်နက်များရဲ့ အန္တရာယ် တစ်နေ့တခြား ကြီးမားသထက် ကြီးမားလာနေတာကို စိုးရိမ်နေကြသလို ဖန်လုံအိမ်အာနိသင်လွန်ကဲမှုကြောင့် ကမ္ဘာကြီးတစ်ခုလုံး ပေါင်းအိုးကြီးထဲ ရောက်နေ သလို ခံစား နေရတာ ကိုလည်း မလိုလား ကြပါဘူး။

အနိဋ္ဌာရုံ ကမ္ဘာကြီး

လူငယ်တွေရဲ့ စိုးရိမ် ကြောင့်ကြမှု တွေနဲ့သူတို့ရဲ့ မကျေနပ်ချက် တွေဟာ သဘာဝ ကျပါတယ်။ မှန်လည်း မှန် ပါတယ်။ ဒီနေ့ ကမ္ဘာကြီးက အနိဋ္ဌာရုံတွေနဲ့ ပြည့်နှက် နေတဲ့ကမ္ဘာကြီး ဖြစ်နေတာကိုး။ ကမ္ဘာ ကြီးရဲ့ ဘယ်ထောင့် ဘယ်နေရာ ကို ကြည့် လိုက်ကြည့်လိုက် တိုက်ခိုက်သတ်ဖြတ်တာ တွေ၊ ကြီးနိုင် ငယ်ညှဉ်းလုပ်တာတွေ၊ ဘယ် သူသေသေ ငတေမာ ပြီးရော လုပ်တာ တွေချည်း မြင်တွေ့နေရပါတယ်။ အနိဋ္ဌာ ရုံတွေ ကင်းစင်တဲ့ နိုင်ငံရယ်လို့ လက်ညှိုးထိုး ပြစရာ တစ်ခုတောင် မရှိတဲ့ အခြေအနေမျိုး ဖြစ်နေပါတယ်။

ရေအောက် ရောက်သွားနိုင်တယ်

နိုင်ငံရေး၊ စစ်ရေး၊ မျက်နှာစာကို ထားတော့။ စီးပွားရေး မျက်နှာစာကိုကြည့် တော့လည်း မြင်တွေ့ နေရတာ တွေက စိတ် မချမ်းသာ စရာတွေ ချည်းပါပဲ။ ဖန်လုံအိမ် အာနိသင်ကြောင့် ဝင်ရိုးစွန်းက ရေခဲ တောင်ကြီးတွေ အရည်ပျော် ကျမှုနှုန်း ကြောက်စရာကောင်းလောက်အောင် မြင့် မားနေတယ်။ ဒီအတိုင်းဆက်သွားရင် ပင်လယ်ရေ မျက်နှာပြင် မြင့်သထက်မြင့် တက်လာပြီး တချို့နိုင်ငံတွေ ရေအောက် ရောက်သွားနိုင်တယ်လို့ ပညာရှင်များက အကြိမ်ကြိမ် သတိပေးနေကြတာများ ကြားသိနေရတယ်။ စက်ရုံ၊ အလုပ်ရုံတွေ က မီးခိုး ထုတ်လွှတ်မှု တွေ ကန့်သတ်တား ဆီးဖို့ လိုပြီလို့လည်း ထောက်ပြကြတယ်။

မိုက်တွင်း နက်နေကြ

ဘယ်လိုပဲ ထောက်ပြ ထောက်ပြ၊ ဘယ်လိုပဲ သတိပေး သတိပေး၊ မီးခိုးတွေ အများဆုံး ထုတ်လွှတ် နေတဲ့ စက်မှု နိုင်ငံကြီး တွေက လတ်တလော အကျိုးစီးပွားလေး တစ်ခုတည်းကိုသာ မိုက်မဲစွာ ကြည့်ရှုပြီး နိုင်ငံတကာ သဘောတူ စာချုပ်နဲ့ ထိန်းချုပ် တာကို လက်မခံ ငြင်းဆန် နေကြတယ်။ ဒီလုပ်ရပ်ဟာ အင်မတန် အသိဉာဏ်ကင်း မဲ့ရာကျတယ်။ ဖန်လုံအိမ် အာနိသင် ကြောင့် အိုဇုန်းလွှာ ပါးလျား လာတဲ့ဒဏ်၊ အက်ဆစ်မိုးတွေ ရွာချတဲ့ဒဏ်၊ ပင်လယ် ရေမျက်နှာပြင် မြင့်တက်လာတဲ့ဒဏ်၊ မုန် တိုင်းကြီးတွေ ကျရောက် လာတဲ့ဒဏ်၊ အပူ လှိုင်း၊ အအေးလှိုင်းကြီးတွေ ကျရောက် လာတဲ့ဒဏ်စတဲ့ အန္တရာယ်တွေကို ရင်ဆိုင် ရပြီဆိုလျှင် ဘယ်နိုင်ငံမှ လွတ်ကင်းနိုင် မယ် မဟုတ်ဘူးဆိုတာ သိပါလျက်နဲ့ မိုက် တွင်းနက်နေကြခြင်းသာဖြစ်တယ်။

ဖုန်းဆိုး တောတွေဖြစ်

ဒါတင်မက လတ်တလောအကျိုးစီး ပွားလေးတစ်ခုတည်းကိုကြည့်ပြီး မြေပေါ် မြေအောက် သယံဇာတတွေကို အဆီး အတားမရှိ ထုတ်ယူသုံးစွဲနေမှုကြောင့် ကမ္ဘာ့နိုင်ငံအားလုံးလိုလိုမှာ တောတွေ ပြုန်း၊ တောင်တွေပြိုပြီး တဖြည်းဖြည်းချင်း ကန္တာရ ဖုန်းဆိုးတောတွေ ဖြစ်လာနေတာ များလည်း မြင်တွေ့ကြားသိနေရတယ်။ လူတွေ သောင်းသိန်းချီ သေကြရတဲ့ငလျင် လှုပ်မှုကြီးတွေနဲ့ဆူနာမီလို၊ နာဂစ်လို အန္တရာယ်ကြီးတွေ ဘာ့ကြောင့် ပေါ်ပေါက် လာကြရ တာလဲဆိုတာများကို သေသေ ချာချာ၊ လေးလေးနက်နက် သုတေသနပြု ဖို့လည်း ပျက်ကွက် နေကြဆဲဖြစ်တယ်။

ပြဿနာက အန္တရာယ် မဟုတ်

ဒီအချက်တွေကြောင့် လူငယ်တွေက မျက်မှောက် ခေတ်ကြီးကို စိတ်ပျက်လက် ပျက် ဖြစ်နေတာ သဘာဝ ကျပါတယ်။ ဒါပေမဲ့လို့ ဒါတွေဟာ တားဆီးကာကွယ် လို့ မရနိုင်တာတွေ မဟုတ်ဘူးလို့ လူငယ် တွေ သိစေ ချင်ပါတယ်။ ပြဿနာတစ်ရပ် ဖြစ်လာ၊ ရှိလာတာဟာ ကြောက်စရာ မဟုတ်ပါဘူး။ ပြဿနာရှိနေတာကို ရှိနေ တယ်လို့ မသိခြင်းကသာ ကြောက်စရာ ကောင်းတာဖြစ်တယ်။ ပြဿနာရှိနေမှန်း သိရင် ပြဿနာကို ဖြေရှင်းဖို့နည်းလမ်းရှာ ရမှာပဲဖြစ်တယ်။ ရှာရင် တစ်ချိန်မဟုတ် တစ်ချိန်တော့ တွေ့လာရမှာဖြစ်တယ်။

အနိုင်ရမှာ သေချာတယ်

ဒီနေ့ ကမ္ဘာတစ်လွှားမှာ ပြဿနာမျိုး စုံ၊ အနိဋ္ဌာရုံပေါင်းစုံ ဖြစ်ပွားပေါ်ပေါက်နေ တာကို လူတိုင်း တွေ့မြင် နေကြရတယ်။ ပြဿနာတွေ ဖြစ်လာရတဲ့ ဇာစ်မြစ် အကြောင်းရင်းကိုလည်း လူတိုင်း သိကြ တယ်။ ဥပမာ - ဖန်လုံအိမ် အာနိသင်ရဲ့ဆိုး ပြစ်တွေကို လူတိုင်း သိသလို ဖန်လုံအိမ် အာနိသင် ဖြစ်ပေါ် လာရခြင်းရဲ့ အကြောင်းရင်း ကိုလည်း လူတိုင်းသိမြင်သဘော ပေါက်နေကြတာဖြစ်တယ်။ ဒီတော့ ဘာ ကြောင့် မဖြေရှင်း နိုင်ရ မှာလဲ။ ကမ္ဘာပေါ် က စစ်ပွဲကြီးတွေကို ဖန်တီးသူတွေနဲ့ကမ္ဘာ ကြီးရဲ့သာယာလှပမှုကို ဖျက်ဆီး နေသူတွေ က လက်တစ်ဆုပ်စာ လောက်သာ ရှိတဲ့လူ တွေဖြစ်ကြတယ်။ ရှိလှမှ ကမ္ဘာ့လူဦးရေရဲ့ ၁ဝ ရာခိုင်နှုန်းပေါ့။ ကျန် ၉ဝ ရာခိုင်နှုန်းက ညီညာဖြဖြနဲ့ ဝိုင်းဝန်း လုပ်ဆောင်ကြရင် ဒီ ၁ဝရာခိုင်နှုန်းရဲ့အန္တရာယ်ကို ဘာ့ကြောင့် မကာကွယ် နိုင်ရမှာလဲ၊ ဒါကြောင့် လူငယ် တွေကိုပြောချင်တယ်။ စိတ်မပျက်ပါနဲ့။ ကမ္ဘာ့လူဦးရေရဲ့ ၉ဝရာခိုင်နှုန်းနဲ့ ခိုင်ခိုင်မြဲ မြဲ လက်တွဲ ဆောင်ရွက်ပါ။ နောက်ဆုံးမှာ ကောင်းမြတ်ခြင်း တရားက အနိုင်ရမှာ သေချာ ပါတယ်။

Wednesday, September 3, 2008

နှလုံးသားထဲက Entrepreneur (2)

Entrepreneur တစ်ယောက်အတွက် မိမိကိုယ်ကို ယုံကြည်မှု၊ ကိုယ့်ကိုယ်ကို လေးစားမှုသည်လည်း အင်မတန် အရေးပါတယ်လို့ ကျနော်ကတော့ ယူဆတယ်လေ။ ကြိုးတန်းလျှောက်သမား တစ်ယောက်ဟာ ကြိုးတမ်း လျှောက် နေစဉ် ကာလကလေးမှာ သူ့အနေနဲ့ ကြောက်စိတ် သို့မဟုတ် စိုးရိမ်စိတ်လေး တစ်ချက်ဝင်သွားတာနဲ့ သူ့အသက်နဲ့ ခန္ဓာကိုယ်နေရာ ရွေ့သွားမယ့် အပြောင်းလဲကို ကြုံသွားနိုင်တယ်လေ။ ဒီသဘောမျိုးပါဘဲ စာဖတ်သူလူကြီးမင်းအနေနဲ့ ကိုယ်လုပ်နေတဲ့ လုပ်ငန်း လုပ်ရပ်တွေအပေါ် အနည်းငယ်ယုံကြည်ချက် မဲ့သွားတယ်ဆိုရုံနဲ့ လုပ်ငန်းကြိုးတန်းပေါ်ကနေ ပြုတ်ကျသွားနိုင် တယ်လေ။ ဒီနေရာမှာ ကြိုးတန်းလျှောက် သမား ဟာ ကြိုးတန်းလျှောက်ဖို့အတွက် ပြည့်ဝသောလေ့ကျင့်မှုနဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချနိုင်မှုဟာ သိပ်ပြီးအရေးကြီးတယ်။ အလေ့ကျင့်နဲပြီး ယုံကြည်မှုလွန်ကဲနေရင်လဲ သူပြုတ်ကျမှာဘဲကို ။စွန့်ဦးတည်ထွင် သူတစ်ယောက်ဟာ လဲ မိမိစွန့်စား ၀င်ရောက်မယ့် ဈေးကွက်ကို ချိန်ညှိမှန်းဆတဲ့အခါ ဆုံဖြတ်ချက်ချတဲ့ အခါမှ အတွေ့အကြုံ လုပ်ငန်းနဲ့ပါတ်သက်တဲ့ ဗဟုသုဟာ သိပ်အရေးကြီးတယ်လို့ ကျနော်ယူဆသလို စာဖတ်သူလူကြီးမင်းကောယူဆပါသလား ။ နောက်တစ်ချက်က ယုံကြည်မှုပေါ့ အတွေ့ကြုံ တွေဘယ်လောက် များများ ကိုယ်မှန်းဆတဲ့ဈေးကွက် အတွက်မှ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုမရှိဘူးဆိုရင်တော့ အရှုံးသမားရဲ့ နှလုံးသားနဲ့ ဂုံးတံတားဘေးမှာ ဘဲ သွားထိုင်နေရ တော့မှာပေါ့နော် ။ ဒုတိယပိုင်းတိုသွားတာ ခွင့်လွတ်ပါ တတိယပိုင်းကျရင် ရှယ်ရေးပေးပါ့မယ်
် ...... အားလုံးကိုလေးစားလျက် .......

Tuesday, September 2, 2008

လူမှု့တန်ဖိုး ပြန်ရချက်အတိုင်းအတာနှင့် စွန့်ဦးစွမ်းဆောင်ရှင်

မစ္စတာဂစ်တာ

အစဉ်အလာ အဓိပ္ပါယ်ဖွင့်ဆိုချက်အရ စွန့်ဦးစွမ်းဆောင်ရှင် (သို့) စွန့်ဦးတီထွင်လုပ်ငန်းရှင်(Entrepreneur) ဆိုသည်မှာ စီးပွားရေး လုပ်ငန်းအသစ်များကို တီထွင်ဖွဲ့စည်းကာ စွန့်စားလုပ်ကိုင်သူများပင်ဖြစ်ပါသည်။ Entrepreneur များဟာ ကုန်စည် အသစ်နဲ့ဝန်ဆောင်မှု့လုပ်ငန်းအသစ်များကို မိတ်ဆက်ကမ်းလှမ်းခြင်းများကို ပြုလုပ်ရပါမယ်။ ဒါမှမဟုတ် စီးပွားရေး လုပ်ငန်းများအတွက် အတွေးအခေါ်သစ်လမ်းကြောင်းတွေ ဖောက်ထွင်းရပါလိမ့်မယ်။


ဒါပေမယ့် စွန့်ဦးတီထွင် စိတ်ဓါတ်အတွေးအခေါ် (Entrepreneurial Sprit) ဟာစီးပွားရေးလုပ်ငန်းများထဲမှာပဲ ကန့်သတ်ပိတ်ဆို့မနေစေရပါဘူး။ အခုနောက်ပိုင်းမှာ လူမှု့စွန့်ဦး စွမ်ဆောင်ရှင် (Social Entrepreneurs) များရဲ့အကြောင်းကို ပိုပိုပြီး ကြားလာခဲ့ရပါတယ်။ သူတို့ဆောင်ရွက်တာတွေက စီးပွားရေး စွန့်ဦးစွမ်းဆောင်ရှင်တွေအဖြစ် စွမ်းဆောင်ခဲ့ကြတယ်။ ပြီးတော့သူတို့ဟာ လုပ်ငန်းတွေမှာ အရင်းအနှီးမြုပ်နှံခြင်း သို့မဟုတ် အခြားသူများရဲ့ စီးပွားရေးလုပ်ငန်းများအတွက် ရင်းနှီးမြုပ်နှံဖို့ ငွေအရင်းအနှီးရရှိစေဖို့အတွက်ထောက်ပံ့မှု့တွေ ပြုလုပ်နိုင်ခဲ့ကြတယ်။

သို့သော် Social Entrepreneur တွေရဲ့ ပြောကြားချက်အရ သူတို့ဟာ အမြတ်ရဖို့ သဘောထား အပေါ်မှာပဲ ရပ်တည်မနေပါဘူးတဲ့။ သူတို့ရဲ့အရေးကြီးတဲ့ ရည်မှန်းချက်က လူမှု့တန်ဖိုးကို ဖန်တီးဖို့ပါတဲ့။ သူတို့ဟာ သူတို့ရည်မှန်းတဲ့ လူမှု့ပတ်ဝန်းကျင် အခြေအနေ တိုးတက်မှု့ကို ထောက်ပံ့ဖို့အစီအစဉ်တွေကို စီစဉ်ဖွဲ့စည်းတယ်။

Social Entrepreneur များရဲ့ ပြောစကားအရ သူတို့ဟာ လိုအပ်ချက်တွေကို အဖြေရှာဖို့အစိုးရနဲ့ အဖွဲ့အစည်းတွေကိုပဲတာဝန်ရှိတယ်လို့ယူဆပြီး လှစ်လျူရှုမထားပဲ သူတို့ကိုယ်တိုင်လိုအပ်ချက်တွေကို ရှာဖွေဖော်ထုတ်ပြီး ရရှိလာတဲ့ ဖြေရှင်းချက်တွေကိုလည်း ဖြန့်ကျက်သိရှိစေခြင်းငှာ ကြိုးစားဆောင်ရွက် ကြတယ်လို့ ဆိုပါတယ်။ တစ်နည်းအားဖြင့် စနစ်တွေပြောင်းလဲဖို့နဲ့ လူမှု့အဖွဲ့အစည်းရဲ့ပြောင်းလဲတိုးတက်မှု့ကိုရရှိဖို့ ကြိုးစားခြင်းပါပဲ။

သမိုင်းဝင်ဥပမာတစ်ရပ်အနေနဲ့ ယူနိုက်တက်စတိတ်မှာ အမျိုးသမီးထု အခွင့်အရေးအတွက် ဦးဆောင်တိုက်ပွဲဝင်ခဲ့တဲ့ ဆူဇန်ဘီအန်ထော်နီဟာဆိုရင် လူမှု့စွန့်ဦးစွမ်းဆောင်ရှင် (Social Entrepreneur) ဖြစ် ခေါ်ခံရကောင်းခေါ်ခံရနိုင်ပါတယ်။

ဗီနိုဘာဘီဟေ့ဗ်ကလည်း အိန္ဒိယရဲ့ ဆင်းရဲသားနဲ့မြေယာမဲ့တွေအတွက်မြေယာဝေခြမ်းရေး လှုပ်ရှားမှု့ကို ဦးဆောင်ခဲ့ပါတယ်။

ခေတ်ပေါ်သူနာပြုလုပ်ငန်းများရဲ့ မိခင်ကြီးဖြစ်တဲ့ ဗြိတိန်နိုင်ငံကဖလောရင့်စ်နိုက်တင်ဂေးဟာဆိုရင် သူနာပြုကျောင်းတွေကိုတည်ထောင်ပြီး ပိုကောင်းတဲ့ဆေးရုံအခြေအနေတွေကိုဖန်တီးပေးခဲ့ပါတယ်။ ပြီးတော့ အီတလီနိုင်ငံက မာရီမွန်တက်ဆာရီ ဟာလည်းပဲ ကလေးငယ်တွေရဲ့ ငယ်စဉ်ဘ၀ပညာရေးသင်ကြားမှု့နည်းစနစ်တွေကို တိုးတက်အောင် စွမ်းဆောင်ခဲ့ပြန်ပါတယ်။အဲ့ဒါတွေကတော့ ယူနိုက်တက်စတိတ်ရဲ့ Non Profit Group ဖြစ်တဲ့ Ashoka(အာသောက) အဖွဲ့အစည်းကပေးတဲ့ ဥပမာ အချို့ပဲဖြစ်ပါတယ်။

လွန်ခဲ့တဲ့နှစ်ပေါင်းနှစ်ဆယ်ကျော်က သာမာန်မဟုတ်တဲ့ လူမှု့စွန့်ဦး စွမ်းဆောင်မှု့တိုးတက်ခြင်းတွေ ထူးထူးခြားခြားပေါ်ပေါက်ခဲ့ပါတယ်။ တစ်ချို့သော ကျောင်းသားတွေဟာ အကောင်းဆုံးသော စီးပွားရေးကျောင်းတွေက ထွက်လာကြပြီး ယခုအခါ စွန့်ဦး တီထွင်စွမ်းဆောင်မှု့တွေ လုပ်ဖို့ သူတို့ဘ၀အနာဂတ်ရှေ့ရေးအတွက်လေးလေးနက်နက် စဉ်းစားလာကြပါတယ်။ အဲ့ဒီ့လို Entrepreneurship တွေတိုးတက်ပေါ်ပေါက်လာဖို့အတွက် အကူအညီပေး အရှိန်မြှင့်ပေးတာကတော့ Ashoka ပါပဲ။

၁၉၈၂ မှာ ဘီလ်ဒရေတွန်ဆိုသူက Ashoka Nonprofit Group ကိုဖွဲ့စည်းခဲ့တယ်။ Ashoka ကပြောတာက ဒီအဖွဲ့အစည်းဟာ အဆင့်()ဆင့် အပေါ်မှာအခြေခံပြီး လုပ်ငန်းဆောင်ရွက်မှု့တွေ ပြုလုပ်တယ်လို့ဆိုပါတယ်။ Ashoka ဟာ လူမှု့စွန့်ဦးစွမ်းဆောင်ရှင်တစ်ဦးချင်း အပေါ်မှာ ထောက်ပံ့ကူညီပေးမှု့တွေကို ဘဏ္ဍာရေးအရရော အသက်မွေးမှု့အရပါ ထောက်ပံ့ပေးတယ်။ ဒါတင်မဟုတ်ပဲ ဒုတိယအဆင့်အနေနဲ့ စွမ်းဆောင်ရှင်တွေရဲ့ အတွေးအခေါ်လမ်းကြောင်းတွေ ဖြန့်ကျက်ဖို့နဲ့ ကာလရှည် အထောက်အပံ့တွေဖြစ်နိုင်စေရေးအတွက် ကမ္ဘာတစ်လွှားမှာရှိတဲ့ အခြားသော လူမှု့စွန့်ဦး စွမ်းဆောင်ရှင်တွေနဲ့ ချိတ်ဆက်၊ ဆက်သွယ်ဖို့အကူအညီတွေကိုလည်း ပေးပြန်သေးတယ်။ တတိယအဆင့်အနေနဲ့ လူမှု့စွမ်းဆောင်မှု့တိုးတက်ဖွံ့ဖြိုးမှု့ကို ထောက်ပံ့ပေးဖို့အတွက် လိုအပ်လျှက်ရှိတဲ့ ဘဏ္ဍာရေးစနစ်တွေကိုလည်း တည်ဆောက်ဖို့ အကူအညီပေးမှု့တွေကိုလည်း ပြုလုပ်လျှက်ရှိနေပါတယ်။


Social Entrepreneur
တွေဟာ သူတို့ရဲ့ ပြန်ရချက်တွေကို အကျိုးအမြတ် တစ်ခုတည်းပေါ်မှာတင် မကြည့်ပဲ သူတို့ရဲ့ စွမ်းဆောင်မှု့ကြောင့် လူမှု့တန်ဖိုး ဘယ်လောက် တိုးတက်မြင့်မားလာသလဲဆိုတဲ့ အပေါ်မှာ ကြည့်ရှု့လျှက်ရှိပါတယ်။


မစ္စတာဂစ်တာ ဘလော့ဂ်မှ