Globalization ဖြစ်ထွန်း လာမှုကြောင့် ဆိုရ မလားပဲ။ လူတွေရဲ့ တွေးခေါ်မှုတွေဟာလည်း ပြောင်းလဲ လာခဲ့ပါပြီး ၊ သူတို့ရဲ့ လက်ခံနိုင်မှု တွေဟာ လည်း ပြောင်းလဲလို့ လာပါပြီ ၊ ပိုပြီး အသွင် မတူတာတွေ ဖြစ်လာပါပြီ၊ အရင် တုန်းက တခဏတာ အကျိုးကိုသာ ကြည့်သော်လည်း အခု လုတွေဟာ Future Effect ကိုပါထည့် စဉ်းစား လာပါပြီ။ SAVE OUR SOCIETY ဆိုတာ လက်ခံ လာကြပါပြီ။ social demand တွေများလာတဲ့အခါ တချို့ organization တွေက ပြန်ဖြည့်ဆည်း ပေးနိုင်သလို တချို့တွေက လိုက်မလုပ် ပေးနိုင်တာတွေ ရှိလာကြပါတယ်။
ဥပမာ ... ရေခဲသေတ္တာ ပဲဆိုကြပါစို့ .... ... ... သူဟာ အိုဇုန်းလွှာ ထိခိုက်မှုမှာ အများကြီး ပါဝင် လုပ်ဆောင် ပါတယ်။ ဒါကြောင့် သုံးစွဲ သူတွေဟာ အသုံးလိုလို့သာ သုံးကြတယ် ဒီထက် ကောင်းပြီး ပတ်ဝန်းကျင်မ ထိခိုက်မဲ့ ရေခဲသေတ္တာကို တောင်းတ လာကြ ပါတယ်။ ဒါကို organization တွေဟာ လိုက်လျောဖို့ ကြိုးစား ကြသလို မသိမသာ ဒီအတိုင်းလေးပဲ နေသွား ကြတာရှိပါတယ် ။ လောင်စာဆီသုံး မော်တော်ယာဉ် တွေကြောင့် ကမ္ဘာကြီးကို ပိုမို ပူနွေး လာစေတယ်လို့ social demand တွေ တက်တဲ့အခါ Toyota က လျှပ်စစ်သုံး မော်တော်ကားကို ထွင်လိုက် ပါတယ်။ အဲ့တော့ organization တွေအနေနဲ့ social demand တွေနဲ့ တွေ့ကြုံ လာတဲ့အခါ ဘယ်လို တုံပြန် လုပ်ဆောင် ကြသလဲဆိုတာ လေ့လာ ကြည့်ဖြစ်ပါတယ်။
(၁) Obstructive responseဥပမာ ... ရေခဲသေတ္တာ ပဲဆိုကြပါစို့ .... ... ... သူဟာ အိုဇုန်းလွှာ ထိခိုက်မှုမှာ အများကြီး ပါဝင် လုပ်ဆောင် ပါတယ်။ ဒါကြောင့် သုံးစွဲ သူတွေဟာ အသုံးလိုလို့သာ သုံးကြတယ် ဒီထက် ကောင်းပြီး ပတ်ဝန်းကျင်မ ထိခိုက်မဲ့ ရေခဲသေတ္တာကို တောင်းတ လာကြ ပါတယ်။ ဒါကို organization တွေဟာ လိုက်လျောဖို့ ကြိုးစား ကြသလို မသိမသာ ဒီအတိုင်းလေးပဲ နေသွား ကြတာရှိပါတယ် ။ လောင်စာဆီသုံး မော်တော်ယာဉ် တွေကြောင့် ကမ္ဘာကြီးကို ပိုမို ပူနွေး လာစေတယ်လို့ social demand တွေ တက်တဲ့အခါ Toyota က လျှပ်စစ်သုံး မော်တော်ကားကို ထွင်လိုက် ပါတယ်။ အဲ့တော့ organization တွေအနေနဲ့ social demand တွေနဲ့ တွေ့ကြုံ လာတဲ့အခါ ဘယ်လို တုံပြန် လုပ်ဆောင် ကြသလဲဆိုတာ လေ့လာ ကြည့်ဖြစ်ပါတယ်။
“ ဘူး တစ်လုံး ဆောင် အိုတောင် မဆင်းရဲ” ကို လက်ခံ ကျင့်သုံး သူတွေပါ။ သူ့အပြစ်ကြောင့် မဟုတ်ဘူးလို့ ငြင်းဆန်၊ ခေါင်းရှောင် နေကြ သူတွေပါ။ ဒါကတော့ companyရဲ့ ရေရှည် ရပ်တည်မှုကို အများကြီး ထိခိုက် စေပါတယ်။ လတ်တလောမှာတော့ အပြစ်လွတ်အောင် ခေါင်းရှောင်လို့ ရကောင်းရနိုင်ပေမယ့် လုပ်ငန်းရဲ့ goodwill , reputation ကို များစွာ ထိခိုက် နိုင်ပါတယ်။
(၂) Defensive responseသူကတော့ obstructive လို လုံးဝ ငြင်းဆန်တာတော့ မဟုတ်ပါဘူး၊ Denfensive managerတွေက ဒီ လုပ်ရပ် တစ်ခုက သူတို့ လုပ်ငန်းက လုပ်လိုက်တာ မှန်ပေမယ့် မရှောင် မလွဲသာသော အခြေအနေ တွေကြောင့်ပါ။ အရာ အကြောင်း ကြောင်း တစ်ခုကြောင့် ဖြစ်ပေါ် လာရတာ ဖြစ်တဲ့အတွက် မည်သူတစ်ဦး တစ်ယောက်မှာမှ အပြစ် မရှိပါ လို့ ငြင်းဆိုမှုပါ။ ဒီလိုတုံ့ပြန်မှုမျိုးကို သုံးမယ်ဆိုရင်တော့ manager ဟာ အကျိုးအကြောင်း အချက် အလက်ကို ပိုင်နိုင်စွာ သိထားဖို့ လိုအပ်ပါတယ်။
(၃) Accomodative responseဒီတုံပြန်မှုမျိုးကတော့ တာဝန်ယူမှုပါ။ ဖြစ်လာတဲ့ ပြသနာအပေါ် တာဝန်ယူ ဖြေရှင်းပေးမှုပါ။ လုပ်ငန်းဟာ social အပေါ် သူ့ကြောင့် ethically အရ ထိခိုက် သွားမယ်ဆိုရင် သူ့အနေနဲ့ social responsibility ရှိတယ်လို့ ခံယူပြီး သူ့လုပ်ရပ်နဲ့ ပတ်သက်ပြီး ဖြေရှင်း လုပ်ဆောင်ပေးပါတယ်။ လုပ်ငန်း အတော်များများဟာ သာမန်ရိုးကျ အားဖြင့်တော့ ဒီနည်းလမ်း နဲ့ပဲ များသော အားဖြင့် တုံ့ပြန်ကြပါတယ်။
(၄) Proactive responseဒီနည်းလမ်းကတော့ ပြသနာ မပေါ်ခင်ကတည်းက issues တစ်ခုရယ်လို့ မဖြစ်ခင်ကတည်းက ကြိုတင် ဆောင်ရွက် ထားပေးမှုပါ။ မြန်မာနိုင်ငံ မှာလည်း လတ်တလောက ကြောညာ တစ်စောင်မှာ တွေ့လိုက် ရပါတယ်။ မြန်မာတို့ရဲ့ မြန်မာ အစီအစဉ်လေးပါ ကရုဏာ မြန်မာတဲ့၊ မြန်မာဘီယာက volunteer လုပ်ပြီး ဆောင်ရွက်တဲ့ အစီအစဉ်လေးပါ။ Myanmar Beer ဟာ ကြော်ငြာတွေ ကြော်ငြာပြီး marketing ဖြန့်တဲ့အခါ မြန်မာ အမျိုးသမီး မော်ဒယ်များ၊ မသင့်လျှော်သော ၀တ်စားဆင်ယင်မှုများကို သုံး၍ ကြော်ငြာမှုများ ဆောင်ရွက်ပြီး marketing ကောင်းလာပါတယ်။ သူ့ကြောင့် social ကို အများကြီး ထိခိုက်မှုတွေ ဖြစ်လာပါတယ်။ ဒါကို social က သတိမပြုမိခင်မှာ social responsibility တာဝန်ယူမှုအနေဖြင့် လူမှုရေး လုပ်ငန်းအနေဖြင့် ထောက်ပံမှု အသင်းပုံစံမျိုး ဖွဲ့စည်း၍ လူမှုရေး ဆောင်ရွက်ချက်များကို လုပ်ဆောင်တာကို လေ့လာ မိပါတယ်။ ဒါ စဉ်းစားစရာပါ ... ... သူက proactive ပုံစံမျိုး သွားနေတာလား ဆိုတာပါ။
၂၁ရစုမှာ ကမ္ဘာကြီးက ပိုပြီးပူနွေးလားတဲ့ Global Warming ပြဿနာက ပိုပြီးများပြားလာပါပြီ။ ကမ္ဘာ့ နိုင်ငံတိုင်းက အော်နေကြတာဗျ။ G8 ဆွေးနွေးပွဲမှာ Mr. Bush က ခုအချိန်မှာ ဖြစ်ပေါ်လာတဲ့ Global Warming မှာ တရုတ်နဲ့ အိန္ဒိယက တာဝန်အရှိဆုံးတဲ့။ ဘာကြောင့်လဲဆိုတော့ အဲဒီနိုင်ငံနှစ်ခုမှာ စီးပွားရေးဖွံ့ဖြိုးမှု အရမ်းမြန်နေပြီး စက်ရုံတွေကြောင့် အများဆုံးဖြစ်ရတဲ့ ကမ္ဘာ့ပူနွေးမှုကို တာဝန်ယူရန် တာဝန်အရှိဆုံးပါလို့ ဝေဖန်သွားခဲ့ပါတယ်။ Business တိုင်းက ကိုယ်ကျိုးစီးပွားကိုသာ ရှေးရှုကြတော့ Ethics လို့အော်ရင် ဘော်လီဘောတွေ ပုတ်တာအရမ်းများလာပြီဗျ။ ဒါကြောင့် Ethics ရဲ့ တွင်ကျယ်မှုကို ဆက်လက်ရေးသားပါဦးလို့ အကြံပေးပါရစေ။ ရေးပြီးရင်လေ--- လာမယ့် G8 ဆွေးနွေးပွဲကို ပို့ပြီး ဘော်လီဘော ဆက်ပုတ်ခိုင်းမယ်ဗျို့။
ReplyDeleteComment ပေးပါဆိုလို့ နောက်တစ်ခါ မတောင်းရဲအောင် နောက်တစ်ခုထပ်ပေးမယ်ဗျို့။
င်္င်္င်္Flower ရေးတဲ့ Proactive response ပိုင်းကို ဆွေးနွေးပါရစေ။
၂၁ရာစုမှာ စီးပွားရေးလုပ်ငန်း တော်တော်များများက လက်ခံကျင့်သုံးလာတာက Social Marketing Concept တစ်နည်း Green Marketing Concept ဗျ။ စီးပွားရေး လုပ်ငန်းတွေဟာ ဈေးကွက်စီးပွားရေးစနစ်ကို စတင်ကျင့်သုံးကတည်းက စားသုံးသူတွေရဲ့ စိတ်ကျေနပ်မှုကို ရယူရင်းနဲ့ လုပ်ငန်းရဲ့ အကျိုးအမြတ်ကို ရှာတယ်။ ၂၁ ရာစုကိုလည်းရောက်လာရော စားသုံးသူတွေရဲ့ စိတ်ကျေနပ်မှုနဲ့အတူ မိမိလုပ်ငန်းကြောင့် လူမှုပတ်ဝန်းကျင် ထိခိုက်နိုင်တာတွေကို ကြိုတင်တွေးဆပြီး ကာကွယ်မှုတွေကို တတ်နိုင်သလောက် လုပ်လာတယ်။ ဒါကြောင့် Social Marketing Concept ကို Customer Satisfaction with social responsibility လို့ သတ်မှတ်ပါတယ်။ ဒါပေမယ့် လုပ်ငန်းတိုင်းကတော့ ဒီConcept ကို မကျင့်သုံးနိုင်သေးဘူးဗျ။ စီးပွားရေး လုပ်ငန်းတွေနဲ့ကတော့ မိမိလုပ်ငန်းကို Socity တစ်ခုလုံးက လက်ခံအောင် နည်းမျိုးစုံ နဲ့ ကြိုးစားတာပဲ။
ဒီလိုကြိုးစားတဲ့ နေရာမှာ မ Flower ပြောသလို Ethics နဲ့ မညီတဲ့ အပြုအမူတွေ လုပ်မိရင် နောက်ကနေ ကရုဏာ ဖောင်ဒေးရှင်းတွေနဲ့ လိုက်ပြီးဖာကြတာပဲဗျို့။ ခေါင်းစဉ်တပ်တော့ Promotion မူကွဲတစ်ခုပေါ့ဗျာ။ ဆိတ်သားရေနဲ့ ဆင်သေကို ဖုံးသလိုပဲဗျ။
ဒါပေမယ့် သူတို့က စီးပွားရေး လုပ်တာကိုး ။ အမြတ်တော့ ကောင်းကောင်းရချင်တာပေါ့ဗျာ။ ဒါပေမယ့် အမှန်အတိုင်း ပြောရရင် မြန်မာပြည်မှာက အဲဒီလို ဖောင်ဒေးရှင်းမျိုးတွေ နာဂစ်ပြီးကတည်းက ပိုပြီးခေတ်စားလာတာလေ။ (မလုပ်ဘဲ အလကားရတော့ မင်းတို့လဲ လုပ်ချင်တာ လုပ်ပေါ့။) Every Business, Every Organization & Even Everyone, they are are interested in their INTEREST.
ဒါပါပဲဗျာ။ နောက်တစ်ခါမှ ဆက်ပြီးဆွေးနွေးေောာ့မယ်။
င်္င်္
ဆွေးနွေးချက်ပါ ဖတ်သွားပါတယ် :P
ReplyDeleteACube ရေ... အမေရိကန်က ဘော်လီဘောပုတ်တာ မဟုတ်ဘူးဟ။ ဘတ်စကက်ဘော ထည့်သွားတာ။ ဘော်လီဘောကမှ ဘေးထွက်ရင် ထွက်သွားဦးမယ်။ သူက ဘတ်စကက်ဘောလိုပဲ သူများဂိုးထဲကို သေချာ ချိန်ထည့်တာ။ :P
ReplyDeleteဟုတ်မှာပါ။ ကျွန်တော် ယူဆတာ နည်းနည်းလွဲသွားတာ ဖြစ်မှာ။ ပြင်ကြစို့ ---့ မြန်မြန် ---
ReplyDeleteProactive response ဆိုတဲ့ စကားလုံးလေးကို အဓိပ္ပါယ် ဖွင့်ကြည့်မယ်.. လူ့ဘောင်မှာ မကြာခဏ တွေ့နေရတဲ့ အဖြစ်အပျက်တွေပေါ့ဗျာ၊ အရက်ဆိုင်ဖွင့် စီးပွားရှာတဲ့လူက ရပ်ကွက်ထဲမှာ သာရေးနာရေးရှိရင် ပိုက်ဆံများများ ထည့်သလိုမျိုး ၊ ကျေးလက်တွေမှာရှိတယ် ခြောက်ကောင်ဝိုင်းဒိုင်ခံပြီး ရတဲ့ငွေနဲ့ ရွာအတွက် ဇာတ်အဖွဲ့ငှားပေးတဲ့ ပုံစံမျိုးပေါ့နော်။
ReplyDelete