Thursday, July 24, 2008

Glocalization !



Think Global and Work Local ဆိုပြီး ဆောင်ပုဒ်လို လုပ်ထားပေမယ့် ကျွန်တော် တို့ တစ်ကယ် သုံးနေကျ စကားက Think Globally and Act Locally ဖြစ်ပါတယ်။ တစ်နေ့ ကိုဝေ နဲ့ အွန်လိုင်းမှာတွေ့ တော့ ကျွန်တော် တို့ မြန်မာ နိုင်ငံ က လူငယ် တွေ နိုင်ငံ ပြင်ပ ကို ပဲ အလုပ် ထွက် လုပ် နေကြတာ များနေပါတယ်။ ပြည်တွင်း မှာ ကျန်ခဲ့တဲ့ လူငယ် ပညာရှင်တွေ အရမ်း နည်းလာတဲ့ အကြောင်း ပြောဆို ဆွေးနွေး ဖြစ်ပါတယ်။ အဲဒီ နောက် မှာ ဘလော့ လေး တစ်ခုလုပ် အကြံဉာဏ် နဲ့ သတင်း အချက်အလက် လေးတွေ စုပြီး တင်ပေး ထားနိုင် အောင် လုပ်ဖြစ်ဖို့ စလိုက်ပါတယ်။ တစ်ကယ် စဖြစ်ဖို့ တွေ့တဲ့ လူတွေ လိုက်ပြော စည်းရုံး ပါတယ်။ စိတ်ဝင်စား ကြပေမယ့် တစ်ကယ် လုပ်ဖို့ ကျ လုပ်လက်စလေး ကို မရှိတော့ အားနည်း နေပါတယ်။ ကိုဝေ က အသက် ကြီးတဲ့ ကိုစိုးထက် ကြီး ကပဲ စရေး ပေးပါ ဆိုတာ နဲ့ စရေးဖြစ် သွားပါတယ်။ ဒါတောင် ... စပြောဖြစ်တဲ့ အချိန်ကနေဆို တစ်လကျော် ကြာသွားပါပြီ။ အဟဲ ... ကိုဝေ ကို တောင်းပန်ပါတယ်။

Glocalization ဆိုတဲ့ စကားလုံး က ကမ္ဘာမှု ပြုခြင်း လို့ ပြောပြောနေကြတဲ့ Globalization နဲ့ ဒေသန္တရမှု ပြုခြင်း Localization ကို ပေါင်းထားတဲ့ ဖက်စပ် စကားလုံး တစ်ခု ဖြစ်ပါတယ်။ ၁၉၈၀ ခုနှစ် ၀န်းကျင် ကတည်းက ဂျပန် စီးပွားရေး ပညာရှင်တွေ စတင် သုံးစွဲခဲ့တဲ့ စကားလုံး ဖြစ်ပါတယ်။ နိုင်ငံတစ်ကာ စံချိန်မီ အဆင့် အတန်းရှိ ထုတ်ကုန် (သို့မဟုတ်) ဝန်ဆောင်မှု တစ်ခု ထုတ်လုပ် လိုက်ပေမယ့် ဒေသ က သတ်မှတ်တဲ့ စံနဲ့ လက်ခံတဲ့ ယဉ်ကျေးမှု အစဉ်အလာ ကို ကိုက်ညီအောင် လုပ်ဖို့ က မလွယ်ပါဘူး။ ဒေသန္တရ ဈေးကွက်နဲ့ အဆင်ပြေ ညီညွတ်စွာ လက်ခံ လာအောင် ပြုလုပ်ပေးရတဲ့ ဒီ Gocalization အခြေအနေ ကို တွန်းပို့ ပေးလိုက် ပါတယ်။

မက်ဒေါနယ် McDonald ဆိုင်တွေ ကမ္ဘာအနှံ့ လျင်မြန်စွာ တိုးတက် များပြားလာတာ ကို Globalization နဲ့ ဥပမာပေးထားပြီး အဲဒီ ဆိုင်တွေ ရဲ့ အစားအသောက် စာရင်း နဲ့ အရသာ ပုံစံ ကို ဒေသ အလိုက် လက်ခံ လာအောင် ကြိုးစား ညှိနှိုင်း ပြင်ဆင် ပေးတာကို တော့ Glocalization လို့ သာဓက ပြပါတယ်။

အခု ကျွန်တော်တို့ ရဲ့ ရည်ရွယ်ချက်က ဒင်္ဂါး တစ်ပြားရဲ့ နှစ်ဖက်လုံးက Global နဲ့ Local ကို ပူးပေါင်းပြီး စဉ်ဆက်မပြတ် တိုးတက် လက်ခံလာကြတဲ့ Glocalization ဖြစ်စဉ်မှာ ပေါ်ပေါက်လာတဲ့ အခွင့်အလမ်းတွေ ကို မိမိနိုင်ငံ တွင်းကနေ အမိအရ ရှာဖွေ ဆုပ်ကိုင် ဆောင်ရွက် နိုင်စေလိုတာ ဖြစ်ပါတယ်။

ကမ္ဘာ့ အဆင့် လုပ်ငန်းကြီးတွေ ကနေ Outsourcing ထွက်လာတာ ကို လက်ခံ လုပ်ကိုင် တာက အစပြုပြီး Franchising လုပ် ပြီး ပြည်တွင်းမှာ နိုင်ငံတစ်ကာ အဆင့်မီ ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှု တွေ ထုတ်လုပ် သုံးစွဲ နိုင်ပြီး ဝင်ငွေ ယှဉ်လာနိုင်တဲ့ အထိ ရည်ရွယ် ပါတယ်။

ကျွန်တော် က စီးပွားရေး ပညာရှင် မဟုတ်သလို လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု အပိုင်း လည်း မကျွမ်းကျင် ပါဘူး။ ဈေးကွက် အကြောင်း နားမလည် သလို နည်းပညာ က လည်း ချို့ တဲ့ပါတယ်။ ဘယ်သူမှ တော့ ပြီးပြည့်စုံတဲ့ လူရယ် မရှိပါဘူး။ ဒါကြောင့် အားလုံးကို ဖိတ်ခေါ် ပါတယ်။ တတ်နိုင် သလောက် ဝိုင်းဝန်း ကူညီပြီးတော့ ပါဝင် ရေးသား ပေးကြပါ ... သတင်း အချက်အလက် ကလေးတွေ ပို့ပေးကြပါ ... လို့ မေတ္တာရပ်ခံ တိုက်တွန်း နှိုးဆော် လိုက်ရ ပါတယ် ခင်ဗျာ ...

5 comments:

  1. တစ်လစာ တစ်ခါတည်း ရေးပေးလိုက်ပြီ :D

    ReplyDelete
  2. နောက်ပါနဲ့ ဘကြီးရယ် ... များများရေးပါ များများ ငြင်းရအောင် :P

    ReplyDelete
  3. Dr Soe Htet နှင့် အဖွဲ့သားများအားလုံး
    အောင်မြင်ပါစေလို့ ဆန္ဒပြုပါတယ်။ စီးပွားရေးနှင့်ပတ်သက်ပြီးတော့ ဗဟုသုတ မရှိလို့ Global ကို local လုပ်ဖို့တော့ လွယ်မလွယ်ဆိုတာ မသိပါဘူး။ ဒါပေမယ့် individual လုပ်လို့တော့ သိပ်လွယ်တယ်။ နိုင်ငံခြားစားစရာတွေထဲမှာ မြန်မာလူမျိုး အတော်များများက Pizza ကို တခြားစားစရာတွေထက် ပိုကြိုက်တာတွေ့ရပေမယ့် ခရမ်းချဉ်သီး အနှစ်နဲ့လုပ်စားတဲ့ အီတလီခေါက်ခွဲ Spagitti ကို သိပ်ကြိုက်တယ်။ ဒါပေမယ့် Global ကို local လုပ်တာမဟုတ်ပဲ individual လုပ်ပစ်လိုက်တာဖြစ်တယ်။ သူများက အသားအထူးသဖြင့် အမဲသားနဲ့ လုပ်စားတာကို အမဲသားမစားတဲ့ကျွန်မက ပုဇွန်နဲ့ လုပ်စားတယ်။ သူ့မူရင်းနဲ့ ဘယ်လိုမှ အစပ်အဟပ်မရှိတဲ့ ကြက်သွန်စိမ်းနဲ့ ငရုပ်သီးစိမ်းကို ပါးပါးလှီးပြီး ငန်ပြာရည်ဆန်းတယ်။ မြန်မာလူမျိုးတွေချက်တဲ့ ဟင်းမှာ မပါရင်မပြီးတဲ့ Mono Sodium Glutamate ( အချိုမှုန့်) ကို ထည့်ဖြစ်အောင်ထည့်လိုက်သေးတယ်။ ကျွန်မ ပြုပြင်လိုက်တဲ့ Spagitti ကို ဘယ်အီတလီလူမျိုးချက်တဲ့ မူရင်း Spagitti နဲ့မှ ကျွန်မမလဲနိုင်ဘူး။ ရှာကိုလည်သွားတာပဲ။ ဒါပေမယ့် သူများကို သွားကျွေးလို့ ဒါကို Spagitti လို့ဘယ်သူမှ လက်ခံမယ်မထင်ဘူး။ ဒါပေမယ့် ကျွန်ချက်ထားတာကို လာစားကြတဲ့ ဗမာတွေကတော့ ဆိုင်က Spagitti ထက်ပိုကောင်းတယ်လို့ ပြောကြတယ်။

    ReplyDelete
  4. ကျေးဇူး အစ်မရေ ... ကျွန်တော် ဆစ်ဒနီ ရောက် မှ လာစားလှည့်မယ် :P

    ReplyDelete
  5. အစ်ကိုရေ...
    အားပေးနေပါမယ်...
    ကျွန်တော် မနေ့က ပြောတဲ့ ရှင်ဇနကာဘိဝံသပြောတဲ့ စကားကဘာလဲဆိုတော့
    "မြန်မာ ပြည် လွတ်လပ်ရေးရချင်ရင် ရအောင်လုပ်နေတဲ့ လူ တွေက ငါမဟာဆီမဟာသွေး
    ငါကဘာကောင် ငါကဘာမျိုးနွယ် စတဲ့ ငါဆိုတဲ့ အစွဲတွေကို ဖြောက်မှဖြစ်မယ်" တဲ့..။
    အဲဒါလေးကိုဖတ်မိရင်းနဲ့ ပေါ့ ကျွန်တော် တွေးမိတာက
    ကျွန်တော်တို့မြန်မာပြည်ကို တိုးတက်အောင်လုပ်ရာမှာ လည်း
    ငါကဘာ မင်းကဘာ သူကဘာ ဆိုတာတွေဖြောက်မှဖြစ်မယ် ထင်လို့ပါ...။ ကျွန်တော်ဒီလိုပြော ရခြင်းကတော့ ကျွန်တော် တို့တွေက မြန်မာပြည် တိုးတက်အောင် လုပ်မယ် ဆိုတဲ့ ရည်ရွယ်ချက် ကတူပေမယ့် အချင်းချင်း ငါကဘာ သူကဘာ ဆိုတဲ့ ဘောင်တွေခြားပြီး သိပ်မစည်းလုံးဘူး ထင်လို့ပါ။ ကျွန်တော့် အမြင်မှားနေရင်လည်း တောင်းပန်ပါတယ်။ ကျွန်တော် က မြန်မာပြည် တိုးတက် အောင်လုပ်တယ် ဆိုတာ ကို မြန်မာ တိုင်းရင်းသား အားလုံး တိုးတက်အောင်လုပ်တာလို့ နားလည်ထားပါတယ်။ ဟိုကောင်တော့ မပါနဲ့ ဒီကောင်တော့ နေခဲ့ ဆိုတာ တွေ မဖြစ်စေချင်ပါဘူး။ ဒါပေမယ့် လောလောဆယ်ကတော့ ကျွန်တော့် လိုက်မမှီသေးတာလည်း ဖြစ်နိုင်ပါတယ်။ အစ်ကိုတို့ ဘလော့ ကို အမြဲတမ်း အားပေးနေပါမယ်။

    ReplyDelete