Thursday, July 31, 2008

leader and manager

ဒီပိုစ့်လေးကတော့ ကျနော့် ဘလောက်မှာ တစ်ခါရေးဖူးပြီးသားလေးပါ တစ်ချို့လည်းဖတ်ဖူးကြမယ်ထင့်ပါရဲ့ ဒီ ဘလောက်ကလေးနဲ့ ဒီပိုစ့်လေးနဲ့က သင့်တင့်တယ်လို့ထင်တာနဲ့ ပြန်တင်ပေးလိုက်တာပါဗျာ ။ ဟောပြောပွဲ သွားတက်ရင်းနဲ့ ကြားခဲ့တာလေးတွေကို ကိုယ့်ဘာသာကိုယ် နဲနဲ လျှာ ရှည်ပြီးဖောက်သည်ပြန်ချတဲ့ သဘောပါ။ ဆရာ ဦးအောင်ထွန်းသက်ရဲ့ ဟောပြောပွဲလေးပါ

လူတွေဟာတဲ့ တခြားသူတွေကိုပြောင်းလဲအောင်လုပ်ချင်ကြတယ်။ အဲဒါဟာ လုံးဝမှားတယ် ဘာလို့လဲဆိုတော့ တခြားသူတွေကိုပြောင်းလဲအောင်လုပ်လို့ကို မရဘူးတဲ့။ ဆိုကြပါစို့ဗျာ ခင်ဗျား သိပ်ခင်တဲ့သူ တစ် ယောက်ကို အနုပညာလောက မှာ သိပ်အောင်မြင် စေချင်တယ် အထူးသဖြင့် အဲဒီလူကို အဆိုတော်တစ်ယောက် ဖြစ်စေချင်တဲ့ ဟာ ဒီကောင်က သူ့ အသံကိုက မကောင်းဘူး ဗျာ နောက်ပြီးတော့ တခြားသူတစ်ယောက်က ဆိုငါးပေါက်သံနဲ့ ဆိုထားတဲ့ သီချင်းကို သူကခြောက်ပေါက်သံနဲ့ ကြားတယ်ဗျာ။ ကဲဒီတော့ သူကဆိုရင် ခြောက်ပေါက်သံနဲ့ဘဲဆိုမယ် အဲဒီတော့ ဒီကောင်ဘယ်လိုလုပ်အဆိုတော်ဖြစ်နိုင်မလဲ ဟုတ်တယ်နော် လူတစ်ဦးချင်းဆီမှာ Talent တစ်မျိုးဆီရှိတယ် ကမ္ဘာမှာဗျာ လူဦးရေ သန်းခြောက်ထောင်ကျော် ရှိတယ် အဲဒီထဲ မှာခင်ဗျားနဲ့တူတဲ့သူတစ်ယောက်ကိုမရှာနဲ့ ရှိကိုမရှိဘူး ....ခင်ဗျားဟာ ခင်ဗျားဘဲ ......... ဆရာရဲ့ အဆိုလေးပါ

အဲဒီနေရာမှာ Manager နဲ့ Leader နဲ့ ကွာသွားတော့တာဘဲ မန်နေဂျာတွေက ဘာလုပ်သလဲဆိုတော့ သူ့
Mission အောင်မြင်ဖို့အတွက် လိုအပ်ချက်တွေကိုရှာတဲ့ နေရာမှာ သူ့အောက်မှာ ရှိတဲ့ ၀န်ထမ်းတွေရဲ့ အားနည်းချက်တွေကိုလိုက်ရှာတက်တဲ့ အကျင့်ရှိတယ်.... ဘာလို့လဲဆိုတော့ သူလူတွေရဲ့အား
နည်းချက်တွေကို ဖြည့်စွက်ပေးဖို့အတွက်ဆိုပါတော့ဗျာ ..... အဲဒီလိုအပ်ချက်တွေအတွက်သင်တန်းတွေ ပေးတယ် ဗျာ။ တကယ်တော့ အဲဒီကောင်မှာ တကယ့်Talent တွေ မရှိတဲ့ဟာမျိုးဆိုရင် ဘယ်လိုသင်တန်းပေးပေး
မရဘူးဗျ။ စင်ပေါ်ကိုတက်ကိုပြောနိုင်စွမ်းမရှိတဲ ဟာမျိုး ကိုသွားပြီးဘာမှ သင်တန်းမပေးနဲ့ မရဘူး အလကားဘဲ
အချိန်ကုန်သွားမယ် ဒါပေမယ့် အဲဒါဟာ လုပ်နေကြတာဘဲ

Leader ကောင်းတစ်ယောက်ဆိုရင်တော့ သူ့ Mission အောင်မြင်နိုင်ဖို့အတွက် သူ့ လူတွေမှာရှိတာတွေကိုဘဲထုတ်သုံးဖို့ကြိုးစားတယ် သူ့လူတွေရဲ့မတူညီတဲ့ အရည်အချင်းတွေကို သင့်လျှော်သလိုထုတ်သုံးပြီး အောင်မြင်အောင် ဆောင်ရွက်နိုင်တယ်.....

မန်နေဂျာဆိုတာကတော့ဗျာ ကျားကစားတဲ့သူတွေနဲ့တူတယ်။ သူကရှင်းတယ်လေ သမရိုးကျဘဲ ကျားခုံမှာ အဖြူကွက်တွေအမဲကွက်တွေပါတယ်။ အဲဒီထဲကမှ သူ့ကျားကောင်လေးတွေကို သမရိုးကျအတိုင်းဘဲ တစောင်းလေးတွေတက်သွားမယ် သူ့မှာဘာမှ သိပ်ဖန်တီမှုမရှိဘူ:။

Leader ဆိုတာကတော့ စစ်တုရင်ကစားတာနဲ့ တူတယ် သူလက်အောက်က အကောင်တိုင်းမှာ မတူညီတဲ့ အရည်အသွေးတွေရှိတယ် ဒီအရည်အသွေးတွေကို ထိရောက်စွာ အသုံးချပြီး တဖက်ကစား သမားကို တစ်ဘက်ပြိုင်ဘက်ကိုယှဉ်ပြိုင်ရတယ် တကယ်တော့လူတွေဟာ ကျားကောင်တွေနဲ့ မတူဘူး စစ်တုရင်ရုပ်တွေလို မတူညီတဲ့အရည်သွေးတွေရှိနေတယ် လို့ ဆရာက ဆိုခဲ့သေးတယ်ဗျာ

ကင်းမြီးကောက်နဲ့ဖားပုံပြင်လေး ကြားဖူးကြမယ် ထင်တယ်နော်မကြားဖူးလည်း ထပ်ပြောတာပေါ့ဗျာ။ တစ်ခါ တုန်း ကပေါ့ဗျာ ကင်းမြီးကောက်နဲ့ဖားတစ်ကောင်ဟာ ဘော်ဒါဖွဲ့ပြီးနေကြတယ်တဲ့ ။ တစ်နေ့တော့ ဒီဘဲနှစ်ဗွေ က ချောင်းတစ်ခုကိုဖြတ်ပြီးခရီးသွားဖို့ ကြုံရောတဲ့ဗျာ။ အဲဒီမှာ ကင်မြီးကောက်က ပြောတာပေါ့ ဟေ့ကောင် ငါကတော့ရေမကူးတက်ဘူး အဲတော့မင်းက ကျောပေါ်မှာငါ့ကိုတင် ပြီးတော့ကူးပေး အဲဒါမှအဆင် ပြေမှာ....ဆိုတော့ .......ဖားက ဟ ငါကမင်းကို တင်ခေါ်တာတော့ဟုတ်ပြီ ဒါပေမယ့်မင်းငါ့ကို အမြီနဲ့ထိုးလို့တော့မဖြစ်ဘူး မင်းရေထဲမှာငါ့ ကိုအမြီးနဲ့ထိုးရင် ငါကအဆိပ်တက်မှာ အဲဒါဆို ရေဆက်မကူးနိုင်ဘူးဖြစ်မှာ ငါသေရင် မင်းလဲရေမကူးတက်တော့ မင်းပါသေမှာ ။ ကင်းမြီးကောက်က အေးပါကွာ မထိုးပါဘူးဆိုတော့ ဖားက သူ့ကျောပေါ်တင်ပြီး မြစ်ကိုကူးလိုက်တာ မြစ်လည်လည်းရောက်ရော ကင်းမြီးကောက်က ဖားရဲ့ကျောကို အမြီးနဲ့ထိုးပါလေရော ....ဖား က ဟာ မင်းဘာလုပ်တာလဲ အခုငါအဆိပ်တက်ပြီ မင်းပါသေမှာ ဟငါက ကင်းမြီးကောက်ဘဲ အဲဒီတော့ထိုးရမှာဘဲ.......

Mamager တွေက ဖားတွေလိုဘဲစဉ်းစားတယ် သူတို့ကပြောင်းလဲလို့ရမယ်လို့ထင်တယ် လူတွေရဲ့ သဘာဝ တွေကိုပြောင်းလဲဖို့ကြိုးစားတယ်။ သူတို့သာ အစွမ်းကုန်ကြိုးစားရင် ဘယ်သူ့ကိုမဆို သူတို့ပြောင်း လဲ ချင်တဲ့ ပုံစံအတိုင်း ပြောင်းလဲရမယ်ထင်တယ်။ နောက်ဆုံးတော့လဲ အားလုံးကိုမကျေနပ်ဘဲ ပြီးဆုံး သွားရသူမျိုးတွေပေါ့......

Leader တွေကတော့ အယူဆဟောင်းတွေကို စွန့်လွှတ်ပြီး လူတွေရဲ့မတူညီတဲ့အရည်သွေးလေးတွေကို ကိုင်တွယ်ပြီး မတူညီတဲ့နည်လမ်းလေတွေနဲ့ သူတို့ အရည်ချင်းတွေကိုထုပ်ဖော်ချင်လာအောင် Motivate လုပ်ပြီး ပန်းတိုင်ကိုသွားနိုင်သူတွေပေါ့ ။ လူတွေကိုများများမပြောင်းနိုင်ဘူးဆိုတော့ သူတို့ဆီက ထုပ်ယူတဲ့နည်းကိုဘဲသုံးတဲ့သူတွေပေါ့......

မန်နေဂျာတွေက လူရွေးတဲ့အခါမှာ experience တို့ Intellegence တို့ determination တို့ ကိုအဓိက ထားစဉ်းစားတက်တယ်။ သူရွေးတဲ့သူတွေလုပ်ငန်းခွင်ထဲရောက်တာနဲ့လုပ်ရမှာတွေကိုတန်းစီ ပြောပြ သင်ပြပေးတော့တာဘဲ။ သူ့လူတွေရဲ့အားနည်းချက်တွေကို ဖြည့်စွက်ဖို့ကြိုးစားတယ် သူတို့မှာမရှိတာ တွေကိုထည့်လို့ရမယ်ထင်တဲ့ဖားတွေပေါ့ဗျာ ။ ရာထူးတိုးပေးပြီး လူတွေကို develope ဖြစ်အောင် လုပ်ပေးတယ်....

leader တွေကတော့ လူတွေကိုရွေးတဲ့ အခါမှာ experience ,ntellegence ,determination ထက် Talent ကိုဘဲ အဓိကထားပြီးရွေးတယ် သူ့လူတွေရဲ့ သက်ဆိုင်ရာ Talent ကိုယုံကြည်ရတော့ ဘာလိုချင်တယ်ဆိုတာဘဲပြောတယ်။ သူတို့ရဲစွမ်းဆောင်ရည်ကိုလွတ်လွတ်လပ်လပ်ဖော်ထုပ်ခွင့်ပေးတဲ့သဘော
ပေါ့။ သူ့လူတွေကို develope ဖြစ်ဖို့အတွက်ရာထူးတိုးပေးတာထက် သက်ဆိုင်နေရာတွေမှာ အံဝင်ခွင်ကျဖြစ်အောင်ဖန်တီးပေးတယ်.....

အဲဒီနေရာမှာ ရာထူးတိုးပေးခြင်းနဲ့နေရာမှန်ပို့ခြင်းက သိပ်ကွာတယ်နော် ဆိုကြပါစို့ ကလေးအထူးကု တစ်ယောက် သိပ်တော်တယ် ဒီတော့ရာထူးတိုးပေးပြီး ညွှန်ချူပ်ခန့်လိုက်တယ်။ သူက ဆေးကုတော်တာ လေ management ကောင်းချင်မှ ကောင်းမှာပေါ့ သူက ညွှန်ချူပ်ဘ၀မှာ မလုပ်တက်မကိုင်တက်နဲ့ဆိုရင် သူ့ departmene ရဲ့ရည်ရွယ်ချက်လဲပျက် ပြီသူ့နေရာကိုရောက်တဲ့ကလေးဆရာဝန် ကလည်းမလုပ်တက် မကိုက်တက်ဆိုရင် ကဲကဲနေရာမှန်လူမှန် နဲ့ အကောင်းဆုံးသော leader တွေနဲ့တွေပါစေ ...... အားလုံးရဲ့ အမြင်လေးတွေကို နားဆင်နေပါရဲ့


8 comments:

  1. သားသား တို့ ဝန်ကြီးဌာနကို ဥပမာ ပေးထားတယ် :P

    ReplyDelete
  2. တိုက်ဆိုင်တွားတာ ခွင့်လွတ်နော် ဟီး

    ReplyDelete
  3. မှန်၏
    Manager နဲ့ Leader ကွာ၏
    လူတိုင်းကို ပြောင်းလဲဖို့ မကြိုးစားသော်လည်း ပြုပြင်ပေးချင်စိတ်ရှိရမည်။
    ဝန်ထမ်းအများစုက လုပ်တတ်ပေမယ့် ရေသာခိုဖို့ ကြိုးစားတာများတယ်
    ပြီးတော့ တွက်ကပ်တယ် တစ်သက်လုံး ပြင်မရတဲ့ အကျင့်ဆိုးတွေပေါ့
    အဲဒါတွေ ဘာကြောင့်ပြင်ပေးသလဲဆိုရင် ကောင်းစေချင်လို့ တိုးတက်စေချင်လို့ဆိုတာ ဖြစ်လိမ့်မယ်
    လူတစ်ယောက်ကို ဖြုတ်တာလွယ်ပါတယ် ထိန်းထားရတာခက်တယ်
    တခါတခါမှာ Leader တွေ Entrepreneur တွေက ခက်တာကို လုပ်တတ်တယ်
    ပြောရရင်တော့ စေတနာကောင်းလို့ ထင်ပါရဲ့ :D

    ReplyDelete
  4. အဓိကမြန်မာနိုင်ငံမှာဖြစ်နေတဲ့ပြသာနာက ဒါပါဘဲ လူမှန်နေရာမှန် ဆိုတာထက် ကိုယ့်လုအရေးကြီးတဲ့ နေရာမှာထားထားလားဆိုတာက ပိုနေတယ်။ နောက် သူများကိုပြောင်းလဲအောင် လုပ်တဲ့နေရာမှာ ကိုယ်ဖြစ်စေချင်သလို အတင်းကာရော ဆွဲစေ့ချင်တာက များနေတယ်။

    ReplyDelete
  5. သိပ်ကောင်းတယ်ဗျာ ပို့စ်လေးက

    ReplyDelete
  6. ဟုတ်တယ်...လူအများစု ဖြစ်နေတာက ကိုယ် လိုချင်တဲ့ပုံ ရအောင် သွင်းနိုင်ရင် အဲဒါကို Prizeလို့ ထင်နေတတ်ကြတယ်။ တစ်ကယ်တော့ ကိုဝေပြောသလို ပြောင်းလဲ
    ဖို့ ကြိုးစားတာထက် သူတို့ရှိပြီးသား Talentကို အံဝင်ခွင်ကျဖြစ်အောင် အသုံးချတတ်ဖို့လိုတာလေးကို စစ်တုရင်နဲ့ယှဉ်ပြောသွားတာ တော်တော်ကောင်းပါတယ်။

    ReplyDelete
  7. ရေးသား တင်ပြကောက်နှုတ်သွားမှုတွေကို စိတ်ဝင်တစား ဖတ်သွားပါတယ်..

    ReplyDelete
  8. စမ်းသတ်ခြင်း

    ReplyDelete