Sunday, October 5, 2008

Entrepreneurship, more difficult than Email and Love

အီးမေးလ် လိပ်စာ၊ မေတ္တာထက် စွန့်ဦးတီထွင်မှု က ပိုခက်

ခေါင်းဆောင်မှု နှင့် အီးမေးလ်

ခေတ်ကို ချိတ်ဆက်မှုပြည့်စုံလာ သောခေတ်(age of connectivity) ဟု ခေါ်လာသည်။ ဆဲလ်ဖုန်း ဖြင့် အင်တာနက်ကို ချိတ်ဆက် နိုင်သည့် ခေတ် ကို ယခု မျှော်လင့် ထားသည်။ အင်တာနက် တက္ကနိုလိုဂျီ ပေါ်လာသဖြင့် စီးပွားရေး လုပ်ဆောင်ခြင်း (ဘိဇနက်) နှစ်ခြမ်းကွဲ သွားသည်။ အွန်လိုင်း ဘိဇနက် နှင့် သမားရိုးကျ ဘိဇနက် တို့ ဟူ၍ ဖြစ်သည်။ ဘိဇနက် စီမံခန့်ခွဲမှု၌ လည်း အွန်လိုင်း ဘိဇနက် စီမံခန့်ခွဲမှုနှင့် အော့ဖ်လိုင်း ဘိဇနက် စီမံခန့်ခွဲမှု တို့ ဆိုပြီး ဖြစ်သွားသည်။

ဘိဇနက် နှစ်မျိုး ကွဲသွားသည့် အတွက် စီမံခန့်ခွဲမှု ပုံစံလည်း နှစ်မျိုး ကွဲသွားသည်။ တွေ့နေကျ၊ ပြင်နေကျ ဘိဇနက် စီမံခန့်ခွဲမှုတွင် ဖောက်သည် နှင့် ခေါင်းဆောင်မှု (customers and leadership) တို့သည် အမာခံ ကျောရိုး ဖြစ်သည်။ အွန်လိုင်း ဘိဇနက်စီမံခန့် ခွဲမှုတွင် အီးမေးလ် နှင့် အီးမေးလ် လိပ်စာ (e-mail and e-mail addresses) တို့သည် အမာခံ ကျောရိုး ဖြစ်သည်။

ကုမ္ပဏီလား၊ တစ်နိုင်တစ်ပိုင်လား

အမေရိကန် စီးပွားရေး အကျပ် အတည်းသည် ရီဆက်ရှင်း(rece-ssion) ထဲ တရားဝင် မရောက် သေး။ (ယခု ရောက်နေပါပြီ) ဤသို့ မရောက် သေးကြောင်း နှင့် ပတ်သက်၍ အကြောင်း နှစ်ချက် ပြသည်။ ပထမ အကြောင်းပြချက်သည် သမ္မတ ဘုရှ်က အမေရိကန် စီးပွားရေး သည် အတက်နှေးခြင်း သာ ဖြစ်သည် ဟု ပြော ပြီး ရီဆက်ရှင်းကို ငြင်းဆိုသော အချက် ဖြစ်သည်။ ဒုတိယ အကြောင်းပြချက် သည် လေးလ တစ်ကြိမ် ကောက်ယူ သော စစ်တမ်းအရ အမေရိကန် ဂျီဒီပီ သည် လျော့ဆင်း သွားစေကာမူ အပေါင်း လက္ခဏာ ပြနေ သေးသော အချက် ဖြစ်သည်။ စတုတ္ထ လေးလပတ် ဂျီဒီပီ တိုးတက်မှု နှုန်းသည် ဝ ဒသမ ၆ ရာခိုင်နှုန်း ဖြစ်၍ နည်းသော်လည်း အပေါင်း လက္ခဏာ ဖြစ်နေသည်။ ဂျီဒီ ပီ တိုးတက်မှုနှုန်း ကိုယ်နှိုက်က အနုတ် လက္ခဏာ ပြလာ မှသာလျှင် စီးပွားရေး သည် ရီဆက်ရှင်း ထဲ ဝင်ပြီ ဟု အသိ အမှတ်ပြုချင် ကြသည်။

မည်သို့ပင် ဖြစ်စေ အတက်နှေး ပြီး အကျဘက် ယိုင်ဆင်း သည်ဖြစ်စေ၊ အနုတ် လက္ခဏာ ပြ၍ ကျဆင်းသွား သည်ဖြစ်စေ စီးပွားရေး အကျပ် အတည်းသည် ကုမ္ပဏီကြီး တို့ကို ပို၍ ထိခိုက် စေသလား သို့တည်းမဟုတ် တစ်နိုင်တစ်ပိုင် အငယ်နှင့်အလတ်စား အရွယ်တို့ကို ပို၍ ထိခိုက် စေသလားဟူ ၍ စစ်တမ်း ထုတ်ကြည့် ကြသည်၊ အငြင်းပွား သည်။

ငွေဖော်ခက်

ဤသို့ စစ်တမ်း ထုတ်ရင်း slump busters တွေ ပေါ်လာ သဖြင့် သူတို့ အကြောင်း လေ့လာမှု တို့ကို ပြုလုပ် ကြသည်။ slump မှ အလုပ် အကိုင် မကောင်းသည့် အချိန်၊ စီးပွားရေး ကျဆင်းချိန် ကို ညွှန်းသည်။ busters တို့ ဆိုသည်မှာ ဖြိုခွင်းသူ၊ တားဆီးသူတို့ ကို ညွှန်း သည်။ ထို့ကြောင့် ခြုံပြီး ပြော လျှင် စီးပွားရေး ကျဆင်းချိန်၌ အကျိုး အမြတ် ပေါ်အောင် လုပ်နိုင်သူများကို ခေါ်သည်။ ပြောနေကျ စကား အတိုင်း ပြောရလျှင် သူတို့သည် ရီဆက်ရှင်း (စီးပွားရေး ကျဆင်းမှု) ကို အခွင့်အလမ်း အဖြစ် မြင်နိုင်သူတွေ ဖြစ်သည်။

ခြုံငုံပြောလျှင် စီးပွားရေးကျဆင်း ခြင်းသည် ငွေရေး ကြေးရေး၊ ဘဏ္ဍာ ရေးကိစ္စတို့၌ ပိုပြီး တာဝန်ရှိရှိ စဉ်းစား တတ်အောင် တွန်းအား ပေးလိုက်ခြင်း ပင်ဖြစ်သည်။ ပရမ်းပတာ မဆင်မခြင် ကိုင်ခဲ့သော ငွေရေး ကြေးရေးနှင့် ဘဏ္ဍာရေး ကိစ္စတို့ကို စနစ်တကျနှင့် တာဝန်ရှိရှိ ပြန်ချိန် ရသည်၊ ပြန်စဉ်းစား ရသည်။ ဖဲစကားနှင့် ပြောလျှင် ဖဲချပ် တို့ကို ကုလားဖန် ပြန်ထိုးကြရသည်။ ဤသို့ ကုလားဖန်ထိုးရင်း စီးပွားရေး ကျဆင်းမှု၌ ပေါ်လေ့ပေါ်ထရှိသော အခွင့်အလမ်းတို့ကို ဆုပ်ကိုင်ကြသည်။ တစ်နည်းပြောလျှင် လောင်းကြေးထပ် ကြသည်။

ဖဲကစားဝိုင်း၌ လောင်းကြေး ထပ် သလို ပြုသည်ဟု ဆိုရ သည်မှာ စီးပွားရေး ကျဆင်းချိန်၌ပေါ်သော အခွင့် အလမ်း တို့ကို ဆုပ်ကိုင် ရသည်မှာ မရေရာမှုအပေါ် လောင်းရသော ကြောင့်ဖြစ်သည်။ ဥပမာ - ဈေးကွက်၌ ငွေရွှဲစိုမှု မရှိ၊ ငွေကျပ် နေသည်ဟု ဆိုကြ ပါစို့။ market illiquidity ဟုခေါ် သည်။ ဈေးကွက်၌ ငွေမရွှဲ ဟု ဆိုသည် မှာ အက်ဆက်တို့ကို ရောင်းထုတ်ပြီး ငွေဖော်ရ ခက်ခဲနေခြင်းကို ရည်ညွှန်း သည်။ ဈေးကွက်ထဲ မိမိပိုင် အက်ဆက် တို့ကို တန်ရာတန်ကြေး နှင့် အလွယ် တကူ ရောင်းထုတ် နိုင်မှသာ ဈေးကွက် ငွေရွှဲစိုသည် ဟု ခေါ်သည်။

ဤသို့မဟုတ်ဘဲ အက်ဆက်ကို ရောင်းရ ခက်နေသည်၊ ဝယ်သူမရှိ၊ တန်ရာတန်ဖိုးအောက် ဈေးလျှော့ ရောင်းရသည်၊ မီးလောင်လျှင် ရရာ ဈေးဖြင့် ထိုးရောင်း ရသည့်ပုံ (fire sale) မျိုးနှင့်ရောင်းရလျှင် ဈေးကွက် ၌ ငွေမရွှင်ဟု ခေါ်နိုင်သည်။ ယခု ရီ ဆက်ရှင်း ထဲ ဝင် နေသည် ဆိုသည်မှာ ဈေးကွက်ထဲ အက်ဆက်တွေ ရောင်း၍ ငွေဖော် ရသည့် နည်းသည် အခက်အခဲ တွေ့နေရခြင်းကို ညွှန်းသည်။

ပြဿဒါးကို ပြားအောင်လုပ်

ယခု အမေရိကား နှင့် နိုင်ငံအများ အပြားတို့တွင် အရင်းအနှီး ရှာရခက် နေကြသည်၊ ချေးရ၊ ငှားရခက်နေကြ သည်။ ချေးငှားမှု အကျပ်အတည်း (credit crunch) ဖြစ်နေသည်။ ထို အခါ ငွေရင်းလိုသူတို့သည် မိမိတို့ပိုင် အက်ဆက် တို့ကို ရရာ ဈေးဖြင့် ချ ရောင်းထုတ် နေကြ ရသည်။ အထူး သဖြင့် ပရော်ပါတီ ခေါ် အိမ်တွေကို ဈေးလျှော့ပြီး ချရောင်း နေရသည်။ စက် ပစ္စည်းတို့ကို လျှော့ဈေးဖြင့် ချ ရောင်းနေကြသည်။ စက်ရုံ အလုပ်ရုံ တို့ကို ပိတ်ပစ်မည့် အစား စက်ပစ္စည်း တို့ကို ဖြုတ်ရောင်းချ လာကြသည်။

ဤသို့ လျှော့ဈေးဖြင့် ချရောင်း လာခြင်းသည် စွန့်ရဲသူတို့ အဖို့ အခွင့် အလမ်းပင် ဖြစ်လာတော့သည်။ အက်ဆက် နှင့် ပရော်ပါတီ တို့ကို လျှော့ဈေး ဖြင့် လိုက်ဝယ်ပြီး သိမ်းနိုင်လျှင် ရီ ဆက်ရှင်း လွန်ခေတ် (post-reces-sion) ၌ အကျိုးရှိ နိုင်သည် ဟု တွက်ကြ သည်။ အိမ်ဈေးနှုန်း များ ဘယ်လောက် တောင် ထိုးကျ သနည်းဆိုလျှင် အိမ် ပေါင်စဉ်က ထားရှိသည့် အိမ်တန်ဖိုး (mortgage value) အောက်သို့ပင် ကာလ ပေါက်အိမ်ဈေးက ရောက်သွား သည်။ အိမ်၏ ဈေးကွက်တန်ဖိုးက အပေါင် တန်ဖိုးအောက် ရောက်သွား သဖြင့် အိမ် ပြန်ရွေးသည်ထက် အပေါင် အဆုံးခံ လိုက်သည်က ပို၍ အဆုံး အရှုံး သက်သာ သလို ဖြစ်လာသည်။

ဤလို အက်ဆက် ဈေးနှုန်းတွေ၊ စက်ပစ္စည်းတွေ၊ တစ်ပတ်ရစ်တွေ၊ မော်တော်ကား တွေ ဒလဟော ဈေး ထိုးကျ လာချိန်တွင် ဤပစ္စည်း တို့ကို လိုက်ဝယ်ပြီး ငွေကစား နိုင်သူတို့ အဖို့ ကံကောင်းလျှင် အကျိုးရှိ နိုင်သည်။ ဤလို စီးပွားရေး အခြေအနေမကောင်း ၍ လျှော့ဈေး ဖြင့် ချရောင်း သော ပရော်ပါတီ၊ အက်ဆက် နှင့်ပစ္စည်း အရပ်ရပ်ကို ငွေထုပ်ပိုက်ပြီး လိုက်လံ ဝယ်ယူသောသူတို့ကို အထက်တွင် ဖော်ပြသည့် အတိုင်း slump busters ကျချိန်ကို ဖြိုခွင်းသူများ ဟု ခေါ် လာသည်။ မြန်မာစကားပုံလာ ‘ပြဿဒါး ခရီးထွက်၊ တိုးတက် အောင်ပွဲ ခံ’၊ ‘ပြဿဒါး ပြား နေအောင် ရုန်း လိုက် လာဘ်ထိုး လိုက်’ ဆိုသော ဆို ရိုးစကားတို့ကို လိုက်နာဟန် တူသည်။

ပြတ်စဲသည်၊ သို့သော်

ထူးထူး ဆန်းဆန်း ဖြစ်ရပ်တစ်မျိုး လည်းပေါ်သည်။ စီးပွားရေးကို လင် မယားပူးပေါင်းပြုလုပ်ကြသော ပုံစံ သည် သာမန်ဖြစ်သော်လည်း ဦးနှင့်ပဲ့ အတူ ထမ်းရွက်သည် ဟု ယူဆ၍ ချီး ကျူးကြသည်။ လက်ထက်ပွားပုံစံ လည်းပေါ်၊ သေတစ်ပန် သက်တစ် ဆုံး မေတ္တာ ပုံစံ လည်း ပေါ်သည်။

သို့သော် လင်နှင့် မယား လျှာနှင့် သွားဆိုသလို အခန့်မသင့် သော အချိန် များ ရှိလာတတ်သည်။ အယ်လင်မော့ ဂိတ်ခ်ျ ကုမ္ပဏီသည် ဂျင်နီဖာ နှင့် သူ၏ ခင်ပွန်းတို့ ပူးတွဲ ပိုင်ဆိုင်သော လုပ်ငန်း ဖြစ်သည်။ လင်မယား နှစ်ဦးပိုင် နှစ်ဦး အတူ ပြုလုပ်ကြသဖြင့် unlimitted partnership ဟုခေါ်သည်။ ဤသို့ အတူတူ စီးပွား လုပ်လာကြရာ လုပ် ငန်းလည်း အတော် အောင်မြင်သည်၊ ကြီးပွား တိုးတက်သည်။ သို့ရာတွင် တစ်နေ့သော် လင်မယား ရန်ဖြစ်သည်။ ဘယ်လောက်တောင် ကြီးကျယ်သွား သနည်းဆိုသော် လင်မယား ကွဲကြ သည်။ ပစ္စည်းခန်း ခွဲကြသည်။

သို့ရာတွင် သူတို့ နှစ်ဦးပိုင် ဘိဇနက်ကိုမူ မခွဲကြပေ။ နှစ်ဦးပိုင် အဖြစ် အတူတူ ဆက်လုပ်သည်။ ပြတ်စဲပြီး သား လင်မယား နှစ်ဦးပိုင် ဆိုတော့ ယောက်ျားက လုပ်ငန်း၏ ဘော့စ်ဖြစ် လာသည်။ ဤ သဘောနှင့် ပင်လုပ်ငန်း ကလည်း ဆက်လက် အောင်မြင်လာ ရာ သူတို့ နှစ်ဦး၏ ဘိဇနက်ကို ထူးဆန်း သဖြင့် ပြက်လုံး ထုတ်လာ ကြသည်။ သူတို့ နှစ်ဦး၏ ဘိဇနက် ပုံစံ ကို အဓိပ္ပာယ် ပေးကြည့်ကြသည်။ ဘိဇနက် မဂ္ဂဇင်း တစ်စောင်က သူတို့ ပုံစံကို ကြည့်ပြီး
‘မေတ္တာသည် မာကျောခက်ခဲသည်။ စွန့်ဦးတီထွင်မှု သည် ပိုလို့ တောင် မာ ကျော ခက်ခဲ သေးသည်။ သို့ရာတွင် စုံတွဲတို့သည် ဘိဇနက်ကို အတူလက် တွဲ ဆက်လုပ် နေကြသည်။ သူတို့သည် ငပေါ တွေလား’
ဟု သရုပ် ဖော်သည်။ မေးခွန်း မေးပြီး ငေါ့သည်။

ဘော့စ်နှင့် အတူအိပ်

ဤ ဝေဖန်ချက်ကို ဇနီးသည်က ပြန် ဖြေရှင်းသည်။ ကွာရှင်း ပြတ်စဲပေ မဲ့ အတူတူ အလုပ်လုပ် သဖြင့် သား သမီးတွေ စိတ် ချမ်းသာ သည်။ ပြတ်စဲ သော်လည်း အတူတူ လုပ်ရသည်မှာ
‘ခင်ပွန်းဟောင်း ၏ မယုံကြည် နိုင်စရာ ဗီဇတစ်ခုတွင် ကျွန်မက ယုံကြည် စိတ်ချသောကြောင့် ဖြစ်သည်။ ဤဗီဇမှာ ကျွန်မ ခင်ပွန်းဟောင်း သည် ဘယ်ဟာ သည် အမြတ် ထွက်နိုင်သည်၊ ဘယ် ဟာ သည် အမြတ် မထွက်နိုင် ဆိုသော အကြောင်းကို ဗီဇစိတ်ဖြင့် သိနိုင်သော ကျွမ်းကျင်မှု ရှိသည်။ သူကလည်း ကျွန်မ၏ ကျွမ်းကျင်မှုကို ယုံကြည်စိတ် ချပုံရသည်။ ကြာတော့လည်း ဆုံးဖြတ်ချက် ချမှတ်မှုတွေမှာ ကွဲပြား လာပါသည်။ ဒါကလည်း မဆန်းပါ။ ပြဿနာ တစ်ခု၌ အဖြေက တစ်ခုမက ရှိနိုင် သည်မဟုတ်ပါလား’
ဟု ဖြေရှင်းပြ သည်။ ပြတ်စဲထားသော လင်မယား စီးပွားရေး အတူလုပ်ပုံ ကို ကြည့်ပြီး မီဒီ ယာတစ်ခုက ခေါင်းစီး တပ်သည်။ ‘ဘော့စ်နှင့်အတူ အိပ်ခြင်း’ (sleep-ing with the boss) ဟူ၍ ဖြစ်သည်။

အညွှန်း - Fortune-Small Business

၂၀၀၈ ခုနှစ်၊ ဧပြီ လ (၁) ရက်နေ့ ထုတ်၊ အခွင့် အလမ်း ဂျာနယ်၊ အမှတ်စဉ် (၁၃၁) မှ ဆရာ မောင်စူးစမ်း ၏ ဆောင်းပါး အား ပြန်လည် ကူးယူ ဖေါ်ပြပါသည်။

No comments:

Post a Comment