Wednesday, September 3, 2008

နှလုံးသားထဲက Entrepreneur (2)

Entrepreneur တစ်ယောက်အတွက် မိမိကိုယ်ကို ယုံကြည်မှု၊ ကိုယ့်ကိုယ်ကို လေးစားမှုသည်လည်း အင်မတန် အရေးပါတယ်လို့ ကျနော်ကတော့ ယူဆတယ်လေ။ ကြိုးတန်းလျှောက်သမား တစ်ယောက်ဟာ ကြိုးတမ်း လျှောက် နေစဉ် ကာလကလေးမှာ သူ့အနေနဲ့ ကြောက်စိတ် သို့မဟုတ် စိုးရိမ်စိတ်လေး တစ်ချက်ဝင်သွားတာနဲ့ သူ့အသက်နဲ့ ခန္ဓာကိုယ်နေရာ ရွေ့သွားမယ့် အပြောင်းလဲကို ကြုံသွားနိုင်တယ်လေ။ ဒီသဘောမျိုးပါဘဲ စာဖတ်သူလူကြီးမင်းအနေနဲ့ ကိုယ်လုပ်နေတဲ့ လုပ်ငန်း လုပ်ရပ်တွေအပေါ် အနည်းငယ်ယုံကြည်ချက် မဲ့သွားတယ်ဆိုရုံနဲ့ လုပ်ငန်းကြိုးတန်းပေါ်ကနေ ပြုတ်ကျသွားနိုင် တယ်လေ။ ဒီနေရာမှာ ကြိုးတန်းလျှောက် သမား ဟာ ကြိုးတန်းလျှောက်ဖို့အတွက် ပြည့်ဝသောလေ့ကျင့်မှုနဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချနိုင်မှုဟာ သိပ်ပြီးအရေးကြီးတယ်။ အလေ့ကျင့်နဲပြီး ယုံကြည်မှုလွန်ကဲနေရင်လဲ သူပြုတ်ကျမှာဘဲကို ။စွန့်ဦးတည်ထွင် သူတစ်ယောက်ဟာ လဲ မိမိစွန့်စား ၀င်ရောက်မယ့် ဈေးကွက်ကို ချိန်ညှိမှန်းဆတဲ့အခါ ဆုံဖြတ်ချက်ချတဲ့ အခါမှ အတွေ့အကြုံ လုပ်ငန်းနဲ့ပါတ်သက်တဲ့ ဗဟုသုဟာ သိပ်အရေးကြီးတယ်လို့ ကျနော်ယူဆသလို စာဖတ်သူလူကြီးမင်းကောယူဆပါသလား ။ နောက်တစ်ချက်က ယုံကြည်မှုပေါ့ အတွေ့ကြုံ တွေဘယ်လောက် များများ ကိုယ်မှန်းဆတဲ့ဈေးကွက် အတွက်မှ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုမရှိဘူးဆိုရင်တော့ အရှုံးသမားရဲ့ နှလုံးသားနဲ့ ဂုံးတံတားဘေးမှာ ဘဲ သွားထိုင်နေရ တော့မှာပေါ့နော် ။ ဒုတိယပိုင်းတိုသွားတာ ခွင့်လွတ်ပါ တတိယပိုင်းကျရင် ရှယ်ရေးပေးပါ့မယ်
် ...... အားလုံးကိုလေးစားလျက် .......

3 comments:

  1. ယုံကြည်ချက်ဆိုတာ သက်စောင့်ဆေးတစ်မျိုးပါ။ ဒါပေမယ့် တန်ဆေး --- လွန်ဘေးတဲ့။ တတိယပိုင်းကို စောင့်မျှော်လျှက် ----

    ReplyDelete
  2. ဟုတ်ပါတယ် ယုံကြည်မှုဆိုတာ လိုအပ်ပါတယ် ။ အဲ့ယုံကြည်မှုကို အမြဲ update and upload လုပ်ပေးဖို့လိုပါတယ်။ ကိုယ်လုပ်တဲ့အလုပ်မှာ ကိုယ့်မှာ ဖန်တီးနိုင်စွမ်းအား ရှိလားမရှိဘူးလား........ဘာတွေ လိုအပ်နေလဲ ဘာတွေဖြည့်ဖို့လိုသလဲ ကိုယ့်ကိုကိုယ် SWOT analysis လုပ်ပြီး confidence ကို ဖြည့်ဆည်းပေးဖို့ လိုအပ်မယ်လို့ ထင်ပါတယ်။ စောင့်မျှော်လျက်ပါ

    ReplyDelete
  3. An entrepreneur is essentially a visualizer and actualizer. Successful entrepreneurs realize that if it is to become a reality, they are the ones to make it happen. An entrepreneur is someone who is able to continually reinvent himself, and to rethink an entire project (and possibly start all over) if he finds that something is not right. Thus, someone who has vision, flexibility, and a risk-taking nature fares very well in self-employment ventures.

    ReplyDelete