Saturday, September 6, 2008

Ample jobs in Myanmar

အလုပ်တွေပေါတဲ့ မြန်မာပြည်

၂၀၀၈ခုနှစ်၊ ဇွန် လ (၁၇) ရက်နေ့ထုတ်၊ အခွင့် အလမ်း ဂျာနယ်၊ အမှတ်စဉ် (၁၄၀) မှ ဆရာကြီး လူထု စိန်ဝင်း ၏ ဆောင်းပါး အား ပြန်လည် ကူးယူ ဖေါ်ပြပါသည်။

ပြီးခဲ့တဲ့နှစ် ဝါဆိုလပြည့်နေ့က မတွေ့တာ ကြာပြီဖြစ်တဲ့ တပည့် ကျောင်းသားဟောင်း တစ်ယောက် လာ ကန်တော့ပါတယ်။ မာကြောင်း သာကြောင်း ထုံးစံအတိုင်း ပြောဆိုပြီး ကြတဲ့အခါ ကျတော့ သူ့အလုပ်အကိုင် အကြောင်း မေးမိပါတယ်။ သူက အဆင်ပြေ ပါတယ်လို့ပဲ ဖြေပါတယ်။ သေသေချာချာ ဆက်ပြီး မေးတော့မှ သူ့အလုပ်ဟာ အကြီး အကျယ် အောင်မြင်တဲ့ လုပ်ငန်းကြီး တစ်ခု ဖြစ်နေ ပါလား ဆိုတာ သိရပါ တယ်။ သူ့လုပ်ငန်းက ပရိဘောဂ လုပ်ငန်းပါ။ စက်မှုဇုန်တစ်ခုမှာ စက် ယန္တရားတွေနဲ့အလုပ်သမားပေါင်း ၁၅ဝ လောက်နဲ့ လုပ်နေတဲ့ လုပ်ငန်းကြီး တစ်ခုဖြစ်ပါတယ်။

အင်္ဂလိပ် စကားပြော သင်တန်း လာတက်နေစဉ်က သူဟာ ကျောင်းသားပဲ ရှိပါသေးတယ်။ သူငယ်ချင်း သုံးလေးယောက် နဲ့အတူ ကျောင်းပြီး ရင် နိုင်ငံခြား သွားမယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လာတက် တာပါ။ ဒါပေမဲ့လို့ သွားဖို့ စိုင်းပြင်း နေဆဲမှာပဲ သူ့အဖေ မကျန်းမာ တာကြောင့် မသွားလိုက် ရပါဘူး။ သူငယ်ချင်း တွေကတော့ ဂျပန် ရောက်သူရောက်၊ တရုတ်တိုင်ပေ သွားသူ သွား၊ သင်္ဘော တက်သူ တက် နဲ့ ထွက်ဖြစ် သွားကြ ပါတယ်။ သူကတော့ သူ့အဖေရဲ့အလုပ် ဖြစ်တဲ့ လက်သမား အလုပ်မှာပဲ ဝင်ကူ ရပါတယ်။ သူ့အဖေက အတော်လေး နာမည်ရတဲ့ လက်သမား ဆရာကြီးဖြစ် ပါတယ်။ ရှေးခေတ်က တရုတ်လက် ဖက်ရည်ဆိုင်တွေက မှန်ဗီရိုကြီးတွေ၊ ရှိုးကေ့စ်တွေ တော်တော် များများဟာ သူ့အဖေရဲ့ လက်ရာတွေ များပါတယ်။ ဆက်တီ ကုလားထိုင်ခုံတွေ ဘာတွေ လည်း လုပ်ပါတယ်။

အစကတော့ တပည့်ဟာ လက် သမားအလုပ် ဘာမှမတတ်ပါဘူး။ အဖေ မမာတာကြောင့် စာရင်းလေး ဘာလေး ကူလုပ်ရင်း အလုပ် သမား လေးငါး ယောက်ကို စီမံအုပ်ချုပ်ပေးရ ပါတယ်။ အဲဒီလို လုပ်ရင်းက စာအုပ် အဟောင်းဆိုင်တွေမှာတွေ့ရတတ်တဲ့ ပရိဘောဂ ဒီဇိုင်း စာအုပ်လေးတွေ၊ Home ဆိုတဲ့ မဂ္ဂဇင်းလေးတွေ တွေ့ ရင်ဝယ်ပြီး စုပါတယ်။ ဒီဇိုင်း နမူနာ လေးတွေကို အတုယူပြီး လက်သမား ဆရာတွေကို လုပ်ခိုင်း ပါတယ်။ တစ်ခါ တစ်ခါ စာအုပ်ထဲက သူ နားမလည်တဲ့ စာတွေ ယူလာပြီး ဖတ်ခိုင်းလေ့ရှိပါ တယ်။

အဲဒီလိုနဲ့ပဲ လေးငါးနှစ် အတွင်း မှာ သူ့ လုပ်ငန်းလေး တော်တော် နာမည်ရ လာပါတယ်။ လွှတိုက်၊ ရွေ ဘော်ထိုး စတဲ့ လုပ်ငန်းတွေကို စက်နဲ့ လုပ်တဲ့ အထိ တိုးတက် လာပါတယ်။ ဟိုတယ်တွေ ထွန်းကားတဲ့ခေတ် ရောက်လာတော့ သူ့လုပ်ငန်း တစ် ဟုန်ထိုး ကြီးထွား လာပါတယ်။ မြို့ထဲ မှာ လုပ်လို့ မရတော့ တာကြောင့် စက်မှုဇုန်မှာ ထွက်ပြီး လုပ်ရပါတယ်။ လုပ်ငန်း အားလုံးလောက် နီးနီး စက်ယန္တရား တွေနဲ့ လုပ်ပါတယ်။ မြို့ထဲမှာ ပရိ ဘောဂ ဆိုင်ကြီးတစ်ဆိုင် လည်း ဖွင့်ပါ တယ်။ စက်ရုံရော၊ ဆိုင်ပါ အလုပ် သမားစုစုပေါင်း ၁၅ဝ ကျော် ရှိတယ် လို့ သိရပါတယ်။

ဂျပန်သွားတဲ့ သူ့ သူငယ်ချင်းက မြို့ထဲရှိ ပရိဘောဂဆိုင်မှာ မန်နေဂျာ လုပ်နေပြီး၊ သင်္ဘောတက် သွားတဲ့ သူငယ်ချင်းကတော့ စက်ရုံမှာ မန်နေဂျာ ဖြစ်နေပါတယ်။ တရုတ် တိုင်ပေသွားတဲ့ သူငယ်ချင်း ကတော့ ပြန်မလာ တော့ဘူး။ အဆက်ပြတ်နေ တယ်လို့ သူက ပြောပြ ပါတယ်။

သူ ပြန်သွားတော့ ဒီခေတ်လူငယ် တွေရဲ့အကြောင်းကို ဆက်ပြီးစဉ်းစား နေမိပါတယ်။ လွန်ခဲ့တဲ့ နှစ်၂ဝ လောက်က လူငယ်တွေ နိုင်ငံခြား သွား ဖို့ ကြိုးပမ်း ခဲ့ကြသလို၊ ဒီခေတ်လူငယ် တွေလည်း ကြိုးပမ်း နေကြတာပါပဲ။ ပြောခဲ့တဲ့ တပည့်လည်း နိုင်ငံခြား သွားဖို့ ကြိုးပမ်း ခဲ့တာပါပဲ။ ဒါပေမဲ့ သူ့အတွက် ကံဆိုးတာလား၊ ကံ ကောင်းတာလား မသိသူ၊ နိုင်ငံခြား မထွက်လိုက် ရပါဘူး။

ဒါပေမဲ့ အခုတော့ သူဟာ အတော်အသင့် အောင်မြင်တဲ့ လုပ်ငန်းရှင် တစ်ယောက် ဖြစ်နေပါပြီ။ မြန်မာပြည်မှာ လုပ်စရာတွေ အများကြီး ရှိပါ တယ်။ ခေတ် လူငယ်တွေ ရဲ့အမြင်နဲ့ ဆိုရင် နေရာတိုင်းမှာ တိုးချဲ့လုပ်နိုင် တာတွေ ချည်းပါပဲ။ တပည့် လူငယ်သာ ရည်ရွယ်တဲ့ အတိုင်း နိုင်ငံခြား ထွက်ဖြစ် ခဲ့ရင် ဟိုမှာ အလုပ်ကြမ်းတွေ လုပ်ပြီး ပြန်လာတဲ့ အခါ ကျတော့ ဘာမှလုပ် စရာမရှိဘဲ ပွဲစားယောင်ယောင်၊ ဘာ ယောင်ယောင်နဲ့ ဖြစ်နေမှာ သေချာပါ တယ်။ အခုတော့ ဂျပန်ပြန်၊ ကမ္ဘာ လှည့် ပြန်လာ သူတွေကိုတောင် အလုပ်ပေး ထားနိုင်တဲ့ လုပ်ငန်းရှင် လေး တစ်ယောက် ဖြစ်နေ ပြီလေ။ မြန်မာပြည်မှာ လုပ်စရာတွေ အင်မတန် ပေါ ပါတယ်။

4 comments:

  1. i would really love to know the financial background of the father and who's who of the friends of that student :)

    ReplyDelete
  2. " မြန်မာပြည်မှာ လုပ်စရာတွေ အများကြီး ရှိပါ တယ်။ ခေတ် လူငယ်တွေ ရဲ့အမြင်နဲ့ ဆိုရင် နေရာတိုင်းမှာ တိုးချဲ့လုပ်နိုင် တာတွေ ချည်းပါပဲ။ "

    Asking ဆရာကြီး လူထု စိန်ဝင်း is better but I hope it's nothing extraordinary. But a youth with an equivalent amount of money that s/he might spend to work in another country is enough to start a small business like him. :)
    Cheers !

    ReplyDelete
  3. လူထုစိန်ဝင်း ဆိုတဲ့ နာမည်ကိုတော့ ကြားဖူးပါတယ်. ဒါပေမဲ့ သူဘာလဲဆိုတာတော့ မသိဘူး။ ဒီမှာလည်း အလုပ်ကြမ်းလုပ်နေတဲ့ ဗမာတွေ အများကြီးပါ. ဒါပေမဲ့ သူတို့ရဲ့ ပညာရေး အဆင့်အတန်းဟာ ဘယ်လောက်လဲ? ခုချိန်မှာ ၁၀တန်း အောင်ရုံနဲ့တောင် ဂျပန်ထိ သွားနိုင်ပါတယ်။ ရှင်းပါတယ် သူတို့ ဘာလုပ်ရမလဲဆိုတာ? အဓိကက မြန်မာပြည်မှာ စီးပွားရေးသမား ဖြစ်ချင်ရင် ဘာဘွဲံ့မှ မလိုပါဘူး။ ဒီမှာ ၁လကို စလုံး ၁၀၀၀၀ လောက်ရနေတာ ကျွန်တော်မျက်မြင်ပါ. သူကလည်း ဗမာပါ. သူဘာကို ဆိုလိုတာ လည်းတော့ သေချာနားမလည်ဘူး။ သေချာတာ တစ်ခုက ဗမာပြည်ထက် တခြားနိုင်ငံတွေမှာ အခွင့်အလမ်းပိုပေါပါတယ်။ ဒီနေရာမှာ နှိမ်ခံရတာတွေ ဘာတွေကို ထည့်မတွက်ပါဘူး။ အခွင့်အလမ်းကိုဘဲ ဆွေးနွေးမိခြင်းပါ...

    ReplyDelete
  4. Hello friend: it wanted invitarte that you visit blog that I am making with my students of second year of the secondary one on the DISCRIMINATION.
    http://nodiscrimine.blogspot.com
    arduous and interesting Subject.
    Surely it will be of your affability.
    We invited to you that you read what pleases of him and makes an opinion on he himself.
    Its contribution will be valuable.
    In blog it will find a translator of the page in several languages if he needs it.
    A hug from Argentina.

    ReplyDelete