Wednesday, September 10, 2008

Marketer တိုင်းသိသင့်သော သဘောတရားများ (၂)

PRODUCT - MARKET GROWTH MATRIX



စီးပွားရေးလုပ်ငန်းများအနေဖြင့် ဈေးကွက်အတွင်းရှိ မိမိကုန်စည်နှင့် ပတ်သက်ပြီး ဈေးကွက်ရှယ်ယာ ခိုင်မာမှု၊ ဈေးကွက်သစ်ရရှိနိုင်မှု စသည်တို့အတွက် Product - Market Growth Matrix နှင့် ယှဉ်တွဲသုံးစွဲနိုင်သည်။ ယနေ့ခေတ်တွင် ဈေးကွက်အတွင်း ယှဉ်ပြိုင်မှုများ ပြင်းထန်နေသည့်အတွက် စီးပွားရေးလုပ်ငန်းများ အနေဖြင့် Product Quality ရှိရန်လိုအပ်သကဲ့သို့ Product Variety ရှိရန်လိုအပ်သည်။ သို့ဖြစ်ရာ Marketer များအနေဖြင့် Product - Market Growth Matrix ကိုလည်း ကောင်းစွာ နားလည်ထားရန်လိုအပ်သည်။


Market Penetration

စီးပွားရေးလုပ်ငန်းတိုင်းသည် ဈေးကွက်ထဲတွင် တည်ရှိနေပြီး ဖြစ်သော မိမိကုန်စည်၏ ရောင်းလိုအားကို ထိုဈေးကွက်တွင်ပင် တိုးမြှင့်နိုင်ရန် ကြိုးစားရန်လိုအပ်သည်။ ထိုကဲ့သို့ လုပ်ဆောင်ခြင်းဖြင့် ဈေးကွက်အတွင်း ပြိုင်ဖက်ကုန်စည်များ၏ Customer များကို ရရှိနိုင်ပြီး Customer အသစ်များကိုလည်း မိမိကုန်စည်ကို သတိပြုမိအောင်၊ ၀ယ်ယူသုံးစွဲအောင် ဆွဲဆောင်နိုင်သည်။ ရှိပြီးသား ဈေးကွက်အတွင်း ရှိပြီးသားကုန်စည်နှင့် ဈေးကွက်ထိုးဖောက်မှုကို လုပ်ဆောင်ခြင်းသည် စွန့်စားမှု (Risk) အနည်းဆုံး ဈေးကွက်ချဲ့ထွင်ခြင်းပင် ဖြစ်သည်။

Market Development

လုပ်ငန်းအနေဖြင့် ဈေးကွက်အတွင်း ရှိပြီးသား မိမိ၏ ကုန်စည်ကို ထိုဈေးကွက်တွင် အရောင်းမြှင့်တင်နိုင်ရန် လိုအပ်သကဲ့သို့ ထိုကုန်စည်အတွက် ဈေးကွက်အသစ်ထပ်မံ ရရှိနိုင်ရန် ကြိုးစားရမည်။ ထိုကဲ့သို့လုပ်ဆောင်ခြင်းသည် လုပ်ငန်းအတွက် ၀င်ငွေပိုမိုရရှိစေပြီး ဈေးကွက်ဝေစု (Market Share) ကိုလည်း ပိုမိုခိုင်မာစေသည်။

Product Development

လုပ်ငန်းသည် ဈေးကွက်ချဲ့ထွင်မှုအဖြစ် မိမိလုပ်ငန်း၏ ကုန်စည်အသစ်ကို အောင်မြင်ပြီးသား ကုန်စည်နှင့် တွဲဖက်ကာ ထိုဈေးကွက်တွင် ဈေးကွက်ရှယ်ယာချဲ့ထွင်နိုင်ရန် ကြိုးစားရမည်။ ဈေးကွက်အတွင်း ကုန်စည်အသစ်မိတ်ဆက်ခြင်းသည် စီးပွားရေးလုပ်ငန်းတိုင်းအတွက် မရှိမဖြစ်အရေးကြီးလှသော Strategy တစ်ခုပင်ဖြစ်သည်။ ထို့ပြင် ဈေးကွက်ထဲတွင် ယှဉ်ပြိုင်နိုင်စွမ်းများ (Competitiveness) ကိုလည်း ကောင်းစွာရရှိစေသည်။

Diversification

လုပ်ငန်းအနေဖြင့် ကုန်စည်အသစ်ကို ဈေးကွက်အသစ်တွင် ရပ်တည်နိုင်စေရန် ကြိုးစားရမည်။ ထိုကဲ့သို့ ချဲ့ထွင်မှုသည် စွန့်စားမှုတစ်ခုပင်ဖြစ်သည်။ ဈေးကွက်အသစ်တွင် ကုန်စည်အသစ်သည် တစ်ဟုန်ထိုး အောင်မြင်နိုင်သကဲ့သို့ ရှုံးနိမ့်မှုများနှင့်လည်း ကြုံတွေ့ရနိုင်သည်။ ဈေးကွက်အတွင်း လုပ်ငန်း၏ Image တစ်ဟုန်ထိုး တိုးတက်သွားနိုင်သကဲ့သို့ ဈေးကွက်ကို လုံးဝ မထိုးဖောက်နိုင်သော အနေအထားမျိုးနှင့်လည်း ကြုံတွေ့ရနိုင်သည်။

ကျွန်တော်သိသမျှ ဥပမာတွေနဲ့ တင်ပြရမယ်ဆိုရင်စီ ပထမဆုံး Market Penetration ကို စတင် လုပ်ဆောင်ပြီဆိုလျှင် ထိုလုပ်ငန်းသည် နောက်ထပ် နေရာနှစ်ခုဆီကို သွားနိုင်ဖို့ ခြေကုပ်ယူတဲ့သဘောပါ။ ထိုးမယ့်ဆင် မထိုးခင် ခြေတစ်လှမ်းဆုတ် ဆိုတာမျိုးပါ။

Oramin- G ဆိုရင် လူတိုင်းနီးပါး သိကြတဲ့ ကိုရီးယားနိုင်ငံလုပ် ဂျင်ဆင်းဆေးမြစ်အားဆေးပါ။ ဆေးဈေးကွက်ထဲမှာ အဆင့်မနိမ့်တဲ့ ဆေးကောင်းတစ်မျိုးပါ။ Oramin-G က ရှိပြီးသားကုန်စည်ဖြစ်တဲ့ ထိုအားဆေးကို ရှိနေပြီးသား ဈေးကွက်ထဲမှာ Promotion Tool လေးသုံးပြီး ဈေးကွက်ကို ထိုးဖောက်ခဲ့ပါတယ်။ နည်းလမ်းလေးက ဆေးဗူးထဲမှာ အခမဲ့ ဆေးစစ်မှတ်တမ်း (Free Medical Check-up) တွေထည့်ပေးခဲ့တာပါ။ ဒီလက်မှတ်လေးကြောင့် ဆေးဈေးကွက်ထဲမှာ အရောင်းတွေ သိသိသာသာတက်ခဲ့ပါတယ်။ ဆေးကို ပုံမှန်စားတဲ့သူတွေ ၊ လက်ဆောင်ပေးဖို့၊ ကန်တော့ကြဖို့ ၀ယ်တဲ့သူတွေ ၊ အနည်းဆုံး ဆေးကို လက်လီရောင်းတဲ့ ဆိုင်တွေ ( အရင်က အားဆေးလာဝယ်ရင် အားဆေးတစ်လုံးပေးပါဆိုရင် ဆေးဆိုင်ပိုင်ရှင်တွေက ဘာဆေးကို ယူမလဲလို့ ပြန်မေးကြမှာပါ။ ကောင်းတာပေးပါလို့ ပြောရင် ဆိုင်ပိုင်ရှင်က အာရုံရတဲ့ အားဆေးအမျိုးအစားကို ပေးမှာပါ။ Oramin-G က Promotion လုပ်ပြီးတဲ့ နောက်ပိုင်းမှာ အားဆေးတစ်လုံးအစ်မရေ ---- လို့ပြောရင် လက်က အလိုလို Oramin -G ကိုပဲရောက်နေမှာပါ။ ဘာကြောင့်လဲဆိုတော့ ဆေးဗူးများများ ဖောက်မိရင် ကူပွန်ရနိုင်မယ့် အခွင့်အလမ်းများလို့ပါ။ ဒီလိုနဲ့ ဈေးကွက်ထဲမှာ ဈေးကွက်ဝေစုတွေ ပိုမို ပိုင်ဆိုင်သွားတာပါ။) Oramin-G က ဈေးကွက်ထဲမှာ သူရဲ့ ဈေးကွက်ပိုပြီးလည်း ခိုင်လာရော Oramin-F ဆိုတာကို တွဲပြီးသွင်းလာပါတော့တယ်။ Market Penetration ကနေ Product Development ကို ရောက်သွားတာပါ။ ဒါကြောင့် Oramin-F ကို ဈေးကွက်နဲ့ မိတ်ဆက်တဲ့အခါ လွယ်လွယ်ကူကူနဲ့ Customer တွေက လက်ခံသွားတာပါ။ (ဆေးအမျိုးအစားကောင်းတာက အဓိကပါ။ အရွယ်တင်နုပျိုလှပစေတဲ့ ဆေးအာနိသင်က အမျိုးသမီးတွေရဲ့ စိတ်ဝင်စားမှုကို ဖမ်းဆုပ်နိုင်တဲ့ အရာ ဖြစ်တာလည်းပါတယ်။ )
ဒါလောက်ဆို ဒီ Matrix လေးရဲ့ အသုံးဝင်ပုံတွေကို ကောင်းစွာနားလည်နိုင်ပြီလို့ ယူဆပါတယ်။ ဒါကြောင့် စီးပွားရေးသမားတိုင်း ၊ Marketer တိုင်းက မိမိလုပ်ငန်းအနေအထား ဘယ်မှာလဲဆိုတာ ကောင်းစွာ သုံးသပ်ဖို့လိုတာပါ။ ကိုယ့်ဈေးကွက်ဟာ Star မှာ ရောက်နေရင် New Market ရှာမှာလား၊ New Product လုပ်မှာလား စသည်ဖြင့် ဈေးကွက်ကို ဆန်းစစ်နိုင်ပါတယ်။

ဈေးကွက်ထဲမှာ စီးပွားရေး လုပ်ငန်းတိုင်း အကောင်းဆုံး ဈေးကွက်ထိုးဖောက်မှုတွေ ရယူနိုင်ပါစေလို့ မျှော်လင့်ရင်း ---

1 comment:

  1. MGM နဲ့ BCGကို ချိန်းထိုးပြီး ကိုယ့် marker shareအနေအထားကိုသုံးသပ်ပြီး marketing သော်လည်းကောင်း product သော်လည်း ကောင်း production ဒါမှမဟုတ် financing strategy တွေချနိုင်ပါတယ်။ ဆက်လက်ရေးသားပါ ။ အားပေးနေပါတယ်

    ReplyDelete