Tuesday, September 23, 2008

We should choose ATTRACTIVE INDUSTRY


Porter's Diamond Theory အရ ကိုယ်ရွေးလိုက်တဲ့ industry ဟာ လုပ်ဆောင်လို့ ကောင်းတဲ့ industry မျိုးဖြစ်ရင် ပိုကောင်းတာပေါ့။ လုပ်ပျော်တဲ့ industry မျိုးဆိုရင် နောက်တွေ့ကြုံရမယ့် risk တွေနည်းလာနိုင်ပါတယ်။ နောက်ပြီး attractive industry ဟာ management system အတော်အသင့်နဲ့ လုံလောက်ပါတယ်လို့ ဆိုကြပါတယ်။ မြန်မာနိုင်ငံမှာ ရှိတဲ့ လုပ်ငန်း အချို့အဓိက ကြုံတွေ့နေရတဲ့အားနည်းမှုက management system ပါ။ ကိုယ့်ဝန်းထမ်းကို မနိုင်တဲ့အဖြစ်မျိုးတွေ၊ သတင်းစာတွေထဲမှာလည်း တွေ့ဖူးကြမှာပါ။ ၀န်းထမ်းက ငွေတွေ လိမ်သွားတာတို့၊ နမည် အလွဲသုံးစားလုပ်သွားတာတို့၊ ဒါတွေကတော့ အတော်ဆိုးရွားတဲ့ဖြစ်ရပ်တွေပါ။ အမြတ်တွေ ရသင့်သလောက်မရတာ၊ ထုတ်ကုန်စွမ်းအား ကျတာတွေကလည်း management system တွေကြောင့်ပါ။ ဒါကြောင့် ကိုယ်လုပ်ငန်းလုပ်မယ်ဆိုရင် အစကတည်းက attractiveness ဖြစ်မယ့် industry ကို ရွေးမိဖို့လိုပါတယ်။ နိုင်ငံတကာနဲ့ရင်ဘောင်တန်းလုပ်ရမယ့်အချိန်မှာ ကိုယ့်မှာက အားနည်းမှုတွေရှိနိုင်တယ်ဆိုရင် နိုင်ငံခြားလုပ်ငန်းတွေထက် position ကောင်းကောင်းယူထားဖို့ လိုပါတယ်။ စစ်တိုက်သလိုပေါ့ ခံတပ်ကို အသေအချာတည်ဆောက်ထားမယ်ဆိုရင် လာတိုက်သမျှကို သေချာတုံပြန်ခံစစ်ထိုးနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် Porter ရဲ့ ဘယ် industry ကတော့ attractiveness ဖြစ်ဆုံးလဲဆိုတာလေးကို ဆက်လက်တင်ပြချင်ပါတယ်။

(1) Threat of New Entrants
ဟုတ်ပါတယ်။ ဒါကတော့ အရေးကြီးဆုံးပါ။ ဒီ industry ကတော့ ၀င်ရောက်ဖို့လွယ်ကူရဲ့လား။ ငါလိုစစချင်းခြေလှမ်းစလှမ်းတဲ့အခါ ဘာတွေ တားဆီးနေလဲ၊ ဘာတွေ အခက်အခဲရှိနေကြလဲ၊ စစချင်းအပြိုင်အဆိုင် ဘယ်လောက်ထိ ရှိနေလဲ။ စီးပွားရေးလုပ်ငန်းတွေ တကယ်လုပ်တဲ့အခါမှာရေ တွက်ချေကိုက်နိုင်ချေရှိလား။ ရင်းနှီးမြှပ်နှံမှုတွေလိုရင် ရနိုင်ဖို့ အလားအလာရှိရဲ့လား။ အမှန်တကယ်ရော လုံလောက်တဲ့ဖောက်သည်ရနိုင်ရဲ့လား။ အခုမှ စ၀င်ရောက်လာတဲ့ မိမိကုန်စည်အပေါ်မှာရော ၀ယ်သူတွေ လက်ခံနိုင်ချေရှိလား။ ငြင်းပယ်မှာလား။ ဒီ industry မှာ လက်ရှိဝယ်သူ တွေက ကုန်စည်တံဆိပ် အစွဲအလမ်းရှိသူတွေလား၊ လိုအပ်တဲ့ နည်းပညာတွေကရော အခြေအနေ ဘယ်လိုရှိလဲ။ ငါတို့ နည်းပညာနဲ့ရော ၀င်တိုးဖို့ အဆင်ပြေမလား။ အဆင့်မြင့် နည်းပညာတွေ ချဲ့ထွင်နိုင်ဖို့ အခွင့်အရေးရရဲ့လား။ အစိုးရ စည်းမျဉ်းစည်းကမ်းတွေရော အခြေအနေဘယ်လိုရှိလဲ။ နောက်ထပ်ဝင်ရောက်သူတွေအပေါ် တားဆီးနိုင်မှုတွေ ဘယ်လိုရှိလဲ။ အခွန်တွေရော ငါတို့လုပ်ငန်းနဲ့ အဆင်ပြေရဲ့လား။ ကုန်ပို့ဆောင်မှုလမ်းကြောင်းကရော အဆင်ပြေရဲ့လား။ စစချင်းရင်းနှီးစရိတ်တွေက ကိုယ်မှန်းတာထက် ပိုကုန်ဖွယ်ရှိလား။ ကိုယ်နဲ့အလားတူ လက်ရှိ လုပ်ဆောင်နေသူတွေကရော သူတို့ရဲ့ ကုန်စည်တွေနဲ့ပတ်သက်ပြီး ဘာတွေကာကွယ်ထားလဲ၊ ဆိုလိုတာက intellectual property နဲ့ ပတ်သက်ပြီး patent ,licenses တွေကာကွယ်ထားသေးလား။ လက်ရှိလုပ်ဆောင်နေသူတွေကရော ကုန်ကြမ်းရရှိမှုတွေမှာ ချုပ်ထားလား။ ဒီအဆင့်ဟာ အတော် critical thinking ပါ ။ သေချာ ဘက်စုံထောင့်စုံကနေ တွေးတောဖို့ သုံးသပ်ဖို့ လိုပါတယ် ။ တကယ်ဝင်ရောက်ပြီးတဲ့အချိန်ကျတော့မှာ တွေ့လာတဲ့အခက်အခဲတွေက ကိုယ်မကျော်ဖြတ်နိုင်ခဲ့ဘူးဆိုရင်၊ ရှေ့ဆက်ဖို့လည်း ခက်နေတဲ့အနေအထားတွေ ရှိလာတဲ့အခါ “ ခြေစုံကို ရပ်တန့်လို့ တွေဝေနေဆဲကွယ် ” ဖြစ်သွားမှာပါ။ တွေဝေနေရုံတင်ဆို ကိစ္စမရှိပါဘူး။ ကိုယ်တွေဝေနေတဲ့အချိန်မှာ သူများ ၀င်တိုက်တာလည်း ခံချင်ခံရမှာပါ။ လိမ်ဖယ်လိမ်ဖယ်နဲ့ ရှေ့ဆက်ပြန်ရင်လည်း စရိတ်တွေ၊ အချိန်တွေ၊ ငွေတွေ ပုံအောရတာမယ်လေ။ ပြန်ရဖို့က ဘယ်ဆီဘယ်နေမှန်းမသိတဲ့အခါ အတော်ခေါင်းရှုပ်စရာ ဖြစ်သွားလိမ့်မယ်။ ဒါကြောင့် ပွဲမ၀င်ခင် ပြင်ကကျင်းပဆိုသလို အရင်ဆုံး သေချာစိစစ်ရဖို့ လိုပါတယ်။ ကိုယ့်အတွက် entrant barriers ၀င်ရောက်မှုအတားအဆီးများဟာ နည်းနိုင်သလောက်နည်းလေ ပိုကောင်းလေ attractive ဖြစ်လေပါ။

(2) Threat of Substitutes
ဒီ industry မှာ ကိုယ့်ကုန်စည်ကို အစားထိုးသုံးနိုင်တဲ့ ကုန်စည်မျိုးရှိလား။ ကိုယ်နဲ့အလားသဏ္ဍာန်တူတဲ့ ကုန်စည်မျိုး ရှိနေလား၊ ၀င်ရောက်နိုင်ချေရှိလားဆိုတာ သေချာသုံးသပ်ပါ။ ဘာကြောင့်လဲဆိုတော့ customer ဟာ brand loyalty (တံဆိပ်အစွဲအလမ်းရှိသူ) မျိုးဆို ထိန်းထားနိုင်ပါသေးတယ်။ ဒါမှမဟုတ်ဘဲ sensitive customer ဆွဲခေါ်နိုင်သလောက် လိုက်ပါနိုင်တဲ့သူမျိုးဆို မိမိကုန်စည်က အားနည်းချက်လေး တစ်ခုတစ်လေများရှိလာခဲ့ရင် တခြားပြိုင်ဘက်ကုန်စည်မဟုတ်ရင်တောင် အစားထိုးကုန်စည်တစ်ခုကို ပြောင်းသုံးပါလိမ့်မယ်။ ကျွဲရိုင်းအချိုရည်ဘူးကို သိကြမှာပါ။ ဟိုတချိန်တခါတုန်းကတော့ ကျွဲရိုင်းအချိုရည်ဟာ ပြိုင်ဘက်ကုန်မျိုး မြန်မာနိုင်ငံမှာမရှိသေးပါဘူး။ မြန်မာနိုင်ငံဈေးကွက်မှာတော့ သူ leader ဖြစ်နေပါတယ်။ ဒါပေမယ့် သူ့မှာ ချို့ယွင်းချက်လေးတစ်ခုဖြစ်လာတယ်။ အဲ့တော့ customer ဟာ အဲ့အချိန်မှာအစားထိုးဝင်ရောက်လာတဲ့ scorpion ကို ပြောင်းသောက်ကြတယ်။ Scorpion ဟာ ကျွဲရိုင်းလိုမဟုတ်ပါဘူး။အရသာ အနံ့ ထုတ်ပိုးမှုကအစမတူပါဘူး။ နောက်အချိုမှုန့်တွေ ဖြစ်နတုန်းကလည်း customer တွေဟာ အသားမှုန့်တွေကို ပြောင်းသုံးကြတယ်။ ကိုယ့်ဘက်က ဘာ strategy ပဲ ပြောင်းပြောင်း၊ သူတို့က ပွဲလန့်တုန်း ဖျာလာခင်းမယ့်သူတွေလေ။ အဲ့တော့ မိမိဝင်ရောက်မယ့် industry မှာ ပြိုင်ဘက်အပြင် အစားထိုးကုန်စည်အခြေအနေကိုလည်း လျစ်လျှုရှု လို့ မဖြစ်ပါဘူး။ အစားထိုးကုန်စည်ဝင်ရောက်မှုနည်းလေ ကိုယ့် power များလေပါ။

(3) Bargaining Power of Customer
customer ရဲ့ ဈေးဆစ်မှုတွေဟာလည်း တကယ့်ကို လုပ်ရခက်ပါတယ်။ ကိုယ့် ကုန်စည်ကို marketing လုပ်တဲ့အခါ customer needs and wants ကို ပြည့်မိအောင်ဖြည့်တဲ့အခါ အတော်ကို ကဂျိုးကဂျော်နိုင်ပါတယ်။ကလေးငယ်လေးတွေလို မိုးပေါ်ကကြယ်ကို လိုချင်တယ်လို့ ပူဆာတဲ့ customer နဲ့လည်း တွေ့ရဦးမှာပါ။ မရရင် ငိုမှာနော်ဆိုသလိုပဲ။ သူတို့ကလည်း ငါတို့အကြိုက်မဟုတ်ရင် မ၀ယ်ဘူးဆိုတာတွေ၊ ၀ယ်စရာတွေ ရွေးစရာတွေပေါလို့ပြန်ပြောမှာပါ။ဒီလိုတွေက ဈေးကွက်စီးပွားရေးစနစ်မှာ ဖြစ်တာများလာပါတယ်။ customer ဘက်က အထွန့်တက်တာ နည်းလေ ကိုယ့်ဈေးကွက်အတွက် ကောင်းလေပါ။ သူတို့အထွန့် တက်တိုင်း ဈေးဆစ်တိုင်း ကိုယ်ရရှိမယ့်အမြတ်တွေက တရစ်ချင်း ပဲ့ပဲ့ပါသွားတတ်ပါတယ်။ ဒါကြောင့် customer's bargaining power အားနည်းလေ ကိုယ့်အတွက် ကောင်းလေပါ။

(4) Bargaining Power of Supplier
Supplier တွေရဲ့ power ကို လေ့လာရပါဦးမယ်။ သူတို့က စိတ်ကြိုက်ချယ်လှယ်ခွင့် ရှိနေလားဆိုတာကိုပါ။ ကုန်ကြမ်းတွေကို သူတို့စိတ်ကြိုက်ဈေးတောင်းနေလား ပေးချင်သလိုပေးနေလား။ ပို့ချင်သလိုပို့နေလား ဆိုတာပါ။သူတို့လုပ်ရပ်တွေ ကိုယ့်ကုန်စည်အတွက် ထုတ်လုပ်မှုစရိတ်မှာ လာထိစေပါတယ်။နောက်ပြီး JIT ( Just in time ) စနစ်မျိုးကို ဖော်ဆောင်တဲ့အခါမျိုးဆို သူ့တို့အပေါ် မှီခိုမှုများရပါတယ်။ အဲ့အချိန်မှာ supplier က ကဂျိုးကဂျော်လုပ်လာမည်ဆိုရင် အခက်တွေ အများကြီးတွေ့လာမှာပါ။ ကုန်ကြမ်းကဏ္ဍမှာ supplier က သူကြိုက်သလို မင်းမူခွင့်ရနေမယ်ဆိုရင် ကိုယ့်ကုန်စည်စရိတ်တက်လာမယ်။နောက် ဈေးနှုန်းပါ လိုက်တက် တော့မယ်။ တကယ်လို့များ customer ကကိုယ်တောင်းတဲ့ဈေးနှုန်းကို လိုက်မပေးနိုင်ခဲ့ဘူးဆိုရင် တွေးကြည့်ပါတော့....။
(5) Rivalry
ပြိုင်ဘက်လုပ်ငန်းအနေအထားပါ။ အလားတူလုပ်ငန်းတွေများနေတဲ့ industry ဆိုရင် ကိုယ့် စိတ်ကြိုက်ဖန်တီးခွင့်နည်းပါတယ်။ သူတို့အတိုင်း လိုက်လုပ်နိုင်စွမ်းရှိလား။ သာအောင်ရော လုပ်နိုင်လား။ သေချာချင့်ချိန်ရပါမယ်။ ကိုယ့်ပရိတ်သတ်ကိုလည်း တဘက်ကို မရောင်သွားအောင်လည်း ထိန်းထားနိုင်စွမ်း အမြဲမြင့်ထားရပါမယ်။ သူတို့ဈေးချရင် ကိုယ်လိုက်ချနိုင်ရဲ့လား။ သူတို့ ပုံစံလေးပြောင်းရင် ကိုယ်လိုက်ပြောင်း နိုင်လား။ ပြိုင်ဘက်များလေ ပြိုင်ဆိုင်မှုများလေ ကိုယ့်အရည်အချင်းမြင့်ထားရလေ။ strategy အားကောင်းဖို့ လိုအပ်လေ။ management system ကောင်းကောင်းနဲ့ ထိရောက်ဖို့ လိုလေ။ risk တွေ အရမ်းများလာပါတယ်။ ဒါကြောင့် rivalry တွေ အားနည်းနေမယ့် industry မျိုးဆို attractive ဖြစ်ပါတယ်။

ဒါဆိုရင် ... attractive ဖြစ်မယ့် industry ကို ရွေးချယ်နိုင်ပြီး AFTA မှာ international က၀င်ရောက်လာမယ့်လုပ်ငန်းတွေကို ခံစစ်ကောင်းကောင်းနဲ့ ခုခံနိုင်အောင် ကြိုးစားနိုင်ပါစေ . . .။

1 comment:

  1. Flower ရေးတဲ့ Poter's Diamond Theory ကို အနည်းငယ်မျှ ဖြည့်စွက်ပါရစေ။ Flower ပြောသလို စီးပွားရေးလုပ်ငန်းတွေဟာ ကောင်းမွန်တဲ့ လည်ပတ်မှုတွေကို ရချင်တယ်ဆိုရင် ဒီသီအိုရီလေးကို ဆက်စပ်အသုံးချဖို့လိုပါတယ်။ Flower တင်ပြသွားတဲ့ အချက်တွေအားလုံးဟာ Internal Factor တွေပါ။ ဒီအချက်တွေကို လွှမ်းမိုးတဲ့ External Factor တွေလည်းရှိပါတယ်။ အဲဒီအချက်တွေကတော့ Chance လို့ခေါ်တဲ့ အခွင့်အရေးနဲ့ နိုင်ငံတစ်နိုင်ငံကို ဦးဆောင်နေတဲ့ သူတွေရဲ့ မူဝါဒတွေပဲ ဖြစ်ပါတယ်။ ဖွံ့ဖြိုးခြင်းများစွာနဲ့ တိုးတက်လာတဲ့ ကမ္ဘာ့ဈေးကွက်ထဲမှာ ကောင်းစွာ ယှဉ်ပြိုင်နိုင်ဖို့ Internal Factor တွေ ကောင်းဖို့ လိုသလို External Factor တွေလည်း ကောင်းဖို့လိုပါတယ်။ ဈေးကွက်ထဲမှာ ၀င်ရောက်ယှဉ်ပြိုင်နိုင်မယ့် အခွင့်အလမ်းတွေ စီးပွားရေးလုပ်ငန်းတိုင်းအတွက် ရှိသင့်တယ်ဟု ယူဆရင်း ----

    ReplyDelete