Saturday, August 9, 2008

Act or Work or any other else ... ?


ပြုပြင်ဖို့ရာ အတွက် အမြဲတမ်း လမ်းဖွင့် ထားတာကို လွတ်လပ်မှု တစ်မျိုးလို့ ခေါ်နိုင်တယ်။ ဘာမှ ပုံသေကားချ ဆုပ်မထားဘူး၊ ဆွဲမထားဘူး၊ ...
ပြုပြင်ရမယ် ဆိုရင် ပြုပြင်မယ်ဆိုတဲ့ စိတ်မျိုးရှိနေရင် ဒီလူဟာ လွတ်လပ်တဲ့လူ လို့ ပြောလို့ ရတယ်။
ဆရာတော် ဦးဇောတိက (မဟာမြိုင် တောရ)

စီဘောက်ခ်စ် ထဲ က အကြောင်းအရာလေးတွေ ကို ပြန်ဖြေရှင်း ပေးတာပါ။ ပါဝင် ရေးသား ဝေမျှ သူများ၊ အကြံပြု ဆွေးနွေးသူများ နှင့် လာရောက် ဖတ်ရှု အားပေးသူများ ကို အထူး ကျေးဇူး တင်ရှိပါတယ် ...

4 Aug 08, 11:35 အချိန် က ကိုကိုဖရီး: မိတ်ဆွေများ ခင်ဗျား ... ဒီဘလော့ လေးမှာ မည်သည့် အကြောင်းအရာ မဆို အပြုသဘောဖြင့် ရေးသား ခွင့်ရှိမည်ဟု မျှော်လင့် မိပါကြောင်း၊ social science, arts, engineering and tech စသည်ဖြင့်အား လုံးပါဝင်ဝေမျှစေရန် ဖြစ်ပါကြောင်း ...
ဆိုပြီး အကြံ ပြုသွားပါတယ် ...

ဘလော့ လေး အရှည် တည်တံ့ မှု ကို မထိခိုက်သော၊ ဘလော့ အမည် ခေါင်းစီးနှင့် ဆက်စပ်သော မည်သည့် အကြောင်းအရာ မဆို အပြုသဘောဖြင့် ရေးသားခွင့် ရှိပါကြောင်း ကိုကို ဖရီး ခင်ဗျား ...

5 Aug 08, 12:05 အချိန် က Pinkgold: Think Global, Act Local ဆိုရင် ပိုကောင်း မလားလို့ ...
ဆိုပြီး အကြံ ပြုသွားပါတယ် ...

ပထမဆုံး ပို့စ် မှာတော့
... Think Global and Work Local ဆိုပြီး ဆောင်ပုဒ်လို လုပ်ထားပေမယ့် ကျွန်တော် တို့ တစ်ကယ် သုံးနေကျ စကားက Think Globally and Act Locally ဖြစ်ပါတယ်။ ...
လို့ ရေးခဲ့ ပါတယ်။ ကိုဝေ နဲ့ စပြောကတည်း က ခေါင်းထဲ မှာ အလုပ် ဖြစ်ဖို့ အလုပ် အကြောင်းပဲ တွေးနေ မိတာ က တစ်ကြောင်း၊ နောက်တစ်ခုက ကျွန်တော့် ရဲ့ အစိုးရိမ်လွန်မှု လို့ ပြောရမှာ ဖြစ်ပါတယ် ။ ACT ဆိုတာက ပိုပြီး ကျယ်ပြန့် တဲ့ သဘောရှိနေလို့ နောက်ဆက်တွဲ ဝင်လာနိုင်တဲ့ အကြောင်းအရာတွေ မလိုအပ်တဲ့ ဆိုးကျိုးတွေ ကို ကြိုတင် ကာကွယ် တဲ့ သဘောနဲ့ ပြောပြလိုက် ရွေးလိုက် မိတာပါ။ အရမ်းကြီး ကျယ်ကျယ် ပြန့် ပြန့် မလုပ်နိုင်မှာ စိုးတာလဲ ပါတာပေါ့ ။ လုပ်နိုင်သလောက်ပဲ ရေးလိုက် ချပြလိုက် ချင်လို့ပါ။ စိတ်ကူး ရှိသလောက် တွေ ချရေးပြီး တစ်ကယ် ဖြစ်မလာမှာ မျိုးလဲ ကျွန်တော် မခံစားနိုင် မခံစားချင် လို့ ပါ။

ပြောချင်တာတော့ ပြောပြီးသွားပါပြီ။ တစ်ကယ်က ကျွန်တော့် သဘော အတိုင်း လုပ်ဖို့ ပြောတာ မဟုတ်ပါဘူး။ အကြံဉာဏ်များ ကွန်မန့် မှာ ပြု သွားပေးကြပါ ဘယ် လို Slogan လေး ကတော့ ပို အဆင်ပြေ မယ်၊ ကောင်းမယ် ဆိုတာပေါ့။ ဒီ နှစ်ခုထဲ ကနေ ရွေးပါ လို့ ပြောတာ မဟုတ်ပါဘူး ခင်ဗျာ။ မိမိ စိတ်ကြိုက် အားလုံး ဝင်ရောက် အကြံပြု စေလိုပါတယ်။ နာမည် လေးတော့ ဖေါ်ပြ ဆွေးနွေး ပေးစေ လိုပါတယ်။ အကြံပြုချက် တော်တော် များများ စုမိမှ မဲရုံထောင် မဲပေး ဆုံးဖြတ်ပြီး ဆောင်ပုဒ် ပြန်ပြောင်း ကြပါမယ် ခင်ဗျား ...

8 Aug 08, 12:24 အချိန်က acube: ကျွန်တော်က ဧည့်သည်သစ် တစ်ယောက်ပါ။ marketing နဲ့ management ကိုစိတ်ဝင်စားလို့ လာလည် တာပါ။ ရေးသားတဲ့ အကြောင်းအရာ တွေက အရမ်း ပြည့်စုံပါတယ်။ မကြာ မကြာ လာလည် ပါဦးမယ်။ အသိအမြင် တွေလည်း ဖလှယ်ချင် ပါတယ်။ ပြောပြဖို့ အဲလေ ရေးခဲ့ဖို့ တစ်ခု ကျန်ခဲ့လို့ပါ။ သိခဲ့သမျှ လေ့လာ ခဲ့သမျှ ဗဟုသုတ လေးနဲ့ Management & Marketing အကြောင်း မတောက်တခေါက် ဘလော့ ရေးထား ပါတယ်။ အားတဲ့ အခါများမှာ လာရောက် ဖတ်ရှု ဝေဖန် ပေးစေ လိုပါတယ်။

ဆရာ acube ခင်ဗျား ... ဆရာရဲ့ ဘလော့ ကို သွားရောက် လည်ပတ်ဖတ်ရှု ခဲ့ ပြီး ပါပြီ ... ကျွန်တော် တို့ ဘလော့ဂ် တွင်လည်း ပါဝင် ရေးသား စေလို ပါသဖြင့် ဖိတ်ကြား ထားပြီး ဖြစ်ပါတယ် ခင်ဗျာ ... ဆန္ဒ ရှိ သလို ဆက်လက် ဆောင်ရွက် နိုင်ပါကြောင်း ခင်ဗျား ...

3 comments:

  1. ကိုစိုးကြီးရေ..နားလည်ပါတယ်ဗျာ။ တချို့လာလည်သူတွေကခေါင်းစဉ် ကြည့်ပြီးငါတို့နဲ့မဆိုင်ပါဘူးလေဆိုပြီးစိတ်မ၀င်စားကြတာရှိနိုင်ပါတယ်။
    ဒါကြောင့်အားလုံးပါဝင်နိုင်အောင်ကြိုးပမ်းကြည့်နိုင်အောင်ပါ။ ဘလော့
    ခေါင်းစဉ်အရမြန်မာတွေအနေနဲ့ရှေ့ဆက်ရမဲ့ခရီးမှာစွန့်စားမှုတွေရှိနေ တဲ့ကြားကအတွေးအခေါ်အယူအဆသစ်တွေနဲ့“21 ”ရာစုထဲအဆင် ပြေပြေလျှောက်လှမ်းနိုင်ဖို့ရည်ရွယ်ကြောင်းထင်ရှားစေလိုတာလည်းပါ တာပေါ့ခင်ဗျာ။ ။
    ယုံကြည်ကိုးစားလျက်။ ။ကိုကိုဖရီး

    ReplyDelete
  2. ကိုကို ဖရီးရေ သိပ်များပြီး မနိုင်မှာ လည်း စိုးလို့ပါ ... ကျွန်တော် က နည်းနည်းလေး အသက်ရ လာတော့ ချင့်ချိန်တာ များပြီး ငယ်ငယ် ကလောက် မတက်ကြွ တော့တာ အမှန်ပဲ ဗျ ...

    ReplyDelete
  3. ဘာပဲဖြစ်ဖြစ် ဖတ်လို့ကောင်းတာအမှန်ဖြစ်သည် ဗဟုသုတလည်းရသည်။ စီပုံးထဲအော်တာတွေကိုလည်းဂရုတစိုက်ရှိတော့ ပိုနှစ်သက်မိသည်။ ကျွန်တော်ကတော့ ပြိုင်မျဉ်းတစ်ဖက်ကနေပြီး ဆောင်းပါးတွေကို ဆွေးနွေးချင်သေးသည်။ ရေးသူတွေလည်း အားနာပါသည် အသစ်တွေလဲမျှော်မိပါသည်။ အဖွဲ့သူ အဖွဲ့သားအချင်းချင်း ကောင်းသည်ဟု အော်နေမည့်အစား သုံးသပ်တင်ပြသည် ဟု ရေးထားသည့် အတိုင်း အမှန်တကယ် ၀င်သုံးသပ်တာ မြင်ခြင်မိသည်။

    ReplyDelete