Tuesday, August 5, 2008

The Changing Nature of International Business Environment

မြန်မာ့ စွန့်ဦးတီထွင်သူများ ဘလောဂ့်မှာရေးဖို့အတွက် အင်ဗိုက်လုပ်ထားတဲ့ လင့်လေးကို တွေ့နေတာတော့ ကြာပြီရှင့်... ဒါပေမယ့် ခုတစ်လော ခေါင်းမဖော်နိုင်အောင် အလုပ်များနေတာကြောင့် ၀င်မကြည့်ဖြစ်ဘူး။ စစချင်းတော့ နည်းနည်းတောင် စိတ်တိုမိသေးတယ်။ ယားလို့တောင် မကုတ်အားပါဘူးဆိုမှ လာပြန်ပြီလားပေါ့လေ။ နောက်ဝင်ကြည့်လိုက်တော့ အား ပါးပါး. ကျွန်မ တော်တော်လေးကို အကြိုက်တွေ့သွားပြီး အဖိတ်ခံရတာကိုတောင် တော်တော်လေးကို ဂုဏ်ယူမိသွားတယ်။ ပြီးတော့ နည်းနည်းလေးလည်း စိုးရိမ်မိသွားတယ်။ ဒီဘလောဂ့်က ကိုယ့်ရဲ့ Personal Blog လို ရေးချင်တာရေးလို့ ရတဲ့ဘလောဂ့်မှ မဟုတ်တာ။ ငါဖြစ်မှ ဖြစ်ပါ့မလားလို့လည်း တွေးပူမိသွားတယ်။ ပြီးတော့ ဘလောဂ့်ရဲ့အမည်ကြောင့်လည်း ရေးချင်တာရေးလို့ ရပါ့မလားလို့ တွေးမိသေးတယ်။ စွန့်ဦးတီထွင်သူများ ဘလောဂ့်ဆိုတော့ Entrepreneur အကြောင်းတွေချည်းပဲ ဆက်တိုက်ရေးရမလား။ ဒါမှမဟုတ် Other Business and Management အကြောင်းတွေကိုကော ရေးလို့ရလားပေါ့။ နောက်ဆုံးမှာ သဘောပေါက်လိုက်တာက စွန့်ဦးတီထွင်သူတစ်ယောက် ဖြစ်ဖို့အတွက် Local and International Business Knowledge တွေလည်း ရှိရမှာ ဖြစ်ပါတယ်။ အဲဒီတော့ ကျွန်မကတော့ ဒီနေရာလေးမှာ အချိန်ရရင် ရသလို Business, Management, Marketing, Strategy စသော အကြောင်းအရာများကို ဆရာများရဲ့ သင်ကြားချက်တွေ၊ ကိုယ်နားလည်သဘောပေါက်မှုတွေ ပေါင်းစပ်ပြီး ရေးသားတင်ပြချင်ပါတယ်။ စစချင်းတော့ International Business Environment ပြောင်းလဲတိုးတက်လာမှု အကြောင်းလေးကို တင်ပြပါရစေ။

ခုနောက်ပိုင်းမှာ စီးပွားရေးတော်တော်များများဟာ ပြည်တွင်းမှာသာမကပဲ ပြည်ပကိုပါ ထိုးဖောက်နေရာယူလာကြတာ တွေ့ရပါတယ်။ ဒီလိုစီးပွားရေးချဲ့ထွင်မှုတွေဟာ ဘယ်အချိန်ကတည်းက စတင်ပေါ်ပေါက်ခဲ့ပါသလဲ။ ဘာကြောင့်ကော ကိုယ့်နေရာမှာကိုယ် ငြိမ်ငြိမ်ရောင်းမနေချင်ပဲ စွန့်စားမှုတွေများတဲ့ နိုင်ငံတကာထိ လူစွာကျယ်လုပ်ချင်ရပါသလဲ။ စီးပွားရေး လုပ်ငန်းရှင်တွေ နားလည်ကြတာက ပြည်တွင်းမှာပဲနေရင် ပြည်တွင်းက အကျိုးကျေးဇူးတွေပဲရမယ်၊ နိုင်ငံတကာထိ ထိုးဖောက်ရင်တော့ မမြင်နိုင်တဲ့ အခွင့်အလမ်းတွေ၊ အကျိုးကျေးဇူးတွေ အများကြီးရလာမယ်လို့ ယုံကြည်ကြတဲ့အတွက် ဖြစ်ပါတယ်။ နောက်တစ်ခုက နိုင်ငံတကာ ပတ်ဝန်းကျင်ဟာ အပြောင်းအလဲတွေ အရမ်းမြန်ပါတယ်။ Dynamic ဖြစ်တယ်လို့ ပြောလို့ရပါတယ်။ ကိုယ့်နိုင်ငံတစ်ခုတည်းကပဲ နိုင်ငံငံတကာကို ထိုးဖောက်ရင် အခက်အခဲတွေ ရှိနိုင်တာမို့ Local အလိုက်၊ Region အလိုက် အုပ်စုလေးတွေ ဖွဲ့ကြတယ်.. ဥပမာ.. EU, ASEAN, ANCOM အစရှိတာတွေဖြစ်ပါတယ်။ ပြောင်းလဲလာတဲ့ နောက်တစ်ချက်က Trade Barriers တွေကို စတင်ဖယ်ရှားလာတာကြောင့်လည်း ပါပါတယ်။ နောက် အရေးပါတဲ့ အချက်ကတော့ ကုမမ္ပဏီတွေဟာ Multinational and Transactional သာမက အခုဆိုရင် Global အထိတောင် တက်လှမ်းလာကြလို့ပဲ ဖြစ်တယ်။ အိုကေ.. ဒီလိုမျိုးတွေ ဖြစ်ပေါ်နေဖို့ အဓိက တွန်းအားပေးနေတဲ့ Factors တွေလည်း ရှိပါတယ်ရှင်။

(၁) The Continued Liberalization of International Trade

နိုင်ငံတော်တော်များများရဲ့ အစိုးရတွေဟာ ကုန်သွယ်မှုလွတ်လပ်ခွင့်တွေကို ပေးဆောင်လာကြပါတယ်။ ဒုတိယ ကမ္ဘာစစ်ပြီးအချိန်လောက်ကစပြီး GATT နောက်ပိုင်းမှာ World Trade Organizations တွေရဲ့အောက်မှာ ကုန်သွယ်မှုအတားအဆီးတွေဟာ လျော့နည်းသထက် လျော့နည်းလာရပါတယ်။ အကောက်ခွန်တွေလည်း တဖြည်းဖြည်းလျှော့ချလာကြပါတယ်။

(၂) Cosmopolitan Customers

လူတွေရဲ့ လိုချင်စိတ်တွေကလည်း အမျိုးမျိုးပြောင်းလဲလာကြတယ်။ ပြည်တွင်းဖြစ် ပစ္စည်းတွေနဲ့တင် တင်းတိမ်မနေချင်ကြတော့ဘူး။ ဒီနေ့ခေတ်ကလူတွေဟာ အရင်ကထက်စာရင် ခရီးတွေပိုသွားကြတယ်။ ရောက်တဲ့နေရာ ရောက်တဲ့ဒေသမှာ ကိုယ်မတွေ့ဖူးသေးတဲ့၊ ကိုယ်မှာ ရှိတာထက် ပိုဆန်းသစ်တဲ့ ပစ္စည်းမျိုးလေးတွေတွေ့ရင် ပိုင်ဆိုင်လိုစိတ်တွေ ဖြစ်လာကြတယ်။ အဲဒီတော့ ကိုယ့်ပြည်တွင်းက ထုတ်တဲ့ ပစ္စည်းမဟုတ်ရင်တောင် နိုင်ငံခြားက တစ်ကူးတစ်က မှာဝယ်ကြတယ်။ ရှေးခေတ်လူကြီးတွေကတော့ ရှိတာလေးနဲ့ တင်းတိမ်ကြတတ်ပေမယ့် ကျွန်မတို့ခေတ်လူငယ်တွေကတော့ တစ်မျိုးပြီး တစ်မျိုးမရိုးနိုင်အောင် Cosmopolitan တွေဖြစ်လာကြတော့တာပါပဲ။ အဲတော့ နိုင်ငံအသီးသီးက လိုအပ်ချက်အသီးသီးကို ဖြည့်ဆည်းနိုင်ဖို့ စီးပွားရေးတွေ ချဲ့ထွင်လာကြတာ ဖြစ်ပါတယ်။

(၃) Improved Communication

နိုင်ငံတကာ ဆက်သွယ်မှုကွန်ယက်တွေကလည်း ကြီးထွားလာတယ်။ တစ်နေရာတည်းကထိုင်ပြီး ကမ္ဘာပတ်နိုင်တယ်။ အင်တာနက်၊ ဂြိုလ်တုစလောင်းတွေရဲ့ အကူအညီတွေနဲ့ နိုင်ငံတကာကို လည်ပတ်ခွင့်ရလာနိုင်တယ်။ ဒီလိုမြန်ဆန်တိုးတက်လာတဲ့ ဆက်သွယ်မှုတွေကနေ တစ်ဆင့် နိုင်ငံတကာ ဈေးကွက်လိုအပ်ချက်တွေ၊ နိုင်ငံတကာ စီးပွားရေး Trend တွေကို သိရှိလာနိုင်ပါတယ်။

(၄) Strategic Networking and The International Supply Chain

Strategic Networking ဆိုတာက နိုင်ငံအသီးသီးက ကုမ္ပဏီတွေအချင်းချင်း စာချုပ်တွေ ချုပ်ဆိုကြတာပါ။ ဆိုကြပါစို့.. မြန်မာနိုင်ငံက ပိုးထည်တွေကို ပြင်သစ်ကိုသွင်းချင်တယ်ဆိုရင် ကိုယ်ချည်းပဲ တစ်ကောင်တည်း သူများဈေးကွက်ကိုဝင်တိုးဖို့ တော်တော်မလွယ်တဲ့ ကိစ္စပါ။ ပြင်သစ်ရဲ့ Local Company တစ်ခုကို License, Franchise ပေးပြီး သဘောတူစာချုပ်နဲ့ ကိုယ့်ပစ္စည်းတွေကို ထိုးဖောက်ရင် ပိုမိုလွယ်ကူနိုင်ပါတယ်။ International Supply Chain ကလည်း ကြီးထွားလာတယ်။ ကိုယ်လိုအပ်တဲ့ Raw Materials, Technologies တွေကို ကမ္ဘာအနှံ့မှာ ၀ယ်ယူရလာနိုင်တယ်။ ရွေးစရာလည်း ပိုများလာနိုင်တယ်။ အရင်တုန်းကဆိုရင် UK ရဲ့နာမည်ကြီး Brand တစ်ခုဖြစ်တဲ့ Mark & Spencer Company ဟာ ယူကေကထွက်တဲ့ ကုန်ကြမ်းတွေကိုပဲ အသုံးပြုပြီး ကုန်ချောတွေ ထုတ်တယ်ရှင့်။ တစ်ခြားနိုင်ငံက မ၀ယ်ဘူးပေါ့။ ဒါပေမယ့် နောက်ပိုင်းမှာ ပြိုင်ဆိုင်မှုတွေ အရမ်းကြီးထွားလာတယ်.. ပစ္စည်းတွေ လိုသလောက် ၀ယ်မရတာမျိုးတွေ ဘာတွေဖြစ်တော့ ပြည်တွင်းဖြစ်ကိုချည်းပဲ အားမကိုးနိုင်တော့ဘူး။ နိုင်ငံတကာ ဈေးကွက်ကို ၀င်ရောက်မွှေနှောက်လိုက်ရတာမျိုးတွေ ရှိပါတယ်။

နောက်တစ်ခုက ဒီလိုမျိုး Strategic Network တွေကြီးထွားလာတော့ Cosmopolitan Customers တွေရဲ့ Needs and Wants တွေကို ဖြည့်ဆည်းပေးဖို့ အလားအလာကောင်းတွေ ရလာနိုင်ပါတယ်။ ဥပမာ.. ကားရောင်းတယ်ဆိုပါစို့ရှင်.. UK မှာရောင်းတဲ့ ကားတစ်စီးမှာ အင်ဂျင်ကတော့ စပိန်ကလာတာ၊ Transmission ကတော့ ဂျပန်ဖြစ် ပစ္စည်း၊ Gearbox ဆိုရင် ကိုးရီးယားက၊ Trim ကတော့ ဘရာဇေလ်းက အဲ တပ်ဆင်တာကျပြန်တော့ ဂျာမနီမှာ စသည့်ဖြင့် International Supply ကိုယူပြီး အကောင်းဆုံး ဖြစ်အောင် လုပ်နိုင်ပါတယ်။

(၅) Growth of Global Companies - Multinational and Transactional

စီးပွားရေးလုပ်ငန်းတွေဟာ ပြောင်းလဲလာတဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ ကမ္ဘာအနှံ့ ဖြန့်ကျက်လာကြတယ်။ ၁၉၈၀ နဲ့ ၁၉၉၀ ခုနှစ်များမှာဆိုရင် Multinational Company တွေများပြားလာတာကို တွေ့ရပါတယ်။ Multinational ဆိုတာက ကိုယ့်ဒေသမှာထုတ်တဲ့ ပစ္စည်းတွေကို နိုင်ငံအလိုက် Base ထိုင်ပြီး ပစ္စည်းတွေ ရောင်းချတာကို ဆိုလိုတာပါ။ ဥပမာ.. Sony ဆိုရင် ဂျပန်မှာ Head Quarter ရှိပေမယ့်.. မြန်မာပြည်မှာလည်း ရုံးရှိတယ်၊ စင်ကာပူမှာလည်း ရုံးရှိတယ်၊ တစ်ခြားနိုင်ငံတွေမှာလည်း ရုံးခွဲတွေ ရှိတယ်။ Global Companies တွေက ဖြန့်ကျက်လိုက်တဲ့ ပစ္စည်းတွေဟာ နောက်ပိုင်းမှာ Global Brand တွေအဖြစ် ကြီးထွားလာကြပါတော့တယ်။

(၆) Global Brands

ကိုကကိုလာ၊ Rolex, Mercedes, IBM, Canon အစရှိတဲ့ ပစ္စည်းတွေက Global Brand တွေပါ။ ပြောင်းလဲလာတဲ့ လူတွေရဲ့ နေထိုင်မှုပုံစံတွေနဲ့ လိုအပ်ချက်တွေကို လိုက်ပြီး ပစ္စည်းတွေဟာလည်း ပြောင်းလဲလာရပါတယ်။ အတားအဆီး အဟန့်အတားကင်းတဲ့ ကုန်သွယ်ရေးကလည်း ဒီလို Brand တွေကို ပေါ်ပေါက်လာစေဖို့ တွန်းအားတစ်ရပ်ဖြစ်ပါတယ်

အပေါ်မှာ ဖော်ပြခဲ့တဲ့ အချက်တွေကတော့ International Business ကိုဖြစ်ပေါ်စေဖို့ အဓိက တွန်းအားပေးနေတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။ Dynamic Environment လို့ခေါ်တဲ့ ပြေင်းလဲမှု မြန်ဆန်လွန်းတဲ့ ပတ်ဝန်းကျင်လို လိုက်မီဖို့ အသစ်တွေ တစ်မျိုးပြီးတစ်မျိုး ဖန်တီးလာရတယ်။ စီးပွားရေး ထွန်းကားလာတာနဲ့အမျှ Competition ကလည်း အရမ်းကို Intensive ဖြစ်လာတယ်။ ပြိုင်ဆိုင်မှုတွေ များပြားလာတော့ Opportunities and Threats တွေကလည်း များပြားလာတယ်။ ဒီတော့ ပြောင်းလဲလာတဲ့ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေဖို့ စီးပွားရေးဟာလည်း ပြောင်းလဲလာရကြောင်းကို ကျွန်မရဲ့ ပထမဆုံး နိဒါန်းပိုစ့်အနေနဲ့ ရေးသားအပ်ပါတယ်ရှင်။

7 comments:

  1. အရမ်းကောင်းတာပါပဲခင်ဗျာ။ တော်တော်လေး ဗဟုသုတတွေ ရစေပါတယ်။

    ReplyDelete
  2. Pinkgold- နိုင်ငံတော်တော်များများရဲ့ အစိုးရတွေဟာ ကုန်သွယ်မှုလွတ်လပ်ခွင့်တွေကို ပေးဆောင်လာကြပါတယ်။ ဒုတိယ ကမ္ဘာစစ်ပြီးအချိန်လောက်ကစပြီး GATT နောက်ပိုင်းမှာ World Trade Organizations တွေရဲ့အောက်မှာ ကုန်သွယ်မှုအတားအဆီးတွေဟာ လျော့နည်းသထက် လျော့နည်းလာရပါတယ်။ အကောက်ခွန်တွေလည်း တဖြည်းဖြည်းလျှော့ချလာကြပါတယ်။
    Negative view- အတားအဆီးတွေလျော့နည်းလာတာမှန်ပေမယ့် အမျိုးသားအကျိုးစီးပွားကို ရှေးရှုတဲ့ ဖွံ့ဖြိုးပြီးနိုင်ငံတွေရှိပါတယ် ကုန်သွယ်မှု တဘက်စောင်းနင်းပြသနာဟာ WTO မှာ ဖွံ့ဖြိုးပြီး နဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေမက ဖွံ့ဖြိုးပြီးနိုင်ငံ အချင်းချင်းမှာတောင် ညှိနှိုင်းလို့မရသေးတဲ့ပြသနာတွေပါ အမေရိကန် ဂျပန် မော်တော်ကားကုန်သွယ်မှု နှင့် လက်ရှိ WTO အစည်းအဝေးမှာဖြစ်ခဲ့တဲ့ ဖွံ့ဖြိုးပြီး နဲ့ ဖွံ့ဖြိုးဆဲနိုင်ငံပြသနာတွေကြည့်ပါ။

    Pinkgold- လူတွေရဲ့ လိုချင်စိတ်တွေကလည်း အမျိုးမျိုးပြောင်းလဲလာကြတယ်။ ပြည်တွင်းဖြစ် ပစ္စည်းတွေနဲ့တင် တင်းတိမ်မနေချင်ကြတော့ဘူး။ ဒီနေ့ခေတ်ကလူတွေဟာ အရင်ကထက်စာရင် ခရီးတွေပိုသွားကြတယ်။ ရောက်တဲ့နေရာ ရောက်တဲ့ဒေသမှာ ကိုယ်မတွေ့ဖူးသေးတဲ့၊ ကိုယ်မှာ ရှိတာထက် ပိုဆန်းသစ်တဲ့ ပစ္စည်းမျိုးလေးတွေတွေ့ရင် ပိုင်ဆိုင်လိုစိတ်တွေ ဖြစ်လာကြတယ်
    Negative view-ဒီလိုဆန်းအောင်လုပ်တဲ့နေရာမှာ မသာမှုတွေရှိလာပါတယ် အတုလုပ်တယ် ဈေးပေါအောင် ဆင်တူရိုးမှားလုပ်တယ် ဆန်းပြားအောင်လုပ်တယ်
    အတုလုပ်တယ် ဈေးပေါအောင် ဆင်တူရိုးမှားလုပ်တဲ့နေရာမှာ မိမိကုမဏီကထုတ်လိုက်တဲ့ ပစ်စည်းတွေဟာ ရေရှည်အသုံးခံအောင် မလုပ်ဘူး ရေတိုဘဲလုပ်မယ် ပစ်စည်းပျက်ရင်လွှတ်ပစ်လို့လွယ်အောင် ဈေးပေါအောင်လုပ်မယ် နောက်ထပ်မော်ဒယ် အသစ်တစ်ခုထပ်ထုတ်မယ် ရေရှည်အသုံးမခံတော့ဘူး ရေရှည်အသုံးမခံတော့ လွတ်ပစ်ရရော တရုတ်စက် တရက်စုတ်ဆိုတာတွေဖြစ်လာတယ်။ ကမ္ဘာမှာ အမှိုက်ရှုပ်လာတာပဲအဖတ်တင်တယ်။ ကမ္ဘာမှာ waste pollution နဲ့ resources over exploitation ဖြစ်လာတာ Cosmopolitan Customers တွေကြောင့်ဘဲ

    Pinkgold-နိုင်ငံတကာ ဆက်သွယ်မှုကွန်ယက်တွေကလည်း ကြီးထွားလာတယ်။ တစ်နေရာတည်းကထိုင်ပြီး ကမ္ဘာပတ်နိုင်တယ်။ အင်တာနက်၊ ဂြိုလ်တုစလောင်းတွေရဲ့ အကူအညီတွေနဲ့ နိုင်ငံတကာကို လည်ပတ်ခွင့်ရလာနိုင်တယ်။ ဒီလိုမြန်ဆန်တိုးတက်လာတဲ့ ဆက်သွယ်မှုတွေကနေ တစ်ဆင့် နိုင်ငံတကာ ဈေးကွက်လိုအပ်ချက်တွေ၊ နိုင်ငံတကာ စီးပွားရေး Trend တွေကို သိရှိလာနိုင်ပါတယ်။
    Negative view-ဒီအချက်မှာတော့ ကောင်းတဲ့ဘက်ကအားသာတာများပါတယ် pinkgold ပြောတဲ့အထဲ မပါသေးတဲ့ internet banking စနစ် ဟာ အရင်းများတဲ့ ကော်ပိုရေးရှင်းတွေရဲ့ လွမ်းမိုးမှုဟာ ပိုမြန်ဆန်လာသလို အရင်းဆုပ်ခွာမှုမှာလည်း ပိုမြန်တယ် ၁၉၉၇ ခုနှစ် အရှေ့တောင်အာရှ မှာဖြစ်ခဲ့သလို ပေါ့ ငွေကြေးရင်းနှီးမြှုပ်နှံမှု အလုံးအရင်းနဲ့ဝင်လာတယ် စီးပွားပျက်တော့မယ်ဆိုရော အလုံးအရင်းဆုပ်ခွာသွားတာ ဒေသခံနိုင်ငံတွေဘဲ အထိနာကျန်ခဲ့တယ်။ အခွန်တမ်းရှောင်ရာမှာလည်းပိုမို မြန်ဆန်လာတယ်။

    Pinkgold- Strategic Network တွေကြီးထွားလာတော့ Cosmopolitan Customers တွေရဲ့ Needs and Wants တွေကို ဖြည့်ဆည်းပေးဖို့ အလားအလာကောင်းတွေ ရလာနိုင်ပါတယ်။ ဥပမာ.. ကားရောင်းတယ်ဆိုပါစို့ရှင်.. UK မှာရောင်းတဲ့ ကားတစ်စီးမှာ အင်ဂျင်ကတော့ စပိန်ကလာတာ၊ Transmission ကတော့ ဂျပန်ဖြစ် ပစ္စည်း၊ Gearbox ဆိုရင် ကိုးရီးယားက၊ Trim ကတော့ ဘရာဇေလ်းက အဲ တပ်ဆင်တာကျပြန်တော့ ဂျာမနီမှာ စသည့်ဖြင့် International Supply ကိုယူပြီး အကောင်းဆုံး ဖြစ်အောင် လုပ်နိုင်ပါတယ်။
    Negative view-ဒါကို ကော်ပိုရိတ်တွေအဓိကစဉ်းစားတာ တန်ဖိုးနည်းလုပ်သားပါ ကျွမ်းကျင်လုပ်သား ပေါတဲ့နိုင်ငံဖြစ်ရမယ် နိုင်ငံရေးအရတည်ငြိမ်ရမယ် ဗြိတိန်ထက် စပိန်ဟာ လုပ်အားခးဈေးပေါပါတယ် အထူးသင်စရာမလိုတဲ့ အ၀တ်ချုပ်လုပ်ငန်းဆို ဥရောပမှာ ရောအမေရိကမှာပါ မရှိသလောက်ပါဘဲ တော်တော် များများ လက်တက်အမေရိက တောင်အမေရိက နဲ့ အာရှကိုရွေ့သွားတာ ဟာ လုပ်အားခ ကွာခြားလို့ ဈေးပေါတဲ့နိုင်ငံတွေကို ပြောင်းသွားတာပါ
    အဲဒီမှာ မူရင်းနိုင်ငံတွေမှာအလုပ်လက်မဲ့ပြသနာတွေဖြစ်လာပါတယ်။ ဒါတွေအတွက် အစိုးရက လူမှုရေးထောက်ပံ့စရိတ်တွေ ထောက်ပံ့ရပါတယ် ။ တခြားတဖက်မှာ သွင်းကုန် Tax တွေမြှင့်လာပါတယ်။ local products တွေနေရာပြန်ယူလာနေပါတယ်။ အဲဒါဟာလက်ရှိ WTO မှာညှိလို့မရတဲ့ပြသနာဘဲဖြစ်ပါတယ်။
    (၅) Growth of Global Companies - Multinational and Transactional
    စားသုံးသူတွေအတွက် လွယ်ကူချောမွေ့တဲ့ ၀န်ဆောင်မှုကိုရစေသလို ဒေသခံတွေအတွက် အလုပ်အကိုင်တိုးပွားစေပါတဲ့ ကောင်းတဲ့အချက်ပါ။

    (၆) Global Brands

    ကိုကကိုလာ၊ Rolex, Mercedes, IBM, Canon အစရှိတဲ့ ပစ္စည်းတွေက Global Brand တွေပါ။ ပြောင်းလဲလာတဲ့ လူတွေရဲ့ နေထိုင်မှုပုံစံတွေနဲ့ လိုအပ်ချက်တွေကို လိုက်ပြီး ပစ္စည်းတွေဟာလည်း ပြောင်းလဲလာရပါတယ်။ အတားအဆီး အဟန့်အတားကင်းတဲ့ ကုန်သွယ်ရေးကလည်း ဒီလို Brand တွေကို ပေါ်ပေါက်လာစေဖို့ တွန်းအားတစ်ရပ်ဖြစ်ပါတယ်
    Negative view-Brand ကတော့ တော်တော်ဂွကျကျနိုင်သည် သုံးနိုင်တဲ့ဦးရေ ကမ္ဘာလူဦးရေ သန်း ၆၀၀၀ မှာ ၂ ရာခိုင်နှုန်းတောင်ရှိမယ်မထင်ဘူး လက်ရှိ apple ကထုတ်တဲ့ iphone ဘဲ ကြည့်ပါ brand လည်းဖြစ် ဈေးလည်းသက်သာ ဒါပေမယ့်ဝန်ဆောင်မှုစရိတ်က ပစ်စည်းဖိုးထက်များပါကြောင်း နှင့် driven forces တွေချည်းမကြည့်ဘဲ negative များကြည့်ကာ gap ရှာရင် pinkgold ဆောင်းပါး ဖတ်ရကြိုးနပ်မည်ထင်ပါသည်။

    ReplyDelete
  3. ၀င်ရောက်ရေးသားဝေမျှမှုအတွက်ကျေးဇူးတင်ပါတယ်ဗျာ။ ဘစ်ဇနက်လောက အတွက်တထောင့်တနေရာမှ အကျိုးရှိဖို့ မျှော်လင့်ပါတယ်။ဆက်လက်ရေးသား ပေးပါလို့တိုက်တွန်းနှိုးဆော်ရင်း......ကျေဇူး..ကျေးဇူး..

    ReplyDelete
  4. စီးပွားရေးကို Professeional level အနေနဲ့ မလေ့လာခဲ့ဖူးသူတယောက်အနေနဲ့ ဒီပို့စ်ကို ဖတ်ရတာ သိပ်ကို ခြုံငုံမိပါတယ်။ သိပ်ကို ဗဟုသုတဖြစ်စေပါတယ်ဆိုတဲ့ အပေါ်က ကိုစွမ်းရဲ့ comment ကိုလည်း ထောက်ခံပါတယ်။ နောက်ထပ်လည်း ငွေကြေးလဲလည်မှုစနစ်တွေပါ ပါဝင်တဲ့ နိုင်ငံတကာနဲ့ ယှဉ်တဲ့ စီးပွားရေးဆိုင်ရာ လုပ်ထုံးလုပ်နည်း ဗဟုသုတတွေကို ဆက်လက် ဝေငနိုင်ပါစေလို့ ဆန္ဒပြုပါတယ်။

    ReplyDelete
  5. This comment has been removed by the author.

    ReplyDelete
  6. စမ်းသပ်ခြင်း

    ReplyDelete