Friday, August 15, 2008

Managerial Ethics

ဒီလုပ်ငန်းကတော့ကွာ လူ့ကျင့်ဝတ်နဲ့ မအပ်စပ်တာတွေ လုပ်တယ်ကွာ . . . . စသဖြင့် ကြားနေကြရမှာပါ။ ကျင့်ဝတ်(Ethics)လို့ ဆိုလိုက်ရင် ကျင့်ဝတ်ဆိုတာ ဘာလဲလို့မေးစရာ ဖြစ်လာပါတယ်။ မဖြစ်မနေဘဲ လိုက်နာကျင့်သုံးရမှာလား ၊ လိုက်လုပ်ဖို့လိုအပ်လား စသဖြင့် စောဒကတက်စရာတွေ ဖြစ်လာပါတယ်။ ဒါဆို ကျင့်ဝတ်ဆိုတာဘာလဲပေါ့ ။ ယေဘုယျအားဖြင့် ပြောရမယ်ဆိုရင် လူပုဂ္ဂိုလ်၊ သို့မဟုတ် အဖွဲ့အစည်းများ၏ အပြုအမူများအား အမှန်ကို ဆောင်၍ အမှားကို ရှောင်စေနိုင်ရန်အတွက် လိုအပ်သော moral principles/ values လို့ ဆိုနိုင်ပါတယ်။
လူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းများ၏ အပြုအမူဟာ ကျင့်ဝတ်နှင့်ညီမညီ ဆုံးဖြတ်ဖို့ရာဆိုရင် အရင်ဆုံး လူပုဂ္ဂိုလ် တွေရဲ့အပြုအမူ တွေဘယ်လို ပြုမူကြတယ် ဘာကြောင့် ပြုမူကြတယ်ဆိုတာ သိထားဖို့လိုပါတယ်။ Management ပညာရှင် Richard L. Daft က လူတွေရဲ့ အပြုအမူတွေဟာ အုပ်စု (၃ )စုအတွင်းမှာ ကျရောက်ပါတယ်လို့ဆိုပါတယ်။ ပထမအုပ်စုက Domain of Codified Law ပါ။ ဒီအုပ်စုမှာတော့ လူတွေဟာ တရားဥပဒေအရ သတ်မှတ်ချက်များကြောင့် မဖြစ်မနေလုပ်ဆောင်ကြတဲ့အပြုအမူတွေပါ ။ ဥပမာပြောရရင် လူတစ်ဦးဟာ အစိုးရသတ်မှတ်ထားတဲ့ အခွန်ကို မဖြစ်မနေထမ်းဆောင်ရတာမျိုးလို့၊ ယာဉ်မောင်းမယ်ဆိုရင် လိုင်စင်ရှိရမယ်လို့ပေါ့။ Legal Standards အရလို့ဆိုလို့ရပါတယ်။ ဒုတိယအုပ်စုကတော့Domain of Free Choiceပါ။ သူကတော့ ဥပဒေအရ ဘာမှ မပြောထားသော ၊ မိမိစိတ်တိုင်းကျလွတ်လပ်စွာဆောင်ရွက်ခွင့်ရှိသော အပြုအမူများပါ။ ဥပမာ- လူတိုင်းတွင် ဘာသာရေးကို မိမိစိတ်ကြိုက်ရွေးချယ် ကိုးကွယ်ကြပါတယ်။ ပစ္စည်းများကိုလည်း မိမိစိတ်တိုင်းကျ ၀ယ်ကြပါတယ်။ အဲ့အပြုအမူတွေက Personal Standardsအရ လုပ်ကြပါတယ်။နောက်ဆုံးအုပ်စုကတော့ Domain of Ethicsပါ။ သူကတော့ ပထမအုပ်စုနဲ့ ဒုတိယအုပ်စုကြားလို့ ဆိုနိုင်ပါတယ်။ ဒီအုပ်စုမှာတော့ ဥပဒေအရတော့သတ်မှတ်ထားခြင်းမရှိပါဘူး ဒါပေမယ့် လူတစ်ယောက်အနေဖြင့် အဖွဲ့အစည်းအနေဖြင့် morally အရ လုပ်သင့်လုပ်ထိုက်တဲ့ စံသတ်မှတ်ချက်အပြုအမူတွေပါ။ ဒီအပြုအမူတွေကြောင့် လူမှုဝန်းကျင်ကိုတော့ ဆိုးကျိုးသက်ရောက်မှု အနည်းဆုံးဖြစ်ဖို့လိုအပ်တဲ့ အပြုအမူတွေပါ။
ဒါဆိုရင် လူတွေ အပြုအမူတွေကို ဘယ်လိုပုံစံတွေနဲ့ ပြုမူနေတယ်ဆိုတာ အကြမ်းဖျင်းတော့ နားလည်ကြမှာပါ။ (ဆက်လက်ဖော်ပြပါဦးမည်)

2 comments:

  1. ဆက်ရေး ဗျ ... ကျင့်ဝတ်က လည်း အရေးကြီးတယ် :)

    ReplyDelete
  2. အေးဗျာ။ တစ်ခါတစ်လေ စီးပွားရေးကို ဘာသာရေး အမြင်အရ ကြည့်ရင် တစ်မျိုးမြင်၇ပြန်ရောလေ။ ဗုဒ္ဒဘုရားက မပြုအပ်သောစီးပွားရေး ဆိုပြီး ငါးမျိုး လောက် ချပြထားတာ ဒီလုပ်ငန်း လုပ်ခြင်းမလုပ်ခြင်းတာ လူမှုရေး ကျင့်ဝတ် လား၊ ဘာသာရေးကျင့်ဝတ်လား၊ ဥပဒေကျင့်ဝတ်လား ခွဲခြားကြည့်ရမယ့် သဘောထင်တယ်ဗျ။ ဘာပဲဖြစ်ဖြစ် morally ethics ဆိုတာဟာ ဘယ်ရှုထောင့် ကို ပိုပြီးအလေးထားရမလဲ ဆိုတာမေးခွန်းတစ်ခုပါဘဲလေ။

    ReplyDelete