Wednesday, August 6, 2008

ခေတ်သစ်စီးပွားရေး (broader scope for Int' Biz Environment)

ကောင်းလိုက် တာဗျာ။ မ "pinkgold" ဟာ မော်ဒန် ဘစ်ဇနက် သီအိုရီတွေ စာတွေ့ရော လက်တွေ့ရော ပိုင်နိုင်တယ် ထင်ပါတယ်။ ကျေးဇူး လည်း တင်ပါတယ်။ ကျွန်တော်လည်း အနည်းငယ် ထပ်မံ သုံးသပ် ရေးသား မိပါတယ်။ ပိုပြီး စကုပ် (scope) ကျယ်ကျယ် ကြည့်နိုင် အောင်ပါ ခင်ဗျာ။
မ "pinkgold" ရဲ့ စာနဲ့ ဆက်စပ် ဖတ်ရှု နိုင်ပါတယ်။ မိုက်ခရို ဘောဂဗေဒ ရှုထောင့် အရတော့ ဂလိုဘယ် ဖြစ်စဉ်ကြီး ထဲမှာ နည်းပညာ တိုးတက်မှုတွေ၊ စားသုံးသူ ရွေးချယ် ပိုင်ခွင့် ဘောင်ကျယ် လာမှု၊ စီမံခန့်ခွဲမှု စနစ် ပြောင်းလဲ လာမှု တွေက အရေးပါ နေသလို၊ မက်ခရို ဘောဂဗေဒ အရ လည်း အစိုးရ မူဝါဒ ပြောင်းလဲမှုတွေ၊ နိုင်ငံတကာ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုတွေ အပြင်၊ ပတ်ဝန်းကျင် ထိခိုက် ပျက်စီးမှုတွေ၊ အကြမ်းဖက် ၀ါဒ နှင့် နိုင်ငံရေး မတည်မငြိမ် ဖြစ်နေမှု တွေကို လည်း ခြိမ်းခြောက်မှုတွေ အဖြစ် ရှုမြင် နေရပါသဖြင့် အမ်အင်စီ (MNCs) လို ကော်ပိုရိတ် အကြီးစားတွေ crisis management အတွက် ပြင်ဆင် ထားသင့် ပါကြောင်း ... ။ ။
(မြန်မာနိုင်ငံတွင် ဂလိုဘယ် ပြိုင်နိုင်သော ဘစ်ဇနက် များ ထွန်းကားရေး မျှော်လင့်လျက် ...)
အားလုံးကို လေးစားလျက် ... ကိုကိုဖရီး

3 comments:

  1. ကိုကို ဖရီးရေ ...

    ဘိလပ်လို နဲ့ မြန်မာလို တွဲ ပြီး ရေးရေး ပေးပါ နော် ... တောင်းဆိုတာပါ :)

    ReplyDelete
  2. လာဖတ်သွားပါတယ်။ crisis management အတွက် ဘယ်လိုပြင်ဆင် ထားရမလဲဆိုတာ ဆက်ရေးပေးပါ။ မြန်မာနိုင်ငံမှာ MNCs တွေ အချင်း ချင်း ပူးပေါင်းဆောင်ရွက်ရင် ဘာဖြစ်လာနိုင်မလဲ။

    ReplyDelete