Tuesday, August 26, 2008

သမိုင်းထဲက Entrepreneur

ကျနော် ကြံကြံဖန်ဖန် စဉ်းစားမိတာပါ။ ခုခေတ်မှသာ entrepreneur၊ entrepreneur နဲ့ တညာထဲ ညာနေကြတာ ရှေးခေတ်တုန်းကရော ကျနော်တို့ မြန်မာသမိုင်းမှာ entrepreneur တွေ မရှိခဲ့ဘူးလာရယ်လို့ပါ။ သိပ်ရှိပါရောလားဗျာ။ ကျနော်လက်လှမ်းမှီသလောက် လိုက်လေ့လာပြီးတော့ ရေးပြတာပါ။ သမိုင်းပညာရှင် မဟုတ်တော့ အချက်အလက် သိပ်များများစားစားတော့ ချမပြနိုင်ဘူးခင်ဗျ။ ခွင့်လွှတ်ပါ။

ပုဂံခေတ်က အနော်ရထာမင်းကြီးရဲ့ လက်အောက်မှ entrepreneur တစ်ဦး ရှိခဲ့ဖူးပါတယ်ခင်ဗျာ။ ဘယ်သူ ဖြစ်မယ်လို့ ထင်ပါသလဲ? ကျနော်ပြောလိုက်ရင် ခင်ဗျားတို့က သူလား တို့သိတာပေါ့လို့ ပြောလိမ့်မယ်။ တစ်ခြား လူတော့ မဟုတ်ပါဘူး။ တရားခံက..... အဲလေ.. Inzar အအေးမိပျောက်ဆေး ကြော်ငြာနဲ့ ရောသွားလို့။ အဲဒီလူက ငလုံးလက်ဖယ်ပဲ ဖြစ်ပါတယ်။ ကျနော်တို့ အများစု သိထားကြတာက ငလုံးလက်ဖယ်ဟာ အနော်ရထာရဲ့ လက်အောက်က သူရဲကောင်းလေးဖော်ထဲက တစ်ဦးပေါ့။ ခွန်အား အလွန်ကြီးတယ်။ နွားအရှဉ်းတစ်ရာဖြင့် တစ်ပြိုင်နက်တည်း လယ်ထွန်နိုင်တယ်ဆိုတဲ့ အချက်ကတော့ ကလေးတိုင်းလိုလို သိကြပါတယ်။ (ခုခေတ်ကလေးတော့ မပြောတတ်ပါ။ ကျန်စစ်သားတောင်မသိ ကျန်ကျောင်းပဲ သိတဲ့ခေတ်ကိုး။) ဒါပေမယ့် လူသိပ်မသိတဲ့ အကြောင်းအရာလေးတွေကို နည်းနည်းပြောပြချင်ပါတယ်။

အဲဒီ ငလုံးလက်ဖယ်ဆိုတာက ပုဂံဒေသမှာ ကျနော်အထင် ယုံလွှတ်ကျွန်းထင်တယ် (မသေချာပါ။ :( ) မှာ အတော်ဆင်းရဲတဲ့ လယ်သမားလေးတစ်ယောက်ပါ။ သူ့နာမည်က ငလုံးပါ။ လက်တစ်ဖက်က ပယ်နေလို့ (ကပ်နေတာကို ဆိုလိုတာပါ။) ငလုံးလက်ဖယ်လို့ ခေါ်ကြတာပါ။ လူဆင်းရဲပေမယ့် သူ့မှာ ပညာတော့ မဆင်းရဲ ဘူးဗျို့။ entrepreneur ကိုးဗျ။

အဲဒီခေတ်က ပုဂံဒေသဆိုတာ အင်မတန် မိုးခေါင်တဲ့ဒေသပါ။ (အခုလည်း သိပ်မထူးပါ။) တစ်နှစ်ပတ်လုံးမှာ မိုးတွင်းကာလပဲ စပါးစိုက်ပျိုးနိုင်ပါတယ်။ တစ်သီးစားပေါ့ဗျာ။ ဒါကြောင့် ကျန်တဲ့အချိန်မှာ လယ်သမားတွေဟာ ဆင်းရဲကြပါတယ်။ မိုးတွင်း ရှာထားသမျှကို တစ်နှစ်ပတ်လုံး လောက်ငှအောင် သုံးကြရပါတယ်။

အဲဒီမှာ ကျနော်တို့ရဲ့ entrepreneur ကြီး ငလုံးက တွေးပါတယ်။ "တို့လယ်သမားဆိုတာ ရေကို အားထားရတာ။ ဒီရေကလည်း မိုးတွင်းမှာမှ ဖြိုင်ဖြိုင်ရတာ။ ကျန်အချိန်တွေမှာဆို ရေဆိုတာ သောက်ဖို့တောင် အတော် ရှာယူကြရတယ်။ ဒီတော့ ဒီရေကို မိုးရွာတုန်းခံထားမယ်။ မိုးမရွာတဲ့အချိန် လှောင်ထားတဲ့ရေကို သုံးမယ်။ နောက် ရေရှိတဲ့အရပ်က ရေကို သွယ်ယူမယ်။ ဒါဆိုရင် ငါ့လယ်ကွက်တွေ တစ်နှစ်ပတ်လုံး ရေရနိုင်မပေါ့"။ ဒီလို စဉ်းစားပါတယ်။

ဒီလိုနဲ့ ငလုံးဟာ သူများတွေက မိုးရွာအောင် အရည်းကြီးတွေကို ပူဇော်ပသနေကြချိန်၊ ယစ်ပူဇော်နေကြချိန်မှာ ကြိုးစားပမ်းစားနဲ့ ဧရာဝတီမြစ်ရေကို မြောင်းဖောက် သွယ်ယူပြီး သူ့လယ်ကွက်အနီးမှာ ရေကန်တူးလို့ လှောင်ထားပါသတဲ့။ ဒါကို ကျန်ပုဂံသားတွေက ကဲ့ရဲ့ကြတာပေါ့။ အားလုံးသိကြတဲ့အတိုင်း entrepreneur ဆိုတာ မအောင်မြင်ခင်တော့ အရူးထင်ခံကြရတာချည်းပဲလေ။ ဆိုင်ရာပိုင်ရာတွေကို မပူဇော်ရင် နင် ဒုက္ခ တွေ့မယ် ဘာညာနဲ့ပေါ့။ ငလုံးတို့ကတော့ မမှု။ ကိုယ့်ယုံကြည်ချက်အတိုင်း ဆက်လုပ်သတဲ့။ ဒီလိုနဲ့ မိုးကုန်လို့ ရေရှားတဲ့အချိန် လယ်သမားအများစု လက်မှိုင်ချနေကြရချိန်မှာ ငလုံးရဲ့လယ်တွေက တစ်သီးမက နှစ်သီးစား ဘ၀နဲ့ စိမ်းစိုနေပါသတဲ့ဗျာ။ (အဲဒီခေတ်က သုံးသီးစားဖြစ်အောင်တော့ မစိုက်နိုင်ကြသေးပါ။)

ဒီလိုနဲ့ ပုဂ္ဂါရာမ နေပြည်တော်တလွှား သတင်းမွှေးရာကနေ ထင်ပေါ်လို့ စင်တော်ကကောက်တော့ ဘုရင် အနုရုဒ္ဓါရဲ့ သူရဲကောင်းဖြစ်ခဲ့ပြီး အမှုတော်ထမ်းတဲ့အချိန်မှာလည်း ဘုရင်ကို တိုင်းပြည်အတွက် ဆည်တွေ၊ တူးမြောင်းတွေ တည်ဆောက်ဖို့ အကြံပြုခဲ့ပါတယ်။ မြန်မာရာဇ၀င်မှာ ပထမဆုံး ဆည်မြောင်းတွေ စတင် တည်ဆောက်ခဲ့တဲ့ခေတ်ပေါ့။ ဒါကြောင့် ငလုံးလက်ဖယ်ဟာ မြန်မာ့ဆည်မြောင်းရဲ့ ဖခင်ကြီးလို့ သတ်မှတ်ရင် ရနိုင်ပါတယ်။ ကဲ... ဒါကတော့ ကျနော် မှတ်သားမိတဲ့ ရာဇ၀င်ထဲက entrepreneur တစ်ယောက်ရဲ့ အကြောင်းပါ။ မြန်မာတွေဟာ ရှေးပဝေသဏီကတည်းက မညံ့ကြပါဘူး။ ကျနော်တို့တွေလည်း ကြိုးစား ကြတာပေါ့ဗျာ။

7 comments:

  1. လည်ဆည် ဝန်ကြီး စဖြစ်တာပေါ့ :P

    ReplyDelete
  2. သြော်..ကိုကို လုံးကတော့ ကိုစတန်လေ သူ့ကို ဂုဏ်ပြုတာ သိရင် ဘယ်လောက်များ ၀မ်းသာရှာမလိမ့်နော်။ လယ်ဆည်ဝန်ကြီးတောင် ခန့်အပ်သူက ရှိသေး။ အဟိ။ `အမ..ငှီး....ခွီး....ကိုကိုလုံးရေ ဖြစ်ရပ်ဆိုးလှချည်လား..အား.အဟင့်။ ရှင် သေမှ ရှင့် ကောင်းချက်တွေ သိရတယ်လေ။ သွားလေသူကြီးရဲ့.´
    ( ငလုံးလက်ဖယ် မိန်းမသာရှိသေးရင် ဒီလိုငိုမှာလို့..အဟီး)
    တကယ်တော့ သူ့နာမည်ကလည်း သူ့မိန်းမပေးတာဖြစ်နိုင်တယ်ဗျ။
    ဒီလိုလေ- `ဟဲ့.ငလုံး..လက်ဖယ်စမ်း´ တဲ့။ ဘာကြောင့်ဖယ်ခိုင်းတာလည်းတော့ ..တားတားလည်းတိဘူးဂျ။

    ReplyDelete
  3. ကိုကိုဖရီးကလည်း ဂုဏ်ပြုဦးမှာပါဗျာ။ မြန်မာနိုင်ငံရဲ့ ပထမဆုံး အရက်သမား သမဂ္ဂ တည်ထောင်သူ ဆိုပြီးတော့လေ။ :P

    ReplyDelete
  4. (အထူးတောင်းဆိုချက်ဗျို့) ---- စွန့်ဦးတီထွင်ကတော့ အများကြီးပဲဗျို့။ အခုလို မြန်မာပြည်သား စွန့်ဦးတီထွင်တွေကို တင်ပြထားတာ Good တယ်ဗျ။ ကိုကိုဖရီးက Academic ရှုထောင့်က ငလုံးလက်ဖယ် မိန်းမက ဘာကြောင့် လက်ဖယ်ခိုင်းလဲ ဆက်လက်တွေးခေါ်ပါဦး။ ကိုစိုးထက် Technician ရှုထောင့်က မှန်ကန်ကြောင်း သက်သေပြပါဗျို့။

    ReplyDelete
  5. ဟုတ်ဘီ cube ပြောတာလေးဆက်လုပ်ပါဦး ဟီး သက်သေထဲမှာ အနော့်ကို တော့ဆွဲထည့်နဲ့နော်

    ReplyDelete
  6. သီးထပ် သီးညပ်တွေတော့ ဗိုလ်သန်းရွှေ သမီးတွေလောက် သိနိုင်မယ် ထင်ဖူး?

    ReplyDelete