Sunday, August 3, 2008

ပညာနှင့်ပညာတတ်( ၁)

ကမ္ဘာပေါ်တွင် လူသားများနှင့် အတူ ပညာရပ်ပေါင်း များစွာ ထွန်းကား နေပါသည်။ ပညာ၏ သဘော သဘာဝ အရ တတ်သိ နားလည်ခြင်း၊ ကိုယ်တိုင် ကျွမ်းကျင် ပိုင်နိုင်စွာ လုပ်ဆောင် နိုင်ခြင်း တို့ဖြစ်ရာ အမြင်ဖြင့် လည်းကောင်း၊ အကြားဖြင့် လည်းကောင်း၊ ဖတ်မှတ်ခြင်း အားဖြင့် လည်းကောင်း၊ လက်တွေ့ စမ်းသပ် လုပ်ကိုင်ခြင်း အားဖြင့် လည်းကောင်း ပညာကို မွေးမြူ ထိန်းသိမ်း နိုင်လာ ပါသည်။ ထို့ပြင် ပညာရပ် တစ်ခုသည် ဆက်လက် တိုးတက် ပြန့်ပွား နိုင်သကဲ့သို့ တိမ်မြုပ် ပျောက်ကွယ်၍ လည်း သွားနိုင် ပါသည်။ ထို့ကြောင့် ကောင်းသော ရည်ရွယ်ချက်ဖြင့် ပညာရပ် တစ်ခုကို လက်ဆင့်ကမ်း ဝေမျှရန်မှာ ပညာတတ် တစ်ဦး၏ တာဝန်ဖြစ်ကြောင်း ယူဆ မိပါသည်။ entrepreneur တစ်ယောက် အတွက် လေ့လာ သင်ယူမှု အလေးထား စေချင်သလို ပြန်လည် ဝေမျှသင့်မှု ကိုလည်း သတိထား မိစေရန် ဖြစ်ပါသည် ခင်ဗျာ။ အဘယ်ကြောင့် ဆိုသော် ပညာသည် အပြုသဘောဆောင် ဆင့်ပွား အကျိုးသက် ရောက်မှု ( positive externalities) ရှိ၍ ဖြစ်ပါကြောင်း ၊ ၊
(အားလုံးကို လေးစားလျက် ... ကိုကိုဖရီး)

6 comments:

  1. ကောင်းတယ်ဗျာ။ ရောက်ရောက်ချင်း ဆောက်နဲ့ထွင်းတာပဲ။ တိုတိုနဲ့ လိုရင်း၊ ထိတယ် မိတယ်ဗျာ။ တိုတိုလေးနဲ့ထိတယ်ဆိုတာ ဒါမျိုးလားမသိဘူး.. အဟီး :D

    ReplyDelete
  2. ဒီလိုကြတော့ လည်း ခပ်တည်တည် နဲ့ ထိထိမိမိ ... ဟိ :P

    ဖရီး လာရေးပေးတဲ့ အတွက် ကျေးဇူး တင်ပါတယ် ကိုကို ဖရီး ခင်ဗျား ... :) :D

    ReplyDelete
  3. ရှင်းရှင်းနဲ့ ဘွင်းဘွင်းကြီးပြောသွားတာလည်း ကောင်းတာပဲ :D

    ReplyDelete
  4. အင်း.... ဟုတ်တယ်ပညာဆိုတာလက်ဆင့်ကမ်းပေးသင့်တယ် ကိုယ်တစ်ယောက်ထဲ ပညာတွေတတ်ပြီး တမလွန်ယူမသွားသင့်ဘူး သိုင်းလောကမှာ ကြည့်ပါလား အတွင်းအားတွေ ကိုယ်ဖော့ပညာတွေ ပျောက်ကုန်တာ အရင်တတ်တဲ့သူတွေ ပညာတွေတမလွန်ယူသွားလို့ပေါ့ ဆောရီးဘယ်ရောက်သွားမှန်းမသိဘူး တောင်းပန်ပါတယ် ဘာပြောရမှန်းမသိတာနဲ့

    ReplyDelete
  5. ကို MyowinZaw ပြောတာမှန်တယ်ဗျာ။ ခုခေတ်က ပညာတွေကို ပြန်လည်ဝေမျှနေတဲ့ခေတ်ပဲ။ ကိုယ်တတ်တာကို ပြောပြနိုင်ရမယ်။ ဒါမှ အဲဒါကိုမှီငြမ်းပြီး ကိုယ့်ထက်မြင့်တဲ့ အရာတွေကို တစ်ဆင့်ထက်တစ်ဆင့် တီထွင်ကြံဆနိုင်မယ်။ ကိုယ့်ထက်သာတဲ့သူကို အားပေးရမယ်။ ကိုယ်တိုင်ကလဲ သူ့ထက်သာအောင် ကောင်းသောယှဉ်ပြိုင်ခြင်းနဲ့ ကြိုးစားရမယ်။ ဒီလိုမှ တစ်ဖြည်းဖြည်း နဲ့တိုးတက်လာမယ်ဗျာ။

    ReplyDelete