Sunday, August 31, 2008

စိတ်ကူးယဉ်သမား

စွန့်ဦးတီထွင် တဲ့သူ ဆိုတာ တစ်ကယ်တော့ စိတ်ကူးယဉ်သမား တစ်ယောက်ပါပဲ။

ဘာဖြစ်လို့လည်း ဆိုတော့ စွန့်ဦးတီထွင်လို့အမည်နာမတပ်ခံထားရတဲ့သူတိုင်းဟာအခုထလုပ်၊ အခု ချက်ချင်း အောင်မြင် သွားကြတဲ့ သူတွေ မဟုတ်ပါဘူး။ သူတို့မှာ သူများတွေ မမြင်နိုင်တဲ့၊ တခြားသူတွေ မတွေးတဲ့ အတွေး တွေကို တွေးပြီး လေထဲမှာ တိုက်အိမ် ဆောက်ခဲ့တဲ့ သူတွေ ချည်းပါပဲ။

ဒါဆိုရင် အဲလို သူများ မတွေးတာ တွေကို ထိုင်တွေး နေရုံနဲ့ စွန့်ဦးတီထွင်သူ ဖြစ်ရော လားကွာဆို ရင်တော့ ဘယ် ဖြစ်နိုင် မလဲ။ စွန့်ဦး တီထွင်သူ တစ်ယောက် ဖြစ်ဖို့အတွက်တော့ အများကြီး လိုအပ် ပါတယ်။

စွန့်ဦး တီထွင်ချင်တဲ့ သူဟာ စိတ်ကူးယဉ် တတ်တဲ့ စိတ် ရှိရပါ့မယ်။ စိတ်ကူး ထားတဲ့ အတိုင်း လိုက်ပါ လုပ်ဆောင် နိုင်တဲ့ ပြတ်သားတဲ့ ဆုံးဖြတ်ချက် လည်း ရှိရပါမယ်။ စိတ်ကူး ချည်းပဲရှိပြီး၊ လက်တွေ့ က နောက်က ပါမလာ ရင်တော့ စိတ်ကူးနဲ့ ဆောက်ထားတဲ့ တိုက် အိမ်ကြီးက လေထဲမှာပဲရှိပြီး အကောင်အထည် အဖြစ် ပေါ်လာစရာ အကြောင်း မရှိပါဘူး။ စိတ်ကူး ကတော့ လူတိုင်းယဉ်ဘူး ကြတဲ့ သူတွေ ချည်းပါပဲ. ( အချစ်နဲ့ မဆိုင်ပါ ) ။ တစ်ချို့က ပြောကြတယ်။ စိတ်ကူးယဉ်တယ် ဆိုတာ အရူးတွေ အလုပ်။ ဒို့ကတော့ လက်တွေ့ သမားပဲ။ စိတ်ကူး ယဉ်ရတာ ဝါသနာ မပါဘူးဆိုပြီး ပေါ့။ ဒါဆိုရင် သူတို့ ပြောတဲ့ လက်တွေ့၊ လက်ငင်း၊ လက်တလောဆိုတာအခု ကိုယ့် အနီးအနား မှာ ရှိတဲ့ အခြေအနေကို ပြောတာလား။ ဒါဆိုရင်တော့ အမြင် ကျဉ်းမြောင်း သွားပါလိမ့်မယ်။

မိမိ စိတ်ကူး ထားတာကို လက်တွေ့နဲ့ ပေါင်းစပ်ဖို့ ဆိုတာ ကလည်း တစ်ကယ်တော့ အပြော လွယ်သလောက် အလုပ် ခက်ပါတယ်။ တစ်ချို့တွေ ရှိကြပါတယ် လုပ်ငန်းတစ်ခုကို ကိုယ်ကစပြီး စဉ်းစားမိတယ်။ ဒါပေမဲ့ မစွန့်စားရဲဘူး။ စိတ်ကူး တဲ့အတိုင်း လက်တွေ့က မလုပ်ဆောင် ရဲတော့ မိမိနဲ့နီးစပ် တဲ့သူ၊ ရင်းနီးတဲ့သူ တစ်ယောက်ယောက်ကို ပြောပြပြီး အကြံဉာဏ် တောင်းတာမျိုးတွေ ရှိတတ် ကြပါတယ်။ စစ်ကူ တောင်းတဲ့ သဘောပေါ့။ အဲဒီ ကိုယ်ပြောပြတဲ့ သူက ချကွာ၊ လုပ်ကွာဆိုရင်တော့ လုပ်မိ ကောင်း လုပ်မိသွားပေမဲ့ အဲလူက “နေပါဦးကွာ၊ စဉ်းစားပါဦးကွာ။ စဉ်းစားတာ မမှားပါဘူး” ဆိုတာမျိုး။ “မင်း တွေးတဲ့ အတွေးမျိုး တစ်ခြား သူတွေလည်း တွေးမိမှာပေါ့။ သူတို့တောင် မလုပ်ပဲ မင်းက လုပ်မယ် ဆိုတော့” လို့များ ပြောမိ လာကြမယ် အကြံပေး လာကြမယ် ဆိုရင်တော့ မိမိ ကိုယ်တိုင် လည်း ဟုတ်ပါတယ် လေ ... ငါ့ထက် တော်တဲ့ သူတွေ အများကြီးပါ။ သူတို့ တောင် မလုပ်ကြဘူး ဆိုတော့ အဆင်မပြေ လို့ပဲ ဖြစ်မှာပါ ဆိုပြီး နောက်ဆုတ် သွားတတ် ကြပါတယ်။ တစ်ခါ တစ်လေ လည်း တစ်ခြားသူတွေက ကိုယ် စတွေးခဲ့တဲ့ ကိစ္စကို ထလုပ်ပြီး အောင်မြင် သွားတော့မှ ငါမလုပ်လိုက် ရလေခြင်း ဆိုပြီး နောင်တ ရနေတဲ့ သူတွေ လည်း အများကြီးပါ။ အဲဒီအချိန်မှ မချိတင်ကဲ ဖြစ်နေရင်လည်း ဘာမှ လုပ်လို့ မရတော့ ပါဘူး။ အချိန်တွေ နောက် ကျ သွားပါပြီ။ လူတိုင်းမှာ စိတ်ကူး ကောင်းလေး တွေ ရှိကြ စမြဲပါပဲ။ ကျွန်တော့်မှာ လည်း ရှိတယ်။ စာဖတ်သူ လူကြီးမင်း မှာလည်း ရှိတယ်။ ကွာခြား သွားတာက မိမိ စိတ်ကူးကို မိမိကိုယ်တိုင် ယုံယုံကြည်ကြည် ရဲရဲဝင့်ဝင့် မလုပ် ဆောင်ခြင်းကပဲ လူတွေကို ကွာခြား သွားစေတာပါ။

မိမိကိုယ်ကို မယုံကြည်မှုက ကျွန်တော်တို့ကို အောက်ဆွဲ ချနေခြင်း ဖြစ်ပါတယ်။

"တိုက်ရမလား ဆုတ်ရမလား မကွဲပြား သည့် အခါတိုင်း ကျွန်ုပ် တိုက်ရန် ဆုံးဖြတ်မြဲ ဖြစ်သည်" ဆိုတဲ့ စကားကို ပြောခဲ့တဲ့ သူကတော့ နပိုလီယန်ရဲ့ ရေတပ်ကို အနိုင်တိုက်ခဲ့တဲ့ အင်္ဂလိပ်ရေကြောင်း ဗိုလ်ချုပ် နယ်လ်ဆင်ပဲ ဖြစ်ပါတယ်။ စွန့်ဦးတီထွင် လူတစ်ယောက် ဖြစ်ချင် တယ် ဆိုရင် တော့ ပြတ်သားတဲ့ ဆုံးဖြတ်ချက်ကို ချနိုင်တဲ့ စိတ်စွမ်းအား တစ်ခုတော့ ရှိရပါ့မယ်။ ကြက်သား နဲ့ ဝက်သား ဘယ်ဟာ စားရမလဲ။ ဝက်တော့ ကြောက်တယ် ဆိုပြီး အတွေးတွေ မလွန်စေချင်ပါဘူး။ အရင်ဆုံး မိမိလုပ်ဆောင်မယ့် ကိစ္စကို သေသေချာချာ စဉ်းစား ဆုံးဖြတ် ပါ။ လက်တွေ့ နဲ့ ယှဉ်ပြီး စဉ်းစားပါ။ စဉ်းစားပြီးပြီ ဆိုရင်တော့ ဆုံးဖြတ်ချက်ကို ခိုင်ခိုင်မာမာ ချပြီး မိမိကိုယ်ကို ယုံကြည့်မှု အပြည့်နဲ့ လုပ်ဆောင်မယ် ဆိုရင် တစ်နေ့နေ့ တစ်ချိန်ချိန် မှာတော့ သင်နဲ့ ထိုက်တန်တဲ့ နေရာတစ်ခု ရလာမှာ အသေအချာ ပါပဲ။

စာကြွင်း။ ။ ဖေမြင့်ရဲ့ “အပြောင်မြောက်ဆုံး ဘဝတစ်ခု တည်ဆောက်ခြင်း” စာအုပ်မှ စကားလုံး အချို့အား ယူသုံး ထားပါသည်။

6 comments:

  1. အဆင်ပြေသလောက် ညှိပေး ထားပါတယ် ခင်ဗျာ ... :)

    ReplyDelete
  2. သိုင်းကျူး အနောင့်ဆာ ကြီးခင်ဗျာ :P

    ReplyDelete
  3. သီအိုရီထဲမှာ ပြောထားတဲ့ စာကြောင်းလေးတစ်ကြောင်း တင်ပြပါရစေ။
    စိတ်ကူးယဉ် + နည်းလမ်း + လက်တွေ့လုပ်ဆောင်ချက် + စွန့်စားမှု + ဆုလာဒ် = စွန့်ဦးတီထွင်
    The entrepreneur not only has a vision but also must be able to plan to achieve that vision and believe it will happen.

    ReplyDelete
  4. စိတ်ကုးယဉ်မှုတစ်ခုမှာလည်း အကောင်းဘက်ကပဲ စိတ်ကူးယဉ်သလို အဆိုးကိုလည်း စိတ်ကူးယဉ်နိုင်ရမယ်လို့ ကြားဖူးပါတယ်။
    entrepreneur ဟာလည်း စိတ်ကူယဉ်ခဲ့မယ်ဆိုရင် အကောင်းရော၊ အဆိုးကိုပါ စိတ်ကူးယဉ်ထားပြီးသူ ဖြစ်လိမ့်မယ်လို့ ယူဆပါတယ်။

    ReplyDelete
  5. အခုလို ပြောပြပေးသွားတာ ကျေးဇူးတင်ပါတယ် certain condition cube ခင်ဗျာ

    ReplyDelete
  6. ဂွတ်ထ..ဂွတ်ထ...

    ReplyDelete