Monday, August 11, 2008

Marketing အကြောင်း တစေ့တစောင်း

ယနေ့ခေတ်တွင် ကမ္ဘာတစ်ဝှမ်း၌ ဈေးကွက်စီးပွားရေးစနစ်ကို ကျယ်ပြန့်စွာ လက်ခံကျင့်သုံးလာကြရာ နိုင်ငံတိုင်းရှိ စီးပွားရေးအဆောက်အအုံ၏ ပုံသဏ္ဍန်မှာလည်း များစွာပြောင်းလဲတိုးတက်ခဲ့သည်။ ၂၀ရာစု အချိန်ကာလများရှိ စီးပွားရေးအဆောက်အအုံသည် စက်မှုလုပ်ငန်းများနှင့် ကုန်ထုတ်လုပ်ငန်းများ အပေါ်တွင်သာ အခြေခံခဲ့သော်လည်း ၂၁ရာစုတွင်မူ သတင်းအချက်အလက်များနှင့် နည်းပညာတိုးတက်မှုကို အခြေခံထားသည်။ ဈေးကွက်စီးပွားရေးစနစ်အတွင်း စားသုံးသူများ၏ လိုအပ်ချက်များကို အခြေခံကာ ဈေးကွက်ချဲ့ထွင်ခြင်းဖြင့် စီးပွားရေးအဆောက်အအုံအတွင်း ပြင်းထန်စွာပြိုင်ဆိုင်နေကြသည်။ ဈေးကွက်အတွင်း စံချိန်မှီသော ပစ္စည်းများ ရှိရန်လိုအပ်သကဲ့သို့ ထိုကုန်စည်များကို စားသုံးသူများထံ ရောက်ရှိအောင် ဆောင်ရွက်ပေးနိုင်မည့် Marketer များလည်းရှိရန် လိုအပ်သည်။ သို့ဖြစ်ရာ လုပ်ငန်းတစ်ခုလုံးတွင် Customer များနှင့် အများဆုံးထိတွေ့ ဆက်ဆံရသူများမှာ Marketer များဖြစ်လာသည်။ ထိုသူများအနေဖြင့် ဈေးကွက်တွင် တိုက်ရိုက်ထိတွေ့ရာ၌ Selling Concept နှင့် Marketing Concept အကြားရှိ မတူညီမှုများကို ကောင်းစွာနားလည် သဘောပေါက်ရန်လိုအပ်သည်။ အဘယ်ကြောင့်ဆိုသော် သဘောတရားချင်းလွန်စွာ ဆက်စပ်သောအခါ မှားယွင်းလက်ခံသွားမည်ကို စိုးရိမ်သောကြောင့် ဖြစ်ပါသည်။

Selling Concept

1.Emphasis is on Products.

2.Company first makes the product and then figures out how to sell.

3. Management is sales volume- oriented.

4. Planning is short-run oriented.

5.Needs of Sellers are stressed.

Marketing Concept
1. Emphasis is on Customer's want.

2. Company first determines Customer's wants and figures out how to make and deliver a product to satisfy those wants.

3. Management is profit oriented.

4. Planning is long-run oriented.

5. Wants of buyers are stressed.

အထက်ဖော်ပြပါ သဘောတရားနှစ်ခုမှာ တူမယောင်ရှိသော်လည်း လွန်စွာကွာခြားလှသည်။ Selling concept ကိုကျင့်သုံးသော စီးပွားရေးလုပ်ငန်း ၊ စက်မှုလုပ်ငန်းတစ်ခုအနေဖြင့် ဈေးကွက်လိုလားချက်များကို သုံးသပ်ခြင်းမရှိဘဲ မိမိတို့လုပ်ငန်း၏ အားသန်ရာ ကုန်ပစ္စည်းများကို ဦးစွာထုတ်လုပ်ပြီးမှ ထိုကုန်စည်ကို ဈေးကွက်ထဲသို့ တင်ပို့ရောင်းချခြင်းဖြစ်သည်။ ဈေးကွက်အတွင်းရောက်ရှိပြီးသည့်အခါတွင်လည်း အနာဂတ်တွင် ဖြစ်ပေါ်လာမည့် ဈေးကွက်လိုအပ်ချက်များကို လေ့လာခြင်းမရှိချေ။ ထုတ်လုပ်ပြီးသား ကုန်စည်များ အရောင်းသွက်ရေးသာ အာရုံစိုက်နေသည်။ Marketing Concept၏ အခြေခံထားမှုသည် စားသုံးသူများ၏ လိုအပ်ချက်ဖြစ်ရာ ထုတ်လုပ်လိုက်သော ကုန်စည်သည် ဈေးကွက်အတွင်းသို့ ရောက်ရှိအောင် ကြိုးစားမှုတွင် Selling concept ကဲ့သို့ အချိန်ကြာမြင့်မှု မရှိပေ။ Selling concept နှင့် Marketing concept နှစ်ခုလုံးတွင် ကုန်စည်များ ဈေးကွက်အတွင်းသို့ ရောက်ရှိချိန်တူညီစေကာမူ Selling Conceptကို ကျင့်သုံးသော စီးပွားရေးလုပ်ငန်းသည် Transaction Cost ပိုမိုကုန်ကျနိုင်သည်။ ကျွန့်တော့်အယူအဆသည် ယနေ့ခေတ်စီးပွားရေး အဆောက်အအုံသည် ယှဉ်ပြိုင်မှုများသော ဈေးကွက်ဖြစ်ရာ Selling concept ကို ကျင့်သုံးသော စီးပွားရေးလုပ်ငန်း၏ ရပ်တည်နိုင်မှုသည် ကန့်သတ်ချက်များစွာနှင့် မိတ်ဖွဲ့ရပေလိမ့်မည်။

No comments:

Post a Comment