Friday, August 15, 2008

Marketing Mix ဆိုတာ ဒီလိုပါ -- အပိုင်း (၂)

ကျွန်တော် အပိုင်း(၁) မှာ တင်ပြခဲ့တဲ့ Marketing Mix ရဲ့နောက်ဆက်တွဲပါ။

ကုန်စည်တွေ အနေနဲ့ အရည်အသွေး၊ အမျိုးအစား စသည်တို့မှာ ပြည့်စုံ လာပြီဆိုရင် ထုတ်ပိုးမှုပိုင်း ကိုလည်း ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ စီးပွားရေး လုပ်တယ်ဆိုတာ အကျိုးအမြတ်ရဖို့ လုပ်ကြတာပါ။ ကုန်စည်နဲ့ ပတ်သက်ပြီး ကုန်ကျ စရိတ်ကို အသက်သာဆုံး ဖြစ်ချင်တာ လုပ်ငန်းတိုင်းရဲ့ သဘာဝပါ။ ဈေးကွက် ယှဉ်ပြိုင်မှု အားမကောင်းခင် အချိန်တုန်းက ကုန်စည်ရဲ့ ထုတ်ပိုးမှုကို အရမ်းပြင်ဆင်ဖို့ မလို ပါဘူး။ ဒါပေမယ့် ဈေးကွက် သုတေသန လုပ်ဆောင်ချက်တွေ အရ စားသုံးသူများ အနေဖြင့် ကုန်စည်ရဲ့ ထုတ်ပိုးမှု အတွက် စရိတ်ကို ကျခံ ပေးချင် ကြပါတယ်။ ဆိုလိုတာက ထုတ်ပိုးမှု မကောင်းဘဲ ဈေးသက်သာ တာထက် ထုတ်ပိုးမှု ကောင်းပြီး ဈေး အနည်းငယ် ပိုပေး ရတာမျိုး ကို ပေးချင်တဲ့ ဆန္ဒရှိပါတယ်။ ထုတ်ပိုးမှု အတွက် ကုန်ကျမယ့် ကုန်ကျစရိတ်ကို ကုန်စည်တွေ အပေါ်မှာ ခွဲဝေပြီး ကျခံတာမျိုး ဆိုရင် ကုန်ကျ စရိတ်လည်း မများတဲ့အတွက် ပိုပြီး ဈေးကွက် ၀င်နိုင်ပါတယ်။ အထက်မှာ တင်ပြခဲ့တဲ့ တရုတ် ပြာကြီးရဲ့ ဈေးကွက် ကျဆင်း သွားခြင်း ဟာလည်း ထုတ်ပိုးမှုပိုင်းမှာ လိုအပ်ချက်တွေ များလာလို့ပါ။ ကျွန်တော့် ယူဆချက်အရ တရုတ်ပြာကြီးကို ထုတ်လုပ်တဲ့ လုပ်ငန်းသည် Low Cost ကို ဦးစားပေး ဟန်ရှိ ပါတယ်။

ကုန်စည်တစ်ခုဟာ ဈေးကွက်ထဲမှာ နေရာရလာပြီဆိုရင် Brand ကိုလည်း စားသုံးသူများနဲ့ ရင်းနှီးစေရပါမယ်။ Brand Loyalty ကို မိမိ ကုန်စည်ပေါ်မှာ အပြည့်အ၀ ရှိအောင် ဆောင်ရွက်ပေးဖို့ လိုအပ်ပါတယ်။ ဘယ်လို လုပ်ဆောင်ရလဲဆိုတာ Marketing Mix အားလုံး ဖတ်ပြီး သွားတဲ့အခါ နားလည် လာပါလိမ့်မယ်။ Marketer တွေအနေနဲ့ ကုန်စည်နဲ့ ပတ်သက်ပြီး Labelling ကို ကောင်းစွာ သတိထား ရမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရှိ စီးပွားရေး လုပ်ငန်း အများစုဟာ Labelling ကို တံဆိပ်တပ်ခြင်း အဖြစ်သာ ရှုမြင် ကြပါတယ်။ ဒါပေမယ့် Labelling ဟာ မိမိ ကုန်စည်ရဲ့ အရည်အသွေး ဆိုင်ရာ သတင်း အချက်အလက် များကို ဖော်ပြခြင်း ဖြစ်ပါတယ်။ အချို့သော ကုန်စည် တွေ အပေါ်မှာ Labelling ကို ကောင်းစွာ မလုပ်ခဲ့ရင် ဈေးကွက် ၀ယ်လိုအားကို ထိခိုက် စေပါတယ်။

ဥပမာ - စားသောက်ကုန်တွေမှာ လူမျိုးမရွေးဘာသာမရွေး စားသုံးနိုင်တယ်ဆိုတဲ့ Label မျိုး လိုအပ်ပါတယ်။ Marketer တွေအနေနဲ့ သတိထားဖို့လိုတာက Labelling လုပ်တဲ့အခါ မိမိကုန်စည်ရဲ့ အရည်အသွေးမှန်ကိုသာ ဖော်ပြသင့်ပါတယ်။ ကြော်ငြာသဘောမျိုး Label လုပ်တာမဖြစ်သင့်ပါဘူး။ စားသုံးသူတွေအနေနဲ့ ၀ယ်ယူသုံးစွဲပြီး Label လုပ်ထားတဲ့အတိုင်း အရည်အသွေးမမီခဲ့ရင် ကုန်စည်အပေါ် Customer တွေရဲ့ Trust ဆုံးရှုံးသွားနိုင်ပါတယ်။ စီးပွားရေးလုပ်ငန်းတွေမှာ Trust ပျက်သွားရင် ငွေကြေးဆုံးရှုံးမှုထက် သာလွန်တဲ့ ဆုံးရှုံးမှုကို ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ သို့ဖြစ်ရာ မိမိကုန်စည်၏ Label ကို အပိုအလိုမရှိ တိကျစွာ ပေးတတ်ရန်လိုအပ်ပါသည်။
ဆက်လက် ဖော်ပြပါမည်။

စာကြွင်း။ ။ ကျွန်တော် လေ့လာမိသလောက် ကုန်စည်နဲ့ ပတ်သက်ပြီး ဈေးကွက်အ၀င် ခြေလှမ်းသပ်ရပ်သော ကုန်စည်များစွာ မြန်မာနိုင်ငံ၌ ရှိပါသည်။

4 comments:

  1. low cost ကို ဦးစားပေးမှုတွေကြောင့် social demand ကို ထိသွားတာတွေရှိတတ်တယ်လို့ ကြားဖူးတယ်၊ နောက် consumer အပေါ်မှာလဲ future effect တွေ ပေးတတ်တယ်ဆိုတာ သတိပြုစေပါတယ်

    ReplyDelete
  2. :) ဖတ်ပြီးပါပြီ ... ရှင်းရှင်းလင်းလင်း နားလည် သွားပါ ပြီ :)

    ReplyDelete
  3. :) ဖတ်ပြီးပါပြီ ... ရှင်းရှင်းလင်းလင်း နားလည် သွားပါ ပြီ :)

    ReplyDelete
  4. ဈေးကွက်သုတေသနအကြောင်းသိချင်လိုက်တာဗျာ

    ReplyDelete