စီးပွားရေးပညာရှင် Andersson ဆိုသူက စွန့်ဦးတီထွင် လုပ်ငန်းရှင် အမျိုးအစား သုံးမျိုးကို ခွဲခြားဖော်ပြခဲ့ပါတယ်။ နိုင်ငံတကာဈေးကွက်ကို ၀င်ရောက်တဲ့ entry modes တွေနဲ့ ၀င်ရောက်တဲ့ ဈေးကွက်များဟာ လုပ်ငန်းရှင်အမျိုးအစားပေါ် မူတည်ပြီး ကွဲပြားမှုရှိပါတယ်။ သူခွဲခြားဖော်ပြခဲ့တဲ့ စွန့်ဦးတီထွင် လူပ်ငန်းရှင် သုံးမျိုးကတော့ technical entrepreneurs, marketing entrepreneurs နဲ့ structure entrepreneurs တို့ပဲ ဖြစ်ပါတယ်။ ဒီအမျိုးအစားသုံးမျိုးနဲ့သူတို့ရဲ့နိုင်ငံတကာဈေးကွက် ချဉ်းကပ်ပုံတွေကို အသေးစိတ်လေ့လာကြည့်ကြရအောင်။
(၁) Technical Entrepreneurs
သူတို့တွေဟာ ကုန်ပစ္စည်းအသစ်ထုတ်လုပ်ခြင်း၊ ထုတ်လုပ်မှုနည်းပညာသစ်ဖော်ထုတ်ခြင်း စတဲ့ နည်းပညာပိုင်းတွေမှာ အဓိက စိတ်ဝင်စားသူများ ဖြစ်ကြပါတယ်။ နိုင်ငံတကာဈေးကွက်ကို ၀င်ရောက်တဲ့အခါ ကုန်ကျမှုအနည်းဆုံး ၀င်ရောက်မှုလမ်းကြောင်းများဖြစ်တဲ့ exporting, licensing စတာတွေနဲ့ ၀င်ရောက်လေ့ရှိပါတယ်။
သူတို့နဲ့ potential market တွေနဲ့ ချိတ်ဆက်မိနိုင်ဖို့အတွက် international network ကောင်းကောင်းလိုအပ်ပါတယ်။ ဘယ်လိုဈေးကွက်ထဲကို ၀င်ရောက်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်အတွက်ကတော့ ကုန်ပစ္စည်းအမျိုးအစားနဲ့ inquiry လုပ်တဲ့ တိုင်းပြည်တွေအပေါ်မှာ မူတည်ပါတယ်။ သူတို့အတွက်ကွန်ယက်ဟာ အရေးကြီးဆုံးဖြစ်တဲ့အတွက် ဒီအမျိုးအစားကို networkers အဖြစ်ခေါ်ဆိုသတ်မှတ်ကြပါတယ်။
(၂) Marketing entrepreneurs
သူတို့တွေဟာ market- oriented လုပ်ငန်းရှင်တွေဖြစ်တဲ့အတွက် နိုင်ငံတကာဈေးကွက်ကို လျင်မြန်စွာ ထိုးဖောက်နိုင်ရေးကို ဦးစားပေးကြပါတယ်။ ဒါကြောင့်လဲ သူတို့ဟာ နိုင်ငံတကာဈေးကွက်ကို ၀င်ရောက်တဲ့အခါမှာ စွန့်စားမှုအမြင့်ဆုံးနဲ့ ကုန်ကျမှုအများဆုံးဖြစ်တဲ့ wholly owned subsidies နည်းမျိုးနဲ့ ၀င်ရောက်လေ့ရှိပါတယ်။ Greenfield လို့ခေါ်တဲ့ ကိုယ်ပိုင်စက်ရုံကို နိုင်ငံခြားဈေးကွက်မှာ တည်ထောင်လုပ်ကိုင်ခြင်းကို နှစ်သက်ကြသူများပါ။
ဝင်ရောက်တဲ့ဈေးကွက်ကို ရွေးချယ်တဲ့အခါမှာတော့ emerging market တွေကို ရွေးချယ်လေ့ရှိကြပါတယ်။ ဒီနေရာမှာ အရေးကြီးတာကတော့ personal networks များရဲ့ အခန်းကဏ္ဍပါပဲ။ အလားအလာရှိတဲ့ ပြည်ပဈေးကွက်များနဲ့ ဈေးကွက်စွန့်ဦးတီထွင် လုပ်ငန်းရှင်များကို စနစ်တကျချိတ်ဆက်ပေးနိုင်မယ့် personal networks များလိုအပ်ပါတယ်။
(၃) Structure entrepreneurs
သူတို့တွေကတော့ mature industries တွေမှာ လုပ်ငန်းများ၊ ကုမ္ပဏီများကို restructure လုပ်သူများ ဖြစ်ပါတယ်။ marketing entrepreneurs များလိုပဲ wholly owned subsidies ကိုပဲ entry mode အနေနဲ့ ရွေးချယ်ကြပါတယ်။ ကွာခြားတာကတော့ သူတို့တွေက Greenfield အနေနဲ့မဟုတ်ပဲ merger တွေ၊ acquisition ပုံစံတွေနဲ့ ဖြစ်ပါတယ်။
သူတို့တွေ ဈေးကွက်ထဲဝင်ရောက်နိုင်ဖို့အတွက် networks များကတော့ သိပ်အရေးမကြီးလှပါဘူး။ ဆွဲအားကောင်းတဲ့ merger, acquisition အလားအလာရှိတဲ့ ဈေးကွက်များကို ဖော်ထုတ်ရွေးချယ်နိုင်ဖို့ပဲ လိုအပ်လှပါတယ်။
Entrepreneurship ဆိုင်ရာ သုတေသနပြုချက်များအရကတော့ ဒီအမျိုးအစားသုံးမျိုးဟာ သီးခြားအမြဲရှိနေတာမဟုတ်ပဲ တခါတလေမှာ စွန့်ဦးတီထွင်လုပ်ငန်းတခုဟာ technical entrepreneur တယောက်ဖြစ်သလို market entrepreneur လဲဖြစ်နေကြောင်းတွေ့ရှိရပါတယ်။ Thi Thanh Thuy Le နဲ့ Theerata Thornjaroensri တို့ TOA Group အပေါ်လေ့လာတွေ့ရှိခဲ့တဲ့ အချက်များအရ technical entrepreneur ဟာ ပထမပိုင်းမှာ ကုန်ပစ္စည်းထုတ်လုပ်မှုပေါ်မှာ ဇောင်းပေးပေမယ့် နောက်ပိုင်းမှာတော့ တဖြည်းဖြည်းနဲ့ ကုန်ပစ္စည်းကိုသာမက ဈေးကွက်ချဲ့ထွင်ရေးကိုပါ ဦးစားပေးလာကြောင်း တွေ့ရှိရပါတယ်။
ခင်မမမျိုး (၁၂၊ ၈၊ ၂၀၀၈)
ရည်ညွန်း။ ။
Le, T. & Thornjaroensri, T. (2008) Internationalization process from entrepreneurial perspectives : A Case Study of TOA Group, Online Publications, Mälardalen University
Andersson, S. (2000) “The Internationalization of the Firm from Entrepreneurial Perspectives”, Studies of Management and Organizations, 30 (1), pp. 63-92
အခုမှ အမျိုး ခွဲ သိသွားပြီ ... :)
ReplyDelete