(၁) Family background
Entrepreneur တစ်ယောက်ဟာ အဖေရဲ့အလုပ်အကိုင်နဲ့ ဆက်စပ်နေတာကို တွေ့ရပါတယ်။ အထူးသဖြင့် မိသားစုတွေမှာ သားဦးဟာ အဖေလုပ်တဲ့အလုပ်ကို လိုက်လုပ်တတ်တာမျိုး တွေ့ရတတ်ပါတယ်။ ပြီးတော့ မိသားစုတွေရဲ့ အလုပ်အပေါ်မှာထားတဲ့ ကျင့်ဝတ်သဘောထား၊ ကိုးကွယ်မှုတွေနဲ့လည်း ဆက်စပ်မှုရှိပါတယ်။ လောဘမရှိဘူးဆိုရင်လည်း စီးပွားရေးလုပ်ဖို့ တော်တော်ခက်ပါတယ်။ မိသားစု၊ မောင်နှမသားချင်းကလည်း အရေးကြီးပါတယ်။ မောင်နှမများရင် မျှဝေသုံးတတ်တဲ့ အကျင့် ပါလာပါတယ်။ တစ်ဦးတည်းသော သား၊ သမီးတွေကတော့ နည်းနည်း တစ်ကိုယ်ကောင်းဆန်တတ်ပါတယ်။ ဒီအချက်တွေက Entrepreneural spirit မှာ အကျိုးသက်ရောက်မှု ရှိတတ်ပါတယ်။
(၂) Education & Age
Entrepreneur ဖြစ်ဖို့ Ph.D. ဘွဲ့ရထားစရာ မလိုပါဘူး။ Master ဘွဲ့ရထားစရာလည်း မလိုပါဘူး။ တချို့ဆို ဘွဲ့တောင် ရမထားပါဘူး။ သူတို့ကိုသွားမေးရင် ဘွဲ့တွေက အရေးမကြီးပါဘူးလို့ ဖြေတတ်ကြပါတယ်။ ရေးတတ်၊ ဖတ်တတ်၊ တွက်တတ်တယ်။ နောက်ပြီး တခြားဟာတွေမှာလည်း သာမန်လူတွေ တတ်သလောက်ပဲ တတ်တာရှိတယ်။ အသက်အရွယ်နဲ့ ပတ်သက်ရင်တော့ ဘယ်အသက်အရွယ်မှာ စီးပွားရေးစလုပ်မလဲ ဆိုတဲ့မေးခွန်းဟာ တော်တော်စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဘွဲ့ရပြီးမှ၊ အရင်းအနှီးပြည့်စုံမှ စီးပွားရေးစလုပ်မယ် ဆိုတာမျိုး မစောင့်နိုင်ကြပါဘူး။ ကျောင်းနေရင်းနဲ့ စီးပွားရေး လုပ်ချင်လုပ်မယ်။ ကျောင်းတစ်ဝက်တစ်ပျက်နဲ့ ဘွဲ့မယူတော့ဘဲ စီးပွားရေး စလုပ်ချင်လုပ်မယ်။ ဒီလိုအနေအထားမျိုးကို တခြားနိုင်ငံတွေမှာ တွေ့ရသလို မြန်မာနိုင်ငံမှာလည်း ရှိမယ်လို့ ယူဆပါတယ်။ (ရှိပါတယ်။ ကျနော်တို့နိုင်ငံက တချို့ ဒိပ်ဒိပ်ကျဲ လုပ်ငန်းကြီးတွေရဲ့ ပိုင်ရှင်တွေဟာ ဆယ်တန်းပဲအောင်တာ၊ ဒါမှမဟုတ် ဘွဲ့မရခဲ့တာတွေ ရှိပါတယ်။ ရှစ်တန်းအောင်ပြီးတက်ရတဲ့ စက်မှုလက်မှုသိပ္ပံက အောင်ပြီး စီးပွားရေးလုပ်လာလိုက်တာ B.E. ဘွဲ့ရတဲ့ ပညာရှင်တွေကို သူ့လုပ်ငန်းမှာ အလုပ်ပြန်ခန့်ထားနိုင်တဲ့သူတစ်ယောက်ကို ကျနော် တွေ့ဖူးပါတယ်။ ။Stanley) သုတေသနတစ်ခုရဲ့ တွေ့ရှိချက်အရ entrepreneur တွေမှာ သိသာထင်ရှား တဲ့ အသက်အရွယ်အုပ်စု နှစ်စုရှိပါတယ်။ ပထမအုပ်စုက အသက် ၂၂ နှစ်မှ ၂၈ နှစ်ကြားဖြစ်ပြီး ဒုတိယအုပ်စုက ၄၅ နှစ်နဲ့ အထက် ဖြစ်ပါတယ်။ ဆယ်ကျော်သက်လို့ခေါ်တဲ့ ၁၆၊ ၁၇၊ ၁၈၊ ၁၉ နှစ် အရွယ်လောက်ကနေ စပြီးတော့ စီးပွားရေးလုပ်တဲ့သူတွေလည်း ရှိပါတယ်။
(၃) Work experience
အတွေ့အကြုံဟာလည်း အင်မတန် အရေးကြီးတဲ့ကိစ္စ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် စီးပွားရေးလုပ်ငန်း စတဲ့အခါ apprenticeship အလုပ်သင်အဖြစ်နဲ့ စကြတာပါ။ လူငယ်တွေဟာ ကိုယ်ပိုင်စီးပွားရေး မလုပ်သေး ပေမယ့် တခြားစီးပွားရေးလုပ်ငန်းမှာ ၀င်ရောက် ၀န်ထမ်းလုပ်နေတဲ့သူတွေ ရှိချင်ရှိမယ်။ အဲဒါလည်း experience ယူနေတာပါပဲ။ တစ်ခါတစ်လေ ကိုယ်လုပ်နေတဲ့လုပ်ငန်းမှာတောင် လူကြီး မဟုတ်တာလုပ် နေတာကို တွေ့ရရင် ဒါလည်း experience တစ်ခုပါပဲ။ ကိုယ့်အလှည့်မှာ ဒါမျိုးမလုပ်ဘူးဆိုတဲ့ lesson ရပါတယ်။ (တစ်ချို့ကတော့ မဟုတ်ပေါင်။ သူတို့တောင်လုပ်သေးတာ ငါ့အလှည့်ကျလည်း ဘယ်လိုလုပ်ပစ်လိုက် မယ်ဆိုပြီး အားခဲကြလေရဲ့။ ။Stanley) ကြိုးစားပြီး လုပ်နေတာတွေ တွေ့ရင်လည်း ငါ့အလှည့်မှာ ဒီလိုလုပ်ရမယ်ဆိုတဲ့ အသိစိတ်ဓါတ်ကို ရနိုင်ပါတယ်။ ဒါကြောင့် experience ဆိုတာ မွေးရာပါ မဟုတ်ပါဘူး။ ရှေ့မှာ ကိုယ်လုပ်မယ့် စီးပွားရေးလုပ်ငန်းမျိုးကို အခုကတည်းက experience ကို collect လုပ်ပြီး တော်တော်ကြီး နားလည်မှသာ ကိုယ့်ရဲ့ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းကို လုပ်နိုင်တာဖြစ်ပါတယ်။
တစ်ဆက်တည်းပဲ Action Factor တွေအကြောင်း ဆက်ပြောချင်ပါတယ်။ Entrepreneur တွေ ဘာလုပ်လဲ ဆိုတဲ့ action factor ကို ၁၀ မျိုး ခွဲထားပါတယ်။
- အခြားသူတွေထက် ထူးခြားတဲ့အလုပ်မျိုးကို လုပ်လေ့ရှိပါတယ်။
- တီထွင်ကြံဆတဲ့ အနေအထားရှိတယ်၊ အသစ်အဆန်းကို ဖော်ထုတ်ချင်ကြပါတယ်။
- အခွင့်အလမ်းကိုရှာတယ်၊ မရ ရအောင်ယူတတ်တဲ့အကျင့်လည်း ရှိပါတယ်။
- အခွင့်အလမ်းကို ရအောင်လုပ်ဖို့အတွက် ဘာ resource တွေကို သုံးမလဲ ရွေးချယ်တတ်ပါတယ်။
- Networking ဟာ ခုခေတ်မှာ အရေးကြီးပါတယ်။ ကွန်ယက်လို အဆက်အသွယ်တွေ ရှိတာပါ။
- အခက်အခဲတွေ၊ ဒုက္ခတွေ အမျိုးမျိုးရောက်ပေမယ့် သူတို့ဟာ ဒါဖြစ်ရင် ဒီလိုလုပ်မယ် စသဖြင့် သူတို့ရဲ့လုပ်ဆောင်ချက်က ပြတ်သားပါတယ်။
- မိကျောင်းပုံလိုပဲ risk ကို manage လုပ်တတ်ပါတယ်။
- ကိုယ့်ရဲ့လုပ်ငန်းကို ပိုင်ပိုင်နိုင်နိုင် ထိန်းချုပ်နိုင်ပါတယ်။
- စီးပွားရေးလုပ်တယ်ဆိုတာ ကိုယ့်ပစ္စည်း၊ ကိုယ့်ဆောင်ရွက်မှုအတွက် customer မရှိဘူးဆိုရင် ပြုတ်သွားမှာပါ။ ဒါကြောင့် အရာရာကို စဉ်းစားတဲ့အခါမှာ customer first ဆိုတဲ့ပုံစံနဲ့ စဉ်းစားတတ်ပါတယ်။
- ဘဏ္ဍာငွေ ထပ်ပြီးတိုးတက်အောင် လုပ်တတ်ပါတယ်။
အဲဒီ (၁၀) ချက်ကိုပဲ diagram အနေနဲ့ ပြန်ရှင်းပြပါမယ်။
စီးပွားရေးလောကမှာ တစ်ဦးတစ်ယောက်က အောင်မြင်ပြီဆိုရင် အဲဒီပစ္စည်းအတိုင်း နောက်တစ်ယောက်က လိုက်လုပ်တော့တာပါပဲ။ ဒါဟာ သာမန် business owner တွေ ဖြစ်ပါတယ်။ နောက်ဆုံး လိုက်တုရင်တောင်မှ entrepreneurial spirit ရှိသူတွေဟာ သူ့ထက်သာအောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့အချက်ကို စဉ်းစားမှာ ဖြစ်ပါတယ်။
ဒီလို စိတ်ဓါတ်တက်ကြွနေပြီး သူများနဲ့မတူအောင်ကို လုပ်မယ်ဆိုတဲ့ စိတ်ရှိနေပြီဆိုရင် တီထွင်ကြံဆပြီး အသစ်အဆန်းတွေကို ဖော်ထုတ်သွားမယ်ဆိုတဲ့ ဆောင်ရွက်ချက် ရှိလာပါမယ်။
အဲဒီလို အသစ်အဆန်း တီထွင်တဲ့အခါမှာ သူတို့ဟာ အမြဲတမ်း အခွင့်အလမ်းတွေကို ရအောင်ယူတတ်ပါတယ်။
အခွင့်အလမ်းတွေကို အကောင်အထည်ဖော်ဖို့ ဘယ် resource တွေကို သုံးမလဲ။
အဲဒီလို အသစ်အဆန်း တီထွင်တဲ့အခါမှာ သူတို့ဟာ အမြဲတမ်း အခွင့်အလမ်းတွေကို ရအောင်ယူတတ်ပါတယ်။
အခွင့်အလမ်းတွေကို အကောင်အထည်ဖော်ဖို့ ဘယ် resource တွေကို သုံးမလဲ။
အချက် (၄)၊ (၅)၊ (၆)၊ (၇) တွေနဲ့ အခက်အခဲကို ကျော်လွှားမယ်ဆိုပြီး overcoming obstacles အကွက်ထဲကို ၀င်သွားပါတယ်။ အဲဒီလို ၀င်သွားပြီးတဲ့အခါမှာ ဆက်သွားရင် အဆင့် (၈) နဲ့ (၉) ကို ရောက်သွားပါတယ်။ ဒီလိုလုပ်တဲ့အတွက် အဲဒီမှာစပြီး လုပ်ငန်းဟာ အောင်မြင်လာပါတယ်။ အဲဒီလို အောင်မြင်လာတဲ့အခါမှာလည်း ငါတို့တော့မြတ်ပြီ၊ ရှိရှိသမျှ အကုန်သုံးပစ်လိုက်မယ်၊ ဘာဝယ်လိုက်မယ်၊ ဘာလုပ်လိုက်မယ်ဆိုတာမျိုးမဟုတ်ဘဲ သူတို့ဟာ အမျိုးစုံ စဉ်းစားပါတယ်။ တစ်နည်းအားဖြင့် financial capital ကို ဘယ်လိုထပ်ပြီး တိုးတက်အောင် လုပ်မလဲ၊ social capital လို့ပြောတဲ့အတွက် လူမှုရေးအပိုင်း ဘယ်လိုတာဝန်ယူမလဲ၊ aesthetic ကတော့ သူတို့ တန်ဖိုးထားတဲ့ ကိစ္စရပ်တွေကို တိုးပွားလာအောင် ဘယ်လိုလုပ်မလဲ၊ ဒီလိုမျိုး building up the capital ဟာ အလွန် အရေးကြီးပါတယ်။
(ကျနော် Stanley တစ်ယောက် လုပ်စရာအလုပ်လေးတွေ အတော်များနေတာနဲ့ မရေးဖြစ်တာကို စိတ်မရှိကြပါနဲ့ဗျာ။ ရှိတယ်ဆိုရင်လည်း ဒီ post လေးနဲ့ ကျေနပ်လိုက်ပါလို့။ နောက်ထပ် နှစ်ပိုင်းစာလောက် ကျန်သေးလို့ စောင့်ဖတ်ကြပါဦးနော်။)
Stanley ရေးပေးနေတဲ့ ဒေါက်တာနုနုယဉ်ပြောပြတဲ့ Entrepreneurship ကို စိတ်ဝင်တစား အမြဲစောင့်ဖတ်ပါတယ်။ ကျွန်တော် ကြိုက်လဲကြိုက်ပါတယ်။ ကိုယ့်ကိုကိုယ်လဲ ပြန်ပြီး အမြဲချိန်ထိုးစဉ်းစားမိပါတယ်။ ဒီတစ်ပတ်တော့ ဝင်ပြောချင်လို့ ပြောပါတယ်။ ကျွန်တော့်ကိုယ်ကျွန်တော် တိုက်ဆိုင်ကြည့်တဲ့ သဘောပါ။
ReplyDelete1.Family Background
ကျွန်တော် သားကြီးသြရဿပါ။ မောင်နှမ နှစ်ယောက်ထဲပါ အသက်ကလဲ သိပ်ကွာပါတယ်။ မိဘလက်ငုတ်လက်ရင်း ဘာမှ မရှိပါဘူး။ ကိုယ့်ဘာသာ အလုပ်လုပ်ပါတယ်။ လောဘလဲ ကြီးပါတယ်။ ငါလုပ်ရင် ဖြစ်ရမယ်ဆိုတဲ့ စိတ် အင်မတန် ပြင်းထန်ပါတယ်။ ဘာလုပ်လုပ် ဖြစ်အောင်လုပ်ပါတယ်။ မဖြစ်နိုင်တာကို ဘယ်တုန်းကမှ အစလုပ်ပြီး မကြိုးစားပါဘူး။ လုပ်ရင်လဲ ပန်းတိုင်ရောက်အောင် သွားပါတယ်။ မျှဝေသုံးစွဲမှုကို အတိုင်းအတာ တစ်ခုထိပဲထားပါတယ်။
2.Education and Age
ကျွန်တော် ရိုးရိုး အဝေးသင်ကနေပြီး B.A Eco ဘွဲ့ပဲရထားတာပါ။ ဒါတောင် အိမ်က အတင်းတိုက်တွန်းလို့ ယူထားတဲ့ ဘွဲ့ပါ။ ဘာမှ သေချာ မမှတ်မိပါဘူး။ အသက်ကတော့ အခု ၂၆ ကျော်ပါပြီ။ အသက် ၁၇ နှစ်မှာစပြီး အလုပ်စလုပ်ပါတယ်။ ငယ်ငယ်ထဲက အလုပ်လုပ်ရတာ ဝါသနာပါပါတယ်။ ၁၇ နှစ်မှာ သူများတွေဆီမှာ စပြီးလုပ်ပါတယ်။ ကိုယ်ပိုင်လုပ်ငန်းကို ၂၂ နှစ်လောက်မှာ စပါတယ်။ စလုပ်တော့ အရင်းအနှီးက ဘာမှ မရှိပါဘူး နည်းနည်းပဲ ရှိပါတယ်။ မိဘ လက်ငုတ်လက်ရင်းလဲ မဟုတ်တော့ ခက်ခဲပါတယ်။ ဒါပေမယ့် ဖြစ်အောင်လုပ်ခဲ့ပါတယ်။ ငွေကို ချီးပြီး လုပ်ခဲ့ပါတယ်။ ခုထိလဲ အကြွေးမကင်းသေးပါ။
3.Work Experience
အတွေ့အကြုံကတော့ အသက်အရွယ်အရ များသင့်သလောက်များခဲ့ပါပြီ။ စလုပ်တဲ့ ကုမ္ပဏီမှာ အသက်အငယ်ဆုံးပါ programmer အဖြစ်စခဲ့ပါတယ်။ မန်နေဂျာနဲ့ ပြဿနာတက်ပြီး ထွက်ခဲ့ပါတယ်။ သူ့နေရာကို ကျွန်တော် မျက်စောင်းထိုးနေလို့ပါ။ နိုင်ငံခြားကုမ္ပဏီပါ။ ဂျပန် ကုမ္ပဏီတစ်ခုပါ။ MD နဲ့ အဆင်ပြေပါတယ်။ မြန်မာမန်နေဂျာနဲ့ ပြဿနာတက်တာပါ။ ငယ်လွန်းလို့ သည်းမခံနိုင်လို့ ထွက်ခဲ့တာပါ။ ရတဲ့လခက အဲဒီ့တုန်းက FEC 80 basic pay ရပါတယ်။ လခလဲ မက်လောက်ပါတယ် scholor ပေးမယ် ပြောပါတယ်။ ဒါပေမယ့် ထွက်ခဲ့ပါတယ်။ နောက်တော့ တခြားကုမ္ပဏီတွေမှာ အလုပ်သင် ဝင်လုပ်ပါတယ်။ ကျွန်တော့် ကုသိုလ်လို့ပဲပြောရမလား မသိဘူး။ လုပ်တဲ့ အလုပ်တိုင်းမှာ Admin level တွေကို အချိန်တိုအတွင်း ရောက်ပါတယ်။ ကျွန်တော် အနည်းဆုံး assistant manager level ကို ၁ လထက်ပိုမကြာပါဘူး ခနနေရင် manager ဖြစ်ပါတယ်။ အလုပ်ရှင်အားလုံးကို အလုပ်လုပ်တိုင်းပြောပါတယ် တချိန်မှာ ကိုယ်ပိုင်လုပ်ငန်းလုပ်မယ်ဆိုတာ။ အားလုံးက သင်ပေးကြပါတယ်။ လုပ်ခဲ့သမျှ ကုမ္ပဏီတွေမှာလဲ ကျွန်တော့်ပိုက်ဆံလို သဘောထားပြီး waste ကအစ ရှာပြခဲ့ပါတယ်။ ဈေးကွက်ကို စိတ်ဝင်တစား လေ့လာပါတယ်။ ကုမ္ပဏီပိုင်ရှင်တွေဆီမှာ ကျွန်တော် မကြိုက်တဲ့ အချက်တွေကို မှတ်ထားခဲ့ပါတယ်။ ကျွန်တော့်လုပ်ငန်းတွေမှာ အဲဒါမျိုးတွေကို အဓိက ရှောင်ပါတယ်။
သူများလုပ်လို့ လိုက်လုပ်တာမျိုးကို ကျွန်တော် မုန်းပါတယ်။ အစထဲကလဲ ရှောင်ပါတယ်။ အပြိုင်ဖြစ်မယ်ဆိုရင်တောင် သူ့ထက်သာဖို့ အမြဲတမ်း သူ့ product အပေါ် သူ့ service အပေါ်လေ့လာပါတယ်။ သူ့ကို ကျွန်တော့်ရဲ့ case study အနေနဲ့ သဘောထားပါတယ်။ competitor အားလုံးကို မိတ်ဆွေလို သဘောထားပါတယ် ရန်သူလို့ မမြင်ပါဘူး။ ကျွန်တော့် အယူအဆက ပင်လယ်ရေကို လူတိုင်းသောက်နိုင်ပါတယ်ပေါ့။ နောက်တစ်ခု အကြံတူ နောက်လူသာစမြဲ အဲဒါကို သဘောကျပါတယ်။ ထူးတယ်ဆိုတိုင်း မလုပ်ပါဘူး။ ဈေးကွက်အပေါ်မှာ အရင်ဆုံးလေ့လာပါတယ်။ အနာဂတ်အတွက် ရင်းထားတာတွေတော့ ရှိပါတယ်။ ကျွန်တော့် clients တွေကို ကျွန်တော် ဘယ်တော့မှ လက်လွတ်မခံပါဘူး။ သူတို့နဲ့ အမြဲတမ်း in touch ဖြစ်အောင်နေပါတယ်။ Plan A, Plan B အစရှိသဖြင့် ခွဲထားပါတယ်။ risk management ကို ပြင်းပြင်းထန်ထန် လေ့လာနေဆဲပါ။ ဒါတွေက အရင်ကျွန်တော် မှားခဲ့တဲ့ အရာတွေကနေ သင်ခန်းစာယူပြီးမှ ရလာတာတွေပါ။ ကျွန်တော် နောင်တ မရတတ်ပါဘူး။ ကျွန်တော်မှားခဲ့ရင်တောင် သင်ခန်းစာအဖြစ် မှတ်ထားပါတယ်။ မှတ်တမ်းအားလုံး သိမ်းထားပါတယ်။ ကျွန်တော်တို့ အရင်က အမြဲသုံးကြတဲ့ Customer is always right ဆိုတာကို အခု ကျွန်တော် မေ့ထားပါတယ်။ အခု ကျွန်တော်လက်ခံထားတာက Customer is god ပါ။ ရင်းနှီးမြှုပ်နှံမှု အပိုင်းကို ပြန်ကန့်သတ်ထားပါတယ်။ stock share ရောင်းဖို့နဲ့ အသင်းအဖွဲ့ ပုံစံလုပ်ဖို့ အားသန်ပါတယ်။ ကျွန်တော့်အလုပ်အားလုံး နီးပါးမှာ Share တွေနဲ့ လုပ်နေပါတယ်။
ကျွန်တော် အလုပ်လုပ်ခါနီးတုန်းက ကိုယ်ပိုင် စီးပွါးရေး လုပ်ခါနီးတုန်းက စာအုပ်လေးတစ်အုပ် ဖတ်ခဲ့ရပါတယ် ကျန်တဲ့လူတွေလဲ ဖတ်ဖူးမယ် ထင်ပါတယ်။ Rich Dad and Poor Dad ပါ။ အဲဒီ့စာအုပ် ဖတ်ပြီးကထဲက ကျွန်တော် ငွေမစုတော့ပါဘူး။ ပိုင်ဆိုင်မှု assets ပဲစုပါတော့တယ်။ ခုကျွန်တော် တိုင်းတာနေတာက ကျွန်တော် ဘာတွေ ပိုင်ဆိုင်ထားပြီလဲ ရပိုင်ခွင့် ဘယ်လောက် ပိုင်ဆိုင်ထားပြီလဲ ဆိုတာပါပဲ။
Stanley ရေ ကျွန်တော် ကိုယ့်ဘာသာ ပေတံနဲ့ ဝင်တိုင်းတာပါ နောက်လာမယ့် အပိုင်းတွေကို အမြဲတမ်းစောင့်ဖတ်နေပါ့မယ် ကျေးဇူးတင်ပါတယ်။
ကိုဇီးရိုး ပေးတဲ့ ကွန်မန့် တောင် ပို့စ် ပြန်တင်ရမလိုပဲ ... ဟဲ ဟဲ :) :P
ReplyDeleteကိုဇီးရိုး.. ကျေးဇူးဗျာ။ ကျနော့်ရဲ့ဆောင်းပါးနဲ့ အစ်ကို့ရဲ့အတွေ့အကြုံကို ယှဉ်တွဲပြီးဖတ်တော့ ဖတ်တဲ့လူတွေလည်း ပိုပြီး ပြည့်ပြည့်စုံစုံ ခံစားရတာပေါ့ဗျာ။ အစ်ကိုတို့လိုလူတွေနဲ့ ပေါင်းရေးခွင့်ရတာကိုပဲ ကျနော်က ၀မ်းသာလှပါပြီဗျာ။ :)
ReplyDelete