Friday, August 15, 2008

ပညာနဲ့ပညာတတ်(၂)

ပညာနဲ့ ပညာတတ် (၁) မှာ ပညာရဲ့ သဘော သဘာဝကို မိမိ နားလည်သလို တင်ပြ ထားပြီး နောက် ပညာရှင်တွေ လျှောက်ရာ လမ်းများ ကိုလည်း အကြမ်းဖျင်း (သာမန်မျှသာ) လေး ခွဲကြည့် မိပါတယ်။ ဒီတော့ အကယ်ဒမစ် ( academic ) နဲ့ ( technique ) လိုင်းဆိုပြီး သတိထား မိလေရဲ့။ လျှောက်တဲ့ လမ်းကြောင်းနဲ့ ဘာသာရပ် သဘောတရား အရ (academician ) နဲ့( technician ) ဆိုပြီး ရပ်တည် ကြကုန် ပါတယ်။ ယေဘုယျ အားဖြင့်တော့ အကယ်ဒမစ် ဆိုတာ အတွေး အခေါ်ကို ပိုပြီး ဦးစား ပေးတတ်ပါတယ်။ လွတ်လပ်တယ်၊ ကွန့်မြူးတယ်၊ ကိုယ်ပိုင် တန်ဖိုး ယူဆချက် ( value judgment ) အားသန် တယ်လေ။ အထူးသဖြင့် လူမှု သိပ္ပံ ဘာသာရပ်တွေ၊ အနုပညာရပ် တွေ မျိုးပေါ့။ သူတို့ဟာ အဖြေတစ်ခုတည်း ပေးနိုင်ဖို့ မကြိုးစား ကြဘူး။ ဖြစ်ပျက် နေတာတွေကို နားလည်အောင် ကြိုးစားတယ်။ လူတွေကို နားလည်အောင် ရှင်းပြဖို့ ၀န်မလေး ပေမယ့် နားမလည် ရင်လည်း လက်ခံ ပေးနိုင် ကြတယ်လေ။ ရလဒ် တစ်ခုကို ရဲရဲကြီး အာမခံ မပေးချင်တော့ တစ်ချို့ အလုပ်တွေ ဆိုရင် အကယ်ဒမစ် ဆန်ဆန် တွေးတောသူတွေ မလိုချင်ပါဟု ဗြောင်ဖော်ထုတ် ကြတာ တွေ့ရပါတယ်။ မည်သို့ပင် ဖြစ်စေ လူမှု သိပ္ပံဆိုင်ရာ ပြဿနာ များမှာ လူသားများ တွင်သာ အရင်းခံလာရာ အကယ်ဒမစ် ပညာရှင်များ မှာလည်း တစ်ထောင့် တစ်နေရာမှ ကူညီ ဖြေရှင်း ပေးနေမည် ဖြစ်ပါ ကြောင်း ။ ။ ... ... ။

"technician" နှင့် ပတ်သက်၍ ဆက်လက် တင်ပြ သွားပါမည် ခင်ဗျာ။
( လိုအပ်ချက်များ ထောက်ပြ၊ ထပ်မံ ဖြည့်စွက် ကြရန် မျှော်လင့်လျက် ... ကိုကိုဖရီး)

3 comments:

  1. ကျွန်တော် က technician မို့ စောင့်နေပါတယ် :P

    ReplyDelete
  2. ကိုကိုဖရီးပြောတာမှန်ပါတယ်။ academic တွေအတွက် အဖြေတခုတည်းပေးရတာ သိပ်မလွယ်လှဘူး။ ရဲရဲကြီးပြောဖို့က သိပ်ခက်တာအမှန်ပဲ။ ဥပမာ-တခုဆိုရရင် ကျွန်မ Defence Economics field ထဲမှာ သုတေသနစာတမ်းတခုလုပ်ဖူးတယ်။ ကွန်ဖရင့်မှာဖတ်ဖို့ပေါ့။ လုပ်တာက defence expenditure နဲ့ စီးပွားရေးတိုးတက်မှုကြားက ဆက်စပ်မှုကိုပါ။ သာမန်အများသိတာကတော့ အသုံးစရိတ်တက်ရင် စီးပွားရေးနှေးတယ်ပေါ့နော်။ academic တွေအတွက်ကျတော့ အဲလိုပြောလို့မရဘူး။ ဒါနဲ့ပတ်သက်လို့ သုတေသနစာတမ်း ကိုးဆယ့်နှစ်စောင်လုပ်ထားဘူးပြီးပြီ။ (1970) ကာလလောက်ကတည်းကနေ အခုအချိန်အထိဆိုတော့ data အမျိုးမျိုး၊ နိုင်ငံအမျိုးမျိုးပေါ်မှာ သုတေသန method ကလဲ အမျိုးမျိုးနဲ့ပေါ့။ အဖြေက သုံးမျိုးထွက်နေတယ်။ တချို့နိုင်ငံတွေအတွက်ကျတော့ စီးပွားရေးတိုးတက်မှုကိုအားပေးတယ်၊ တချို့နေရာနဲ့အချိန်တွေမှာကျတော့ နှောင့်နှေးတယ်။ လုံးဝမဆက်စပ်တာတွေလဲ ရှိပြန်ရော။ ဒါနဲ့ ကျွန်မ အာရှတိုက်ရဲ့ (၁၉၈၅- ၂၀၀၅) နှစ်နှစ်ဆယ်အခြေအနေ၊ သတင်းအချက်အလက်တွေပေါ်မူတည်ပြီး၊ Econometirc analysis လုပ်ကြည့်တယ်။ ဆက်စပ်မှု significance မတွေ့ရဘူး။ ဒါနဲ့ ဖွံ့ဖြိုးမှုနောက်ကျတဲ့တိုင်းပြည်တွေနဲ့ တခြားတိုင်းပြည်တွေနဲ့ တခါထပ်လုပ်ကြည့်တယ်။ အဖြေက နည်းနည်းပြောင်းလာပြန်တယ်။ ဒီတော့ နောက်ဆုံးနိဂုံးချုပ်ထဲမှာ ကိုယ်သုံးထားတဲ့economic model, ကိုယ်ဖော်ထုတ်ပြီး analyze လုပ်ထားတဲ့ equation, ပြီးတော့ data နဲ့ ပတ်သက်တဲ့ limitation တွေကို ထည့်ပြောရတော့တယ်။ တခြားလူတွေ ဆက်လုပ်ဖို့ future research areas တွေလဲ ထည့်ပေးရတယ်။ ဒါမှလဲ ကိုယ်မထည့်သွင်းထားတဲ့နယ်ပယ်ကို တခြားသုတေသီတွေ ဆက်လုပ်နိုင်မှာပါ။ ဒီလိုတွေဖြစ်တော့ နောက်ပိုင်း ကျွန်မကို စစ်အသုံးစရိတ်ကြောင့်စီးပွားရေးအပေါ် ဘယ်လိုထိခိုက်မလဲ လာမေးရင် ကျွန်မဘယ်လိုဖြေရတော့မလဲနော်။ သိပ်ခက်တာပဲ

    ReplyDelete
  3. ပ=အထွေထွေတဲ့....ညာ= သိခြင်းတဲ့ဗျ
    ပြီးခဲ့တဲ့စနေကျွန်တော်တို့ဒိန်းမတ်ကဘုန်းတော်ကြီး
    ကျောင်းဖွင့်ပွဲမှာပီနန်ဆရာတော်ကြီးဟောသွားလို့မှတ်သားဖူးတာလေးကွန်မာန့်ဝင်ရေးတာပါ။
    ဒီတော့ဒီဘလော့လေးရှိတာကျွန်တော့်အတွက်တော့စိန်အိုးထက်တန်ဖိုးရှိတယ်ဗျာ။ကွန်ထရီဗျူတာတွေအားလုံးကိုကျေးဇူးတင်ပါတယ်

    ReplyDelete