တခါတရံမှာ စီးပွားရေးလုပ်ငန်းများအနေနဲ့ တချို့သောဆုံးဖြတ်ချက်များကို ဆုံးဖြတ်ရာမှာ အတော်အခက်တွေ့ရပါတယ်။ ဥပမာ -လုပ်ငန်းက သူရဲ့ကုန်စည်အရည်အသွေးပဲဆိုကြပါစို့ ။ သူ့ကုန်စည်က စားသုံးသူအများစုက သာမန်လူတန်းစားပဲ ဆိုကြပါစို့။ low cost ကို ဦးစားပေးရင်းနဲ့ ကုန်စည်ဟာ customer ကို future မှာ side effect တွေဖြစ်လာနိုင်စရာတွေ တွေ့တဲ့အခါ managerတစ်ယောက်အနေနဲ့ အခက်တွေ့ရတာပေါ့ ။ လုပ်ငန်းရဲ့ အကျိုး၊အမြတ်ကိုပဲ သူစဉ်းစားမလား ။ သူ့customerရဲ့ social demand ကို ဦးစားပေးမလား ၊လူသားချင်းပဲ စာနာထောက်ထားစိတ်ထားမလား၊ ခေါင်းကိုက်ရတော့တာပေါ့။ အဲ့တော့ မန်နေဂျာတစ်ယောက်အနေနဲ့ (လူတစ်ဦး၊ လုပ်ငန်းတစ်ခု)အနေနဲ့ ဒီလိုမျိုး ethical decisionတွေနဲ့တွေ့ကြုံလာရင် ဘယ်လို ဆုံးဖြတ်ကြလဲဆိုတာကို ဆက်လေ့လာဖြစ်ပါတယ်။ သီအိုရီ အရ အရင်ဆုံးပြောရရင်တော့ ဆုံးဖြတ်သူ ( decision maker )ဟာ သူ့ရဲ့ စံနှုန်း၊ တန်ဖိုးထားမှုတွေပေါ်လိုက်ပြီး နည်းနာ (၄) ရပ်ရှိတယ်လို့ဆိုပါတယ်။
(၁) Utilitarion Approach
ဒီနည်းနာက ၁၉ ရာစုလောက်က စတင်ပေါ်ပေါက်လာပါတယ် ။ Jeremy Bentham နဲ့ John Stuart Mill ကို ကြံဆခဲ့တာပေါ့။ အရိုးရှင်းဆုံးလေးပါ ။ လူအများကြီးပေါ်မှာ အကောင်းဆုံးအကျိုးသက်ရောက်မှုရှိမယ့် အပြုအမူကို ရွေးချယ်သင့်တယ်လို့ဆိုပါတယ်။ သူကတော့ ဆုံးဖြတ်ချက်တရပ်အတွက် သက်ရောက်သူအကုန်လုံးကို ထည့်စဉ်းစားပေးပါတယ်။ တကယ်တော့ ဒီနည်းဟာ မလွယ်တဲ့ကိစ္စပါ ။ လူအမျိုးမျိုး စိတ်အထွေထွေပေါ့။ Different People have different wantsပါ။ မြန်မာစကားပုံတောင်ရှိပါတယ်။ လူ့အလို နတ်တောင်မလိုက်နိုင်တဲ့။ လူအများကြီးအတွက် ပြေလည်စေမယ့် ဆုံးဖြတ်ချက်ဖြစ်ဖို့ဆိုတာ အတော်အခက်တွေ့စရာပါ။
(၂) Individualism Approach
ဒီနည်းကတော့ လူတစ်ဦး၊ တယောက်စီရဲ့ ရေရှည်အကျိုးကိုပဲ ကြည့်ပါတယ်။ ဆုံးဖြတ်ချက်တစ်ခုရဲ့ သက်ရောက်မှုဟာ တစ်ဦးတစ်ယောက်စီမှာ ဖြစ်ပေါ်သွားနိုင်တဲ့ အဆိုး၊ အကောင်းကို အချိုးချပြီး individual 's long term interest ကို ဦးစားပေး ဆုံးဖြတ်ပါတယ်။ အဲ့မှာ စအငြင်းပွားစရာတွေ ဖြစ်တော့တာပါ။ လူတွေက ဒီနည်းဟာ တကိုယ်ကောင်းဆန်လွန်းတယ်ပေါ့ ။သူရဲ့ အခြေခံယူဆချက်ကတော့ မိမိအရင်ကောင်းအောင်လုပ်၊ အဲ့လို လူတိုင်းလိုက်လုပ်မယ်ဆိုရင် ဒါဆိုရင် သူများကလည်း မိမိအပေါ်ကောင်းလာမယ်။ အဲ့ကတဆင့် အဖွဲ့အစည်း ကောင်းလာမယ်။ လူ့ဘောင်ဝန်းကျင်ကောင်းလာမယ်ပေါ့။
(၃) Moral - Rights Approach
ဒါကတော့ လူသားတစ်ယောက်အနေနဲ့ သူလုပ်သင့် လုပ်ထိုက်တာ ၊ ရရှိတဲ့ အခွင့်အရေး(လူ့အခွင့်အရေး)ပေါ်မှာ လုပ်ဆောင်တာပါ။ ဒီနည်းနာနဲ့ ethical decision တွေကို ဆုံးဖြတ်မယ်ဆိုရင် decision ကြောင့် သက်ရောက်သူတွေရဲ့ လူ့အခွင့်အရေးကို ထိန်းသိမ်းနိုင်မယ်ဆိုရင် မှန်တယ်လို့ ယူဆပါတယ်။
(၄) Justice Approach
သူကတော့ ညီမျှမှု (equity)၊ တရားမျှမှု (fairness) ၊ ဘက်မလိုက်မှု (impartiality )တွေပေါ်မှာ အခြေခံပါတယ်။ ဥပမာဆိုရလျှင် - အလုပ်တစ်ခုမှာ ယောက်ျားနဲ့မိန်းမဟာ ရာထူးတူမယ်၊ အရည်အချင်းတူမယ်ဆိုရင် ခံစားခွင့်လည်း တူသင့်တယ်။ ယောက်ျားမို့လို့ လစာပိုရတာတွေ မဖြစ်သင့်ဘူး။မိန်းမမို့လို့ ဒီလိုခံစားခွင့်မရှိဘူးဆိုတာ မဖြစ်သင့်ဘူး၊
ဒီတော့ manager တစ်ယောက်အနေနဲ့ ethical decision တွေနဲ့ ကြုံရင် ဘယ်လိုလုပ်သင့်သလဲ။ သူဟာ လုပ်ငန်းရဲ့ အကျိုးအမြတ်ကိုပဲ ဦးစားပေးမလား ၊ လူ့အခွင့်အရေးတွေကို ချိုးဖျောက်မလား ၊ ညီညွှတ်မျှတမှုရှိစေမှာလား .................................
(ဆက်လက်ဖော်ပြပါဦးမည်။ )

ကိုယ် မသိတာတွေ တော်တော် သိရတယ်၊ အရင်က ကိုယ် မတွေးမိတာတွေ တွေးမိတယ်။ မ flower နဲ့ တကွ ပါဝင်ရေးသားသူများ ကျေးဇူးပါ။ ဒီပို့မှာ ကျွန်တော်သာ decision maker နေရာမှာ ဆိုရင် (၂) Individualism Approach ကို ရွေးမှာပဲ။ ဘာလို့လဲ ဆိုတော့ ၊ လူ့ လောကမှာ လူဆိုတာ ကိုယ်အကျိုး စီးပွားကို ရေရှည်ကြည့် ကျိုးစားရင်းနဲ့ တခြား မမြင်ရတဲ့ လက်တစ်ဖက်က လူ့ အဖွဲ့ အစည်း တစ်ခုလုံးရဲ့ အကျိုးစီးပွားကို လုပ်ရက်မိသား ဖြစ်နေလိမ့်မယ် ဆိုတာ ယုံကြည်လို့ပါ။
ReplyDeleteကိုသူ
ကျွန်တော် လည်း အခု Individualism Approach နဲ့ ပဲ သွားနေတယ် ရုံးမှာ :P
ReplyDelete